ကျွန်​​တော်​တို့​ကျောက်​စိမ်းတွင်းအ​ခြေအ​နေ

in #myanmar6 years ago

ကျွန်​​တော်​တို့​ကျောက်​စိမ်းတွင်းအ​ခြေအ​နေ


ဒီလိုဘဲ​တောထဲမှာအိပ်​ယာခင်းပုခက်​လုပ်​ပြီးအိပ်​ခဲ့ရတာအိပ်​​ကောင်း​ကောင်းနဲ့အိပ်​လိုက်​တာ ဘယ်​လိုဘယ်​လိုမိုးလင်းသွားခဲ့မှန်း​မသိ​ပေ ကျင်း​ခေါင်း​ဆောင်းမှ တဲက​နေတ​ကြော်​​ကြော်​​ခေါ်တဲ့အသံကြားလိုက်​ရသည်​၊ ကျွန်​​တော်​လည်း ပြန်​ပြီး​တော့အသံ​ပေးကာ လာပြီ​ဟေ့လို့ ​အော်​​ပြောလိုက်​လေသည်​၊ ဒီလိုနဲ့ကိုယ့်​ရဲ့အိပ်​ယာခင်း​တွေဖြုတ်​ ခြင်​​ထောင်​​တွေဖြုပ်​ ​ကျောပိုးအိပ်​ထဲထည့်​က တဲဆီသို့ပြန်​လာခဲ့​လေသည်​၊ တဲ​ရောက်​​တော့ အဆင်​​ပြေပြီဆိုတဲ့အ​ကြောင်း ကျင်း​ခေါင်း​ဆောင်​မှ​ပြောပါသည်

16_1.jpg

မ​နေ့က​မှော်​လူကြီး​တွေနဲ့ စစ်​​ကြောင်းနဲ့ညှီပြီးပြီဆိုတဲ့အ​ကြောင်း ဒီ​မှော်​ထဲမှာ စစ်​​ကြောင်းတချို့တဝက်​ကစခန်းထိုင်​မည်​ဟုသိရပါသည်​၊ တချို့တဝက်​က ချင်းတွင်းမြစ်​ဖျားပိုင်းက ငလင်းပန်း​မှော်​သို့ဆက်​ထွက်​မည်​ဖြစ်​သည်​ဟုသိရပါသည်​၊ ကျင်းကို​တော့ အရာရှိပါတဲ့အဖွဲ့ ငလင်​ပန်း​မှော်​ ဆက်​ထွက်​မှဆင်းရမည်​ဟု​ပြောပါသည်​ အမှန်​က ဒီ​မှော်​ထဲမှာစခန်းထိုင်​မဲ့ ဗိုလ်​ကြီး​တွေနဲ့ညှီခဲ့တာဖြစ်​​ပေလိမ့်​မည်​ ၊ အဖွဲ့တဖွဲ့ကိုလည်း​ ငလင်​ပန်း​မှော်​ဖက်​သို့ ဝန်​စည်​စလယ်​သယ်​ယူရန်​ ​ပေါ်တာတ​ယောက်​ထည့်​ရမည်​ဟု​ပြောရာ ကျွန်​​တော်​တို့အဖွဲ့တွင်​ နာဂလူမျိုးများပါသည့်​အတွက်​မပူရ​ပေ၊ နာဂလူမျိုးများသည်​​ဒေသလဲကျွမ်းကျင်​သဖြင့်​ ​ပေါ်တာအတွက်​ သ​ဘောကြ ကြ​လေသည်​၊

Hpakant-jade-miners.jpg

ဒီလိုနဲ့ကျွန်​​တော်​တို့လည်းနှစ်​ရက်​ခန့်​ စားပြီးအိပ်​ အိပ်​ပြီးစား​နေလာခဲ့ရာ ကျင်းဆင်းလို့ရမည့်​ရက်​သို့​ရောက်​ရှိလာခဲ့​ပေသည်​၊ မနက်​ဖြန်​ကျင်းဆင်းရမည်​ဆို​တော့ လူများတက်​ကြွာစွာ ညကတဲက မီးဖိုပြီးသံတိုင်​ချွန်​သူကချွန်​ ​ဂေါ​တောင်းရက်​သူကရက်​နဲ့​ပျော်​ရွှင်​​နေကြပါသည်​၊ ​နောက်​ရက်​မနက်​တွင်း ကျင်းဆင်းကြရာ ကျင်းကို​ရောက်​​တော့ ဟာကနဲ ဟင်​ကနဲ လူ​တွေအားလုံးအ​မောဆိုသွားကြပါသည်​၊ အဘယ့်​​ကြောင်​ဆို​သော်​ ကျွန်​​တော်​တို့သပ်​သပ်​ယပ်​ယပ်​ ​မျှောတိုင်​များနဲ့ ခြံ​ခွေပြီးတူးထား​သောကျင်း​တွေထဲတွင်​ ​မြေဇာများ ​ကျောက်​များ သဲများ က ကျင်းတဝက်​ပြည့်​နေ​ပေသည်​၊

Post writer=@yuzana(shineshine)
MSC=146

Sort:  

အ​တွေ့အကြုံ​တော်​​တော်​များတာပဲ...ခုလိုပြန်​​ဝေမျှလို့မသိတာသိရပါတယ်​....

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by kotint from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

You got a 24.69% upvote from @sleeplesswhale courtesy of @yuzana!

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63283.09
ETH 2463.49
USDT 1.00
SBD 2.54