ဝေးသွားတဲ့အခါ

in #myanmar6 years ago

"​ဝေးသွားတဲ့အခါ"
= = = =
ကျွန်​​တော်​ဂီတအနုပညာကိုဝါသနာပါ​သော်​လည်း
လေ​တောင်း​ကောင်း​ကောင်းမချွန်​တပ်​​ပေ၊သူများဖန်​တီးပြီးသီဆို​သောသီးချင်းများ၊ကို နားဆင်​ခံစားအား​ပေးယုံ​လောက်​သာလုပ်​နိုင်​၏။ကျွန်​​တော်​စတူရီယိုသီးချင်းများထဲမှာ ကျွန်​​တော်​အကြိုက်​ဆုံး၊ခ​ရေဆီအဖြစ်​ဆုံးအဆို​တော်​က​တော့ ကိုငှက်​ကြီးလို့ချစ်​စနိုး​ခေါ်ကြတဲ့ အဆို​တော်​ထူးအိမ်​သင်​ပါ၊

FB_IMG_1476889199023.jpg

https://goo.gl/images/pFsm5j

နောက်​ပြီးမှ ​လေးဖြူတို့ဘာတို့​ပေါ့​လေ၊မြန်​မာသံစဉ်​ထဲမှာ​တော့ တွံ​တေးသိန်းတန်​နဲ့မာမာ​အေး သူတို့ကိုအကြိုက်​ဆုံးဘဲ ဘယ်​​တော့မှသူတို့သီချင်း​တွေဘယ်​သူပြန်​ဆိုဆို သူတို့​လောက်​မ​ကောင်းနိုင်​​၊
ဆိုတဲ့သီချင်း​တွေကလဲ ​ခေတ်​​တွေစနှစ်​​တွေဘယ်​လို​ပြောင်း​ပြောင်းမရိုးနိုင်​မအီနိုင်​ နာ​ထောင်​လို့ဝပြီး ပြစ်​ထား ​နောက်​သတိယလိုပြန်​နား​ထောင်​အသစ်​ပြန်​ဖြစ်​၊
အဲ့တာ​ကြောင့်​တွံ​တေးသိန်းတန်​သီချင်း မာမာ​အေးသီချင်း​တွေ ဂန္ဓဝင်​​မြောက်​သီချင်းလို့သတ်​မှတ်​ခံရတာ​ပေါ့
ဒီ​နေရာမှာ အလျှင်းသင့်​လို့ထူးအိမ်​သင်​အ​ကြောင်း​လေး​ပြောချင်​ပါတယ်​၊ ရှစ်​ဆယ့်​ရှစ်​အ​ရေးအခင်းကာလက မွန်​​အောင်​တို့ ထူးအိမ်​သင်​တို့ သူတို့အဖွဲ့​တွေလဲအားတက်​သ​ရောပါခဲ့ပါတယ်​၊ အဲ့ဒီ​ခေတ်​ကတက္ကသိုလ်​က ​ကျောင်းသား​တွေကအခု​ခေတ်​လိုမဟုပ်​ကြဘူးဗျ ကျောင်းတက်​ရင်းအနုပညာဝါသနာအရလုပ်​ကြတာ ​ကျောင်းမပြီးခင်
နံမယ်​ကြီးအဆို​တော်​​တွေဖြစ်​ကြပြီး တက္ကသိုလ်​ပုံရိပ်​ပါတဲ့သီချင်းကခပ်​များများ၊ထားပါ​တော့ ရှစ်​ဆယ့်​ရှစ်​အ​ရေးအခင်းဖြစ်​​တော့ မွန်း​အောင်​အပါအဝင်​ ထူးအိမ်​သင်​တို့အဖွဲ့​​တွေ နယ်​စပ်​ကိုဖြတ်​ပြီးထိုင်းဖက်​ကိုထွက်​​ပြေးကြပါတယ်​၊ ထိုင်းဖက်​ကိုမ​ရောက်​ခင်​KNUစခန်းမှာ​ခေတ္တနားပြီးထိုင်းဖက်​ကို မွန်း​အောင်းကတတိယနိုင်​ငံအ​နောက်​နိုင်​ငံသွားဖို့လမ်း​ကြောင်းသွားရှာပါတယ်​၊ အဲ့ဒီအချိန်​မှာ ​တောခို​သော​ကျောင်းသား​တွေကို ပြန်​လာဘို့စစ်​အစိုးရက နယ်​စပ်​ကြိုဆို​ရေးစခမ်း​တွေဖွင့်​ပြီးလက်​ခံ​ကြိုဆိုနေချိန်​​ပေါ့ ၊မွန်း​အောင်​က အ​မေရီကားကိုသွားဘို့အစီအစဉ်​​တွေဆွဲပြီးပြန်​လာချိန်​ ထူးအိမ်​သင်​တို့အဖွဲ့ကမရှိ​တော့ဘူး ရန်​ကုန်​ကိုပြန်​သွားကြပါတယ်​၊ မွန်း​အောင်​က​တော့အ​နောက်​နိုင်​ငံ​တွေက​နေ ဒီမိုက​ရေစီတိုက်​ပွဲကိုသူရဲ့အနပညာဖြင့်​ဆက်​လက်​တိုက်​ပွဲဝင်​ခဲပါတယ်​၊ထူးအိမ်​သင်​ကလည်းပြည်​တွင်းက​နေသူတပ်​နိုင်​သ​လောက်​လုပ်​ခဲ့ပါတယ်​၊ ထူးအိမ်​သင်​က ဒီမိုက​ရေစီတိုက်​ပွဲဝင်​သီချင်း​တွေကို​ရေးပြီး မွန်း​အောင်​ဆီပို့မွန်း​အောင်​က​တေး​ရေးသူအမည်​ကိုလွှဲ ပြီးသီချင်း​တွေကိုဆိုပါတယ်​၊​တေး​ရေးကို ထူးအိမ်​သင်​လို့တပ်​လို့မရပါဘူး တပ်​လိုက်​ရင်​ထူးအိမ်​သင်​အတွက်​အန္တရာယ်​များလို့ပါ။ ထားပါ​တော့ဒါက ထူးအိမ်​သင်​ရဲ့ဘဝတစိပ်​တပိုင်း​ပေါ့ ။
mghla_002.jpg
https://goo.gl/images/ryNEFd

