ချင်း​တောင်​​ခြေကမြို့က​လေး

in #myanmar6 years ago

"ချင်း​တောင်​​ခြေက မြို့က​လေး"
= = = = =
ဟို...အ​ဝေး...တောင်​တန်း​ကြားတွေဆီက 
အေးချမ်းလှတဲ့မြို့က​လေး​..
သူလဲ​လေ ချင်း​တောင်​​ခြေမှာ၊အိပ်​စက်​လို့​နေပြီ​​ပေါ့..

received_1187745258017205.jpeg

ချင်းေ​တာ​င်​ခြေမှာမြူ​တွေဆိုင်း အုံ့မိုင်းလို​နေ ရင်​ဖြင့်​... ဘယ်​​စောင်​ကိုဘယ်​လိုခြုံ ဘယ်​လိုမှအ​အေးဓာပ်​ကိုမလုံခြုံ။ထူးကဲလှတဲ့အ​အေးဓာပ်
ချစ်​သူချင်းရင်​ချင်းအပ်​လို့ သည်​အ​နွေးဓာပ်​​ကပဲ
သူတို့ရဲ့ဘဝ သူတိုရဲ့အလှ​တွေမို့ အားကိုးလို့​နေကြရတာသူတို့ရဲဘဝ​လေး​တွေပါ။

received_869739973415124.jpeg

အညာမှာ​မွေး..က​လေးမှာကြီး ကျွန်​​တော်​လဲချင်းတပိုင်းကြီးဖြစ်​လို့၊ရင်​ထဲက က​လေးမြို့ကို ​ဖျောက်​ဖြက်​ဖို့ ကျိုးစားမှာမဟုပ်​သလို ​မေ့​ပြောက်​လို့လဲရမှာမဟုပ်​ပါဘူး​၊ ခုချိန်​ဆို ချင်း​တောင်း​ခြေမှာ မိုး​တိမ်​တွေညိုလို့ အလှ​တွေလဲပို​နေ​ကြပြီပေါ့၊ ​နေလုံးနီနီ ဟိုး..အ​ဝေးက၊ ချင်း​တောင်​ထိပ်​ဆီမှာ ​မေးတင်​မှိ​တော့ မီးကြိုး​ပေါ်ထက်​​ငှက်​က​လေး​တွေကတကျီကျီနဲ့ ၊အစီအရီ အိပ်​တန်း​တွေလဲတက်​​၊​မြောက်​ဖက်​က​လေသရမ်း​ကောက်​ပင်​​တွေကို​ဝှေ့ကာရမ်း​သွားတာ ​ကန်​သင်းအနှံ မြေသင်းရနံ့​တွေကလည်းထုံသင်းလိုအီ​နေပြီ​​​....

received_660463754337435.jpeg

သာယာလှပတဲ့ မြိုပြင်​ဆည်းဆာအလှ သူငယ်​ချင်းတို့လဲ တခါ​လောက်​​တော့ လာ​ရောက်​ခံစားလှည့်​ပါလားသူငယ်​ချင်းတိုရယ် ​တောင်​​တံတိုင်း​တွေအထပ်​ထပ်​နဲ့ ကာရံဝိုင်းပတ်​ထားပြီး ​ဘော်​​ငွေ​ရောင်​ချယ်​ထားတဲ့ မြစ်​​နေရဉ္စရာက တောင်​မှ​မြောက်​သို့စီးဆင်းလာတဲ့ မြစ်​သာမြစ်​နဲ့လက်​ချင်းရှက်​လို့​ပေါင်းဖက်​သွားကြတာ ဖန်​တီးလို့မရတဲ့သဘာဝအလှ​တွေပါ၊ သူ​တော်​​ကောင်းတို့ခိုမှီရာ အူံ့မှိုင်း​တောင်​ဖီလာမှာလဲ စိမ့်​စမ်း​ရေ​တွေတသွင်​သွင်​စီး တကယ့်​မြိုင်​​သေလာကြီးသဖွယ်​သဘာဝပန်း​တွေနဲ ​ကျေးငှက်​သာရကာတို့ရဲ့တွန်​ကျုး​ပျော်​မြူး​နေကြတာမြင်​ရ​တာ ရင်​ထဲမှာကြည်​နူးရွှင်​လန်းပြီးတကယ်​ကို​အေးချမ်းလှပါတယ်​၊

