ကျွန်​​တော့ငယ်​ဘဝအ​ကြောင်း (၅)

in #myanmar6 years ago

ကျွန်​​တော့ငယ်​ဘဝအ​ကြောင်း (၅)

အ​ကောက်​​တောင်​သည်​ ဧရာဝတီတိုင်းထုံးဘိုမြို့နယ်​မှာရှိ​ပေမဲ့ ပြည်​မြို့နဲ့ပိုနီးပါတယ်​၊ပဲခူးတိုင်းနဲ့ဧရာဝတီတိုင်းအစပ်​​ချောင်း​လေဘဲ ခြားပါတယ်​၊ဒါ​ပေမဲ့ပြည်​အ​ကောက်​​တောင်​လိုလူသိများပါတယ်​၊အ​ကောက်​​တောင်​ရဲ့သမိုင်းအရ ဗုဒ္ဓဆင်းတု​တော် အဆူ​ပေါင်း၃၇၀ ​ကျော်​ရှိတယ်​လို့ဆိုပါတယ်

sm3-7.jpg

https://goo.gl/images/kRzT85

၊ထိုင်​​တော်​မူက၂၄၆ဆူ၊ရပ်​​တော်​မူက၁၀၉ဆူနဲ့ ​လျှောင်း​တော်​မူက၁၅ဆူခန့်​ရှိတယ်​လို့ဆိုပါတယ်​၊ အခုချိန်​မှာ​တော့မည်​မျှရှိ​တော့သည်​​ကိုတော့မသိ​တော​ပေ၊အားလုံးသည်​ထုံး​ကျောက်​​တောင်​ကမ္ဘားရံကိုထွင်းထုထား​သောဆင်းတု​တော်​များဖြစ်​​ပေသည်​၊ အရင်​တုန်းက​တော့​လှေသမားများသွား​ရောက်​ဆွမ်းကပ်​ကြသည်​ဟုသိရှိရပြီး ယခုအချိန်​မှာ​တော့ဘုရားဖူးများစည်​ကားပြီး ကားလမ်းများလဲ​ပေါက်​​နေပြီဟုသိရပါသည်​၊ ကျွန်​​တော်​တို့က​လေးတသိုက်​သည်​ အ​ကောက်​​တောင်​ကိုလွန်​သွား​တော့ ကိုယ့်​နိုင်​ငံမဟုပ်​ဘဲနိုင်​ငံခြားများ​ရောက်​​နေသလားထင်​မိ​နေပါသည်

Irrawaddy_river_fl_3014683a.jpg

https://goo.gl/images/KNsVh2

၊အဘယ့်​​ကြောင့်​ဆို​သော်​ ထို​ခေတ်​အ​ခြေအ​နေအရ အညာ​ဒေသရဲ့ ​တောရွာဇနပုဒ်​မှာ​မွေးတဲ့ကျွ​န်​တော်​တို့အဖို့ ဆင်​တဲထုံးဘို​ဒေသရဲ အကြီးစားစက်​မူလက်​မူ​ဒေသမှ အ​ဆောက်​အဦး​တွေကိုစမြင်​ဖူးလို့ပါဘဲ၊အ​ဆောက်​အဦး​တွေစက်​ရုံ​တွေကအဆင့်​မြင့်​ပြီး အ​ရောင်​တဖိတ်​ဖိတ်​​တောက်​​နေ​တော့ အံသြမင်​သက်​မိ​နေတာ​ပေါ့ ထုံးဘိုကိုလွန်​​တော့ ကြံခင်းဖက်​ကိုစ​ရောက်​ပါတယ်​ ကြံခင်းဖက်​တွင်​လည်း ထုံးဘိုကဲ့သို့ပင်​ ဘိလပ်​​မြေစက်​ရုံ​တွေက ဧရာဝတီမြစ်​ကမ်း​ဘေးမှာတည်​ရှိ​နေတာပါ၊ အဲ့ဒီအချိန်​မှာ မြစ်​ကမ်းန​ဘေးအ​ဆောက်​အဦး အမြင့်​ ကြီး​ပေါ်က​နေ တာလပတ်​ကြိုးနဲ့ ဘိလပ်​​မြေအိပ်​​တွေကို​မော်​​တော်​ဝမ်းဘိုက်​အတွင်း​ဖြေး​ဖြေးချင်းကျ​နေတာကို​တွေရပါတယ်​၊ ကျ​နော်​တိုက​လေးတသိုက်​လည်းဒီလို့မြင်​ကွင်းမျိုးတခါမှမမြင်​ဘူး​တော့ အ​ပျော်​ကြီး​ပျော်​​နေတာ​ပေါ့ ကြံခင်းလွန်​​တော့​မော်​​တော်​ကဒီဝင်​ကပ်​ ဟိုဝင်​ကပ်​နဲ့မြန်​​အောင်​ကိုမွန်းလွဲပိုင်း​လောက်​​မှာရောက်​ပါတယ်

images (33).jpeg

https://goo.gl/images/XZazfR

၊မြန်​​အောင်​ဆိပ်​ကမ်းက​နေ မြို​ပေါ်ကိုတက်​ပြီး အညာမှပါလာတဲ့ သနပ်​ခါး ထန်းလျှက်​စသည့်​အညာလက်​​ဆောင်​များကိုဘုန်းကြီးရဲ့ဒကာ ဒကာမ​တွေရဲ့အိမ်​ကိုလည်​ပြီး​ပေးကြပါတယ်​၊ ဘုန်းကြီးရဲ့​ကျောင်းကမြို့​ပေါ်မှာမဟုပ်​ဘဲ မြို့နဲ့မလှမ်​မကမ်း ထန်းသုံးပင်​ရွာမှာဖြစ်​ပါတယ်​ ထန်းသုံးပင်​ဖက်​ကိုသွားတဲ့ဖွက်​ချက်​ကားကလဲ မနက်​၁၀နာရီဆိုထွက်​သွားပြီး ည​နေပိုင်းမရှိ​တော့ပါဘူး ၊ ဘုန်းကြီးက ချာတိပ်​​တွေ မင်းတို့ရွာနဲ့ကမ္မ​ဈေး​လောက်​​တော့​ဝေးမှာ မင်းတို့​ခြေလျှင်​​လျှောက်​နိုင်​ပါ့မလားလို့​မေး​တော့ ​လျှောက်​နိုင်​ပါတယ်​ဘုရား ဒီ​လောက်​က​တော့တပည့်​​တော်​တို့သွား​နေကြပါဘုရားလို့​လျှောက်​လိုက်​​တော့ ​အေး ဒါဖြင့်​လဲ နားနားပြီးသွားကြတာ​ပေါ့ကွာဆိုပြီး​ခြေလျှင်​​လျှောက်​လာခဲ့ကြပါတယ်​၊ ​ခြေလျှင်​​လျှောက်​တာဆို​တော့ကားလမ်းအတိုင်းမ​လျှောက်​ဘဲ မြန်​​အောင်​​ရေနံ​မြေထဲက​နေဖြတ်​​လျှောက်​ခဲ့ကြပါတယ်​၊

101.gif

https://goo.gl/images/9tBMDX

ရေနံတွင်း​တွေ ​ရေနံခပ်​​နေတဲ့​မောင်းတုန်းကြီး​တွေ အဲ့ဒီနယ်​​မြေမှာစမြင်​ဖူးတာပါ အရင်​က​ရေနံတွင်း​မျှော်​စဉ်​​တွေကို​ကျောင်းသုံးစာအုပ်​ထဲမှာဘဲ မြင်​ဘူးပြီ အခု​တော့​ရေနံခပ်​တဲ့​မောင်းတုန်းကြီး​တွေဟန်​ချက်​ညီညီလူပ်​ရှား​နေတာမြင်​ရ​တော့ ကျွန်​​တော်​တို့မှာအထူးအဆန်းဖြစ်​​နေကြပါတယ်​၊
ဆက်​ရန်​.....

Post writer=@yuzana(shineshine)
MSC=146

Sort:  

ကျေးဇူးပါ

Posted using Partiko Android

ကျေးဇူးပါ

ငယ်​ဘ၀အ​ကြောင်းအရာကဖတ်​လို့​ကောင်းပါတယ်​...ဆက်​အား​ပေးပါ့မယ်​...

Posted using Partiko Android

ကျေးဇူးပါ ဖတ်​​ကောင်းတယ်​ဆိုလို့

ငယ်ငယ်တုန်းကဆိုတော့ အဲဒီအချိန်မြင်နေရတဲ့အရာတွေက အထူးအဆန်းတွေကို ဖြစ်နေမှာပဲနော်။ဆက်အားပေးမယ်အစ်ကို။

ဟုတယ်​ ငယ်​ငယ်​က​လေးဘဝဆို​တော့

အကောက်တောင် ရောက်ဖူးရပါစေ

Posted using Partiko Android

ပြည်​မြို့က​နေ နီးနီး​လေးပါ

‌ရေနံတွင်းကြည့်‌ ချင်‌ရင်‌ ‌‌ရေနံ‌ချောင်း လာကြည့်‌။

ဟုတယ်​ ​ရေနံတွင်းမရှိတဲ့အရပ်​​တွေမှာမမြငိဖူးကြဘူး
က​လေးဘဝဆို​တော့ ပိုဆိုးတာ​ပေါ့

ကိုယ်မရောက်ဘူးတဲ့ နေရာဒေသအကြောင်းတွေဖတ်ရတာ စိတ်ဝင်စားစရာပါပဲ။

Posted using Partiko Android

နယ်​​မြေအသစ်​ ​​ဒေသအသစ်​ဆို​တော့အားလုံးအဆန်းခြည်းပါဘဲဗျာ

ငယ်ဘဝအကြောင်းလေးတွေ ဖတ်လို့ကောင်းတယ်အကို

Posted using Partiko Android

ကျေးဇူးပါ ဆရာ​အေး

ဆက်လက်စောင့်မျှော်ဖတ်ရှုနေပါမယ်

ကျေးဇူးပါဗျာ

စိတ်ဝင်စားစရာကောင်းတယ်ဦးယုရေ
ဆက်ရေးပါဗျာ
အရေးအသားကောင်းတော့ဖတ်ရှုသူကိုပါဆွဲဆောင်တော့မယ်ထင်တယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63818.94
ETH 2624.28
USDT 1.00
SBD 2.78