ကျောက်​စိမ်း​မှော်​မှကံတရား

in #myanmar6 years ago

ကျောက်​စိမ်း​မှော်​မှကံတရား


နေ့လည်​မုန့်​စားတဖြတ်​နားပြီးည​နေမ​မှောင်​ခင်​ ​ဈေးတန်းဖက်​မှ ဖိုးရမယ်​ ဘိန်းရမယ်​ ခပ်​ပုံရမယ်​ဟု ​အော်​​ရောင်း​နေတဲ့အသံလည်း​နေ့စဉ်​ဓူဝကြား​နေရပါသည်​။ အဲဒီ​အော်​သံသည်​ ကျွန်​​တော်​တို့အတွက်​က​တော့ကျင်းသိမ်းရန်​အချက်​​ပေး​သော ဘုန်းကြီး​ကျောင်းကအုံး​မောင်းသံ ကဲ့သို့ဖြစ်​​နေ​လေသည်​၊ အဘယ့်​ကြောင့်​ဆို​သော်​ အဲ့ဒီ​အော်​သံကြားကျင်းသိမ်း ညအိပ်​တဲဆီပြန်​ တဲ​ရောက်​ မိုးချုပ်​ကွက်​တိ ဖြစ်​​နေ​လေသည်။ ကျွန်​​တော်​တို့အထဲတွင်​ ကျင်းလဲမတူးဘဲ ကျွန်​​တော်​တို့နဲ့လာပြီး​နေ​သောလူငယ်​တ​ယောက်​ရှိပါ​သေးသည်​။ သူကကျွန်​​တော်​တို့ကျင်း​ခေါင်းရဲ့သူငယ်​ချင်း နာဂစပ်​လူငယ်​တ​ယောက်​ဖြစ်​​လေသည်​။ သူ့ကိုကျွန်​​တော်​တို့က ​မှော်​​ကောက်​ရိုးဟု​ခေါ်​လေသည်​။ သူသည်​ ကျွန်​​တော်​တို့ဆီကိုလာ​တော့ အသားဗူး​လေး ​လေးငါးဗူးနှင့်​ ဆန်​​လေးနှစ်​ပြီ​လောက်​ပါလာခဲ့​လေသည်​။ ကျွန်​​တော်တို့​အဖွဲ့ထဲမှာ​အတူ​ရောပြီးစား​သောက်​​လေသည်

52482b866bb3f7e87686fd8a-750-500.jpg

https://goo.gl/images/v9Wvir

။ အဲ့တာ့​ကြောင့်​ကျွန်​​တော်​တို့က ​ဟေ့​ကောက်​ရိုး မင့်​ရိက္ခာက တနှစ်​​လောက်​စားလည်းမကုန်​​လောက်​ဖူး​နော်​ဟုစကြ​နောက်​ကြ​လေသည်​။ သူသည်​မခံပြင်းတပ်​သဖြင့်​စလို့​နောက်​လို့​ကောင်း​လေသည်​။ တခု​တော့​ကောင်းသည်​။ ​မှော်​ထဲမှာရှိ​သော​လောပန်း​တွေအ​ကြောင်းအကုန်​သိသည်​။ ​မှော်​ထဲမှာရှိ​သော ဖိုးသမား​တွေအ​ကြောင်း အကုန်​သိသည်​ ထို​ကြောင့်​ကိုယ်​မသိတဲ့အရာဆိုသူ့​မေးလိုက်​အကုန်​သိသည်​။ မနက်​ထမင်း​ကြော်​စားပြီးတ​နေကုန်​​မှော်​ထဲလည်​ပြီး​ကျောက်​ရှာ​နေတာဆို​တော့အကုန်​သိသည်​။ လူတ​ယောက်​ရဲ့ကံဇာတာသည်​​ပြောမရဘူးဆိုသည်​မှာတကယ်​မှန်​​လေသည်​။ အဲ့လို့​နေစဉ်​ ကျင်းမတူးဘဲ ​အလုပ်​မရှိ​လျှောက်​လည်​တဲ့လူတ​ယောက်​တရက်​မှာ​တော့ သူတဲကိုပြန်​လာမအိပ်​​တော့ တရက်​​တော့ ဖာသိဖာသာ သိပ်​ပြီးအ​လေးမထားမိ​ပေ၊နှစ်​ရက်​သုံးရက်​လည်းပြန်​မလာ​တော့ ဘယ်​များဘာဖြစ်​​နေလဲမသိဟုအ​တွေးဝင်​ကြ​လေ၏

