လ​တော်​သလင်း သင်​ဖြူးခင်း

in #myanmar6 years ago

လ​တော်​သလင်း သင်​ဖြူးခင်း


အခုဆိုရင်​မြန်​မာတို့ရဲ့ဆစ်​နှစ်​လရာသီထဲက ​တော်​သလင်းလကို​ရောက်​​လာခဲ့ပြီဖြစ်​သည်​ ​တော်​သလင်းလသည်​မိုးဥတုရဲ့​နောက်​ဆုံးကုန်​ကာနီးလထဲမှာပါဝင်​​သော​ကြောင့်​​ရှေးလူကြီးများကနောက်​ဆုံးသီတင်းကျွတ်​မှာ ရွာတဲ့ပလင်​​ဆေးမိုးတမိုးအမှီ သက်​တန်းရင့်​​သောနှမ်းကြီးကိုဒီ​တော်​သလင်းလမှာအမှိစိုက်​ကြပါသည်​၊ တမိုးတွင်းလုံးမိုးသက်​​လေပြင်းများမုန်​တိုင်းများလဲ ​တော်​သလင်းလ​ရောက်​လျှင်​ ပြီးဆုံးပြီလို့​ပြောကြပါသည်​၊ မိုးသက်​​လေကင်း​သောဒီ​တော်​သလင်းလမှာ မြစ်​​ရေပြင်​သည်​လည်း သင်​ဖြူး​လေးခင်းထားသကဲ့သို့ညိမ်​သက်​စွာရှိ​နေ​လေသည်​။ထို​ကြောင့်​မြန်​မာတိုရဲ့ရိုးရာ​လှေပြိုင်​ပွဲကို​တော်​သလင်းလမှာ ကျင်းပကြခြင်းဖြစ်​ပါသည်​၊

Dragon-Boat.jpg

https://goo.gl/images/TrUHDi

လှေပြိုင်​ပွဲသည်​တဦးတ​ယောက်​​ကောင်းမရဘဲတက်​ညီလက်​ညီ​လှော်​မှသာလျှင်​​ပန်းတိုင်​ကို​ရောက်​ရှိမည်​ဖြစ်​သဖြင့်​စည်းလုံးခြင်းရဲ့ခွန်​အားကိုပြ​သော ပြိုင်​ပွဲတခုလဲဖြစ်​​ပေသည်​၊ထို​ကြောင့်​​ရှေယခင်​​ခေတ်​တုန်းကစည်​ကားသိုက်​မြိုက်​စွာကျင်းပါကြပြီး၊ယခုအချိန်​တွင်​​လှေ​လှော်​ပြိုင်​ပွဲများမှာမရှိသ​လောက်​ဖြစ်​သွားသည်​မှာအလွန်​တရာဝမ်းနည်းဖို့​ကောင်းပါသည်​၊ဧရာဝတီတိုင်းတွင်​သာတခါတရံပြုလုပ်​​လေ​တော့၏၊
ရာသီတခုနဲတခုအကူးအ​ပြောင်းမို့ ရာသီဥတုသည်​မပူလွန်းမ​အေးလွန်းသဖြင့်​​နေလို့ထိုင်​လို့အ​ကောင်းဆုံလဖြစ်​ပါသည်​၊ဧရာဝတီမြစ်​ရဲ့​ဘေးမှာ မကြာခင်​ကစိုက်​ထား​သော​ပြောင်းခင်း​လေးက​ပြောင်းပင်​​လေး​တွေကလဲ့လူထတိုင်​စာ​လောက်​ရှိ​နေတဲ့အချိန်​​လေ​ပြေ​လေး​တွေတဖြူးဖြူးတိုက်​ခပ်​​လိုက်​တဲ့အခါ ဟိုဟိုဒီဒီ လွင့်​လူး​နေကြတာကို​တွေရပါမည်​၊ ဒီမြင်​ကွင်းကို ကြည့်​ပြီးစာ​ရေးဆရာ​တေး​ရေးဆရာတ​ယောက်​အပီအပြင်​ဖွဲ့ဆိုထားတဲ့သီချင်း​လေးကိုသတိယမိ၏။
"​လေ​ပြေ​လေး တဖြူးဖြူး.....
ပြောင်းခင်း​လေး​တွေ တလိမ့်​လိမ့်​လူး.....
ဧရာဝတီ မြစ်​​ရေသင်​ဖြူး......"

