TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၃)

in #myanmar6 years ago

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၃)

220Vacက​နေ220vdcကို​ပြောင်း​ပေးတဲ့ဒိုင်းအုပ်​​လေးလုံးကိုလဲ​ပေးလိုက်​ရပါတယ်​၊တခါပြန်​​လောင်​သွားတဲ့ပါဝါဆပ်​ပလိုင်းက ကွန်​ဗာတာ​မောင်းတဲ့trကို​နောက်​ထပ်​အသစ်​လဲလိုက်​ပါတယ်​၊လဲပြီးပစ္စည်းအားလုံးကိုအ​သေအခြာစစ်​ကြည့်​ပြီး​တော်​​နေကလိုမီတာအနက်​တံကိုမီးလုံးဂ​ရောင်းမှာစိုက်​ အနီ​ထောက်​တံကိုကွန်​ဗာတာအထွက်​110vမှာ​ထောက်​ ပါဝါခလုပ်​ကိုonထား မီးပလပ်​ကိုစမ်းပြီးထိုးကြည့်​ပါတယ်​ မထူးခြားသဖြင့်​ရဲရဲတင်းတင်းထိုးလိုက်​ပါတယ်​၊ဒါ​ပေမဲ့ပါဝါဆပ်​ပလိုင်းက110vမထွက်​လာဘူး မမြင်​ရတဲ့ပြစ်​ချက်​ရှိ​နေပါ​သေးတယ်​၊

TV-Kit.jpg

https://goo.gl/images/31j4wz

အ​တွေအကြုံအရ အားလုံးမှန်​ပြီး110vမထွက်​လျှင်​ ကွန်​ဗာတာကို​မောင်းနှင်​​သော ပါဝါtrရဲ baseဆီ​အော်​စ​လေးရှင်းမ​ရောက်​လို့ဖြစ်​နိုင်​သည်​၊ထို​အော်​စ​လေးရှင်းကို bအုပ်​စု cအုပ်​စုထဲက trအ​သေးနဲ့​မောင်းနှင်​ထားတာဖြစ်​ပါတယ်​၊ဒါ​ကြောင့်​trအ​သေးကိုဖြုတ်​တိုင်းကြည့်​တဲ့အခါမှာ​လောင်​​နေတာကို​တွေ့​နေသဖြင့်​လဲလိုက်​ပြီး​စော​စောကလို 110vလိုင်းဘက်​ မီတာ​ထောက်​ပြီးမီးပလပ်​ထိုးကြည့်​လိုက်​ပါတယ်​၊110vလိုင်းကပွင့်​​တော့ပွင့်​တယ်​ 110vအပြည့်​မထွက်​ဘဲ60vမျှ​လောက်​ဘဲထွက်​ပါတယ်​၊ဒီ​နေရာ110v အပြည့်​မထွက်​ရခြင်းမှာ ဖိဖက်​ပြန်​​ကြွေး​သောဗို့လိုင်းမှ pcလို​ခေါ်တဲ့ အဝါ​ရောင်​​ လေး​ခြောင်း​ထောက်​က​လေးမ​ကောင်းရင်​လည်းဖြစ်​တပ်​ပါတယ်​၊အဲ့ဒီကိုသွားတဲ့ဗို့လမ်း​ကြောင်းတ​လျှောက်​မ​ကောင်းရင်​လည်းဖြစ်​တပ်​ပါတယ်​၊​နောက်​ပြီး ဗို့ခွဲလိုင်းတွေဖြစ်​တဲ့ဗာတီကယ်​icဆီသွားတဲလမ်း​ကြောင်းဗာတီကယ်​ic​လောင်​ပြီး​ရှော့ကျရင်​လဲဖြစ်​တပ်​ပါတယ်​၊

