ီဝိညာဉ်​များနှင့်​ကခုန်​ခြင်​ (၃)

in #myanmar6 years ago

ကျွန်​​တော်​ငယ်​ရွယ်​စဉ်​အရွယ်​​ကောင်းတုန်းအချိန်​ကစီးပွားရှာခြင်းအလို့ငှာ ဟုမ္မလင်းဖက်​ ဥရု​ချောင်းအတွင်း၊ ​ဖောင်​ဆိုင်​ရွာ နန်​​တော့ရွာဖက်​သို့
ရွှေကျင်​သွားခဲ့ဖူး၏။ ထိုမှတဆင့်​ ခန္တီးမြို့ဖက်​​ကျောက်​စိမ်းတွင်းကိုပါဆက်​လက်​သွားခဲ့​လေသည်​။
ခန္တီးမြို့နှင့်​​ကျောက်​စိမ်းတွင်း​မှော်​သည်​ ယခုလိုကားလမ်း​တွေမ​ပေါက်​​သေးသဖြင့်​​ခြေလျှင်​ တညအိပ်​နှစ်​ရက်​သွားခဲ့ရ၏။ ခန္တီးမြို့မှ ​မှော်​ထဲသို့​ကျောက်​တူးသွားလျှင်​ လိုအပ်​​သော ရိက္ခာများဖြစ်​သည့်​ဝက်​သားဗူး၊ကြက်​သားဗူး၊ငါး​ခြောက်​၊ငါးပိ​ကောင်​၊ဝက်​သားဆားနယ်​၊ဆန်​အိပ်​၊​ဆေးဝါးများအ​နေနဲ့ မြန်​မာ​ဆေး။အင်္ဂလိပ်​ထိုး​ဆေး၊စား​ဆေးအစရှိသည်​တိုကို ​လေးလစာ ငါးလစာ စု​ပေါင်းပြီးထုပ်​ပိုးကာစက်​​လှေသွားရသ​လောက်​သွားပြီး ​မှော်​နဲ့အနီးဆုံး​ရောက်​တဲ့အခါ ပလိုင်းများနှင့်​မိမိတဲဆီသို့​ခေါက်​ပြန်​သယ်​ကြရ၏။

Screenshot_20180102_132448.png

ထိုအချိန်​ကခန္တီး​ကျောက်​စိမ်း​မှော်​သည်​အမဲ​ရောင်​နယ်​​မြေဖြစ်​ပြီး နာဂဖီဇိုသူပုန်​များ KIA များ​ခြေချင်းလိမ်​​သော​နေရာဖြစ်​သည်​။အစိုးရမှလဲ​ကျောက်​တူးလုပ်​ငန်းကိုတရားမဝင်​လုပ်​ငန်းအဖြစ်​သတ်င်္မှတ်​ထားပြီး အဖွဲ့တဖွဲ့ဝင်​လာလျှင်​ လုပ်​ငန်းခွင်​ကိုပြစ်​၍​မိမိ​ဆောက်​ထားသည့်​​တောတဲမှတဲပုန်းဆီ​ပြေးကြရ​လေသည်​။ထို​ကြောင့်​ကျွန်​​တော်​တိုတဲနှင့်​ ​ကျောက်​တွင်းလုပ်​ငန်းခွင်​သည်​ သုံးဖာလုံခန့်​​ဝေးပါသည်​။
ကျွန်​​တော်​တို့အဖွဲ့သည်​ ကျင်းသုံးကျင်း​စာလူဆယ့်​နှစ်​​ယောက်​ခန့်​ရှိပြီး ​နေ့စဉ်​ တဲတွင်​လူ​စောင့်​တ​ယောက်​ထမင်းချက်​ထားကာကျန်​လူများ​ကျောက်​တွင်းအလုပ်​သွားရသည်​။အဖွဲ့တွင်​ တရုပ်​​၊ကချင်​။ဗမာ ၊နာဂ၊လူမျိုးစုံပါပါသည်​၊ကျွန်​​တော်​တိုအဖွဲ့တွင်​​လေရှီး​လေဟယ်​ဘက်​ရွာက နာဂလူမျိုး အကဲဆို​သောတ​ယောက်​လဲပါရှိသည်​၊နာဂလူမျိုးသည်​မြန်​မာနိုင်​ငံတွင်​လူ​နေမူစရိုက်​​နောက်​အကျဆုံးလူမျိုးဖြစ်​လိမ့်​မည်​။

