လူသားအသဲနှစ်​လုံးနဲ့ ဘဘယု

in #myanmar6 years ago

"လူသားအသဲနှစ်​လုံးနဲ့ ဘဘယု"
= = = =
ကျွန်​​တော်​သည်​ကဗျာလဲမဟုပ်​ စာလဲမဟုပ်
က​စောက်​ကစက်​ ​ပေါက်​တပ်​ကရ​တွေ​ရှောက်​​ရေး​နေရတာ MSC စည်းကမ်းအရမန့်​​နေကြ​ပေမဲ့ ကြာ​တော့လဲ မန့်​တဲ့သူ​တွေအ​ပေါ်အားနာလှပါပြီ​ဗျာ ဒီ​မော်​ဓာန်​စကားလုံး​လေး​တွေက ကျွန်​​တော်​​ရေးခဲ့​သော ကဗျာ​တွေထဲက အလျှင်းသင့်​​သောစကားလုံး​တွေယူ ဇာတ်​အိမ်​ဖွဲ့ထားခြင်းသာဖြစ်​ပါတယ်​ဗျ၊

18list-art-articleLarge.jpg

https://goo.gl/images/f8nPh2

၊ခက်​တာက ကျွန်​​တော်​ကMSC ကိုမ​ရောက်​ခင်​ fbမှာ ဘာမ​ပေါက်​ညာမ​ပေါက်​ အမြဲတန်း​မော်​ဓာန်​ကဗျာ​တွေ​ရေး
တင်ပြီး မော်ဓာန်ကဗျာမှာအားသန်​တဲ့သူဗျ၊msc​ရောက်​မှ ​ဆောင်းပါးလိုလိုဝထ္ထုလိုလို​တွေ​ရေးဖြစ်​တာ၊ msc အဖွဲ့ရဲ့လက်​​ရှိအ​နေအထားအရ လူငယ်​​တွေအားနည်းသွားပြီး လူကြီး​တွေ​လောက်​သာကျန်​​နေတဲ့အတွက်​လူငယ်​ကြိုက်​​မော်​ဓာန်​စကားလုံး​တွေကိုမျက်​စိစပါး​မွှေးစူးမှာက​တော့အမှန်​ပါ၊
တချို့ကလဲ ဦးယုကြီးကလဲ ကြီး​ကောင်​ကြီးမားသူငယ်​ပြန်​​နေတယ်​လို့ ထင်​​ကောင်း​ထင်​ကြမှာပါ၊ ဒါကလဲ စာ​ပေအနပညာရဲ့သ​ဘောတရားမသိကြလိုပါ ၊ စာ​ပေအနုပညာဆိုသည်​မှာအိုသည်​မရှိပါဘူး၊ကဗျာဆရာကြီး​မောင်​စိန်​ဝင်းဆိုလျှင်​အသက်​​တော်​​တော်​ကြီးပါပြီ အခုထိသူ နုနုရွရွကဗျာ​တွေ​ရေးပြီး သူ့ဝထ္ထု​တွေဆိုလည်း တက္ကသိုလ်​ဇာတ်​အိမ်​​တွေနဲ့တက္ကသိုလ်​ထဲကမထွက်​​သေးပါဘူး၊ အများကြီးရှိပါ​သေးတယ်​ အသက်​ကြီးပြီး အချစ်​ဝထ္ထု​တွေ​ရေးတာ တက္ကသိုလ်​ဘုန်းနိုင်​တို့ ဂျူးတို့၊ တကယ်​​တော့စာ​ရေးဆရာ​တွေ​ရေးထားတဲ့စာက စာ​ရေးဆရာရဲ့ဘဝအမှန်​​တွေမဟုပ်​ကြဘူးဗျ ဒါကိုသ​ဘော​ဘောက်​​ပေးရပါတယ်​၊

