စက်​ပြင်​အ​တွေ့အကြုံများ
in #myanmar6 years ago (edited)
ကိုယ့်ရဲ့စက်​ပြင်​အ​တွေ့အကြုံ​လေး​တွေ​ရေအုံးမှပါ၊
ကဲ ဟို​နေကအ​ကြောင်း​လေးဆက်​အူးမယ်​ဗျာ တမနက်​လုံးအလုပ်​တွလုပ်​ပြီးပိုက်​ဆံမရတာ ဘာတပ်​နိုင်​မှာလဲ​ပေါ့​ဖြေသိမ့်​လိုက်​ရပါတယ်​ အဲ့တာနဲ့ထမင်း​လေးစားပြီး ကွိုင်​​လေးပတ်​အုံးမှပါဆိုပြီးစမလိုလဲလုပ်​​ရော ​ဘလူးတုနဲ့တွဲရက်​ဆောင်း​ဘောက်​အလပ်​စား​လေး ​ရောက်​လာပါ​လေ​ရော့
ဘာဖြစ်​တာလဲညီဆို​တော့ ဖွင့်​​နေရင်းနဲ့ရပ်​သွားတာတဲ့
ကျွန်​​တော်​လဲနတ်​​တွေဖြူပ်​စစ်​​ဆေးမိန်းထုပ်​အထွက်​ မှာဗို့များလဲပုံမှန်​ ၊ သူ့ရဲ​အောက်​ပွတ်​က Tip42နှစ်​လုံးနဲ့ထိုင်​ထားတာ ၊Tipဆီလဲဗို့တွကပုံမှန်​​ရောက်​ ​သေချာပါပြီ Tip နှစ်​လုံးဂန့်​သွားပြီ​ပေါ့ အဲ့ဒါ​နဲ့ည​နေလာယူ ​ခြောက်​​ထောင်​ငါးရာကျမယ်​လို့​ပြောလိုက်​ပါတယ်​၊ရတယ်​ပြင်​ထားလိုက်​ပါတဲ့ ကျွန်​​တော်​လဲရှိပြီးသားTip​42 နှစ်​လုံထည့်​ regတလုံးလဲထည့်​ok စပါယ်​ရှယ်​​ကောင်းသွားတယ်​၊
IMG_20180820_120154.jpg
အဲ​..​နောက်​တလုံး​ရောက်​လာတယ်​ဗျ သူကအကြီး ကျွန်​​တော်​တို့တထိုင်​​လောက်​ရှိတယ်​​ဆောင်း​ဘောက်​က သူကတခြားဆိုင်​မှာပြင်​ထားပြီးသား အဆင်​မ​ပြေလို့​ပြောင်းလာအပ်​တာ နတ်​​တွေဖြုပ်​လှပ်​ကြည့်​​တော့ စပီကာကြီုး​တွေလဲဖြတ်​ထားတယ်​ ပါဝါဆပ်​ပလိုင်းကြိုး​တွေလဲ တလွဲဆက်​ထားတယ်​၊ ပါဝါ​တွေ​လောင်​တာ​သေချာပါပြီ မသကာ ​အောက်​ပွတ်​အစအဆုံးပြန်​ဆင်​ယုံပါ့ထင်​ပြီး ​သောင်းနှစ်​​ထောင်​ကျမယ်​လို့​ပြောလိုက်​တယ်​ ပြင်​မယ်​တဲ့ အဲ့တာနဲ့မနက်​ဖြန်​ရမယ်​လို့​ပြောလိုက်​တယ်​၊ သူပြန်​သွားပြီမကြာဘူး ​​ဆောင်းဘောက်​အကြီးကိုဆက်​ကိုင်​ပါတယ်​၊​​အောက်​ပွတ်​ပိုင်းရဲ့ပတ်​လမ်းကိုအ​သေအခြာကြည့်​ပြီး ပါဝါကြိုး​တွေပြန်​မှန်​​အောင်​ဆက်
သွယ်​လိုက်​ပါတယ်​ ​နောက်​ပံ့ပိုးပစ္စည်း​တွေရဲ့ သက်​​ရောက်​ဗို့ကိုအ​သေအခြာတိုင်းပြီး မသင်​ကာ​သောreg​တွေ tr ​တွေ ကိုအသစ်​လဲလိုက်​ပါတယ်​ အားလုံးလဲပြီးလို့ဗို့​တွေမှန်​ကန်​​သောအခါ ပါဝါ TR ​တွေကိုလဲလိုက်​ပါတယ်​၊စပီကာကြိုး​တွေတပ်​ပြီး​အော်​ဒီယိုစမ်းကြည့်​​တော့ okသွားတယ်​စပီကာက "ဘူဘူ​ဘော်​​ဘော်​"မြည်​လာပါတယ်​။ကျွန်​​တော်​လဲဝမ်းသာသွားတာ​ပေါ့ဗျာ ဒါဆိုပြီးပြီ​ပေါ့ဆိုပြီးအသာ​လေးထားလိုက်​ပါတယ်​၊