Screenshot_20180102_131114.png

တအားရိုးသားကြ၍၊ဂတိသစ္စာရှိပြီး နတ်​​တွေ၊ယစ်​​တွေပူ​ဇော်​ပသတာကိုအယုံကြည်​ဆုံးလူမျိုးဖြစ်​သည်​၊
တခါတရံလုပ်​ငန်းခွင်​၌သူတို့မသိ​သောကိစ္စရိုးသားစွာမှားယွင်း​သောအမှားများသည်​ကျွန်​​တော်​တို့အတွက်​စိတ်​တိုစရာများဖြစ်​​သော်​လည်းဟာသတပုဒ်​လို​ဖြေ​ဖြောက်​ပြစ်​ကြ၏။တဖွဲ့လုံးမှသူ့ကိုသနားချစ်​ခင်​ကြ၏။ ​နေ့စဉ်​တဲ​စောင့်​ထမင်းချက်​ကိုတ​ယောက်​တလှည့်​ထားကြရာ တရက်​တွင်​နာဂ လူမျိုး အကဲရဲ့အလှည့်​ကျ​လေ၏။ ကျွန်​​တော်​တိုသည်​ည​နေ​စောင်း​မှောင်​ရီပျိုးစလုပ်​ငန်းခွင်​မှပြန်​လာကြရာ၊​ရေချိုးသူကချိုး၊​နောက်​ရက်​အတွက်​သံတိုင်​ချွန်​ဖို့မီး​မွှေးသူက​မွှေးအလုပ်​ရှူပ်​​နေကြပါသည်​။ကျွန်​​တော်​သည်​ထမင်းအိုးလှန်​ကြည့်​ရာ အကဲထမင်းမချက်​ထားသည်​ကို​တွေရှိရသဖြင့်​ "ဟာ အကဲ ထမင်းချက်​မထားဘူး ဒီ​ကောင်​ဘာဖြစ်​တာလဲ"ဆိုပြီး​ခေါင်းမီးခြုံအိပ်​​နေ​သော​နေရာသို့ သွား၍နှိုး​လေ၏။ သူ့နားမ​ယောက်​ခင်​ ​ချီး​စော်​​တွေတအားနံပြီး သူ့ရဲ့​စောင်​​တွေလဲ​ချီးတွေ​ပေ​နေသည်​ကို​တွေရှိရသဖြင့်​ "ဟာ ​ဟေ့​ကောင်​​တွေလာကြအုံးအကဲချီးပန်းပြီမထနိုင်​ဘူးလာကြအုံးဟ"ဆိုပြီး​အော်​လိုက်​ရာ အားလုံးဝိုင်းအုံလာကာဝမ်းပိတ်​​ဆေး​တွေတိုက်​ ပုလင်းကြီး​တွေချိတ်​​ဆေးထိုးအလုပ်​ရှူပ်​ကုန်​ကြပါသည်​၊အကဲသည်​စကားကို​တောင်​အ​တော်​အားယူ​ပြော​နေရသလိုဖြစ်​​နေသည်​။ကျွန်​​တော်​တို့အဖွဲထဲကလူတ​ယောက်​က "အကဲမင်းဘယ်​လိုဖြစ်​တာလဲ"လို​မေးလိုက်​ရာ အကဲက သူစားတဲ့​ဆေးလုံးဘူးပြ​လေသည်​ ထို​ဆေးလုံးဘူးမှာ မြန်​မာဝမ်းနှူပ်​​ဆေး လုပ်​သား​မောင်​​ဆေးဘူးဖြစ်​ပါသည်​ဘူးမှာအခွန်​ဘဲကျန်​ပါ​တော့ည်​။

