ရောက်​ခဲ့ဖူးပါသည်အထက်ချင်းတွင်းဆီသို့ အပိုင်း(၆)

in #myanmar5 years ago

ရောက်​ခဲ့ဖူးပါသည်အထက်ချင်းတွင်းဆီသို့
အပိုင်း(၆)


ထို​နောက်​​ဖောင်းပြင်​မြို့မှာ ကုန်​ပစ္စည်းများချပြီး​သောအခါသ​င်္ဘောသည်​ဆက်​လက်​ထွက်​ခွာလာခဲ့​လေသည်​၊ အထက်​ပိုင်း​ရောက်​​လေ​လေ ရွာဆက်​​ဝေးပြီး​ခေါင်​လာ​​လေလေဖြစ်​လာသည်​။ မြစ်​နှစ်​ဖက်​တွင်​တော​တောင်​များနှင့်​အလွန်​ကြီးမား​သောသစ်​ပင်​ကြီးများကို​တွေ့ရှိရ​လေသည်​။ တချို့​သောမြစ်​ကွေ့​လေးများတွင်​​သောင်​ခုံများနှင့်​​မြေနုကျွန်းများရှိသဖြင့်​ စိုက်​ခင်း​လေးများနှင့်​ လူ​နေအိမ်​ရှိ​သောရွာ​လေး​တွေကို​တွေ့ရှိရ​လေသည်​၊မကြာမှီဟုမ္မလင်းမြို့​ရောက်​ခါနီးတွင်​မြစ်​ပြင်​ကျယ်​ပြန့်​ပြီး လယ်​ကွင်းများစိုက်​ခင်​များအများအပြား​တွေရှိရ​လေသည်​၊

19758450_800694816778251_1087568500_n.jpg

ဟုမ္မလင်းမ​ရောက်​ခင်​ဟုမ္မလင်းမြို့အနီး၌ ဥရု​ချောင်းသည်​ ချင်းတွင်းမြစ်​ထဲသို့​ပေါင်းဆုံစီးဆင်းသည်​ကို​တွေ့ရှိရ​လေသည်​၊ ဝင်​​ရောက်​စီးဆင်းသည်​မြစ်​ဆုံအနီးသ​င်္ဘောဖြတ်​သွား​သောအခါ ဥရု​ချောင်း​ရေသည်​ အလွန်​တရာ​နောက်​ကျိ​နေပြီးအဝါ​ရောင်​ပျစ်​ချွဲ​နေသည်​ကို​တွေ့ရှိရ​လေသည်​၊ချစ်​တွင်းမြစ်​​ရေသည်​ကြည်​လင်​​နေသဖြင့်​ ကြည့်​ရသည်​မှာ အ​တော်​ညစ်​ပတ်​​နေသလိုလိုရှိ​လေသည်​၊ဒီ​ချောင်းက​ရေကလဲ အ​တော်​ညစ်​ပတ်​ပါ့လားလို့​ပြော​တော့ အနားမှလူတ​ယောက်​က "နံမယ်​ကြီးဥရု​ချောင်းဆိုတာ​လေတဲ့ ....​ချောင်​အဝမှ ​ဟောင်​ပါး တာမခံ ဖားကန့်​ လုံးခင်း ​တော​မှော်​အထိ ​ချောင်းရိုးတ​လျှောက်​ ​ရွှေ​မျော​တွေတိုက်​ ​ကျောက်​စိမ်း​တွေတူးဆို​တော့ ဒီ​ရေမ​နောက်​ဘယ်​ခံနိုင်​​တော့မလဲ ..ဒီဥရု​ချောင်းတ​လျှောက်​က​ရွှေတွေ ​ကျောင်းစိမ်​​တွေထွက်​တယ်​​လေ..."တဲ့၊ဒီလိုနှင့်​ ဟုမ္မလင်းဆိပ်​ကမ်းကိုည​နေ​မှောင်​စပျိုးချိန်​​ရောက်​ရှိခဲ့​လေသည်

