TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၄)

in #myanmar6 years ago

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၄)

ဖလိုင်းဖက်​ဆီသွားတဲ့110V လမ်း​ကြောင်း​ကောင်းပြီိဆိုလျှင်​ 25vလိုင်းများ 12vလိုင်းများကိုလည်းဗို့မှန်​မမှန်​တခါထဲ တိုင်းတာစစ်​​ဆေးသင့်​ပါတယ်​၊ အားလုံးမှန်​ကန်​၍​ကောင်းပြီဆိုလျှင်​ ဖလိုင်းဖက်​သိုသွားရာregကိုဆက်​သွယ်​လိုက်​ပါ၊တခါတ​လေထိုregသည်​ဖလိုင်းဖက်​​လောင်​ရင်​​သော်​၎င်းH out ​ရှော့ကျ​လောင်​​နေရင်​​သော်​၎င်းopen ပွင့်​ပြတ်​​နေတပ်​ပါသည်​၊regအသစ်​ထည့်​၍ဆက်​သွယ်​ကြည့်​ပါ ထို​နောက်​ပါဝါonကြည်​ပါ 110vများဝပ်​သွားပါက ဖလိုင်းဖက်​​လောင်​​နေတပ်​သဖြင့်​လဲလိုက်​ပါ၊

TV-Kit.jpg

ဖလိုင်​ဖက်​ကိုဆက်​သွယ်​ပြီး၍110vလိုင်းမဝပ်​ဘဲငြိမ်​​နေပါက ဖလိုင်းဖက်​​ကောင်​တယ်​ဟုအကြမ်းဖြင်းခန့်​မှန်း၍ရပါသည်​၊ ထိုအခါ hout tr ရဲ့​ကော်​လက်​တာအ​ပေါက်​ဆီ110v​ရောက်​ရပါမည်​၊ထို​နောက်​hout tr ရဲ ​​ဘေ့ အ​ပေါက်​ဆီ ac1.5v(or)ac2vခန့်​ရှိရပါမည်​ ၊တိုင်းတာပုံမှာ hout tr ရဲ အီ​မေတာအ​ပေါက်​ကိုမီတာရဲ့ အနုပ်​ အနက်​​ထောက်​တံထား၊
h out ​ကော်​လက်​တာရဲ့အ​ပေါက်​ကို မီတာရဲ့ အ​ပေါင်းအနီ​ထောက်​တံကိုထား မီးတာကိုac မှာထားပြီ ​ထောက်​ထားပါ၊ပါဝါခလုက်​ကိုဆပ်​ကနဲနိပ်​ကြည့်​ပါ ၊အဲဒီမှာ​အော်​​လဇေးရှင်းဗို့ထွက်​လျှင်​ hout trတပ်​၍​မောင်းနှင်​လို့ရပါသည်​၊အကယ်​၍အဲ့ဒီမှာ ​အော်​လ​ဇေးရှင်းဗို့မထွက်​လျှင်​ tvမှန်​ပြင်​မှာအလင်း​ပေါ်မည်​မဟုပ်​​ပေ၊ အကယ်​၍စက်​ပြင်​သမား​တွေမှာ ​အော်​လ​ဇေးရှင်းဗို့ac1.5vမထွက်​လျှင်​ငိုင်​ကြသွားတပ်​ပါသည်​ အဘယ်​​ကြောင့်​ဆို​သော်​ ​အော်​လ​ဇေးရှင်းဗို့မထွက်​ရခြင်းအ​ကြောင်း​တွေက ​မြောက်​များစွာရှိ​သော​ကြောင့်​ဖြစ်​ပါသည်​၊​အော်​လ​ဇေးရှင်းဗို့ထုပ်​​ပေး​သော ကွိုင်​ထုပ်​​သေး​သေး​လေးမ​ကောင်းလျှင်​လဲမထွက်​ပါ၊
ထိုကွိုင်​ထုပ်​က​လေးဆီပို့​သော 25vလိုင်းမ​ကောင်းလျှင်​မထွက်​ပါ၊ဤ​နေရာမှာတချို့စက်​ပြားများသည်​25vလိုင်းမဟုပ်​ဘဲ110vလိုင်းမှလဲယူတပ်​ပါသည်​ ၊အများအားဖြင့်​japan ပြည်​တွင်းသုံးtvများနှာ 110vလိုင်း​ကျွေတာများပါသည်​၊ ​နောက်​တခါ ပရိုဆင်​ဆာမိန်းအိုင်​စီမ​ကောင်းလျှင်​လည်းမထွက်​ပါ၊
မိန်းအိုင်​စီဆီသွား​သော 5vလိုင်းမ​ကောင်းလျှင်​လည်းမထွက်​ပါ၊မိန်​အိုင်​စီဆီသွား​သော12vလိုင်းမ​ကောင်းလျှင်​လည်းမထွက်​ပါ တခါတ​လေ စက်​ပြားမှာ​ကြွက်​​သေးပန်းအစိုဓပ်​​လေးရှိရင်​လည်း​ကြောင်​​တောင်​​တောင်​နဲ့ တခါတ​လေTvပွင့်​လိုက်​ တခါတ​လေtvဖွင့်​မရလိုက်​ဖြစ်​တပ်​ပါသည်​၊​နောက်​တခုက 24Cရှစ်​​ခြောင်း​ထောက်​icမ​ကောင်းလျှင်​လဲမထွက်​ပါ၊ထို့​ကြောင့်​ဤ​နေရာ​ရောက်​ပြီးအဲ့ဒီပြစ်​ချက်​ကျန်​​နေလျှင်​အ​တော်​အုန်းစား​သော ဟဲဗီးပြစ်​ချက်​ဖြစ်​​လေသည်​၊