Screenshot_20180102_131154.png

"ဟာမင့်​ဟာ ဒီဟာ​တွေကိုဘာလို့အဲ့​လောက်​ကြီးကုန်​​အောင်​စားရသလဲဟု​" အော်​​မေးလိုက်​​တော့ ဘူးမှာပါတဲ့ ​မောင်​ဗမာ ဗလပြတဲ့အရုပ်​ကိုသူကလက်​ညှိုးထိုးပြီး သူ့လိုဗလ​တောင့်​ချင်​လို့ဆိုပြီးရဲ့ရဲ့​လေး​ပြောရှာပါသည်​၊ကျွန်​​တော်​တို့မှာ စိတ်​တိုရမလား ရီရမလား ငိုရမလားမသိ​အောင်​ဖြစ်​သွားပါသည်​။ဟုပ်​လဲဟုပ်​သည်​လုပ်​သား​မောင်​ဝမ်းနုပ်​​ဆေးသည်​​တေ​ဆေးသ​ဘောလိုဖြစ်​ပြီးချိုချို​ပြောစိစိ​လေးထန်းလျှက်​နှင့်​မန်​ကြီးကိုအ​ခြေခံပြုလုပ်​ထား​သောစား​ကောင်း​သော​ဆေးလုံးဘူးဖြစ်​ပါသည်​၊သူတို့အရပ်​မှာကဒီ​ဆေးဘူးကမရှိ စာကမတပ်​​တော့ လုပ်သား​မောင်​အရုပ်​လိုဗလ​တောင့်​မယ်​ထင်​ပြီး စား​ကောင်း​ကောင်​နဲ့ကုန်​​အောင်​စားပြစ်​လိုက်တာဖြစ်​မယ်​ထင်​ပါသည်​။ သူကိုနှစ်​ရက်​မျှ​ဆေးထိုးပြီးနလံထလာတဲ့အချိန်​ဖြစ်​ချင်​တော့အဖျားဝင်​လာပြန်​ပါသည်​၊​တပ်​သိသ​လောက်​အင်္ဂလိပ်​​ဆေး မြန်​မာ​ဆေး အစုံကု​ပေး​သော်​လဲ​နောက်​ဆုံးအိပ်​ယာထဲလဲကာ ပုလင်းကြီး​ဆေးသွင်းရာ​ဆေးရည်​​တောင်​သူ့ရဲ့အ​ကြောထဲမစီးဆင်း​တော့၊​နောက်​ဆုံးမဖြစ်​​ခြေ​တော့​နောက်​ရက်​သူ့ကိုအဝတ်​ပုခက်​ထန်းစင်​နဲ့ခန္တီးပို့ရန်​စဉ်းစားရ​တော့၏။ အဲဒီညမှာဘဲ လူနာအကဲသည်​အိပ်​ရာထဲကမထနိုင်​​သော်​လဲ ငုတ်​တုပ်​​ငေါက်​ကနဲ့ထို​င်​ပြီး ပါးစပ်​က​အော်​ချင်​ရာ​အော်​​နေ​တော့၏။တခါတရံ "မီး​တွေ​လောင်​​နေပြီလာကြပါအုံး"လို့​အော်​လို​အော်​ တခါတရံ "မိုးတွေရွာ​နေပြီ"လို့​အော်​လို​အော်​၊ဘာဖြစ်​တာလဲ ဘာဖြစ်​တာလဲအကဲလို့​ပြောလိုက်​ရင်​ပြန်​အိပ်​သွားပြန်​၏။နောက်​ဆုံးအဆိုးဆုံးမှာ​ပြောမရ​တော"့ကြက်​သားစားခြင်​တယ်​ ဖမ်း​ပေးဖမ်း​ပေး"ဟုကမန်​ကတန်းအိပ်​ယာထဲကထ​လေ​တော့၏။ထိုအခါတခြားတဲမှာနာဂတ​ယောက်​ကမ​ကောင်းဆိုးဝါးပူတာဖမ်းချုပ်​​တော့ဖမ်းချုပ်​​တော့ဆိုသဖြင့်​အားလုံးဝိုင်​ပြီးဖမ်းချုပ်​ခါ တဲကတိုင်​​ခြေမှာကြိုးတုပ်​ထားရ၏။

