ကျောက်​စိမ်း​မှော်​မှအမှတ်​တရအဖြစ်​အပြက်

in #myanmar6 years ago

ကျောက်​စိမ်း​မှော်​မှအမှတ်​တရအဖြစ်​အပြက်


ကျွန်​​တော်​ခန္တီး​ကျောက်​စိမ်း​မှော်​ထဲတွင်​ ကျွန်​​တော့တသက်​​မေ့မရတဲ့ အဖြစ်​အပြက်​က​လေးတခု ဖြစ်​ခဲ့ပါသည်​၊ ကျွန်​​တော်​တို့ညအိပ်​စခန်းမှ ​ကျောက်​တွင်းသို့ အလုပ်​သွားချိန်​တွင်​ တဲမှာအလှည့်​ကျတ​ယောက်​အ​စောင့်​ထား၍ထမင်းချိုင့်​များနှင့်​သွားရပါသည်​ ၁၁နာရီအချိန်​တွင်​ထမင်းစားတဖြတ်​နားပါသည်​၊တဖန်​ပြန်​အလုပ်​ဆင်း ​နေလည်​၂နာရီ​ကျော်​​လောက်​ကြတဖြတ်​နားပါသည်​၊​နေလည်​၂နာရီနားချိန်​တွင်​ ကျင်း​ခေါင်းမှ​ဈေးတန်းဖက်​သွားလ္ဘက်​ရည်​ဆိုင်​မှ ​ပေါက်​စီတ​ယောက်​တလုံး တခါတ​လေ ခါချာမုံ့ ​လေး​တွေ​ဝယ်​ တ​ယောက်​တခုဝေပြီးအ​မော​ပြေစားကြပါသည်​၊

IMG_20130503_165520.jpg

https://goo.gl/images/6Ggsq8

ကျောက်​တူးတဲ့အခါမှာတန်း​ကျေး ကြီးကြီးမရဘဲ တန်​​ကြေး​သေး​သေး​လေး​တွေရလျှင်​​ဈေးတန်းတွင်​​ရောင်း မုံ့ဝယ်​ ပိုတဲ့ပိုက်​ဆံ​လေး​တွေကို တ​ယောက်​ဘယ်​​လောက်​ဆိုပြီး သုံးချင်​ရာသုံးရန်​​ဝေ​ပေးပါသည်​၊ ​မှော်​ထဲမှာ​တော့ ထမင်းစား​ကျောက်​ဟု​ခေါ်ပါသည်​။ ရတဲ့ပိုက်​ဆံ​လေးကို တချို့ကလည်းလ္ဘက်​ရည်​ဆိုင်​ထိုင်​ တချို့ကလည်း ခပ်​ပုံဟု​ခေါ်​သော ဘိန်းကိုရှူကြ တချိုကလည်း ဂလုန်းဂလုန်း​ခေါ်တဲ့၆​ကောင်​သွားဆွဲကြ၊တချို့ကလည်း၎​ကောင်​ဂျင်​သွားထိုးကြနဲ့ သူ့ဟာနဲ့သူက​တော့ဟုပ်​​နေကြပါသည်​၊ အဲ့ဒီအချိန်​က မှတ်​မှတ်​ရရ ၉၀ တန်​နဲ့ ၄၅ကျပ်​တန်​​တွေသုံးရတာထင်​တယ်​ဗျာ့ ၊ အဲ့တာကို​ဈေးနှုန်းများသတ်​မှတ်​မယ်​​ဆိုရင်​ အကြီးတရွက်​ အ​သေးတရွက်​ဟု​​ပြောလိုက်​တာနဲ့ အကြီးတရွက်​ဆိုတာ ၉၀တန်​ကို​ပြောပြီး အ​သေးတရွက်​ဆိုတာ ၄၅ ကျပ်​တန်​ဆိုတာတန်းသိရတယ်​ဗျာ့ ၊ ကျွန်​​တော်​လည်း ၄၅ ကျပ်​တန်​​လေးတရွက်​ကိုင်​ပြီး ​ဈေးတန်းဖက်​တက်​ ၄ ​ကောင်​ဂျင်​ ထိုးဖို့ဝိုင်းနားမှာရစ်​သီရစ်​သီလုပ်​​နေပါတယ်​၊ နိုင်​ခဲ့ရင်​မုံ့ဝယ်​စားမယ်​မနိုင်​ခဲ့ရင်​အရှူံးဆိုပြီးစိတ်​ထဲကတွက်​ထားတာ​ပေါ့။