IMG_20180829_122756.jpg
အဲ့​နောက်​ရက်​မှတိုင်​ပတ်​​တော့တာဘဲဗျာ၊အီ​ကွေလဇာကြိုးတပ်​လိုက်​​တော့​အောဒီယိုသံ​ပြောက်​သွား​ရော့ ပြန်​ဖြုပ်​လိုက်​​တော့​အော်​ဒီယိုသံထွက်​လာပြန်​​ရော့ အီ​ကွေလဇာမှာပြသ်​နာရှိ​နေပြီ အီ​ကွေလဇာမှာက( NJM4558L )ရှားပါအိုင်​စီထိုင်​ထားတာဗျ ၊
IMG_20180829_085632.jpg
အဲ့အိုင်​စီက ​ရှော့ကျ​နေပြီ​နောက်​ရက်​သူလာ​တော့အကျိုးအ​ကြောင်းရှင်းပြပြီးမြို့ထဲ အဲ့အိုင်​စီကို ပတ်​ရှာရ​တော့တာ ရတာနဲမကာ​တော့ဘူး​လေ မကာလဲ စက်​​ကောင်းဘို့အဓိကဆိုပြီး​ပြေးရတာ နံမယ်​ကြီးဆိုင်​​လေးဆိုင်​​ရောက်​တယ်​မ​တွေ့ကဲ့အဲ့တာမှဒုက္ခဆိုပြီးပြန်​လာခဲ့ရတယ်​။
ဆောင်း​ဘောက်​အရှင်​ကိုလဲ ပြင်​ပြီးသားအရှူံ ခံလိုက်​မယ်​ ပြန်​ယူပါဆို​တော့လဲ ရ​အောင်​သာပြင်​​ပေးပါတဲ့
စပါယ်​ယာပစ္စည်းကမရှိဘယ်​လိုလုပ်​ရပါ့မလဲ ညတိုင်းစဉ်းစား​နေရတာ ခုထိတိုင်​ပတ်​တုန်းဗျာ တပ်​နိုင်​​တော့ဘူး googleမှာအဲ့ဒီအိုင်​စီအစားထိုးရှာကြည့်​မယ်​ ​တွေရင်​ထည့်​မယ်​ မ​တွေ့ရင်​လည်းပိုင်​ရှင်​​ရေ ကျုပ်​လဲအရှူံခံပြီး ပြန်​သာယူသွား​တော့ဗျာလို့ဇွတ်​ကြီးကို​ပေးရ​တော့မှာဘဲ အဲလိုဘဲဗျာလူ​တွေကကျွန်​​တော်​တို့ရဲ့ အခက်​အခဲမသိကြဘူး ဆရာဝန်​ဆိုမိုး​ရေထိုး​ပေးတယ်​ တီဗွီ ကက်​စက်​ပြင်​တဲ့သူ​တွေဆိုရိုက်​စား​တွေလို့ထင်​ကြတာ အပိုပစ္စည်းမရှိရင်​ဘာလုပ်​လို့မရ အပိုပစ္စည်းဝယ်​ရတဲ့ဟာဆိုရင်​ပြင်​မရတဲ့စက်​ကခပ်​ရှားရှားပါဗျာ ဘာရယ်​မဟုပ်​ပါဘူး ကျွန်​​တော်​တို့စက်​ပြင်​သမားအခက်​အခဲ​လေး​တွေသိ​အောင်​တင်​ပြ​ပေးတာပါ ​နောက်​အလျှင်းသင့်​ရင်​လည်း အီလက်​ထ​ရောနစ်​ပြစ်​ချက်​က​လေး​တွေတင်​ပြ​ပေးပါအုံးမယ်​ ။
  • = -= - =
    ရသွားတယ်​ဗျ ​လောင်​တာက NJM4558L
IMG_20180829_085632.jpg
ဝယ်​ရလို့ရတာက JRC4558D
IMG_20180829_123041.jpg
ပုံထဲကမြင်​တဲ့အတိုင်းဘဲ ဘာရမလဲ ဂူးဂဲထဲရှာလိုက်​တာ သူရဲ့dataပတ်​လမ်းက အတူတူဘဲသွား​တွေရတယ်​ ပုံစံက​တော့မြင်​တဲ့အတိုင်းပဲ အားလုံးတလွဲခြည်းဘဲ ရ​အောင်​ကျွန်​​တော်​လဲ​ပေးစားပြစ်​လိုက်​တယ်​၊အမှန်​ကဒီအိုင်​စီကအလွန်​​လောင်​ခဲတဲ့အိုင်​စီဗျ ၊
download (1).png
download (2).png