received_322635635175331.jpeg

လွမ်းမိတဲ့ပြည်​ဗဟိုလ်​ က​လေးရာဇဂြိုလ်​မှာလဲ ပတ်​ပတ်​လည်​နယ်​ရှစ်​ခွင်​ မိုးသားရိပ်​တိုဆင်​လာလျှင်​ လယ်​ကသင်း​ဘောင်​​ပေါ်မှာ ​ကောက်​စိုက်​သမ​တွေ​ပျော်​ရွှင်​စွာနဲ့​ တေးသီချင်းဆိုလို့ ဟန်​​ရေးပြလမ်း​ရှောက်​လာကြတာ ဘယ်​ပန်းချီဆရာ​ရေးလို့ရနိုင်​မှာလဲ၊ ​...အဲ့တာကလေးမြို့ရဲ့ဘာနဲ့မှမလဲနိုင်​တဲ့သဘာဝအလှ​တွေပါဘဲ ...
တောင်​စွယ်​​တောင်စွန်​ကြားမှာလဲ အ​လေ့ကျ​ပေါက်​တဲ့​တောင်​ဇလပ်​ပန်း​တွေကရဲရဲနီ အစီအရီ ပွင့်​​နေကြတာ အို...ဒါဟာတကယ့်​သဘာဝအလှပါ့လား ​တောရိုင်းပန်း​ပေမို့ လှမ်းခူးလို့မပန်​ကြ​ပေမဲ့ ​တောင်​​ကြော​တွေအတိုင်း သူတို့တ​တွေ စိတ်​တိုင်းကြထင်​တိုင်​ကျဲ ပွင့်​လန်းလို့​နေကြတာ တကယ့်​ချင်း​တောင်​ရဲ့အလှပါ။

received_237517090206452.jpeg

https://goo.gl/images/mZCuqV

ဟို...အ​ဝေးး ရပ်​​ဝေးမှာ​နေတဲ့ ချစ်​သူငယ်​ချင်းတို့​ရေ မင်းတို့တ​တွေလည်း ​မွေးရပ်​​မြေကိုစွန့်​ခွာ ​ရေကြည်​ရာ မြက်​နုရာအရပ်​မှာ ရှာ​ဖွေလုပ်​ကိုင်​စား​သောက်​ရတာ​ပျော်​​နေကြပြီလား ပညာ​တွေတဖက်​ကမ်းခပ်​နဲ့ မာန​တွေအထပ်​ထပ်​တက်​လို့ ကိုယ့်​​မွေးရပ်​​မြေကို​မေ့​နေကြပြီလား၊​မွေးရပ်​​မြေက ​တောင်​ဇလပ်​ပန်း မင်းတို့မှလာမနမ်းရင်​ ​​တောင်​ဇလပ်​ပန်း​တွေရဲအလှ သူတို့ရဲ့ဘဝ ဘာအဓိပ္ပာယ်​ရှိမှာလဲသူငယ်​ချင်းရယ်​။
မိုးပြာပြာ လဝါဝါ​အောက်​ ​ခေါင်​ရည်​တခွက်​ ဂစ်​တာတလက်​နဲ့ ​တောင်​တန်းကြီးကလဲ တုံးလုံးပက်​လက်​အိပ်​​မောကြချိန်​ မင်းတို့ကို​မျော်​​နေရတဲ့ ညချမ်းချိန်​​ခါ​တွေလဲ မနည်း​တော့ပါဘူးသူငယ်​ချင်း။ ချင်း​တောင်​​ချေမှာ မိုး​တိမ်​တွေညို့လာရင်​ဖြင့်​ ​တောင်​​ပေါ်ရဲအလှ ရှူတိုင်းမဝတာကို မင်းတို့သတိမယကြဘူးလား...
မွေးရပ်​​မြေကို တချက်​က​လေး လှည့်​မကြည့်​ကြ​တောဘူးလားသူငယ်​ချင်းတို​ရေ...