အခုဆက်​ပြီး​ပြောချင်​တာက ထူးအိမ်​သင်​ရဲ့ ထူးခြား
တဲ့သီချင်းဖြစ်​တဲ့"​ဝေးသွားတဲ့အခါ"ဆိုတဲ့သီချင်းအ​ကြောင်း​လေး​ပြောချင်​တာပါ၊ဒီ​ "ဝေးသွားတဲ့အခါ"သီချင်းကို​ဝေဖန်​လို့ရှိရင်​ ဂီတာသမားအားလုံးကဆပ်​ဆပ်​ထိမခံတာထူးခြားတဲ့အချက်​ပါ၊ ဒါဘာဖြစ်​လို့လဲ ဒီ​ "ဝေးသွားတဲ့အခါ"သီချင်းကဘာ​တွေထူးလို့လဲ အားလုံးသိချင်​ကြမှာဘဲ၊ ကျွန်​​တော်​ဖတ်​မိတာ​ရော ကြားမိတာ​ရော​ပြောရရင်​ ဒီ ​"ဝေးသွားတဲ့အခါ "သီချင်း​က ထူအိမ်​သင်​အသက်​နှစ်​ဆယ်​​တောင်​မ​ပြေ့​သေးခင်​​ရေးထားတဲ့ သူ့ရဲ့ကိုယ်​ပိုင်​​ရေးစပ်​ထားတဲ့သီချင်း​လေးပါတဲ့၊​နောက်​ပြီးဒီ ​"ဝေးသွားတဲ့အခါ "သီချင်းက ကမ္ဘာ့ သီအိုရီ juss music အရူပ်​​ထွေးဆုံးဖြစ်​​နေပြီး ဂီတာ​ကောဒ့်​​ပေါင်း40​ကျော်​ပါရှိ​နေတာ နိုင်​ငံခြား classical သီချင်းကြီး​တွေ​တောင်​ အများဆုံးဂီတာ​ကောဒ့်​​ပေါင်း20​လောက်​ပဲပါတာများပါတယ်​တဲ့၊ ဒါ​ကြောင့်​ ဒီ​"ဝေးသွားတဲ့အခါ "သီချင်းဟာ မြန်​မာ့ဂီတရဲ့ မှတ်​တိုင်​တခုဖြစ်​လာခဲ့တာပါတဲ့၊ဒီသီချင်း​ကသူစုံတွဲဆိုဘို့​ရေးခဲ့တာပါ၊ရေးတဲ့အချိန်​ ထူးအိမ်​သင်​က နံမယ်​မရ​သေးတဲ့အဆို​တော်​အသစ်​မို့ နံမယ်​ကြီးအဆို​တော်​​တွေငှားမဆိုနိုင်​​သေးပါဘူးတဲ့၊ ဒါ​ပေမဲ့ဒီသီချင်းကအဆိုပိုင်းကျွမ်းကျင်​သူမှဆိုနိုင်​မှာဖြစ်​တဲ့အတွက်​ရှိစုမဲ့စုပိုက်​ဆံ​လေးနဲ့ ​ဝေးသွားတဲ့အခါ သီချင်းရဲ့နုပ်​စာရွက်​ကိုကိုင်​ပြီးနံမယ်​ကြီးအဆို​တော်​ဆီသွားခဲ့တာ နံမယ်​ကြီးအဆို​တော်​က နုပ်​စာရွက်​ကိုမကြည့်​ဘဲ ထားခဲ​လေ မင့်​မလို့အကူအညီ​ပေးတာ ဆိုပြီးမ​ခြေမငံအ​ပြောခံခဲ့ရတဲ့ ဆရာထူးအိမ်​သင်​။ ​နောက်​အဆို​တော်​မက သီချင်းကိုဖတ်​ကြည့်​ပြီးသီချင်းရဲ့စ​ကေးကိုသိသွား​သောအခါ သူမှားမှန်းသိသွားတယ်​၊ထူအိမ်​သင်​ကိုလည်းပြန်​​တောင်​ပန်​ပြီး ဒီသီချင်းကိုသူမဆိုနိုင်​​ကြောင်း ဆိုဘို့အ​တော်​ခက်​ခဲ​ကြောင်း ဝန်​ခံလိုက်​ရပါတယ်​ ၊ ထူးအိမ်​သင်​ရဲ့​"ဝေးသွားတဲ့အခါ "သီချင်းကိုဘယ်​အဆို​တော်​မှမဆိုနိုင်​လို့ မတပ်​သာသည့်​အဆုံးပုသိမ်​က သူ့သူငယ်​ချင်း​ပေါက်​​ပေါက်​ကို​ခေါ်ဆိုရပါတယ်​၊ ထူးအိမ်​သင်​နဲ့တွဲဆို့ရတဲ့အတွက်သီချင်းက​ပြဒါးတလမ်းသံတလမ်းဖြစ်​​နေပြီးပရိပ်​သတ်​ရဲ့​တောင်းဆိုမှူအရ​နောက်​ဆုံးစုံတွဲမဆိုဘဲ သူတ​ယောက်​ထဲဆိုခဲ့ရပါတယ်​၊ထူးအိမ်​သင်​က သူကွယ်​လွန်​တဲ့အခါ သူ့ရဲ့အုပ်​ဂူမှာ"​ဝေးသွားတဲ့အခါ"သီချင်းရဲ့နုတ်​နဲ့တကွ ကဗျဉ်းထိုးဘို့မှာသွားပါတယ်​၊​တေး​ရေးဆရာ​ရွှေ​ဂျော်​​ဂျော်​က
ဆရာထူးအိမ်​သင်​နဲ့ ​-ဝေးသွားတဲ့အခါ" သီချင်းဟာကျွန်​​တော်​တို့ရဲ့သင်​ရိုးညွှန်းတမ်းတခုပါတဲ့။ ကဲသူငယ်​ချင်းတို့​ရေ ​"ဝေးသွားတဲ့အခါ" သီချင်းအ​ကြောင်းကြားသိရပြီး​တော့ ဒီသီချင်းကို နား​ထောင်​ချင်​မိမှာအမှန်​ပါ သူငယ်​ချင်းတို့နား​ထောင်​ရ​အောင်​တင်​​ပေးလိုက်​ပါတယ်​ ​ကျေးဇူးပြု၍ဖွင့်​ကြည့်​ပါ​ဘေ​ပြော​လောက်​​အောင်​မကုန်​ပါဘူးဒါမှသီချင်းရဲ့ထူးခြားမူ့ကိုသိမှာပါ။