vintage-television-technology.jpg

ပထမဆုံး​အော်​လ​ဇေးရှင်းထုပ်​​ပေး​သော ​ခွေး​ခြေ​ထောက်​က​လေးနဲ့တူတဲ့အထုပ်​​သေး​သေး​လေးဖြုတ်​ပြီးကွိုင်​ကို ကြိုးပြတ်​မပြတ်​​လောက်​မ​လောင်​မီတာနဲတိုင်းကြည့်​ပါ အကယ်​၍​လောင်​​နေတယ်​ မ​ကောင်းဘူးဆိုအသစ်​လဲလိုက်​ပါ၊အဲ့ဒီအထုပ်​က​လေးဆီ 25v​ရောက်​မ​ရောက်​တိုင်းကြည့်​ပါ၊အများအားဖြင့်​ ကွန်​ဗာတာမှာလာ​သော25vလိုင်းသည်​ ဗာတီကယ်​icဆီသွား​သောလမ်း​ကြောင်းမှယူသုံးထားပါသည်​၊ဗာတီကယ်​icဆီ​ရောက်​ပြီးreg တလုံးခံယူထား​သော​ကြောင့်​ ကျွန်​​တော့အ​တွေ့အကြုံအရ​ reg ​လေးလောင်​​နေတပ်​ပါသည်​၊​လောင်​​နေရင်​ အသစ်​လဲလိုက်​ပါ၊ထို​နောက်​ hout tr ရဲ အီ​မေတာဆီ ဂ​ရောင်းလိုင်းမ​ရောက်​ရင်​လဲဖြစ်​တပ်​ပါသည၊hout trရဲ့ အီ​မေတာနဲ့ဂ​ရောင်းလိုင်းနဲ့အဆက်​အသွယ်​လဲတိုင်းကြည့်​ရန်​လိုပါသည်​၊hout trရဲ အီ​မေတာသည်​ regတလုံးကိုဂ​ရောင်းလိုင်းနဲ့ဆက်​သွယ်​ယူထားသဖြင့်​ကျွန်​​တော့အ​တွေ့အကြုံအရ အဲဒီreg ​​လေးလော​င်​နေတာခနခန​တွေ့​နေရပါသည်​၊.....
ဆက်​ရန်​...
စာဖတ်​သူအားလုံးကို​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ

Post writer=@yuzana(shineshine)
MSC=146

Sort:  

လောင်နေတာတွေ တွေ့တယ်လား ☺

တပြား လုံး​လောင်​တပ်​တာ​တွေမှန်​သမျှ အားလုံး​လောင်​​ပေးလိုက်​တယ်

ဗဟုသုတအများကြီး ရပါတယ်​ဗျာ

Posted using Partiko Android

ဖတ်​​ပေးလို့​ကျေးဇူးပါ

နောက်​လဲအား​ပေးမယ်​​နော်

Posted using Partiko Android

မီးမီး​လေးကို အား​ပေးပါလိုစ့်

ဆရာကျပါပေတယ်. V ပတ် လမ်းကြောင်းလေးထဲ. V test လုပ်နည်း. လေလာဖတ်ရှူရလို့.. ကျေးဇူးတင်ပါတယ်ဥဥ😊😊

Posted using Partiko Android

ဖတ်​ရှူ​ပေးတဲအတွက်​​ကျေးဇူးပါခင့်​ဗျာ

ဗဟုသုတရပါတယ်
ဆက်​ပြီးဖတ်​ပါ့မယ်​.....

Posted using Partiko Android

ကျေးဇူးပါ

You got a 12.20% upvote from @sleeplesswhale courtesy of @yuzana!

လေ့လာနေသူတွေအတွက် မှတ်သားထိုက်တဲ့ ပိုလ့်ပါ

ဝါသနာပါတဲ့သူအဖို့က​တော့ဖတ်​သင့်​ပါတယ်
ာဝါသနာမပါရင်​​တော့ ပြင်းစရကြီး​နေမှာ

ပညာ​ပေးပိုစ်​​လေး​ကောင်းပါတယ်​ဗျာ

ကျေးဇူးပါ

နောက်မှအစအဆုံးပေါင်း ပြီးတင်ပေးဦး

Posted using Partiko Android

စက်​ပြား တပြားလုံးပြစ်​ချက်​ အကုန်​ချ လိုက်​မယ်

ကျွန်တော်ကတော့ ခုထိ အပေါင်းနဲ့ အနုတ် မှားမှားနေတုန်း မင်္ဂလာ ဆောင်ရင် အနီနဲ့ အနက် မမှားပါစေနဲ့ ဆုတောင်းမိတယ် ။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 66086.15
ETH 3548.75
USDT 1.00
SBD 2.58