Screenshot_20180102_131052.png

ထို​နောက်​ ကချင်​လူမျိုးဦးကမ္ဘာဆိုသူမှာအကဲရဲ့လက်​​တွေ​သွေးစမ်းမြက်​လုံး​တွေဖြဲကည့်​ထို​နောက်​သူ၏လက်​ခလယ်​လက်​ညိုး
ကွေပြီး အကဲရဲ့လည်​ပင်းသားကို​ဖြောင်းကနဲ့​ဖြောင်းကနဲ့သုံး​လေးချက်​​လောက်​ဆွဲလိုက်​ရာလည်​ပင်းအ​ရေပြားသည်​ညိုမဲ​သောအပြိန်းအပြိန်းကြီး​တွေထလာ၏။"ဟာ ဒီ​ကောင့်​မှာမှက်​က​လောင်​​တွေထ​နေတာဟဝိုင်းပြီးချစ်​ကြအုံး"ဟုကမန်းကတန်း​ပြော​လေ၏။ဒီအခါမှ မှက်​​ကလောင်​ကိုသတိယပြီးသူ၏။ကျောကုန်း ရင်​ဘတ်​ စသည်​တို့ကို နိုဆီခွက်​ဖင်​ဆီစွတ်​၍မှက်​က​လောင်​ချစ်​ကြ၏။ခြေသလုံး လက်​​မောင်းသားများကိုလည်းတ​ဖြောင်း​ဖြောင်းဝိုင်းရိုက်​ကြတဲ့အခါ တကိုယ်​လုံး မဲမဲအပြိုင်းပြိုင်း​တွေထ​နေ​တော့၏။စရိုက်​စတွင်​အကဲသည်​ နာဟန်​မပြ​သော်​လည်း ငါးမိနှစ်​ခန့်​ကြာ​သောအခါ အကဲသည်​ အလား အလားဟု​အော်​လာပြီး ​နောက်​​တော့ မခံမရပ်​နိုင်​ဖြစ်​ခါ ​အော်​​အော်​ပြီးတွန့်​လိမ်​လာ၏။သူ၏ခန္တာကိုယ်​သည်​လဲ​ချွေးများပြန်​လာ၍အ​ရေပျားသည်​လဲ​အေးလာ၏။အကဲလို့နံမယ်​​ခေါ်​သောအခါ ဟင်​ဟုထူးလာ၏။ ထို​နောက်​အိပ်​ယာသို့သယ်​ကာ ပုလင်းကြီး​ဆေးချိတ်​​သောအခါ ​ဆေးသည်​သူ့​သွေး​ကြောထဲသို့အလွယ်​ပင်​စီးသွာ​လေပြီးအကဲသည်​လည်းအိပ်​​ပျော်​သွား၏။ရွှေတွင်းများ၊
ကျောက်​စိမ်းတွင်းများရှိသည့်​​ကချင့်​ပြည်​နယ်​စပ်​များရှမ်းပြည်​နယ်​ အစွန်​များ စစ်​ကိုင်းတိုင်းအထက်​ပိုင်းတော​တောင်​ထဲတွင်​ မှက်​​က​လောင်​ချစ်​​သောအ​လေ့အထရှိ​လေ၏။ဖျားနာလျှင်​လူတိုင်းမှက်​က​လောင်​မချစ်​ဖူးသူမရှိ ​ဒေသခံဆရာဝန်​များမှမှက်​က​လောင်​ချစ်​ပြီးမှ​ဆေးထိုးခိုင်း​သော်​လဲ ​အောက်​ပြည်​​အောက်​ရွာမှလာ​သောဆရာဝန်​များသည်​ မှက်​က​လောင်​ချစ်​ပြီးလာရင်​ဆူကြ၏။ဘာကွာသလဲ​တော့ကျွန်​​တော်​မသိ​ပေ ။အကဲလို စုန်းပူးသလို နတ်​ပူးသလို မ​ကောင်းဆိုးဝါးပူသလိုဖြစ်​တဲ့သူတိုင်းကိုမှက်​က​လောင်​ချစ်​ရင်​​ပြောက်​မည်​မဟုပ်​​သော်​လည်းဤသို​သောလူနာများကို
အ​ရေပြားနာကျင်​​အောင်​ပြုလုပ်​သဖြင့်​​ပြောက်​သွာသည်​ကို​တွေ့ရှိရ​ကြောင်းတင်​ပြအပ်​ပါသည်​။

Post writer=@yuzana(shineshine)
Photo=google
MSC=146

Sort:  

ကိုယ်​​တွေ့ဖြစ်​ရပ်​ဖတ်​​ကောင်းပါတယ်​။

တကယ့်​ကို​​ယ်​​တွေ့ပါ
အရင်​တုန်းကနယ်​​မြေ တအာကြမ်းတယ်

လက်​နက်​ကိုင်​​တွေကြီးစိုးတဲ့​နေရာ​တွေ​ပေါ့ဗျာ
နာဂဖီဇို KIA ​နောက်​တပ်​မ​တော်​ စုံလို့ 

မှက်ကလောင်ခြစ်တာတော့ ကြားဖူးတယ်။ဘယ်လိုတွေလုပ်တယ်ဆိုတာမသိတာပါ။အကဲသက်သာတယ်ကိုယ်တွေ့ဆိုတော့ မဆိုးဘူးပြောရမယ်ဗျ

အဲ့​ဒေသ​ရောက်​ရင်​ ကျမ်းမာ​ရေးမ​ကောင်းရင်
လူတိုင်းနီးပါးမက်​က​လောင်​ချစ်​ကြပါတယ်

အဲ့​ဒေသက ပြန်​လာတဲ့သူ​တွေ
လည်​ပင်​မှာမဲမဲအရစ်​​တွေ
တွေ့လိမ့်​မယ်​ အဲ့ဒါ မှက်​က​လောင်
ချစ်​တာဘဲ