download (4).jpeg

https://goo.gl/images/iqw1oq

နောက်​ပြီး အသံicဆီသွားတဲ့လမ်း​ကြောင်းက ​အော်​ဒီယိုic​လောင်​ပြီး​ရှော့ကျရင်​လဲဖြစ်​တပ်​ပါတယ်​၊ဗာတီကယ်​icတို့​ အော်​ဒီယိုicတို့ သံသယရှိရင်​​တော့ အဲ့ဒီလမ်း​ကြောင်း​တွေကို ပဒိတ်​ဓား​လေးနဲ့ဗို့လမ်း​ကြောင်းကိုဖြတ်​​တောက်​ကြည့်​လိုက်​ပါ၊ဒါမှ110vမထွက်​ခဲ့ရင်​၊strအစားထိုးလို့​ခေါ်တဲ့​မော်​ကျုးကပ်​ကိုအစားထိုးကြည့်​လိုက်​ပါ၊အဲတာဆိုရင်​အဆင်​မ​ပြေစရာအ​ကြောင်းမရှိ​တော့ပါ၊​မော်​ကျုးကပ်​အစားထို့ဘိုကလဲ တရုပ်​ကပ်​​တွေဆိုလွယ်​ပါတယ်​၊ strဖြစ်​ဖြစ်​ ပါဝါtrဖြစ်​ဖြစ်​အစားထိုးလို့ရပါတယ်​၊ပထမဆုံး​မော်​ကျုးကပ်​မှာပါတဲ့ပရီဆက်​က​လေးကို ခုနှစ်​ပတ်​ရှစ်​ပတ်​​လောက်​​အရင်​​လျှော့လိုက်​ပါ အဘယ့်​​ကြောင့်​ဆို​သော်​ ​မော်​ကျုးကပ်​အသစ်​များက ကွန်​ဗာတာအထွက်​220v​တွေချိန်​ထားတပ်​လို့ပါ၊အကယ်​၍ပရီဆက်​က​လေးကိုမ​လျှော့ထားဘဲတပ်​လိုက်​လျှင်​ ကွန်​ဗာတာအထွက်​ဗို့အားများနှစ်​ဆတက်​လာတပ်​သဖြင့်​ မ​လောင်​သင့်​​သောပစ္စည်းများ​လောင်​သွားတပ်​ပါတယ်​၊ပရီဆက်​​လျှော့ပြီး​မော်​ကျုးကပ်​ရဲ့အ​ပေါင်းစ အနီကို str သိုမဟုပ်​trရဲ့ +220vအဝင်​လိုင်းကိုဆက်​ပါ ၊​မော်​ကျုးကပ်​ရဲအနုပ်​စအနက်​ကို strသိုမဟုပ်​trရဲ ဂ​ရောင်းလိုင်းကိုဆက်​သွယ်​လိုက်​ပါ၊ဆက်​သွယ်​ပြီးကွန်​ဗာတာအထွက်​110vလိုင်းကိုမီတာ​ထောက်​ထားပြီး​မီးပလပ်​ထိုးကြည့်​ပါ၊ဗိုထွက်​110vလိုင်း​ကိုမော်​ကျုးကပ်​ပရီဆက်​လှည့်​ပြီးဗိုထွက်​ချိန်​​ပေးပါ၊ကွန်​ဗာတာမိန်းထုပ်​​ကောင်းလျှင်​ဗိုမထွက်​မဘူးဆိုတာမရှိပါ၊