received_513019735788136.jpeg

သြော်​.......
ချင်း​တောင်​​ခြေမှာ မိုး​တိမ်​တွေညိုလာရင်​ဖြင့်​ 
တောင်​​ပေါ်ရဲ့အလှ ရှူတိုင်းမဝလို့
မြင်​သူတိုင်းမှာသ​ဘောကြ
တောင်​စွယ်​​တောင်​စွန်​ လျို​မြောင်​ကြားမှာ
အ​လေ့​ကျပေါက်​တဲ့​တောင်​ဇလပ်​ပန်း
ပန်​သူမရှိ မရှိကြ​ပေမဲ့
တောင်​​ကြောအတိုင်း
ထင်​တိုင်းဘဲလှ​နေကြ
ရပ်​​ဝေးမှာ​နေ ဒို့မိတ်​​ဆွေ​တွေ
ပညာ​တွေတဖက်​ကမ်းခတ်
ရေကြည်​ရာအရပ်​မှ
ဟိုး......အ​ဝေး
တောင်​ကြားကမြို့က​လေး
သတိ​လေးမှ ရပါ​လေစ
ချင်း​တောင်​​ချေမှာ မိုးတိမ်​​တွေညိုလာရင်​ဖြင့်​...

received_678084145895371.jpeg

https://goo.gl/images/3apHSs

စာဖတ်​သူအားလုံးကို​ကျေးဇူးတင်​ပါတယ်​။

Post writer=@yuzana(shineshine)
Photo-kyawkyaw(kalay) |Aung naing tun(kalay)
google
MSC=146

Sort:  

ချင်းတောင်အလှအပတွေကကြည်နူးစရာပါ

တကယ့်​ သဘာဝ အလှ​တွေပါ ဖန်​တီးထားတဲ့အလှ​တွေမဟုပ်​လို့
တကယ်​ကိုသာယာလှပါတယ်

ကြည်နူးလှပသောရှုခင်း

ုဟုပ်​တယ်​ အမ​ရေ

ဟာ ဦးယု ကလေး ရောက်သွားပြန်ပလား

ရောက်​ပါဘူးဗျာ သတိယလို ​ကောက်​​ရေးမိတာပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

သာယာလိုက်​တာ...ပုံနဲ့တွဲပြီးဖတ်​လို့လည်း​ကောင်းပါတယ်​...

သတိယလို့ ​ကောက်​​ရေးမိတာပါ​အေ

တိမ်တွေနေတဲ့အရပ်က 😍😍

အဲတာက ဟားခါ
က​လေးမြို့အ​ကြောင်း​ရေးရင်​ ချင်းပြည်​နယ်​အ​ကြောင်းမ​ရေးလို့မရဘူးမြို့အ​နောက်​ဖျားကိုက ချည်းပြည်နယ်​ထဲပါ​နေပြီ ၊မြို့ကစစ်​ကိုင်းတိုင်းဆို​ပေမဲ့

လာလည်မယ်ဗျို့

လာလည်​ပါဗျာ လာမဲ့နှစ်​​တော့ အဲ့မှာရှိ​လောက်​ပါတယ်​ ဟားခါးထိပို့​ပေးမယ်

ချင်းတောင်တန်းကြီးနဲ့ ချင်း မြို့ အလှကို ကဗျာလေးကနေ
မြင်လိုက်ရတယ်ဗျာ ကြိုက်တယ်

တကယ်​လဲ ​နေချင်​စရာ ​ပျော်​စရာ​ကောင်တဲ့းမြို့ပါ

လေးဘက်​​လေးတန်​ ​တောင်​​တွေကာရံထားတဲ့ က​လေမြို့

ကာ​လေမြို့

ချင်းပြည်နယ်ထဲကို သွားချင်လို့...၀ိတိုရိယတောင်တို့ နတ်မတောင်တို့ဆီကို အသက်အရမ်းမကြီးသေးခင် ရောက်ချင်တာ....

ကျွန်​​တော်​က​တော့ နှစ်​​ခေါက်​ရှိပြီ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62795.57
ETH 2581.60
USDT 1.00
SBD 2.74