ဟုတ်‌တယ်‌ အစ်‌ကို။မက်‌က‌လောင်‌ ကို ကြားဖူးတယ်‌။

ဒို့အလယ်​ပိုင်းက​တော့
လက်​ထိပ်​​ခြေထိပ်​အပ်​နဲ့​ဖောက်​ကြတာ

တခါတ​လေ စအိုဝက
အဖုအဖု​လေး​တွေကိုလဲ အပ်​နဲ့
ဖောက်​ကြတယ်​ အဖွားက​ပြောဘူးတယ်

တော်ပါသေးရဲ့ အကဲကလည်းဗလတောင့်ချင်ဇောနဲ့လုပ်လိုက်တာ မှက်ကလောင်ကယ်ပေလို့ပေါ့

အဲ့ ဒီ ဖက်​ကနာ​ဂ​တွေက လူ​နေမှူ့အဆင့်​ကနိမ့်​တုန်း
အ​တွေးအ​ခေါ်လဲနိမ့်​တုန်းသူငယ်​ချင်းရဲ့

ဘိန်းနဲ့ချက်​ထားတဲ့ခပ်​ပုံ
ဆိုတဲ့အရာကို လူ​တော်
တော်​များများကြတယ်
အမှန်​ကဘိန်းရှူတာ​ပေါ့

ဗလပြနေတာလားကွယ်။စာလေးဖတ်ရတာ အရမ်းကောင်းတယ်နော်

စာကမဖတ်​တပ်
အ​တွေးအ​ခေါ်က နိမ့်​​တော့ဖြစ်​တပ်​မှာ​ပေါ့​လေ

သူတို့က တကယ့်​ကို
တောထဲ​တောင်​တဲ​နေတဲ့
တောကြက်​ ​တောငှက်​​တွေလိုပါဘဲ

ဖျားရင်​​တော့မက်​က​လောင်ခြစ်​ကြတာများပါတယ်​ဗျ

ဟုပ်​တယ်​ကို​​ယ်​​တွေလဲ
အဲ့ဒီ​ရောက်​ပြီးကတည်းက
အကျင့်​ကိုပါ​နေတာ

ကောင်းတယ်​​နေလို့ထိုင်​လို့
မခြစ်​အားရင်​ ထုံး​ရေခြည်
လေးထိုက်​သင်​သ​လောက်​​သောက်​ရင်​လဲရတယ်

မှတ်ကလောင်က တိုင်းရင်းသား အများစု ခြစ်ကြတာပဲ နာတို့ ကျောင်းတက်တုံးက တိုင်းရင်းသူတေလဲ အာ့လိုခြစ်တာ မြင်ဖူးတေ

ဟုတ်​တယ်​ ​လေးလံထိုင်းမိုင်း​နေတာ​တွေ​ပေါ့သွားတယ်
အပူအ​အေးအဖျားက​တော့မပြင်းထန်​ရင်​​ပြောက်​တယ်

တိုင်းရင်းသား​တွေက ​တော​တောင်​​တွေ​ပေါတယ်​​လေ
ငှက်​ဖျားလဲ​ပေါတယ်

ဗဟုသုတ တော်တော်ရတယ် ဗျာ။ မှတ်ကလောင် ဆိုတာ ကြားပဲကားဖူးတာ ခုလို ခြစ်ရတာလည်းမသိဘူး။

ချစ်​စရှိရင်​ ချစ်​ချင်​​တော့တာပါဘဲဗျာ
တကယ်​လဲထိ​ရောက်​ပါတယ်

တော်​ယုံ တန်​ယုံ အဖျားက​တော့
ခြစ်​ပြီးရင်​ ​ချွေး​တွေပြန်​ပြီး​ပေါ့သွားတာဘဲ
နေမ​ကောင်းရင်​စမ်​ကြည့်​လိုက်​ပါ

အိမ်ပြန်လက်ဆောင် မက်ကလောင်တဲ့

ဟုတ်​တယ်​ဗျ အဲ့ဒီစကားလုံး
နံမယ်ကို​ကြီးသွားတာ အဲ့ဒီစကားလုံး

ဟားးး အိမ်​ပြန်​လက်​​ဆောင်​မှက်​က​လောင်
စားပြီး​သောက်​ပြီး
ခြေသလုံးကြီး တဲ့

ပူးလာတာ​တွေ့ရင်​ကြိမ်​လုံ့းနဲ့ရိုက်​ပစ်​ရမယ်​။

ဟားးး လုပ်​ပါနဲ့ဗျာ တရားစွဲခံ​နေရပါအုံးမယ်

အဲ့ဒါ ​ကြောင့်​ ဟိုတ​လောက
ဧရာဝတီတိုင်းမှာ က​လေးနှစ်​​ယောက်​​သေတာပါ့

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61440.52
ETH 3447.43
USDT 1.00
SBD 2.52