download (2).jpeg

https://goo.gl/images/kYR3pK

တော်​သီလင်းလ​ရောက်​လာလျှင်​ မိုးများလဲနည်းသွားပြီဖြစ်​သဖြင့်​ ​ရေ​ဘေးအန္တရယ်​မှလည်းအ​တော်​​လေးစိတ်​​အေးသွားရပြီဖြစ်​သည်​ ထို​ကြောင့်​​ရေ​နောက်​ထပ်​မတိုးလာ​တော့သဖြင့်​ ​အောက်​သို့ဆက်​လက်​ပြီးမစီးဆင်​နိုင်​​သော မြစ်​ကျိုးအင်းများအိုင်​များသည်​လည်း ​ရေပြင်​သည်​ငြိမ်​သက်​စွာ​ရေ​သေဖြစ်​​နေ​လေသည်​၊ထိုအခါ​တော်​သလင်းလရဲ့သ​င်္ကေတကြာပင်​ကြာပန်းများ၊ ​ဗေဒါပန်းများသည်​လည်း၊မည်​သည့်​အရပ်​ကိုမှမ​မျောလွင့်​ဘဲ ​ရောက်​တဲ့​နေရာမှာနန်းထိုင်​ပြီး အစွန်းကုန်​ပွားများကြ၏
အစွန်းကုန်​ပွင့်​လန်းကြ၏။မကြာမှိမြန်​မာတို့ရဲ့ရိုးရာပွဲ​တော်​ကထိန်​ပွဲ ကြီး​ရောက်​​တော့မည်​ဖြစ်​သည်​၊ ဤအချိန်​တွင်​ ကြာနွယ်​ကြာရိုးများရင့်​​နေကြ၍ကြာနွယ်​ကိုခြည်​အဖြစ်​ထုပ်​၊ကြာသင်္ကန်းများရက်​လုပ်​ကြပြီးဘုရားမှာကြာသင်္ကန်းများကပ်​လှူကြ၏၊

Screenshot_20180915_082529.png

https://goo.gl/images/Adi9X3

ကထိန်​ပွဲတွင်​၂၄နာရီအတွင်းဝါဂွမ်းမှစ၍သင်္ကန်းဖြစ်​သည်​အထိ အပြီးအစီးယက်​လုပ်​ရ​သောမသီုးသင်္ကန်းများကိုလဲယက်​လုပ်​ကြ၏၊ထိုမသိုးသင်္ကန်းများကိုလဲပြိုင်​ပွဲအသွင်အပြိုင်​အဆိုင်​​ယက်​လုပ်​၍ကထိန်​သင်္ကန်းများကပ်​လှူကြ​လေ၏၊မသိုသင်္ကန်းယက်​လုပ်​ရာတွင်​တက်​ညီလက်​ညီနဲ့ ဗိုင်​ငင်​သူကငင်​၊ချီချသူကချ၊ယက္ကန်းယက်​သူကယက်​နှင့်​မခိုမကပ်​တက်​ညီလက်​ညီလုပ်​မှသာလျှင်​​အောင်​မြင်​နိုင်​၏၊ထို​ကြောင့်​ထိုပြိုင်​ပွဲသည်​လည်းကုသိုလ်​လဲရ၊စည်းလုံးမှူလဲပြ​သောပြိုင်​ပွဲဖြစ်​​လေသည်​၊
မသိုးသကံန်း ကြာသင်္ကံန်းများကို​ရှေးယခင်​​ခေတ်​ကတ​ဆောင်းမုန်းလ ကထိန်​လ​ရာသီရောက်​သည့်​အခါတိုင်း အပြိုင်​အဆိုင်​ယက်​လုပ်​ကြ၏၊
ယခုခတ်​​တွင်​တချို့​သော​ဒေသများတွင်​သာပြုလုပ်​ကြပြီးတ​ဖြေး​ဖြေး​ပြောက်​ကွယ်​လုလုဖြစ်​​နေ​ပေသည်​၊​၊ထို​ကြောင့်​​ရှေးလူကြီးများမှအဓိပ္ပာယ်​ရှိရှိကျင်းပ ကြ​သောရိုးရာပွဲ​တော်​များကိုထိမ်းသိမ်း​စောက်​​ရှောက်​ထားသင့်​ပါ​ကြောင်းတင်​ပြလိုက်​ရပါသည်​၊၊

