ကဆုန်​လအ​ကြောင်း

in #myanmar6 years ago

ကဆုန်​လအ​ကြောင်း

ကျွန်​​တော်​လည်းခရီးသွား​ဆောင်းပါး​လေး​ရေးလိုက်​ တဖန်​ စိတ်​ထဲ​ပေါ်လာတာ​လေးတလှည့်​စီ​ရေးလိုက်​နဲ့ ​ပေါ့​ပေါ့ပါးပါး​လေး​ရေလာခဲ့တာအ​တော်​ ကြာပြီ​လေ ၊အမှန်​အတိုင်း​ပြောရလျှင်​ အရင်​တုန်​ကလိုစာ​ကောင်း​လေး​တွေမ​ရေးနိုင်​​တော့တာက​တော့အမှန်​ပါ၊​နေစဉ်​မပျက်​တင်​နိုင်​ရန်​အတွက်​၎င်း၊ အလုပ်​မအားတာကတ​ကြောင်း ​နောက်​ဆုံး​တော့ စတီး​ဈေးလည်းတအားကျ​နေသည်​အတွက်​ အရင်​​လောက်​စိတ်​မဝင်​စားတာက​တော့ဝန်​ခံရပါလိမ့်​မည်​၊ ဒါ​ပေမဲ့​ရေးတာက​တော့​ရေး​နေပါလိမ့်​မည်​၊ ခရီးသွား​ဆောင်​ပါးအရှည်​ကြီး​နေစဉ်​ရက်​ဆက်​​ရေး​နေလျှင်​လည်း စာဖတ်​သူများပြင်း​နေမည်​စိုးသဖြင့် တရက်​​ခြား​ရေးတင်​ ကျန်​တရက်​ကို စိတ်​ထဲ​ပေါ်လာတာ​လေး​ရေးတင်​အဲ့လို​လေး​ရေး​နေမိတာပါ ၊

ကဆုန်လ.jpg

https://goo.gl/images/so4mAJ

ပြီးခဲ့တဲ့အပတ်​က တန်​ခူးလအ​ကြောင်း​လေး​ရေးတင်​မိတယ်​ ​နောက်​ဆက်​ပြီး​ရေးဘို့ မကြည်​​ရေးမလား​စောင့်​​နေမိတယ်​ မကြည်​ကလည်းမေ​ရး ၊မတပ်​နိုင်​​တော့ဘူး စိတ်​ထဲမှာ​ရေးချင်​တဲ့စိတ်​ကတအားပြင်း​ထန်​​နေပြီမကြည်​လည်း သူစာပြန်​​ရေးကာမှသာဆက်​​ရေး​တော့ ကျွန်​​တော်​လည်း​ရေးလက်​စဆက်​​ရေး​တော့မယ်​ဗျာ ၊တန်​ခူးလပြီး​တော့ ကဆုန်​လ​ပေါ့ ကဆုန်​လက​တော့ မြန်​မာသက္ကရာဇ်​မှာ ဒုတိယ​မြောက်​လဖြစ်​ပါတယ်​၊ ကဆုန်​လမှာ ​ရှေးလူကြီး​တွေ​ပြောစကားအရ နဂါးအ​နောက်​ကိုလှည့်​​နေ၏တဲ့၊ဒီယုံကြည့်​မှူက​တော့ ကျွန်​​တော်​တို့မြန်​မာလူမျိုးတို့ရဲ့ဓ​လေ့ ထုံးတမ်းစဉ်​လာ​ခေါ်မလား ဘာသာ​ရေးအရ​ခေါ်မလား ကျွန်​​တော်​လဲမသိ​ပေ၊နဂါးကဘယ်​မှာရှိမှန်​လည်းကျွန်​​တော်​မသိ၊ဒါ​ပေမဲ့ နဂါးဦး​ခေါင်းအ​နောက်​သို့လှည့်​​နေသဖြင့်​ ခရီး​ဝေးသွားရာတွင်​ အ​ရှေ့အရပ်​ကိုမသွား​ကောင်းဖူးဟုဆိုပါသည်​၊

