စတီးလွမ်းချင်း

in #myanmar6 years ago (edited)

စတီးလွမ်းချင်း
= = =
လေထဲမှာ​မျောလွင့်​​နေတဲ့
စတီး​လေး​တွေကိုဖမ်းဆုပ်​ရင်း
ဆော့ကစားရင်းနဲ့​နေလာခဲ့တာ
ရှစ်​လ​ကျော်​ ကိုးလ​ထဲရောက်လို့
မကြာခင်​တနှစ်​​တောင်​​ပေါက်​​တော့မယ်​​နော်​...

Screenshot_20180824_181139.png

ကျွန်​​တော့ဘဝတခုလုံးစုန်းစုန်းမြုတ်လို့
သူ့ဘဝထဲမှာအရည်​​ဖျော်​ထားတာ
ကိုယ်​ချင်းမှမစာနာ
သူမလို့စိမ်းကားရက်​တယ်​​ဗျာ၊
ခု​တော့ ခု​တော့သူက
ဟိုး..အ​ဝေး ...
မှိန်​ပြပြ သူ့မြို့ရိုး​လေး​ပေါ်မှာ...
လက်​ပြပြီးနုတ်​ဆက်​​တော့မလိုလို..
ကျွန်​​တော့ဆီဘဲလာ​တော့မလိုလို
စိတ်​မ​ကောင်းတဲ့ဟန်​နဲ့
ကျွန်​​တော့ကို ​ငေးပြီးကြည့်​​နေ​လေရဲ့

Screenshot_20180910_004853.png

ဟိုအရင်​ရက်​များကို​တော့
ပြန်​ပြီးတမ်းတမိပါရဲ့..စတီး​လေးရယ်
သူနဲ့အတူ ​ပျော်​​ပျော်​ပါးပါး...
မော်​​တော်​ကားနဲ့ သွားတာထက်​​တောင်
ကိုယ့်​ဘဝမှာ ​ပျော်​မိပါရဲ့
အရင်​တုန်းက​တော့သူက
ကျွန်​​တော့ကိုချစ်​သလိုလိုဘာလိုလို
ကလူသလိုလို မြှူသလို လို
စုန်းမတ​ကောင်​လိုကျွန်​​တော့ကိုပြုစားလို့
ဒီကအ​ကောင်​လည်း .....
အရူးတပိုင်းကိုဖြစ်​လို့
ရှိပါ​စေ​တော့ဗျာ ရှိ​စေ​တော့
အ​ရောင်​ဆိုးထားတဲ့ဒုက္ခ​တွေက
စက်​စက်​ယိုလှပ​ခဲ့တော့
စွဲလမ်းမိတဲ့ကိုယ်​က
ကိုယ့်ကိုကိုယ်​အပြစ်​လို့
မဆိုရက်​ခဲ့ပါဘူး .....
တချိန်​ချိန်​မှာကျွန်​​တော့အနား
သူပြန်​​ရောက်​လာမှာပါဆိုတဲ့​မျှော်​လင့်​ချက်​က၊
ကျွန်​​တော့ရင်​မှာ ခိုင်​မြဲပြီးသာားမို့
ကျွန်​​တော့မှာခွန်​အား​တွေက​တောရှိ​နေဆဲပါ၊
သူ့အနားမှာကျွန်​​တော်​ရှိရင်​..
သူ​ပျော်​မယ်​ဆိုတာလဲကျွန်​​တော်​သိတယ်​..
ကျွန်​​တော့အနားမှာသူရှိရင်​..
ကျွန်​​တော်​​မော်​ရမယ်​ဆိုတာလဲသူသိတယ်​..
ဒါ​ပေမဲ့ ...ဒါ​ပေမဲ့လည်းလေ...
တရက်​တရက်​ကိုယ့်​ဘဝ
ပါဝါ​လေ​တွေဘဲ အပ်​အပ်​​နေရတာမို့
ကိုယ့်​ရဲ့ဘဝ ​ရွှေလမှမသာ​သေးခင်
မင်းခပ်​​ဝေး​ဝေးမှာဘဲ ​နေသင့်​ပါတယ်​​ ...
အ​ရှေ့ကျွန်းမှ...
နေဝန်းနဲ့အတူထွက်​​ပေါ်လာတဲ့
သိန်းငှက်​တ​ကောင်​ရဲ့ ​တောင်​ပံရိုက်​ခပ်​သံ
တ​နေ့​နေ့ တချိန်​ချိန်​မှာ
မင်း​လေး ကြားရမှာပါ....
ခုချိန်​မှာ​တော့ ....
ကိုထီးရဲ့သီချင်းထဲကလို
မိုးမလင်း​သေးဘူး အိပ်​အုံး​ပေါ့စတီးလေးရယ်​...
အော်​...ဒါနဲ့ .စတီး​လေး​ရေ ...
ဝသန်​မိုးတို့ပြီုဆင်း 
လေးလတင်းတင်းပြည့်​ခဲ့လို့
ကုန်​သ​လောက်​​တော့ ရှိပြီထင်​ပါရဲ့ကွယ်​...
ဟေမာန်​​ဆောင်းကို ကြိုဘို့အ​ရေး
ကဗျာ​လေးစပ်​ထား​ပေမဲ့
နှင်း​လေး​တွေမှမ​ဝေ​သေးတာ
ဒီကဗျာဘယ်လိုအသက်ဝင်ပါ့မလဲ .....
မ​ကြွေချင်​​သေးတဲ့နှင်း​လေး​တွေကိုလဲ
ကိုယ်ကဘယ်လိုဇွတ်အတင်းချွေရက်ပါမလဲ.
ဟောဒီ ..​ပေလမ်းမထက်​မှာ
မကြာခင်​နှင်း​တွေ​ဝေခဲ့ရင်
စတီးနဲ့ကိုယ်​နဲ့လက်​ခြင်းယှက်​လို့
ကဗျာ​တွေကို သံပြိုင်​ဟစ်​ပြီး...
ခုန်​​ပေါက်​လို့ ​ပြေးကစားကြမယ်​​နော်​ ......

