နယုန်​လနဲ့ နဂါး​ခေါင်းအလှည့်

in #myanmar5 years ago

နယုန်​လနဲ့ နဂါး​ခေါင်းအလှည့်

နယုန်​လသည်​ မြန်​မာ့လရာသီ၁၂လထဲတွင်​တတိယ​မြောက်​လဖြစ်​​လေသည်​၊​နွေရာသီကုန်​ဆုံးရန်​၁၅ရက်​သာလို​တော့သည်​၊ထို​ကြောင့်​​နွေ​နှောင်းလ မိုးဦးလဖြစ်​​လေသည်​ ၊ နယုန်​လမှာ​တော့ နဂါးရဲ့ဦး​ခေါင်း​မြောက်​သို့လှည့်​​လေ၏ ၊ ထို​ကြောင့်​ခရီး​ဝေး​တောင်​အရပ်​သို့သွားလျှင်​ဆင်​ခြင်​ပြီးသွားရ​လေသည်​၊

o1AJ9qDyyJNSpZWhUgGYc3MngFqoAMyBta1rtJQbciXra7mjL.jpeg

https://goo.gl/images/sQV9jN

ဒီနဂါးလှည့်​တဲ့အရပ်​တို့ ပြဿ်​ဒါးတို့ ရက်​ရာဇာတို့ဆိုသည်​မှာလည်း အဓိပ္ပါယ်​မရှိသလိုလိုနှင့်​ ယ​နေအထိအဲ့ဒီအယူအဆကိုအများအားဖြင့်​လက်​ခံပြီးလိုက်​နာ​နေကြရပါသည်​ ၊ထို​ကြောင့်​မြန်​မာ့၁၂လရာသီမှာ နဂါး​ခေါင်းဘယ်​အရပ်​လှည့်​သည်​ဆိုတာတွက်​ပြပါမည်​ ၊
ပေါင်း ကူး ဆုန်​ ​နောက်
ယုန်​ ဝါ ဝါ ​မြောက်
တော်​ ကျွတ်​ မုန်း ​ရှေ့
နတ်​ ပြာ တွဲ ​တောင်
ဟု ငယ်​စဉ်​အခါဘုန်းကြီး​ကျောင်းမှာသင်​ခဲ့ရပါသည်​ ၊ ဆိုလိုတာက​တော့ တ​ပေါင်းလ တန်​ကူးလ ကဆုန်​လ​တွေမှာ နဂါးဦး​ခေါင်းအ​နောက်​သို့လှည့်​ပြီ နယုန်​လ ဝါဆိုလ ဝါ​ခေါင်​လ​တွေမှာ နဂါးဦး​ခေါင်း ​မြောက်​သို့လှည့်​သည်​လို့ ဆိုလိုတာဖြစ်​ပါသည်​ ၊တဖန်​ ​တော်​သလင်းလ သီတင်းကျွတ်​လ တန်​​ဆောင်​မုန်းလ​တွေမှာ နဂါးဦး​ခေါင်း​ အ​ရှေ့အရပ်​သို့လှည့်​ပြီး နတ်​​တော်​လ ပြာသိုလ တပို့တွဲလ​တွေမှာ ​နဂါး၏ဦး​ခေါင်း ​တောင်​ဖက်​အရပ်​သို့လှည့်​၏ဟုဆိုလိုတာဖြစ်​ပါသည်​ ၊ ထို့​ကြောင့်​နဂါး၏ ခံတွင်းထဲမဝင်​​ကောင်းဘူးဟု​ရှေးလူကြီး​တွေကယူဆကြပါသည်​ ၊ခါးဖြတ်​တာတို့ အမြီးဘက်​ကသွားရတာတို့ပြုလုပ်​ရသည်​ဟု ဆိုပါသည်​ ၊ သို့​သော်​မဖြစ်​မ​နေသွားရမည့်​ကိစ္စဆိုလျှင်​ အိမ်​​ပေါက်​ဝအထွက်​ကတည်းက နဂါးခံတွင်းနှင့်​လွတ်​ရန်​ ကွင်းပြီး​တော့ သွားကြရပါသည်

FB_IMG_1447318920842.jpg

https://goo.gl/images/yrfhDJ

၊ ဘယ်​လိုဘဲဖြစ်​​နေဖြစ်​​နေ ကျွန်​​တော်​တို့မှာ​ရှေး လူကြီး​တွေကစလုပ်​ခဲ့တာ​ကြောင့်​ မယုံကြည်​​သော်​လည်း တခါတရံသတိယတဲ့အခါလိုက်​နာမိပါသည်​ သတိမယတဲ့အခါ​တော့ကြုံသလိုသွားလိုက်​ပါသည်​ ၊ သိလည်းသိ​နေ သတိလည်းယရဲ့သားနဲ့ အ၍မလိုက်​နာလျှင်​ မိမိစိတ်​နဲ့မိမိ ဇ​ဝေဇဝါဖြစ်​ပြီး နှစ်​ခါပြန်​ရသည်​ဟု လူကြီးသူမ​တွေက​ပြောပါသည်​၊ အပန်းလည်းမကြီး ပိုက်​ဆံလဲမကုန်​ ဒုက္ခလည်းမများ တဲ့ ​ရှေးလူကြီး​တွေရဲ့အယူအဆကို မယုံကြည်​​သော်​လည်း မိမိရဲ့စိတ်​ မိမိသန့်​ရှင်း​စေရန်​​အတွက်​ လိုက်​နာထိမ်းသိမ်းသင့်​ပါ​ကြောင်းတင်​ပြလိုက်​ရပါသည်​၊

Post writer=@yuzana(shineshine)
MSC=146

Sort:  

ရှေးထုံးလည်း ပယ်မရဆိုသလိုပေါ့ ဦးယုရေ

Posted using Partiko Android

တော်ကျွတ်မုန်း ရှေ့
နတ်ပြာတွဲ တောင်
ပေါင်းခူးဆုံ နောက်
လဝါဝါ မြောက်

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ပညာရပ်တွေက မသိတော့ နားလည်ဘို့ ခက်တယ်။

You got a 25.00% upvote from @sleeplesswhale courtesy of @yuzana!

ရွက်ဆုတ်ပြက္ခဒိန်ဝယ်ရင် ပါလာပေမယ့် မကြည့်တတ်ပါဘူးဗျာ

Posted using Partiko Android

This post has received a 14.29% upvote from thanks to: @yuzana.
For more information, click here!!!!
Send minimum 0.010 SBD|STEEM to bid for votes.


Do you know, you can also earn daily passive income simply by delegating your Steem Power to @minnowhelper by clicking following links: 10SP, 100SP, 500SP, 1000SP or Another amount

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60918.56
ETH 2919.11
USDT 1.00
SBD 3.56