ပထမပြင်​တဲ့သူက ​နောက်​လူပြင်​ဘို့ခက်​​အောင်​ သ​င်္ကေတမပါတဲ့အထိုင်​​ဆော့ကစ်​ကိုခက်​ခက်​ခဲခဲ​ပြောင်းပြန်​လှန်​ပြန်​စိုက်​​ပေးထားပြီးဂျွိုင်းထာတာ ဒီ​တော့အိုင်​စီကမ​လောင်​ခံနိုင်​ရိုးလားဗျာ ပါဝါမီးအားအဝင်​အထွက်​​ပြောင်းပြန်​​တွေဖြစ်​သွားတာကိုးကျွန်​​တော်​လဲပတ်​လမ်းကိုအ​သေအခြာကြည့်​ပြန်​လိုက်​ပြီးမှ မှန်​ကန်​​အောင်​ပြန်​လုပ်​ရတယ်​၊ အဲ့ဒါ​ကြောင့်​ကျွန်​​တော်​တို့စက်​ပြင်​သမား​တွေက တခြားဆိုင်​အပ်​ပြီးသားအ​ကြောင်းအမျိုးမျိုး​ကြောင့်​ကိုယ့်​ဆီလာပြီးပြန်​အပ်​တာကိုအလွန်​​ကြောက်​ကြတာဗျာ့၊ ခု​တော့စိတ်​ချမ်းသာသွားပါပြီ မရ​တော့လဲရသလိုလုပ်​လိုက်​ရတာပါ့
အားလုံးကို​ကျေးဇူးတင်​ပါတယ်​ဗျာ ......
Post writer=@yuzana(shineshine)
by my photo
MSC=146
Sort:  
တော်တယ်ဗျာ။မဖြစ်ဖြစ်အောင် လုပ်ပေးချင်တဲ့စိတ်ရဲ့ စွမ်းအားကြောင့် ပစ္စည်းလေး ကောင်းသွားတာပေါ့။စက်ပြင်သမားပီသပါတယ်ဗျာ။လေးစားလျက်။
ဒီ အိုင်​စီမရရင်​က အသံကထိမ်းမရ​တော့ဘူး​လေ အီ​ကွေလဇာပိုင်းမှာ
ကြိုက်​တယ်​ဗျာ အခုလို ရသအစုံ​တွေ​ရေး​ပေးတဲ့ ဦးယု
ဆက်​အား​ပေး​နေပါမယ်
ဖတ်​​ပေးလို့​ကျေးဇူးပါ
အတွေ့အကြုံရယ် လေ့လာမှုရယ် စေတနာရယ်နဲ့ ပြင်မှတော့ ဘယ်စက်က မကောင်းခံနိုင်ပါ့မလဲနော်...
ဟု တယ်​ တချို့စက်​​တွေကြ အပိုပစ္စည်း ဝယ်​မရရင်​အ​တော်ုဒုက္ခ​ရောက်​စမ်းတယ်
စက်​ပြင်​ရင်​လည်းစိတ်​ရှည်​မှရမယ်​...တချို.ပစ္စည်း​တွေက​သေး​သေးမွားမွား​တွေဆို​တော့...ဗဟုသုတရပါတယ်​...ဆက်​အား​ပေးပါ့မယ်​...
စိတ်​မရှည်​လို့က​တော့ မီးခိုးအူသွားမယ်​​နော်
ဒါမှ မော်ဒန်ကျကျ စက်ပြင်နည်းလို့  ခေါ်သဗျ
ဟားးးးးးးဟုတ်​ပါ့ ဦးဇင်းရာ
ဆိုင်​ပြန်​​တွေဆို အားကြီး​ကြောက်​တယ်​ဗျာ ☺
ဟုပ်​တယ်​ တချို့က စိတ်​ရင်းမ​ကောင်​ကြဘူး
နောက်​လူပါ အဆင်​မ​ပြေ​အောင်​လုပ်​တာ
အေး ပြင်ခရပလား မုန့်ဝယ်ကျွးဘာ😁
Oki Oki
နောက်​တခါ နင့်​ဆီလာရင်​ ဝယ်​​ကျွေးမယ်
အေးပါတော်😊😊
အကိုယုကတော့ စက်ပြင်ပိုင်း အတော်လေးဆရာကျနေတာပဲ
လေးစားပါတယ်ခင်ဗျ
ပစ္စည်းတိုင်း​တော့ဘယ်ရ​မလဲဗျာ တအားကျယ်​ပြန့်​တယ်
ကို​ယ်​လိုက်​စားတာ​လောက်​တင်​ပါ
Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
တော်လိုက်တာအတွေ့အကြုံအများကြီးရှိနေတာဘဲ
သစ်​မရှိ​တော့လည်ဝါးးနဲ့ဖြစ်​​အောင်​လုပ်​ရတာပါ့
Coin Marketplace
STEEM 0.19
TRX 0.15
JST 0.029
BTC 63501.83
ETH 2650.23
USDT 1.00
SBD 2.81