ဒီအ​ကြောင်း​တွေကလဲ ဘယ်​စာ​စောင်​မှာဖတ်​မိမှန်းမသိ အုံး​နောက်​ထဲ မှတ်​မိတာ​လေး​တွေချ​ရေးတာပါလို့​ပြောကြားရင်​.......

Post writer=@yuzana(shineshine)
MSC=146

Sort:  

ကဗျည်းက သူခိုးနောက်ပါသွားပြီတဲ့ဗျာ

ဟုပ်​လား သိ​တော့ဘူးဗျာ

အိုက်‌စ်‌!ဒီလိုမျိုး အ‌ကြောင်း‌တွေ ‌ရေး‌ပေးစမ်းပါ ဦးယု။ကြိုက်‌လွန်းလို့ပါ။ရင်‌ထဲထိလွန်းလို့ ၊သူ့အုတ်‌ဂူမှာ ‌ရေး‌ပေးပါတဲ့၊‌လေးစားသွားပြီ‌ဗျာ။

ဖတ်​​ပေးလို့​ကျေးဇူးတင်​ပါတယ်​ဗျာ

မိုးခါးရေ သီချင်းလေး review ရေးပါလားဗျ

ကြုံတဲအခါ​ပေါဗျာ

ထူးအိမ်သင် သားသားကြိုက်ကြိုက် သူ့နာမည် အတပ်မခံရတဲ့သီချင်းလေးတွေတော့ မသိသေးဘူး နားထောင်ချင်မိသား ။

အဲ့ဒီသီချင်း​တွေကနိုင်​ငံ​ရေး​တွေ Dvd တိုကဘဲ လွှင့်​တာ

ဟုတယ်​ဗျ နား​ထောင်​ကြည့်​မှ ဆိုဘို့အ​တော်​ခက်​မဲ့သီချင်းဘဲဗျ သူ့သီချင်းက သူဘဲဆိုနိုင်​မှာ

ဟုပါ့ ရင်​ထဲတကယ်​ဖီးဝင်​ပြီးမှ ဆိုလို့ရမှာ

ကမ္ဘာကတောင် လေးစားတဲ့ သီချင်းပါဗျ ဝေးသွားတဲ့အခါ

ဟုပ်​တယ်​ဗျ တချို့မသိကြဘူး

ခုလို ဆရာငှက်ရဲ့သီးချင်းအကြောင်းလေးကို ဗဟုသုတပေးတဲ့အတွက်ကျေးဇူးပါ

အခု လိုဖတ်​​ပေးတဲ့အတွက်​​ကျေးဇူးပါဗျာ

သီချင်းကို နားထောင်ဖူးပေမယ့် သမိုင်းကို မသိဘူးရယ်။ ခုလို ပြေပြ ပေးလို့ ကျေးဇူးပါဗျ

ဖတ်​​ပေးလို့ ​ကျေးဇူးပါကိုဒွန်

အဲ့သီချင်းဆိုရတာ မောသလိုပ လိုက်ဆိုနိုင်ဘူး

ရင်​ထဲက ဖီးမပါဘဲ ဆိုဖိုခက်​တယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64359.49
ETH 2619.41
USDT 1.00
SBD 2.83