ကျွန်တော်နဲ့ MSC(အပိုင်း၂)
ကျွန်တော်နဲ့MSC(အပိုင်း၁)
https://steemit.com/myanmar/@yuzana/etyn-eta-ne-msc-apong-1
ကျွန်တော်နဲ့ MSC (အပိုင်း၂)
ကိုဒိုမီဆိုတဲ့လူပေးတဲ့ဆရာတွေရဲ့စာအုပ်ကို ကြည့်ရတဲ့အခါ ကျွန်တော်မသိတာတွေအများကြီးသိရတယ်၊သူရဲ့စည်းကမ်းတွေ ဆိုဒ်နဲ့ပတ်သက်တဲ့ပညာတွေလဲအများကြီးရလိုက်တယ်၊နောက်ကျသုနဲ့ကျွန်တော် ကွင်းဆက်ပြတ်သွားတယ်၊ နောက် Kyi ဆိုတဲ့ မကြည့်အကောင့်နဲ့ဆက်မိသွားပြန်တယ်၊
သူကတော့ကျွန်တော်mscထဲဝင်လာဘို့အဓိကတွန်းအားပေးခဲ့သူပေါ့၊သူကိုတော့ကျွန်တော့ဘဝမှာမေ့လို့ရမှာမဟုပ်သလို့ လူခြင်းလဲသွားပြီးတွေ့မိလိုက်ပါတယ် ဘာဖြစ်လို့လဲဆိုတော ဒိုမီလေးဆိုတာနဲ့အဆက်အသွယ်ပြတ်ပြီးသူနဲ့ဆက်သွယ်မိတဲ့အခါ အားလုံးကိုစိတ်ရှည်လက်ရှည်ရှင်းပြလို့ပါဘဲ၊ ရှင်းပြပြီး MSCနံပတ်လျှေက်က်ခိုင်းပါတယ် ၊ကျွန်တော်ကဖြစ်ပါမလားမကြည်ကျွန်တော်က ဆောင်းပါးရှည်တွေရေးဘူးတာမဟုပ်ဖူး၊အနည်းဆုံးစားလုံးပေါင်းကတော့မှားမှာ၊ကျွန်တော်က ကဗျာလေးဘာလေးရေးfbမှာတင် ဒီလောက်ပဲလုပ်တာကိုယ့်အတွက်နဲ့လူကြီးတွေအလုပ်ရှူပ်လိမ့်မယ်လို့ပြောတော့၊ရပါတယ်လျှောက်ထားလိုက်ပါ သူဟာသူတဖြည်းဖြည်းဖြစ်သွားလိမ်မယ်လျှောက်ထားမမှားပါဘူးတဲ့၊ဟုပ်တယ်ဗျ ကျွန်တော့မှာညဉ်တခုရှိတယ် အဖွဲ့တခုကိုဝင်မယ်ဆိုအဖွဲ့စည်းကမ်းအတိုင်းရေရှည်လုပ်နိုင်ပါ့မလားအသေအခြာစဉ်းစားတယ်၊နောက်ပြီး ကိုယ့်အတွက်နဲ့အဖွဲ့ခေါင်းဆောင်တွေစိတ်ညစ်စိပ်ရှူပ်သွားမလားဆိုတာအသေအခြာအမြဲတမ်းစဉ်းစားတယ် တကယ်လုပ်နိုင်ပြီဆိုမှဝင်တာကျွန်တော့အကြင့်၊ဒါပေမဲ့မကြည်ကလျှောက်ထားလိုက်ပါ ပရိုအတွက်ကိုတင်နိုင်တင်ခြင်တဲ့အခါမှတင်ပေါ့ဆိုတော့ ဒါလဲဟုပ်တာပါဘဲလေဆိုလျှောက်ထားလိုက်တာ တပတ်လောက်အကြာတော့ မေးရောက်လာပါတယ်၊