Screenshot_20180910_005147.png

ကဗျာဖတ်​သူအားလုံးကို
ကျေးဇူးဆယ်​ကမ္ဘာပါခင်​ဗျာ...

Post writer=@yuzana(shineshine)
MSC=146

Sort:  

စိမ်းကားပါ‌ပေ့ steem‌လေးရယ်‌။

မိစိမ်းကးကြီး​ပေါ့ ​လေ

တော်ပါသည်အရေးအသားဖတ်လို့ကောင်းပါသည်

ကျေးဇူးပါအန်​တီ

Wow....​​အရေးအသား​ကောင်းချက်​...👍

ဟုပ်​ရဲ့လား​အေ ...
ဖတ်​​ရောဖတ်​ရဲ့လား ​အေ ..ဟိ

ဆောင်းနှင်းတွေဝေတဲ့အခါ မင်းနဲ့ ကိုယ် လက်ချင်းယှက်လို့ အတူတူပျော်ပါးနိုင်ပါစေဗျာ။

တ​နေ့​နေ့ တချိန်​ချိန်​​ပေါ့​လေ

အားလုံး အတူတူ cheer လုပ်ခွင့် တစ်နေ့ရမှာပါအေ😁

တချိန်​ချိန်​မှာကျွန်​​တော့အနား
သူပြန်​​ရောက်​လာမှာပါဆိုတဲ့​မျှော်​လင့်​ချက်​က၊
ကျွန်​​တော့ရင်​မှာ ခိုင်​မြဲပြီးသာားမို့
ကျွန်​​တော့မှာခွန်​အား​တွေက​တောရှိ​နေဆဲပါ၊

ဒီအပါတ်ထဲ ဒီ စတီးလွမ်းချင်း ပို့ လေးကို ပို နှစ်သက်မိတယ်ဗျာ
ရယ်ရွှင်စရာလေးရောဟဝမ်းနည်းစရာလေးတွေပါ ရောထားတဲ့ စတီးကဗျာလေးပါ

ခုလိုကြားရတာ ဝမ်းသာပါတယ်​ဗျာ

သူစိမ်းကားပေမယ့် ကိုမမုန်းရက်ပြီ 😁😁

မုန်းလို့ဖြစ်​ဖူးဗျာ့

ဒါပေမဲ့ မျှော်လင့်ချက်တော့ မလျော့ပါဘူးလို့

တချိန်​ချိန်​မှာကျွန်​​တော့အနား
သူပြန်​​ရောက်​လာမှာပါဆိုတဲ့​မျှော်​လင့်​ချက်​က၊
ကျွန်​​တော့ရင်​မှာ ခိုင်​မြဲပြီးသာားမို့
ကျွန်​​တော့မှာခွန်​အား​တွေက​တောရှိ​နေဆဲပါ၊

သူ့ကို အချိန်ပေးတာတွေ များနေတယ်ဗျာ

ဟုပ်​တယ်​ ​တော်​တော်​​လေးအချိန်​​ပေးထားရတယ်
ဝါသနာပါလို့သာ

ဈေးအတက်ကိုတဲ့ မျှော်ရှာနေတဲ့ လူသားအများကို ငဲ့ညှာသောအားဖြင့် မြန်မြန်တက်ပါတော့လို့အော်ဗျာ

အဟိ ဆရာသမား​အော်​တာနဲ့ ​အော်​ပီး ပီ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64455.55
ETH 3147.84
USDT 1.00
SBD 3.94