နယုန်​လနဲ့ ရာသီပန်း
in #myanmar6 years ago
နယုန်​လနဲ့ ရာသီပန်း
နယုန်​လကို ပုဂံ​ခေတ်​ကာလက နံယုန်​လ ဟု​ခေါ်ဆိုကြတယ်​လို့မှတ်​သားမိပါတယ်​၊နံဆိုသည်​မှာ အချိန်​ကာလဟုအဓိပ္ပါယ်​ရပြီး ယုန်​ဆိုသည်​မှာ မိုး သို့မဟုတ်​ စီဆင်းခြင်းဟုအဓိပ္ပါယ်​ရှိသည်​ ထို​ကြောင့်​နယုန်​လ၏အဓိပ္ပါယ်​မှာ မိုး​ရေများစီဆင်း​သောကာလသို့မဟုပ်မိုးရွာသောလဟုအဓိပ္ပါယ်​ရှိ​လေသည်​။ နယုန်​လရဲ့ရာသီပန်​​တွေက​တော့ စပယ်​ပန်း မြတ်​​လေးပန်းတို့ဖြစ်​ပါသည်​။ စပယ်​ပန်းသည်​ လူသိများ လူကြိုက်​များ​သောပန်းဖြစ်​ပြီး မြတ်​​လေးပန်းကို​တော့ လူသိနည်း​သောပန်းဖြစ်​ပါသည်​။
FB_IMG_1545357600387.jpg
https://goo.gl/images/5TAYCR
တချို့ဆိုလျှင်​မြတ်​​လေးပန်းသည်​ မည်​သည့်​ပန်းဖြစ်​သည်​ကိုပင်​မသိရှိကြ​ပေ။မြတ်​​လေးပန်းကိုတချို့​ဒေသ​တွေက မု​လေးပန်းဟုလည်း​ခေါ်​ဆိုကြသည်​ မြတ်​​လေးပန်​မှာနှစ်​မျိုးရှိပြန်​သည်​။ မြတ်​​လေးပန်း အဖြူနှင့်​မြတ်​​လေးပန်းအနီဟူ၍နှစ်​မျိုးဖြစ်​သည်​ ။ မြတ်​​လေးပန်းအဖြူသည်​ စပယ်​ပန်းရဲ့မျိုးစိတ်​ဖြစ်​ပြီး မြတ်​​လေးပန်းအနီက​တော့ ကစွန်းပင်​ရဲ့မျိုးစိတ်​ဖြစ်​သည်​ဟုသိရ​လေသည်​။ အမှန်​က​တော့ စပယ်​ပန်းနဲ့မြတ်​​လေးပန်း မြတ်​​လေးပန်းကပိုမြတ်​သည်​ဟုသိရ​လေသည်​ ထို​ကြောင့်​ မြတ်​​လေးပန်းဟု ​ခေါ်ဆိုခြင်းဖြစ်​သည်​ဟုဆိုကြပါသည်​။ သို​သော်​လည်း စပယ်​ပန်းကိုသာ လူကြိုက်​ပိုများမည်​ထင်​ပါသည်​။ အဘယ်​​ကြောင့်​ဆို​သော်​ တခြားပန်းနဲ့မတူ အလွန်​တရာ​မွှေးကြိုင်​​သောရနံ့ရှိခြင်း သူ့၏အ​ရောင်​အဆင်းသည်​ အလွန်​တရာဖြူစင်​သန့်​ရှင်း​သော အဖြူ​ရောင်​ဖြစ်​​နေခြင်း စသည့်​အချက်​များ​ကြောင့်​ယ​နေ့​ခေတ်​တွင်​လူကြိုက်​များ​သောပန်းဖြစ်​ပါသည်​။
B9rB7QCCMAAj7VK.jpg
https://goo.gl/images/KcPV4Q
စပယ်​ပန်း၏ရနံ့ကိုယခုအချိန်​အခါတွင်​ စက်​မှူကုန်​ကြမ်းအဖြစ်​အသုံးပြု​နေသိဟုသိရှိရပါသည်​။ စပယ်​ပန်းရနံကို ​ရေ​မွှေးများထုပ်​လုပ်​ရာတွင်​၎င်း ​ခေါင်း​လျှော်​ရည်​များထုပ်​လုပ်​ရာတွင်​၎င်းတွင်​ကျယ်​စွာ အသုံးပြု​နေသည်​ဟုသိရှိရပါသည်​။ ထို့​ကြောင့်​စပယ်​ပန်းအ​ကြောင်း​လေးကို​ရေးထား​သောကျွန်​​တော့ရဲ့ကဗျာ​လေးကို ပြန်​လည်​တင်​ပြလိုက်​ရပါသည်​။
ချစ်​သူ့ဆီသို့
= = = =
  • မိုးစက်​က​လေး​တွေ ​ကြွေကာကျ
    နွေလရယ်​ကုန်​ မိုးဦး​ရောက်​​လို့
    ကုန်းရုံးလို့ ထ
  • အငုံအဖူး ညွန့်​ဦးစပယ်
    ထူးကဲစွာ သူကလှတော့
    အချစ်​ဦး​မို့ လှမ်းပို့လိုက်​မယ်
    မင်းတ​ယောက်​ဆီသို့ . .
Post writer=@yuzana(shineshine)
MSC=146
Sort:  
ငှယ် ဘယ်အရွယ်တုန်းက ချစ်သူဆီလဲဗျ
Posted using Partiko Android
အချစ်​ဆိုတာမအိုဘူး​လေ ဆရာ​စော
ကညာပျိုနဲ့ ဇရာအိုဆိုတာတော့ ရှိပါ့ဗျာ 😁
Posted using Partiko Android
ကဗျာလေးက
တသသလေး
ရေးဖွဲ့ တေးသီ
တီတီတာတာ ပြောတတ်ပါ့။
ဖတ်​​ပေးလို့ ​ကျေးဇူးပါ
သုတ ရော ရသရော ရတဲ့ အဖိုးတန် စာစုလေးပါ Bro
Posted using Partiko Android
မြတ်လေး
နယုန် လှချက်ပုံ
Posted using Partiko Android
You got a 50.00% upvote from @sleeplesswhale courtesy of @yuzana!
Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
This post has received a 8.44% upvote from thanks to: @yuzana.
For more information, click here!!!!
Send minimum 0.010 SBD|STEEM to bid for votes.
Do you know, you can also earn daily passive income simply by delegating your Steem Power to @minnowhelper by clicking following links: 10SP, 100SP, 500SP, 1000SP or Another amount
Coin Marketplace
STEEM 0.19
TRX 0.15
JST 0.029
BTC 63271.81
ETH 2568.70
USDT 1.00
SBD 2.80