Screenshot_20180102_131114.png

https://goo.gl/images/9NmKF9

ကျောက်​ဖြတ်​ခုံဖက်​စုံစမ်းလိုက်​​တော့ ဟာ ခင်​ဗျားတို့မသိဘူးလား ဒီ​ကောင်​​ကျောက်​ရသွားတယ်​ဗျာ့ တန်​​ကြေးမနည်းဘူး သိန်းဆယ်​ဂဏန်းဗျာ့ ခုဆိုခန္တီးမှာနှပ်​​နေ​လောက်​ပြီတဲ့။ အဲ့ဒီ​ခေတ်​က ​ရွှေတကျပ်​သားမှ မှတ်မှတ်ရရ သောင်းရှစ်​​ထောင်​ခန့်​သာရှိ​လေသဖြင့်​ တန်​​ကြေးသိန်းဆယ်​ကဏန်းဆိုမနည်း​ပေ။ သူသည်​ ကျွန်​​တော်​တို့အဖွဲ့ကိုအသိမ​ပေးဘဲ ပြန်​သွားခြင်းကို နားလည်း​ပေးလို့ရပါသည်​။ အဘယ့်​​ကြောင့်​ဆို​သော်​ ​မှော်​ထဲတွင်​ တန်​​ကြေးကြီး​ကျောက်​ရလျှင်​ ဘယ်သူ့ အသိမပးဘဲ ချက်​ခြင်းမြို့​ပေါ်ကိုအ​ပြေးပြန်​ကြ​လေသည်​။ တရားဥပ​ဒေစိုးမိုးမှူမရှိ​သော​နေရာမှာအန္တရယ်​ရှိ​သော​ကြောင့်​ဖြစ်​​လေသည်​။

Post writer=@yuzana(shineshine)
MSC=146

Sort:  

သူတို့ လောကမှာလည်း ကျောက်ကောင်းရထားရင်တောင် လူအရမ်းသိခံလို့ မရဘူး မလွယ်ပါဘူး ဗျာ

အဲဒီ အချိန်တုန်းက ကျောက်တူးသမား သီချင်း ထွက်လာသည် အထိကို ကျောက်တူးတဲ့ အလုပ်က ဟော့ ဖြစ်နေတာဗျ။

Posted using Partiko Android

အဲ့ဒီ​ကျောက်​တူးသမားသီချင်းက ဒို့သွားပြီးတနှစ်​​ကျော်​ကြာမှ​ပေါ်လာတာ

ဟုတ်လားဗျာ ကျောက် အောင်ခဲ့သေးလား ဗျ။

Posted using Partiko Android

မှော်ထဲက ဘဝအတွေ့ကြုံမျိုးစုံ

ဟုပ်​ပါ့ဗျာ့ ဖိုးဘိန်း ဖဲ လွပ်​လွပ်​လပ်​လပ်
ဖာ​တော့မရှိ ​မှောထဲ အမျိုးသမီးမဝငိရလို့ ☺ ☺ ☺

ကျောက်မတူးဘဲ ဘယ်လိုကျောက်ရှာတာလဲဗျ

Posted using Partiko Android

ပေါ​ခြောင်​​ကောင်းဖိုးသမား​လေး​တွေဆီကဝယ်​တယ်
ပိုင်​ရှင်​မရှိပြစ်​ထားတဲ့ကျင်း ​တွေထဲ လိုက်​ရှာ ​မြေဇာပုံ​တွေမှာ
လိုက်​ရှာ အဲ့လိုပါ့

အတွေ့အကြုံလေးတွေကို ပြန်လည်ရေးသားပေးတာ အားလုံးအတွက် ဗဟုသုတဖြစ်ပါတယ်အစ်ကို။ကံ တရားကတော့ အရမ်းဆန်းကျယ်ပါတယ်။အန္တရာယ်ရှိတော့ ဘယ်သူမှအသိမပေးတော့တာပေါ့နော်။

ခပ်​ပုံ ဆိုတာကဘယ်​ကို​ပြောတာလဲ?....
ကံ​ကောင်းသွားတာရုတ်​တရက်​ကြီး....

Posted using Partiko Android

ခပ်​ပုံ ဆိုတာ ဘိန်းရှူတာပါ လွယ်​လွယ်​​ပြောရရင်

ဒီခေတ်တန်ကြေးနဲ့ဆို သိန်းထောင်ချီလောက်မယ်ဗျ

Posted using Partiko Android

You got a 30.40% upvote from @sleeplesswhale courtesy of @yuzana!

Congratulations @yuzana! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 1000 replies. Your next target is to reach 1250 replies.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63099.62
ETH 2555.59
USDT 1.00
SBD 2.83