300px-Homalin_aerial.jpg

ဟုမ္မလင်းသည်​ ​ဖောင်းပြင်​ထက်​စာလျှင်​ပိုပြီးစည်​ကားသည်​ဟုထင်​မိသည်​၊ အဘယ်​​ကြောင့်​ဆို​သော်​ တာမခံ​ ​ဟောင်​ပါးမှလာ​သောကုန်​စည်​များ ခန္တီးမှလာ​သော ကုန်​စည်​များဆုံ​သော​နေရာဖြစ်​​လေသည်​၊ခန္တီးသို့သွားရာလမ်းနှင့်​ တာမခံ​ဟောင်​ပါးသို့သွား​သောခရီးလမ်းတ​ထောက်​နား​သော​နေရာဖြစ်​​လေသည်​။ဟုမ္မလင်းတဖက်​ကမ်းတွင်​ကက်​သာဆို​သောရွာကြီးတရွာရှိ​လေသည်​၊ထိုကက်​သာရွာမှ အိန္ဒိယနယ်​စပ်​အနီးဖြတ်​ကာ တမူးသို့ လူ​ချေလျှင်​သွားလို့ရသည်​ဟုသိရှိရ​လေသည်​၊ ယခု​တော့​နွေရာသီသွားဆိုင်​ကယ်​လမ်း ကားလမ်းသွားလို့ရ​နေပြီဟုသိရှိရ​လေသည်​။ဟုမ္မလင်းသို့​ရောက်​ချိန်​ ​ရေကျချိန်​ ​ရေတိမ်​ချိန်​ဖြစ်​သဖြင့်​ မြို့အဝင်​ဆိုင်း​ပုဒ်​ရှိ​သောကမ်းပါးယံသည်​ ကြယ့်​ပြန်​​သော​သောင်​ခုံကြီးကခြား​နေ​လေသည်​၊

timthumb (1).jpeg

မြို့ထဲသိုသွားရန်​လမ်း​တော်​​တော်​​လျှောက်​ယူရ​လေသည်​၊ထို​သောင်​ခုံ​ပေါ်တွင်​ ​ဈေးဆိုင်​များ စား​သောက်​ဆိုင်​များ လူသုံးကုန်​ပစ္စည်းဆိုင်​များ စက်​​လှေ​မော်​​တော်​သုံးစက်​ပစ္စည်းဆိုင်​များစသည်​ဖြင့်​ယာရီသက်​ကယ်​တဲများ​ဆောက်​၍​ရောင်းချ​နေ​လေသည်​။ညအချိန်​ကိုယ်​ပိုင်​မီးစက်များနှင့်​မီးများထိန်​​နေပြီး အလွန်​တရာစည်​ကား​နေ​လေသည်​၊ သဲ​သောင်​မှသဲများသည်​သန့်​ရှင်း​နေသဖြင့်​သဲ​သောင်​​ပေါ်​ရွှေလသာသာ​လေ​ကောင်း​လေသန်​ရူရင်းဝိုင်းဖွဲ့ပြီးစား​သောက်​သူမျာ စကားထိုင်​​ပြောသူများနှင့်​ ကာရာOK နှစ်​ရုံသုံးရုံကလည်း သီချင်းများဆူညံပွက်​​နေ​လေသည်​။ကျွန်​​တော်​သည်​ ချင်းတွင်းမြစ်​အထက်​ပိုင်းအ​ကြောင်းကိုစဉ်းစားမိလျှင်​ ဟုမ္မလင်းမြို့ရဲ့​သောင်​ခုံ​ပေါ်ကညချမ်းအလှကို​ပြေးမြင်​မိပါသည်​။
ဆက်​ရန်​....

Post writer=@yuzana(shineshine)
MSC=146

Sort:  

ခရီးသွားချင်တယ်

ဆိုင်​ကယ်​တစီးရှိရင်​ သွားရပါတယ်​၊

အော် အပိုင်း ၆ ထိတောင်ရောက်လာပြီးပေါ့

Posted using Partiko Android

အားရပါးရ​ရေးအုံးမှာ အဲ့ဖက်​ကိုသတိယလို့

စီးပွားရေးတော့ အတော်ဖြစ်မယ့်မြို့နော်
တခေါက်လောက်တော့ ရောက်ဖူးချင်သား

မဆိုးဘူး သူ့​ဒေသနဲ့သူ​တော့ ​ချောင်​လည်​ကြတယ်

လွမ်းမိပါသည် အထက်ချင်းတွင်းဆီ

Posted using Partiko Android

တကယ်​ လွမ်းစရာ​နော်

အသီးသီးတဲ့ အပင်ခဲထုခံရသလိုပဲ ရွှေထွက်တဲ့ ချောင်းလည်း ညစ်ပတ်ကရော

ဟုပါ့ဗျာ ​ကျောက်​စိမ်း​တွေ ​​ရွှေ​တွေထွက်​​တော့ ဘာခံနိုင်​မလဲ

ဘယု ခရီးသွားခဲ့သည်ပေါ့

Posted using Partiko Android

ငယ်​ငယ်​တုန်းက ​ခြေ​ထောက်​ ​ဗွေပါခဲ့တယ်

ဟုမ္မလင်း မြို့ကသာယာစည်​​ကားမယ်ထင်တယ်​..ဗဟုသုတရပါတယ်​....

Posted using Partiko Android

ဖောင်းပြင်​ထက်​​တော့ပိုစီပါတယ်

ငွေသောင်ယံမှာ ကဗျာရေးရေမယ်။

ဗဟုသုတရပါတယ်

Posted using Partiko Android

တစ်​​ခေါက်​တစ်​ခါ​တော့ ​ရောက်​ဖူးချင်​​သေးရဲ့ဗျာ😊

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 63857.77
ETH 3117.63
USDT 1.00
SBD 3.87