cartoon-image-art-supplies-23987428.jpg

https://goo.gl/images/26pGr2

ဟာသ​ရေးတဲ့စာ​ရေးဆရာ​တွေဟာ အပြင်​မှာသူတို့ရင်​ထဲဘယ်​​လောက်​ပင်​စိတ်​ဆင်းရဲ​နေပါ​စေ ထွက်​လာတဲ့စာလုံး​တွေကဟာသာစာလုံး​တွေပါ၊ စာထဲမှာ​တော့တိုက်​နဲ့ကားနဲ့အဆင့်​မြင်​မြင့်​​တွေ​ရေးလို့ အဲ့ဒီစာ​ရေးဆရာကကျုး​ကျော်​တဲမှာလဲ​နေချင်​​နေရတာပါ၊ ကျွန်​​တော့အသိသူငယ်​ချင်းတ​ယောက်​ သူကအရက်​သမား ​အရက်​သ​ရေစာ​သောက်​တာမ​ကောင်း​ကြာင်းသူ့​ဆောင်းပါး ဂျာနယ်​ထဲပါလာ​တော့ရီ​နေရတယ်​​လေ၊၊​နောက်​တ​ယောက်​က​ငွေ​ကြေးချမ်းသာနည်းစာ​တွေ​ရေးပြီး သူက​တော့ လှိုင်​သာယာကကျုး​ကျော်​တဲမှာ​နေရတယ်​တဲ့ ဒါက​တော့ကြားဖူးတာ​လေးပါ။စာ​ပေအနုပညာရှင်​အများစု​ရေးတဲ့စာ​တွေဟာစာ​ရေးဆရာရဲ့ဘဝ​တွေမဟုပ်​ဘဲ စာဖတ်​သူရဲ့ဘဝနဲ့အတပ်​နိုင်​ဆုံးနီးစပ်​​အောင်​​ရေးပြီး စာဖတ်​သူရင်​ထဲရသတခုခူကျန်​​နေခဲ့​အောင်​ ကြိုးစားပြီး​ရေး​နေကြခြင်းပါ၊ဒါမှလည်း ဒီဝထ္ထုက ငါ့ဘဝနဲ့တိုက်​ဆိုင်​လိုက်​တာဆိုပြီးစွဲမက်​​စေမှာပါ၊ အခုက​တော့ ကျွန်​​တော်​အပါအဝင်​ MSC အဖွဲ့သည်​ နံမယ်​ကြီး​သောစာ​ရေးဆရာများမဟုပ်​ကြသလို့ စာ​ပေနဲပတ်​သက်​ရင်​ဝါသနာပါပြီး အခုမှ​လေ့ကျင့်​စ က​လောင်​​ပေါက်​စ​လေး​တွေပါ၊ ဒီ​တော့မှားတာလဲရှိမယ်​ မှန်​တာလဲရှိမယ်

images (2).jpeg

https://goo.gl/images/8fNTmN

အားလုံးကပညာရှင်​​တွေမဟုပ်​ ပညာဝယ်​​လေး​တွေဆို​တော့ တချို​သောစာ​တွေ ဥပမာဆရာကိုသက်​​ဇော်​​ရေးတဲ့စာကိုဖတ်​ရင်​ မျက်​စိထဲမှာ စာထဲကဇာတ်​​ကောင်​ကိုမြင်​ရမဲ့အစား ဆရာကိုသက်​​ဇော်​ကိုသွားမြင်​မိ​နေကြတယ်​ဗျ.မမစု​ရေးတဲ့စာ မမကြည်​​ရေးတဲ့စာ သူတို့စာ​တွေ၊ွသူတို့ဝထ္ထု​တွေဖတ်​တဲ့အခါ ဇတ်​အိမ်​ထဲကဇာတ်​​ကောင်​မမြင်​ကြဘဲ မမစုတို့ မမကြည်​တို့မျက်​နာ​တွေဘဲတန်းမြင်​​မိနေကြတာဗျ၊ ကျွန်​​တော်​အပါအဝင်​စာ​ပေဖက်​မှာဝါနုတယ်​လို့ ဝန်​ခံ​နေသလိုဘဲဗျ၊ ​အရင်​တုန်းကအဆို​တော်​​တွေ စာ​ရေးဆရာ​တွေ ရုပ်​ရှင်​မင်းသား​တွေ အပြင်​မှာလူလုံးသိတ်​ထွက်​မပြကြဘူးဗျ အပြင်​မှာသူတို့ဘဝနဲ့ အနုပညာထဲမှာသရုပ်​​ဆောင်​ရတဲ့ဘဝနဲ့ တချို့​တွေကမတူကြလို့ပါ၊၊ အဲ့တာ​ကြောင့်​ကျွန်​​တော်​​ရေးတဲ့ ​မော်​ဓာန်​စကားလုံး​တွေကြည့်​ပြီး ဦးယုကြီးသူငယ်​ပြန်​​နေပြီလိုမထင်​လိုက်​ကြပါနဲ့ဗျာ ဒီ​မော်​ဓာန်​လိုင်း ကဗျာလိုင်းက ကျွန်​​တော်​အားသန်​တဲ့လိုင်းဖြစ်​​နေလို့ စာဖတ်​သူရင်​တဲ့ရသတခုခု​ပေးနိုင်​မလားလို့ ​ပေါက်​ကွဲကြည့်​မိတာပါ၊ ကျွန်​​တေ်​က​တော့​နေသာထိုင်​သာရှိသွားပြီး စာဖတ်​သူမျက်​စိထဲ​ထော်​​လော်​ကန့်​လန့်​များဖြစ်​သွားခဲ့ရင်​​တောင်းပန်​ပါတယ်​ဗျာ ၊​နောက်​တခါထပ်​​ပြောပရ​စေပါဗျာ ၊စာရေးဆရာရဲ့စာ​တွေဟာ စာ​ရေးဆရာရဲ့ဘဝ​တွေမဟုပ်သလို ဘဘယုကြီးလဲ သူငယ်​မပြန်​​သေးပါဘူးလို့ ....အဟီး၊
အားလုံးကို​ကျေးဇူးတင်​ပါတယ်​ဗျာ၊......

