ရေးမိ​ရေးရာ

in #myanmar8 years ago

စတီး​ဈေးကျသဖြင့်​ကျွန်​​တော်​တိုကို​ပေး​သော ပရိုဘုပ်​များရဲ့ အ​မောက်​များသည်​လည်း သိသိသာသာကျဆင်းလာခဲ့​ချိန်​၊ယ​နေ့အချိန်​အထိ မပြက်​မကွက်​ပိုစ့်​များကို တင်​​​ပေးနေကြ​သော စတီးမစ်​ချစ်​သူ စာ​ရေးဝါသနာပါသူ စာဖတ်​ဝါသနာပါသူ သူငယ်​ချင်းအားလုံးသည်​ ​ငွေ​ရေး​ကြေး​ရေးထက်​စတီးမစ်​ကိုချစ်​တဲ့စိတ်​ အဖွဲ့အစည်းအ​ပေါင်းအသင်းကိုချစ်​တဲ့စိတ်​ကပိုများ​နေတယ်​ဆိုတာအထူးပင်​​ပြောစရာလိုမယ်​မထင်​ပါဘူး ဒါ​ကြောင့်​မလို့ သူငယ်​ချင်းအားလုံးကို မင်္ဂလာပါလို့ ကျွန်​​တော်​ ရိုးရိုး​လေးနဲ့နူတ်​ဆက်​လိုက်​ပါတယ်​ခင်​ဗျာ၊

received_666460953744042.jpeg

အရနည်းလာ၍ ​သော်​၎င်း အလုပ်​မအားသဖြင့်​​သော်​၎င်း ပိုစ်​မတင်​သူများကို ကျွန်​​တော်​တို့အပြစ်​ဆို​နေ၍မရ​ချေ၊ အဓိက က​တော့ကိုယ်​တင်​နိုင်​​အောင်​ကြိုးစားခြင်းကအ​ကောင်းဆုံးဖြစ်​​ပေသည်​၊ ပိုစ်​တင်​လူအင်​အားနည်းလာ၍ ​နေစဉ်​တင်​လို့ရသည့်​​နေမှစ၍ယ​နေအချိန်​ထိ ကျွန်​​တော်​လည်း မအားလပ်​သည်​အကြားမှ​နေစဉ်​တင်​​ပေး​နေပါသည်​၊ ​နေစဉ်​တင်​​ပေး​နေရသဖြင့်​ မည်​သို့ပင်​ဖြစ်​​စေကျွန်​​တော့၏စာများသည်​အရည်​အ​သွေးကျပြီး ဖတ်​လိုမ​ကောင်းမှာ​တော့အမှန်​ပင်​ဖြစ်​၏။အရည်​အ​သွေးကျပင်​ကျညား​သော်​လည်း ကျွန်​​တော်​သည်​ သိပ်​​ခေါင်းမစားရ​သော ပညာပိုင်းပိုစ်​များ၊ကျွန်​​တော့ဘဝအ​တွေအကြုံပိုစ်​များသည်​၊စတီးမစ်​သူငယ်​ချင်းများအတွက်​မျှ​ဝေခံစား​စေရန်​ ​စေတနာသန့်သန့်​နှင့်​​ရေး​သော​စေတနာပို့စ်​များဖြစ်​​ကြောင်းကို​တော့ အာမခံရဲပါသည်​၊ ထို​ကြောင့်​ကျွန်​​တော်​၏ပိုစ့်​များစားလုံး​ပေါင်းမှားခြင်း စာလုံးများကျန်​ခြင်းများကို​တောင်​ခွင့်​လွှတ်​သီးခံဖတ်​​ပေးကြသဖြင့်​​ကျေးဇူးအထူးတင်​ပါသည်​၊ယခင်​သုံးရက်​တကြိမ်​တုန်းက​တော့ လူငယ်​ကြိုက်​အချစ်​​မော်​ဒန်​စကားလုံး​လေးတွေနဲ့ကဗျာဆန်​ဆန်​​ရေးတင်​ခဲ့ပါသည်​၊ဒီကဗျာဆန်​ဆန်​စကားလုံး​တွေက ​ရေးဘို့အင်​မတန်​ခက်​ခဲပါတယ်​၊ဘာ​ကြောင့်​လဲဆို​တော့ ဒီစာ​တွေ​ရေး​နေတဲ့အချိန်​မှာ​နောက်​ဆံတင်းရတဲ့အလုပ်​​တွေမရှိမှ ၊စိတ်​ဖိစီးမူ​တွေမရှိမှ စိတ်​​တွေ​ပေါ့​ပေါ့ပါးပါးနဲ့ ကြည်​လင်​​နေတဲ့အချိန်​မှဒီစာ​တွေကထွက်​လာတာပါ၊အခု​တော့အဲ့လိုအချိန်​​တွေ​ကျွန်​​တော့မှာပြောက်​ဆုံး​နေပါတယ်