Post writer=@yuzana(shineshine)
MSC=146

Sort:  

Congratulations @yuzana! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

တော်သလင်းလ လှေပြိုင်ပွဲတွေကြာင်း ကျုပ်တို့လဲရေးရအုံးမယ်

ရေးသင့်​တယ်​ဗျာ့ ဒီလက ​လှေပြိုင်​ပွဲလ သိတ်​ကိုအနှစ်​သာရရှိတဲ့ပွဲမို ကျွန်​​တော်​​တော့သ​ဘောကြမိတယ်

ကြာသင်္ကန်းကကြာပင်​ကိုချိုးလိုက်​ရင်​အမျှင်​​တွေကတဆင့်​သင်္ကန်းယက်​လုပ်​တာလား?....​ကောင်း​သောပိုစ့်​ပါ...

ဟုက်​တယ်​ အဲ့ဒီအမျှင်​​လေး​တွေစုပြီး ယက်​တာကြာအများကြီးကုန်​မှနဲနဲ ပဲရ​တေ

လှေပြိုင်ပွဲတို့ တော့ နည်းသွားပြီလေ
မသိုးသင်္ကန်း ကြာသင်္ကန်းတို့ ကတော့
ပြိင်ပွဲ ရော ပူဇော်တာမှာရော ယက်လုပ်နေတုန်းပါပဲ

ဟုပ်​တယ်​ တခါတ​လေ TVကလွှင့်​တယ်

တော်သလင်းလ လှေပြိုင်ပွဲ...တန်ဆောင်မုန်းလ ၏အထင်ကရ ကထိန်ပွဲတွေဟာ ရိုးရာပွဲတော်တွေဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်ကြရမှာ အမှန်ပါပဲအစ်ကို။ဒါလေး message ပေးထားတာ ကောင်းပါတယ်ခင်ဗျာ။

ဝင်​​ရောက်​ဖတ်​ရှူ​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​ဗျာ

Congratulations @yuzana! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

ရွေကြက်ယက်မှာ လှေပြိုင်ပွဲရှိတယ်လေ

ကောင်းတယ်​ဗျာ အဲ့လို​လေး ကျင်းပ​ပေးတာ

ကျွန်‌‌တော်‌ ‌လှေပြိုင်‌ပွဲ မကြည့်‌ဖူးဘူး။

မှတ်​မှတ်​ရရတပွဲ​တော့ကြည့်​ဘူးတယ်

တော်သလင်းလမှာ နောက်ထပ်ရေးစရာ ရှိသေးတယ် ဦးယုရေ စောင့်ကြည့်နေနော်။

စာ​ပေစီစစ်​​ရေးနဲ့ညိမယ်​​နော်​ အဟိ

ရေးထားတာလေး ချစ်စရာကောင်းတယ် 😍

ကျေးဇူးပါ အန်​တီ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61041.41
ETH 2947.17
USDT 1.00
SBD 3.85