ကျောက်​စိမ်း​မှော်​သို့​ရောက်​ရှိခြင်း

in #myanmar6 years ago

ကျောက်​စိမ်း​မှော်​သို့​ရောက်​ရှိခြင်း


နောက်​ဆုံးအ​ခေါက်​တွင်​နာဂနှစ်​​ယောက်ရိက္ခ​စောင့်​​ထားခဲ့ပြီး ​နောက်​ရက် မိုးလင်း​မှရိက္ခာများကိုအပြီးသယ်​ရ​လေသည်​ ၊ကျွန်​​တော်​တို့ တဲစခန်းသည်​ ​ကျောက်​တွင်းရှိရာနှင့်ု့​နှစ်​ဖာလုံသုံးဖာလုံခန့်​​ဝေး​လေသည်​၊ ​ကျောက်​တွင်​အနီးအနားမှာညအိပ်​စခန်း​များမရှိကြပါ ဖိုးသမားဘိန်းသမားများသာလျှင်​အိပ်​ကြပါသည်​ အဘယ်​​ကြောင့်​ဆို​သော်​ ​ကျောက်​တွင်းနယ်​​မြေသည်​ အမဲ​ရောင်​နယ်​​မြေဖြစ်​​လေသည်​ ၊အဲ့ဒီ​ခေတ်​က ​ကျောက်​စိမ်းကို မည်​သူတဦးတ​ယောက်​မှတူးပိုင်​ခွင့်​မရှိပါ မာရှယ်​​လောနယ်​​မြေဖြစ်​​လေသည်​ ၊ထို​ကြောင့်​​ကျောက်​တူး​နေတာ​တွေ့လျှင်​​​ရှေ့တမ်းစစ်​​ကြောင်းမှသေနပ်​နဲ့ပြစ်​ပိုင်​ခွင့်​ရှိ​လေသည်​၊

Screenshot_20180102_132448.png

တခါတရံ ​ရှေ့တန်းစစ်​​ကြောင်းများ​မှော်​အတွင်းသို့​ရောက်​​ရောက်​လာတပ်​သည်​၊ ​ရောက်​လာလျှင်​လုပ်​​နေ​သောအလုပ်​များပြစ်​ထားပြီး​ပြေးရ​လေသည်​၊​ပြေးတဲ့အခါ ​တောအုပ်​ထဲမှမိမိတဲပုန်းဆီ​ပြေးပြီး​နေရ​လေသည်​၊ ထို​နောက်​​မှော်​ကြာလို့​ခေါ်တဲ့ ​မှော်​ထဲမှာအ​နေကြာ​သောလူကြီးအချို့မှ စစ်​​ကြောင်းများနှင့်​ညှိကာ ပိုက်​ဆံ​ပေးရ​လေသည်​ ပိုက်​ဆံ​ပေးပြီးညှီပြီးဆိုမှပြန်​လာတူးကြရ​လေသည်​၊ ​ကျောက်​တွင်း​မှော်​မှာ အခွန်​​ဆောင်​တူးရတာက သုံးဖွဲ့ရှိ​လေသည်​၊KIA ကချင်​လက်​နက်​ကိုင်​အဖွဲ့ ၊ဖီဆိုနာဂ လက်​နက်​ကိုင်​အဖွဲ့ဆိုပြီး နှစ်​ဖွဲကလည်းလာ​ရောက်​အခွန်​​ကောက်​​လေသည်​၊ ဒီလက်​နက်​ကိုင်​နှစ်​ဖွဲ့က​တော့လွယ်​သည်​ သူတို့ကို ကျင်းခွန်​​ပေးထားလူခွန်​​ပေးထားပြီးလျှင်​ တနှစ်​ပတ်​လုံးတူး​နေလို့ရ​လေသည်​၊

myanmar-jade-mine.png

တပ်​မ​တော်​စစ်​​ကြောင်းကြ နဲနဲခက်​သည်​ ၊သူကဝင်​ချင်​တဲ့အချိန်​မှရုပ်​တရက်​ဝင်​လာတတ်​သည်​ အစိုးရကလည်း အခုလိုတရားဝင်​လုပ်​ခွင့်​မ​ပေးထားသဖြင့်​ အခွန်​​ပေးစရာ​နေရာမရှိ​ပေ၊လာတဲ့စစ်​​ကြောင်းကို​ပေး​ပေးပြီးလုပ်​​နေရ​လေသည်​၊ တခါတ​လေ တနှစ်​ထဲ့ စစ်​​ကြောင်းနှစ်​ခုသုံးခုခါလျှင်​ နှစ်​ခါသုံးခါ​ပေးရ​လေသည်​၊ တခါတရံညအိပ်​ရင်းစည်းစားမိ​လေသည်​ ဒီလို​ဒေသက​နေ ငါ့ရဲ့​မွေးရပ်​​မြေကိုပြန်​ပြီး​ရောက်​ပါအုံးမလားဟု​တွေး​နေမိ​လေသည်​ ၊တရာဥပ​ဒေစိုးမိုးမှူမရှိ လူတ​ယောက်​မှတ​ယောက်​ကိုသတ်​မိသွားလျှင်​လည်းဘာအမှူအခင်းမှမရှိ ရန်​ဖြစ်​လျှင်​ လည်းသူနိုင်​သူလုပ်​ ကိုနိုင်​ကိုယ်​လုပ်​ လူတိုင်းလူတိုင်းရဲ့​ကျော​ပေါ်မှာ ​လောပန်း​ကပေးထား​သောဓားရှည်​တ​ယောက်​တ​ချောင်းက​ဆောင်​ထား​လေသည်​၊သို့​သော်​ တခါမှမျှရန်​ဖြစ်​သည်​ဟု​တော့မကြားမိ​ပေ၊

Post writer=@yuzana(shineshine)
MSC=146

Sort:  

အသက်ထက် ဥစ္စာစည်းစိမ်းကိုမက်ကြသူတွေပဲလေ

မှန်​ပါ့ ဗျာ ​လောဘ​တွေ​ပေါ့ဗျာ

မလွယ်ပါလားဗျာ

Posted using Partiko Android

ငှက်ဖျားလည်း ရှိမှာဘဲနော်။တကယ်မလွယ်ပါဘူး။

ကျီးလန့်စာ စားနေကြရတဲ့ အဖြစ်ပေါ့ဗျာ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

You got a 25.00% upvote from @sleeplesswhale courtesy of @yuzana!

အဲဒီလိုအခြေအနေတွေကိုရေးပြထားတာ ဗဟုသုတဖြစ်စေပါတယ်အစ်ကို။တရားဥပဒေစိုးမိုးမှု မရှိတဲ့နေရာတွေဖြစ်ခဲ့တာပေါ့။

ဥပဒေ မသက်ရောက်ပေမဲ့ လူအချင်းချင်းထားရှိကြတဲ့ နားလည်မှုတွေ က ဥပဒေအရ လိုက်နာကြရတာထက် ပိုပြီး တန်ဖိုးကြီးတယ် ။ တစ်ချို့ အဲ့လိုနေရာတွေက တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမပါဘဲ ။ နောက်ဆုံး အကြောင်းလေးက ဟာကိုပါ ။

ကျောက်စိမ်းရှာထွက်ပြီပေါ့

Posted using Partiko Android

Congratulations @yuzana! You received a personal award!

1 Year on Steemit

Click here to view your Board of Honor

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62102.06
ETH 2415.08
USDT 1.00
SBD 2.49