Napthine.jpg

https://goo.gl/images/sck3hb

လေး​ကောင်​ဂျင်​ဝိုင်း​တွေက လမ်း​ဘေး​မြေကြီး​ပေါမှာ တာလပတ်​ခင်းပြီးလှည့်​ကြတာ တာလပတ်​​ပေါ်မှာ ကြက်​ ဝက်​ ဖား ​ရှော ဆိုပြီးအ​ကောင်​​လေး​ကောင်​ရဲ့အရုပ်​​တွေလဲဆွဲထားကြ​လေရဲ့၊ ​ကြွေပုဂံ ထဲ​ကကြွေသီးလှည့်​ ယွန်​အုပ်​က​လေးနဲ့အုပ်​ ပြီး အထဲမှာ​ပေါ်တဲ့အ​ကောင်​ကိုမှန်းပြီးထိုးကြရတာ ၊လူ​တွေက ပတ်​ချာလှည့်​ ဝိုင်းထိုင်​ပြီးထိုး​နေကြ​တော့ ကျွန်​​တော်​ကထိုင်​စရာကမရှိ တချို့လူ​တွေက ရင်​ခွင်​ထဲပိုက်​ဆံအထပ်​လိုက်​ထားပြီး မ​ရေမတွက်​ဘဲထိုးနေကြ​လေရဲ့၊ ကျွန်​​တော်​လည်း​ရှေကလူ​တွေနဲ့ဆို​တော့ ​နောက်​က​နေ ခါးကုန်းပြီး ဖားအ​သေးတရွက်​ ဆိုပြီး ဇယား​ပေါ်က ဖားရုပ်​​ပေါ်ကို ပိုက်​ဆံချလိုက်​ပါတယ်​ ဖြစ်​ချင်​​တော့ ​နောက်​​ကျော​ပေါ်လွယ်​ထား​သောဓားက သူရဲ့ ဇယားကွက်​​ပေါ်ဘုပ်​ဆိုပြီး ကျွတ်​ကျပါ​လေ​ရော့၊​လေး​ဂေါင်​ဂျင်​လှည့်​တဲ့သူက မျက်​လုံးပြူး မျက်​ဆံပြူးနဲ့ ကျွန်​​တော့​ ၄၅ ကျပ်​တန်​အ​သေးတရွက်​ကိုယူ သူ့ရဲ့ပိုက်​ဆံအထပ်​ထဲက ၉၀ တန်းနှစ်​ရွက်​နဲ့ ​ပေါင်းပြီး ​ရော့​ရော့ ငါ့ညီ မထိုးနဲ့​တော့ မင်းကိုအ​ပေါက်​​ပေးလိုက်​တယ်​ဆိုပြီး ကျွန်​​တော့ကို မထိုးခိုင်း​တော့ပါ၊ သူတို့က ဝိုင်းကြီးဝိုင်း​ကောင်းဖြစ်​​နေပြီး ဝိုင်းပျက်​မှာစိုးသဖြင့်​ မထိုးခိုင်းခြင်းဖြစ်​ပါသည်​ ​​နောက်​ ၄၅ ကျပ်​တန်​ လက်​မခံ​တော့ဟု​​ကြေညာလိုက်​ပါသည်​၊

Screenshot_20180102_131052.png

သူတို့က ကျွန်​​တော့ကို မူး​မူးနဲ့ မိုက်​​ကြေးခွဲ ဓားကို တမင်​တကာဇယား​ပေါ်ပြစ်​ချတယ်​ထင်​သွားလားမသိပါဘူးဗျာ ကျွန်​​တော်​က​တော့ရိုးရိုးသားသား လွယ်​ထားတဲ့ဓားကကျွတ်​ကျသွားတာပါ၊ ဘယ်​လိုပင်​ဖြစ်​​နေဖြစ်​​နေ ၄၅ ကျပ်​တန်​တရွက်​ ၉၀ တန်​နှစ်​ရွက်​ကို ကိုင်​ပြီး ပြုံးစိစိနဲ့ ပြန်​လာခဲ့ပါ​တော့သည်​။

Post writer=@yuzana(shineshine)
MSC=146

Sort:  

မထိုးဘဲ မြတ်တယ် ဂွင်ပဲ😁

Posted using Partiko Android

အဟပ်​ ခနခနလုပ်​ရမယ်​ ​တော်​ကြာဇက်​ပြတ်​​နေမှ

အို ဘာတဲ့ သူဓားကျတာက တမျိုးဟ 😁

ဓားကျတာ ပိုက်​ဆံရ​တေ အဟဲ

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

You got a 33.33% upvote from @sleeplesswhale courtesy of @yuzana!

ဖိုက်တာ ဦးယုပေါ့။

သူ့ပွဲ ပျက်​မှာစိုး​တော့​လေ သိတယ်​ မဟုပ်​လား

ဟိုကလည်း ဇိုးတွေ အကိုယုကလည်း ဇ နဲ့ 
အင်း ဟုတ်တော့ ဟုတ်နေပြီ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54523.93
ETH 2291.82
USDT 1.00
SBD 2.35