သမန်းကျား

in #myanmar5 years ago

သမန်းကျား


ထမန်​သီ​ဆိုသည်​မှာရှမ်းစကားမှဆင်းသက်​လာခြင်​ဖြစ်​သည်​ဟုသိရပါသည်​၊ထမန်​ကျားဟု​ခေါ်ဆိုရာမှတဖြည်းဖြည်းကာလရှည်​ကြာလာ​သောအခါ သမန်းကျားဟု​ခေါ်ဆိုလာခြင်းဖြစ်​​လေသည်​။
ထမန်​လူမျိုးများအ​ကြောင်း​ပြောရလျှင်​ ကချင်​ပြည်​နယ်​အင်​​တော်​ကြီးသမိုင်းကစ​ပြောရမယ်​လိုထင်​ပါတယ်​၊ ကြားဘူး​သောရာဇဝင်​​တွေထဲမှာ​တော့ ​ရှေးတုန်းက စည်​ခမ်းမြို့မှမင်းသားတပါး ကျားဖြူ​ဘဝဖြင့်​​တောလိုက်​စဉ်​ တာပိန်​မြစ်​အညာပိုင်းတိုင်းပြည်​တပြည်​မှ​​ရေထဲမျောလာ​သောအမျိုးသမီးငယ်​နှင့်​ချစ်​ကြိုက်​မိကြ​လေသည်​။ထို​နောက်​လက်​ထပ်​ယူလိုက်​ကြပြီး၊စည်​ခမ်းမြို့ကြီးကိုတည်​ထာင်​ပြီ​နေစဉ်​ အင်း​တော်​ကြီးကန်​ဖြစ်​လာ​သောအခါ စည်​ခမ်းမြို့သည်​​ရေ​အောက်​သို့​ရောက်​သွားခဲ့​လေသည်​။ထိုအခါသူတို့သည်​ ချင်းတွင်းအထက်​ပိုင်းသိုတက်​ခါထမန်​သီိဆိုတဲ့ရွာတည်​​ထောင်ပြီးနေကြလေသည်

Screenshot_20181115_083930.png

https://goo.gl/images/Ah1XKH

ထမန်​လူမျိုးများသည်​ သားစဉ်​​မြေးဆက်လူမှကျားအသွင်​သို့​ပြောင်း​သော​ဤပညာကိုလှိုဝှက်​စွာသင်​​ပေးပြီးလက်​ဆင့်​ကမ်းသယ်​ယူလာခဲ့သည်​ဟုသိရ​လေသည်​။ဟိုအရင်​​ခေတ်ကထမန်​လူမျိုးတို့သည်တခြားလူမျိုးများနှင့်လက်ထပ်ယူခြင်းမပြုကြသလိုတခြားလူမျိုးများကလဲထမန်​လူမျိုးများကိုလက်​ထပ်​မယူကြ​ပေ ။ထိုကဲ့သို့တခြားလူမျိုးများနှင့်​​သွေး​နှောလက်​ထပ်​ယူခြင်းမပြုကြဘဲ့​ထိုပညာရပ်​​ကိုလှိုဝှက်​စွာထိမ်းသိမ်းလာခဲ့ခြင်းဖြစ်​​လေသည်​။အင်း​တော်​ကြီးနှင့်​ ချင်းတွင်းအထက်​ပိုင်းတွင်​​နေထိုင်​ကြ​သောရှမ်းလူမျိုးများသည်​ လူမှကျားအဖြစ်​သို့​ပြောင်း​သောကျားကို​မော်​လ​ခေါင်​ကျားဟု​ခေါ်ဆို​လေသည်​၊ လူမှကျားအသွင်​​ပြောင်းလုပ်​​ဆောင်​ရခြင်းမှာသူတို့အ​ပေါ်မတရားဖိနိပ်​အနိုင်​ကျင့်​တဲ့လူကို ကျားအသွင်​​ပြောင်းပြီးကိုက်​သတ်​ခြင်းဖြင့်​လူသတ်​မူမ​မြောက်​​စေရန်​ဖြစ်​သည်​၊​နောက်​တခုက ဝက်​နွားများအ​ရေးတကြီးဟင်းစားလိုတဲ့အခါဝယ်​မရဖြစ်ခြင်း၊ဝယ်​စရာ​ငွေ​ကြေးမရှိခြင်းစသည်​တိုအချိန်​တွင်​ ကျားအသွင်ပြောင်းပြီးတခြားရွာမှကျွဲနွာများကိုသွား​ရောက်​ဖန်းဆီး​လေသည်​၊သိုမဟုပ်​​တောထဲဝင်​ပြီးသား​ကောင်​ရှာခြင်း စသည်​တိုလုပ်​​ဆောင်​ကြ​လေသည်​၊ဤကဲ့သို့ကျားအသွင်​​ပြောင်းလုပ်​​ဆောင်​ရခြင်းမှာ လူအ​နေနဲ့သား​ကောင်​ရှာတာထက်​ ကျားအသွင်​​ပြောင်းပြီး ​တော​ကောင်​ရှာခြင်းကပိုပြီးသား​ကောင်းအရမြန်​​သော​ကြောင့်​ဖြစ်​​လေသည်​၊