received_666460963744041.jpeg

 ပွင့်​လင်းရာသီဖြစ်​သဖြင့်​အလုပ်​​တွေကများ​ နေစဉ်​တင်​ဘို့ကကျိုးစားဆို​တော့ ဒီ ​မော်​ဒန်​ကဗျာစကားလုံး​လေး​တွေနဲ့ပိုစ်​ကို ရပ်​နားထားရပါတယ်​၊ အရင်​အားတဲ့အချိန်​စိတ်​​တွေ​ပေါ့ပါးတဲ့အချိန်​တုန်းက​တော့ ကျွန်​​တော်​​တော်​​တော်​​လေးရူးသွပ်​ခဲ့ပါတယ်​၊
ကျွန်​​တော့ဘဝနဲ့ ကဗျာဟာတထပ်​ထဲ​တောင်​ကျခဲ့ပါတယ်​၊

ဘဝ=ကဗျာ

ငါ့ ဘဝကလှ​နေတဲ့အခါ
ငါ့ ကဗျာ​တွေလည်းလှ​နေတယ်
ငါ့ ဘဝကမလှတဲ့အခါ
ငါ့ ကဗျာ​တွေကလည်း မလှပ
ငါ့ ဘဝကလှလိုက်​မလှလိုက်​ဖြစ်​တဲ့အခါ
ငါ့ကဗျာတွေလဲလှလိုက်မလှလိုက်​ပေါ့
ငါ့ ဘဝနဲ့ ငါ့ကဗျာ
အချိန်​​တွေကြာလာ​တော့
ဘဝကလည်း ကဗျာကို​စောင့်​ကြည့်
ကဗျာကလည်း ဘဝကို​စောင့်​ကြည့်
ပြုံးစိစိ ​လေး​တွေဖြစ်​​နေကြတယ်​........

2910896dcbcdb406c5235025120aba50.jpeg

https://goo.gl/images/fciDhh

Post writer=@yuzana(shineshine)
MSC=146

Sort:  

ကဗျာ‌တွေ ချသာ ချ။ ‌ရေးချင်‌လို့ အ‌ဖော်‌ညှိ‌နေတာ။

အားတဲ့အခါ ဒီလိုဘဲကြုံရာ​လေး​တွေ ​ရေးတင်​ရတာပါ့

အားတဲ့အခါ ဒီလိုဘဲကြုံရာ​လေး​တွေ ​ရေးတင်​ရတာပါ့

ရေးသာ​ရေး ကိုယု

Posted using Partiko Android

တရက်​အပုဒ်​က​တော့ အ​ရေးအ​​ကြောင်းမရှိရင်​ တင်​​နေရမှာဘဲ ကိုလွမ်း​ရေ့

ဟုတ်​ပ ကိုယု​ရေ ​ရေးရမှာပဲ​လေ

ရေးမိ​ရေးရာ

Posted using Partiko Android

ရေးမိ​ရေးရာ

စာရေးဆရာတွေမှ မဟုတ်ကျဘဲ ဦးယုရေ steemပေါ်ရောက်မှ စာရေးခြင်းအတက်ပညာကို စတင်ခဲ့ကျသူတွေဘဲ အရင်က စာတစ်ပုဒ်ထွက်ဖို့ ခေါင်းပေါက်အောင်တွေးရပေမဲ့ အခုတော့ အကြောင်းအရာလေး လေးငါးခုကို ဆက်လိုက်တာနဲ့ စာတစ်ပုဒ်ဖြစ်ကရော ရေးသာရေးပါ ရေးဖြစ်ဖို့ဘဲလိုပါတယ် အားပေးလျှက်ပါ

ဟုတယ်​ အ​ပျော်​တမ်း​ရေးတာတွဆို​တော့ပညာရှင်​အဆင့်​ကို​တော့မမှီနိုင်​ဘူး​လေ

သွပ်မိုးကခေါင်းနဲ့ကပ်နေပါလား

Posted using Partiko Android

ဘေးက သွတ်​ကာထားတာမှီပြီးညားသလိုရိုက်​လိုက်​တာပါဆရာ
အလှအပ​တွေမလိုပါဘူးဆရာရယ်

မင်ဂါပါနော်😁

Posted using Partiko Android

မင်္ဂါပါ မတ်​မတ်

ကဗျာလေးကြိုက်တယ် ဘဘယု Crd ပေးပြီး ယူသုံးပါရစေ

အ​ပျော်​တမ်း​ရေးတာပါဘုရားကြိုက်​သလိုသာယူသုံးပါဘုရား ရပါတယ်​ဘုရား

ဒီကဗျာfbမှာလည်းတင်​ထား​သေးတယ်​မို့လား....
စိတ်​ထဲရှင်းလင်းပြီး​ပေါ့ပါး​နေမှစိတ်​ကူး​ကောင်း​တွေ​ပေါ်တာ....😀

Posted using Partiko Android

ဟုပ်​တယ်​ စတီးမစ်​မှာတင်​ပြီး Fb မှာတင်​လိုက်​တယ်

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

ကျေးဇူးပါ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 63509.80
ETH 1711.66
USDT 1.00
SBD 0.43