ကျွန်တော်လဲMSCနံပတ်ကိုကူးထားလိုက်ပါတယ် ကူးပြီးပရိုလဲလောလောဆယ်မတင်ဖြစ်သေးပါဘူး ကိုယ့်ဟာကို အပြင်ကအဖွဲ့လေးတွေနဲ့ပြောဆိုပြီးတင်နေပါတယ်၊အင်္ဂလိပ်စာတပ်လို့တော့မဟုပ်ပါ၊google transtate အားကိုးရတာပေါ့ ၊အဲ့ဒီအချိန်မှမကြည်က လူကြီးတွေစကားပြောနေတယ် steemit အကြောင်းတဲ့ နင်နားထောင်မလားတဲ့၊ ဂရုထဲကိုငါထည့်လိုက်မယ်တဲ့ ၊အယ် ...နင့်လူကြီးတွေကဆူလိမ့်မယ်နော့လို့ပြောလိုက်တော့ရပါတယ်ကိစ္စမရှိပါဘူးတဲ့ အဲ့တာနဲ့ဂရုထဲရောက်လာတော့ တွေပါပြီ ကိုဒိုမီဆိုတဲ့လူရော၊ ဆရာတင်လှိုင်ဦးတို့တွေရော အဲ့ခါမှစာအုပ်ရေးသားတဲ့သူတွေဘဲဆိုပြီးစဉ်းစားမိပါတယ်။
နောက်တယောက်ကကိုသက်လို့ခေါ်တဲ့ကိုသက်ဇော်ရောပေါ့ ဆရာတွေပြောဆိုထွက်သွားပြီးနောက်တရက်မှာတော့ဂရုကလူတွေနဲ့ကျွန်တော့ကိုမိတ်ဆက်ပေးပါတယ်၊သူများတွေပရိုတွေဘာတွေရေးကြတင်ကြနဲ့အုံးအုံးကြွက်ကြွက်နဲ့ ကျွန်တော်ကတော့ ဒီအတိုအစဟိုအတိုအစလေးတွေတင်နေတာပေါ့ ပရိုမဟုပ်တော့စည်းကမ်းသတ်မှတ်ချပ်တွေမရှိဘူးလေ ဒါပေမဲ့စတီးဈေးကကောင်းတော့ပိုစ်တခုကို 0.75 မှ 1.50လောက်ထိတော့ရတယ်ဗျာ့၊
ဆက်ရန်......
Post writer=@yuzana(shineshine)
MSC=146
ကိုယ်စီအတွေ့အကြုံတွေရှိကြတာပေါ့လေ
အင်းအတွေ့အကြုံလေးတွေ မေ့နေမှာစိုးလို့ အဟီးး
mscထဲ ရောက်လာပုံလေးကို reviewလုပ်ထားတာ ဖတ်လို့ကောင်းတယ် ဦးယုရေ
ရောက်လာပုံကလေးသတိယလို့ပါ ဗျာ
Good ရေးသင့်တဲ့အကြောင်းအရာပါ
ကျေးဇူးပါ
ဗဟုသုတရစေပါသည်ဆက်ဖတ်ပါမည်
ကျေးဇူးပါအန်တီ
အဖွဲ့ကောင်းနဲ့ တွေ့ရပြီပေါ့..
အဲ့ဒီတုန်းက ပါဝါအားသုံးရာပြည့်အောင်စုမယ်ဆိုတဲ့ သဲသဲမဲမဲ
အော်တဲ့လူတွေ ခုဘယ်ရောက်ကုန်လဲမသိတော့
ဟုတ်ပါ့ ဦးယုရေ အစက ဘဲဥမကွဲတဲ့ ပိုစ့်လေးတွေ MSC ရောက်လာတဲ့အခါ 40$ လောက်ထိ ရခဲ့တာတွေ သတိရတယ် ဈေးကောင်းချိန်ကပြောတာပါ
အဲ့ဒီ တုန်းကဈေးကောင်းတယ်
မယ်ကြည်ကလုပ်နေတာကြာပြီပေါ့နော်။
ကျွန်တော်တို့အရင် ကျတယ်ဗျာ့
MScထဲစ၀င်တဲ့အကြောင်းလေး....ဖတ်ကောင်းလို့ဆက်အားပေးဦးမယ်....
ဟုပ်ကဲ့ ကျေးဇူးတင်ပါတယ် ဗျာ
ဆက်ပြီးတူတူချီတက်ကြတာပေါ့
တူတူ ချီတက်ကြတာပေါ့ဗျာ
တွေးရင်း ရေးရင်း တဖြည်းဖြည်းခြင်းပေါ့
ဖြည်းဖြည်းချင်းသက်သောင့်သက်သာပေါ့