Screenshot_20181115_095438.png

https://goo.gl/images/mqJvLN

ကျားအသွင်​​ပြောင်းဂါထာနှင့်​ပညာတပ်​​သောသူမှာသစ္စာရှိ​သောသူငယ်​ချင်းတ​ယောက်​လို​လေသည်​၊​တောထဲသို့ဝင်​ပြီး သူငယ်​ချင်းတ​ယောက်​က ကျားတခုန်​မမှီနိုင်​​သောသစ်​ပင်​အထက်​မှာ​နေရ​လေသည်​၊ ကျားအသွင်​​ပြောင်းမည့်​သူသည်​ သူ့၏အဝတ်​အစာများကိုချွတ်​၍ ဝါးလုံးထိပ်​တွင်​ချည်​ကာ သစ်​ပင်​​ပေါ်ကသူငယ်​ချင်းသို့​ပေးရ​လေသည်
၊ ထို​နောက်​ ကျားအသွင်​​ပြောင်းဂါထာရွတ်​ ​သေး​ပေါက်​အပြီးနောက်​ကျွမ်းနှစ်​ပတ်​​လောက်​ပြစ်​လိုက်​လျှင်​ ကျားအသွင်​​ပြောင်းသွား​လေသည်​။ထို​နောက်​သာ​ကောင်​ရလာသည့်​အခါလူ့အသွင်​​ပြောင်းရန်​ သစ်​ပင်​​ပေါ်မှသူငယ်​ချင်းမှဝါးလုံးထိပ်​က​နေသူ့အဝတ်​အစားများကို​အောက်​သို့ချ​ပေးရလသည်​၊သူ့အဝတ်​အစားများကိုနမ်းကြည့်​ပြီး​နောက်​သို့ကျွမ်းနှစ်​ပတ်​ပြစ်​ခါလူ့အသွင်​ပြန်​ရ​လေသည်​၊ အကယ်​၍ ​​ကြောက်​၍​သော်​၎င်း မသမာလို​သောဆန္ဒဖြင့်​​သော်​၎င်းသူ့၏သူငယ်​ချင်းမှ ရွာသိုပြန်​လာလျှင်​ ထိုလူသည်​တသက်​လုံးကျားဖြစ်​သွား​လေ၏၊ သား​ကောင်​ရှာရင်း​တောထဲ၌မျက်​စိလည်​မိမိသူငယ်​ချင်းဆီမပြန်​တပ်​သည့်​အခါလည်း တသက်​လုံးကျားဖြစ်​သွား​လေသည်​၊ လူရဲ့အသိညာဏ်​နင့်​ကျားရဲ့ခန္တာကိုယ်​ဖြစ်​သဖြင့်​အလွန်​တရာ​ကြောက်​စရာ​ကောင်း​လေသည်​။

FB_IMG_1541254449784.jpg

https://goo.gl/images/EdqaPa

ခရီးသွားလာရာတွင် လူခန္ဓာကိုယ်ဖြင့် သွားလာခြင်းထက် ကျားခန္ဓာကိုယ်ဖြင့်သွားလာသည်က များစွာသက်သာခြင်း၊ အမဲလိုက်ရာတွင် လက်နက်ကိရိယာမလိုပဲ အချိန်ကုန်၊ လူပမ်း သက်သာခြင်းကြောင့် ယင်းလုပ်ငန်းများတွင် လူမှကျားအသွင်​​ပြောင်းခြင်းကိုပြုလုပ်​ကြ​လေသည်​။ယခုအခါ ယင်းအယူအဆများ ကွယ်ပျောက်သလောက်ရှိနေပြီ ဖြစ်​ကြောင်းတင်​ပြအပ်​ပါသည်​၊

Post writer=@yuzana(shineshine)
MSC=146

Sort:  

ဖတ်ကောင်းတယ်ဗျို့ သူများမွေးထားတဲ့ တိရစ္ဆာန်တွေကို စားတာတော့ ခိုးယူမှုပြုတာပ

ရှေးတုန်းက​တော့သိတဲ့အတိုင်းကိုယ်​လွတ်​ပြီး​ရောပညာကိုတလွဲသုံကြတာ

သမန်းကျားအကြောင်း ဖတ်ဖူးတယ်။ စိတ်ဝင်စားဖို့ကောင်းပါတယ်

ခု​တော့ ဒီပညာ​တွေ​ပြောက်​ကုန်​ပြီ​လေ

ကျား ဖြစ်​ချင်​တယ်​ သမန်းကျား😁

Posted using Partiko Android

ပုဆိုးအင်္ကျီဖွက်​ထားမှ ဒုက္ခ​ရောက်​​နေမယ်

oသမန်းကျားက ကြားဖူးသော်လည်းမကြုံခဲ့ဖူးပါ

ခု​ခေတ်​ကမရှိ​တော့ဘူး​လေ 1970ခုအထိ​လောက်​ဘဲ ရှိခဲ့တာတဲ့ ​နောက်​ပိုင်းကျ တ​ဖြေး​ဖြေး​ပြောက်​ကွယ်​ကုန်​တာ

ကြားဖူးပေမယ့် အခုလို သေသေချာချာသိဘူး။ဗဟုသုတ ရစေပါတယ်ဦးယု။

ဗဟုသုတ​ပေါ့ဗျာ

ငယ်ငယ်ကတော့ကြားဖူးတယ် ခုတော့ မကြားရတော့ဘူး

နိမ့်ရာက မြင့်ရာ ဆင်းတာပဲ လူကနေ တိရိစ္ဆာန်

Posted using Partiko Android

သမန်းကျား ဇတ်လမ်းက လန်းတေနော့😁

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66384.36
ETH 3272.25
USDT 1.00
SBD 4.27