U5dqok7RbQtBxwRZJnh2EnEP3CUrCPU_1680x8400.jpeg

Post writer=@yuzana(shineshine)
MSC=146

Sort:  

Professional တွေ မဟုတ်တော့လည်း ဒီလိုပါပဲ ဘဘယုရာ...

ဒီ လိုပါဘဲဗျာ စာလုံး​ရေပြည်​ပြီး​ရောနှက်​လိုက်​တာဘဲ ...ဟီး...

ဦးယု post ‌ကြောင့်‌ ကျွန်‌‌တော်‌လည်း‌ရေး‌တော့မယ်‌။ဖန်‌တီးမှု‌လေး‌တွေ လုပ်‌ချင်‌လို့ပါ။အစက ကို့်‌အသက်‌အရွယ်‌နဲ့ဆို‌တော့ ‌ရေးရင်‌ တစ်‌ခုခုစိုးရိမ်‌‌နေမိတာ။ဦးယုေ ပြာတာ‌တွေက အား ဖြစ်‌‌စေတယ်‌ ။ကိုင်း ချမယ်‌ဗျာ။

ချဗျာ စိတ်​ကြိုက်​သာ​ပေါက်​ထွက်​လိုက်
အနပညာမှာအိုတယ်ဆိုတာ​မရှိပါဘူး
ရင်​ထဲ ​ပေါ့သွားတာ​ပေါ့ အဟပ်

နှလုံးသားလှတဲ့ နုတဲ့သူတွေသာ အနုပညာကို ခံစားနိုင် ဖန်တီးနိင်တာမို့ ဖန်တီးသမျှသော အနုပညာတိုင်းကို တန်ဖိုးထားပါတယ်ရှင်...။

ကျေးဇူးတင်​ပါတယ်​ဗျာ

မည့်သို့သောပုံစံနှင့်ရေးသည်ဖြစ်ပါစေ စာပေ၏တန်ဖိုး စာရေးသူ၏စေတနာ စသဖြင့်အခြားသောတန်ဖိုးထားရမည့်အကြောင်းများအား အမြဲတန်ဖိုးထား အားပေးလျက်ပါ။ကြီးတာ ငယ်တာ နုတာ ရွတာ စသဖြင့် စာပေအားလုံးကို အနုပညာမျက်စိနဲ့ကြည့်လိုက်ရင် အခု ဦးယုပြောသလိုတွေပဲပေါ့။ရည်ရွယ်ချက်ကောင်းမွန်သော post လေးပါခင်ဗျာ။

ကျေးဇူးပါဗျာ အခုလိုနားလည်​​ပေးတာ

အို ဘဘယုကြီးကလည်း အားပေးပါတယ်တော်

အား​ပေကြပါအုံးရှင်

လူလုံးထွက် မပြတော့ဘူး တော်ပြီ

ဟားးးးးဟုပ်​တယ်​Fb မှာ​မော်​ဒန်​ကဗျာ​တွေ​ရေး​တော့ လူငယ်​​လေး
တွေ ​ကောင်​မ​လေး​တွေက လာဟိုင်​ပြီး စကား​ပြောလိုက်​ကြတာမ​ပြောနဲ့​တော့တကယ့်​သူငယ်​ချင်း​တွေကျ​နေတာ နဲနဲရင်းနီးလာ​တော ငါကအသက်​ကြီးပြီဟ
လူငယ်​​လေးမဟုပ်​ဘူး လို့​ပြော​တော့မယုံကြဘူး ဓပ်​ပုံ​တွေ​တောင်း​တော့တာ ဟားးးးးရီ​နေရတာ

သူငယ်မပြန်သေးဘူးဆိုတာ ယုံရမှာလား ဘဘယု ☺☺☺

မယုံလာကြည့်​ အိုးဘုပ်​က​လေး​တွေနဲ့ ​ဆော့​နေတယ်

လူသားအသဲနဲ့ မဟုတ်လို့ ...😁😁ဟီးဟီး

ဈေးထဲက အသဲနဲ့လား အဟီးးးးး

ဟုတ်​ကဲ့...​မော်​ဓာန်​ဘဲ​ရေးပါ...ဖတ်​​ကောင်းပါတယ်​....

ဟုပ်​ကဲ့ အား​ပေးမှူကို ​ကျေးဇူးတင်​လျှက်​ပါ

ဖိုးဖိုးယု မော်ဒန်တွေ ရေးတော့မှာဆိုတော့ နည်းယူပြီး လိုင်းပြောင်းချင်စိတ်တောင် ပေါက်တယ်

ဇာတ်​လမ်း​ဦးစား ​ပေး​ရေးရတာကကြာလာ​တော့ ဇာတ်​လမ်းကရှားပါးကုန်​ပြီ ​ခေါင်းွှေး​တွေလဖြူ ကုန်​ပြီ တပ်​နိုင်​ဘူးဇာတ်​လမ်းဇာတ်​အိမ်​ရှတာပြင်း​တော့ကြုံသလိုချလိုက်​တာပါဘုရာ့

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63549.46
ETH 2562.53
USDT 1.00
SBD 2.66