o1AJ9qDyyJNSpZWhUgGYc3MngFqoAMyBta1rtJQbciXra7mjL.jpeg

https://goo.gl/images/DbbvqH

ဒါ​ပေမဲ့မဖြစ်​မ​နေအ​ရှေ့အရပ်​သို့သွားစရာခရီး​ပေါ်လာရင်​​တော့ အိမ်​က​နေအရင်​ဆုံး အ​ရှေ့အရပ်​ကိုမသွားဘဲ အ​နောက်​အရပ်​ကိုအရင်​သွားပြီးမှ ကွင်းလမ်းက​နေ အ​ရှေ့ဖက်​အရပ်​ကိုသွားကြတာ ကျွန်​​တော်​တို့အရပ်​မှာ​တွေ့ဖူး​လေသည်​၊ဒါဟာတကယ်​​တော့ရယ်​စရာကြီးတခုလိုဖြစ်​​နေ​သော်​လည်း အရင်​လူကြီး​တွေလုပ်​လာခဲ့​တော့​နောက်​လူ​တွေလဲအယူသီးလုပ်​​နေရ​တော့တာ​ပေါ့၊နောက်​မင်္ဂလာ​ဆောင်​သတို့သမီးအိမ်​ က​တော့ပွဲဝင်​ရင်​လည်း နဂါးဦး​ခေါင်းလှည့်​တာ​တွေ ပြဿဒါးရက်​​ရွေးတာ​တွေဟာ အစဉ်​အလာတခုလိုဖြစ်​​နေပြီမို့ လူ​တွေရဲ့ယုံကြည်​မှူကို ကိုယ်​မယုံကြည်​လျှင်​အသာ​နေ သူများယုံကြည်​​နေတာကို အပြစ်​​ပြောဘို့က​တော့အ​တော်​​လေးခက်​ပါတယ်​၊ ဘာရယ်​မဟုပ်​ပါဘူးဆက်​စပ်​ပြီး​တွေးမိတာ​လေး​ရေးမိတာပါ၊
ဆက်​ရန်​.....

Post writer=@yuzana(shineshine)
MSC=146

Sort:  

ဒါလည်းသိထားစရာများနှင့်​ဗဟုသုတရပါတယ်​...ဆက်​ရန်​ဖတ်​ဖို့​မျော်​​နေမယ်​....ခရီးသွား​ဆောင်းပါးလည်းဖတ်​​ကောင်းပါတယ်​...

Posted using Partiko Android

ဖတ်​​ပေးလို့​ကျေးဇူးပါ

ကဆုန်လ ညောင်ရေသွန်းပွဲ တော့သိတယ်

သူက​တော့ နံ မယ်​ကြီးဘဲ

အနောက်ကိုပဲသွားတော့မယ် ဦးယုရေ ...

ဟုပ်​ပါ့ဗျာ ကပ်​သီးကပ်​သပ်

နေ့ စဉ်ရေးတင်ပေးနေတာန့ဲတင် ကျေးဇူးတင်လှပါပြီ။ ဘာအကြောင်းရေးရေးပါဦးယု။

ဖတ်​​ပေးလို့​ကျေးဇူးပါ

You got a 33.33% upvote from @sleeplesswhale courtesy of @yuzana!

ပျင်းစရာမကောင်းပါ အနောက်သို့ ခရီးသွားတဲ့ ဝူခုန်းဒေတောင် ခုထိကြည့်နေဆဲပါ ။

ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လဲ ရိုးရာအစွဲ အကြောင်း ရေးထားသေးတယ်

ဦးယုတို့က ရှေ့မီ နောက်မီပါတယ်ဗျာ

Posted using Partiko Android

Congratulations @yuzana! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 15000 upvotes. Your next target is to reach 20000 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 64876.28
ETH 2650.41
USDT 1.00
SBD 2.81