IMG_20180919_215000.jpg

တခါတရံကွန်​ဗာတာထုပ်​ကတချက်​တချက်​စီစီလို့​အော်​ပြီး110vထွက်​မညိမ်​လျှင်​ ကွန်​ဗာတာထုပ်​နံပတ်​တူအသစ်​လဲလိုက်​ပါ၊ ​မော်​ကျုးကပ်​ကစက်​ပြင်​သမာ​တွေအ​နေနဲ့ ပြစ်​ချက်​ရှာရမှာပြင်းတဲ့အခါ အလွယ်​သုံးလျှင်​အ​တော်​အဆင်​​ပြေ​သောကဒ်​ဖြစ်​ပါတယ်​၊ဒါ​ပေမဲ့တရုပ်​စက်​မှလွဲ၍ဂျပန်​စက်​များဆိုရင်​အဆင်​သိပ်​မ​ပြေပါ၊မှန်​ပြင်​မှာရုပ်​ထွက်​လာလျှင်​အစင်းများတချက်​တချက်​ထခြင်း၊​ဘေး​ဘောင်​များကျဉ်းသွားခြင်းမျိုးဖြစ်​တပ်​ပါသည်​၊ပါဝါဆပ်​ပလိုင်​အပိုင်းဒီမှာတင်​ရပ်​ပြီး
နောက်​အပိုင်းများကိုလဲ ဆက်​လက်​​ရေးသားပါအုန်းမည်​....
အီလက်​ထ​ရောနစ်​ဝါသနာရှင်​များအားလုံးကို
ကျေးဇူးအထူးတင်​ပါသည်​...

Post writer=@yuzana(shineshine)
MSC=146

Sort:  

အီလက်​ထ​ရောနစ်​ပညာ သိခွင့်​ရလို့​ကျေးဇူးပါ

ကျေးဇူးပါ သိတာ​လေး​တွေ မျှ​ဝေရတာပါ့ဗျာ

ဗဟုသုတ အများကြီးရတယ်​ဗျာ

ဖတ်​​ပေးလို့​ကျေးဇူးပါ

ပညာရပ်postလေးမို့ အမြဲအားပေးလျက်ပါကိုယု

ကျေးဇူးပါ

ဗဟုသုတရပါတယ်ရှင်

ဟုပ်​တယ်​ ဗဟုသုတသ​ဘော​လောက်​ပါ
ဗဟုသုတရသွားရင်​လဲ ​ရေးရ ကျိုးနပ်​ပါတယ်

အီလက်ထရွန်းနစ် ဘာသာရပ်က အရမ်းကိုစိတ်ဝင်စားတာ တီဗွီ၊ ကွန်ပျူတာ၊ ဟန်းဖုန်းအထိ ဒါတွေနဲ့တည်ဆောက်ထားတာပဲ

အိလက်​ထ​ရောနစ်​ဆိုတာ မမြင်​ရတဲ့တ​စ္ဆေကိုဖမ်​ပြီးခိုင်းစားတာမို့
စိတ်​ဝင်​စားဘို့​ကောင်းပါတယ်

အသိ‌တွေတိုး‌စေပါတယ်‌ ဦးယု။‌တော်‌ပါတယ်‌ဗျာ။

ဖတ်​ရှူ့​ပေးလို့ ​ကျေးဇူးပါဗျာ

မှတ်တမ်းများအားလုးံနောင်ခလေးများအတွက်သိမ်းထားသင့်ပါသည်

ဟုပ်​တယ်​ လက်​​တွေ့အ​တွေ့အကြုံ​တွေပါဗျာ

ကောင်းပါတယ်​ မှတ်​သားသင့်​ပါတယ်

ဝါသနာပါသူများက​တော့မှတ်​ထားသင့်​ပါတယ်

ကိုယုက အတွေ့အကြုံတွေကို စနစ်တကျ တစ်ဆင့်ချင်းရှင်းပြထားတာ နောင်လူသစ်စက်ပြင်ဆရာလေးများအတွက် မှတ်သားစရာကောင်းပြီး တန်ဖိုးရှိသော post လေးပါ။အားလုံးအတွက်လည်း ဗဟုသုတတွေ တိုးစေပါတယ်ခင်ဗျာ။

အသိပညာတိုးတယ်​ဆိုသဖြင့်​ဝမ်းသာရပါသည်
အား​ပေးမှူကို​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ

ဗဟုသုတ ရပါတယ်ရှင့်။

ကျေးဇူးပါ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 64615.49
ETH 3112.63
USDT 1.00
SBD 3.84