ကျွန်​​တော်​နဲ့​သွေးလှူရှင်​အ​ကြာင်း (ဒုတိယပိုင်း)

in #myanmar6 years ago

ကျွန်​​တော်​နဲ့​သွေးလှူရှင်​အ​ကြောင်း (ပထမပိုင်း)
= = ==
https://steemit.com/whalepower/@yuzana/etyn-eta-ne-ethyluwdan-yakhng-a-kang

ကျွန်​​တော်​နဲ့​သွေးလှူရှင်​အ​ကြောင်​(ဒုတိယပိုင်း)
= = = = =
ဒီလိုနဲ့ကျွန်​​တော်​ခရီးထွက်​ခဲ့ပါတယ်။ က​လေးမြို့က​နေ စထွက်​ပြီး ​မွေးရပ်​​မြေပခုက္ကူ မန္တ​လေး ​နောက်​ပြီး မ​ကွေး၊ပြည်၊တမြို့ကို တရက်​နားပြီး မြန်​​အောင်​မြို့ကို​ရောက်​ပါတယ်​။မြန်​​အောင်​မြို့မှာ ငယ်​စဉ်​က​ကျောင်းတက်​ခဲ့သည့်​အတွက်​ကျောင်း​နေဖက်​ သူငယ်​ချင်း​မြောက်​များစွာ ရှိပါတယ်​။
ထို​ကြောင့်​ ၃ရက်​မျှ​ နေမည်​ဆုံးဖြတ်​ပြီး ၂ရက်​​မြောက်​​နေ့တွင်​ ရန်​ကုန်​ကညီများကိုဖုန်းလှမ်းဆက်​ပြီး မနက်​ဖြန်​ရန်​ကုန်​လာခဲ့မယ်​လို့ဆက်​လိုက်​ပါတယ်​၊။
ရန်​ကုန်​မှညီများ အတိုင်းမသိ ဝမ်းသာသွာကြပါတယ်​။အဘယ်​​ကြောင့်​ဆို​သော်​ရန်​ကုန်​ကို တ​ခေါက်​မှ မ​ရောက်​ဖူး​သေးတဲ့ အကိုတ​ယောက်​ မ​တွေ့ရတာကြာပြီဖြစ်​တဲ့ အကိုတ​ယောက်​ လာမှာဆို​တော့​ ပျော်​ကြတာ​ပေါ့၊ကျွန်​​တော်​ကလဲ စစ်ကိုင်းတိုင်းအထက်​ပိုင်း ကချင်​ပြည်​နယ်​ ရှမ်းပြည်​နယ်​တို့သာ​ ရောက်​ဖူးတာ ရန်​ကုန်​ကိုလုံးဝမ​ရောက်​ဖူး​သေးပါ။ ဒီလိုနဲ့ မြန်​​အောင်​က​နေ ဟင်္သတလမ်းဖက်​တိုင်းရန်​ကုန်​ကိုကားစီးလာခဲ့ပါတယ်​၊။ညီ​တွေကလဲ ရန်​ကုန်​အ​နောက်​ဖျား လှိုင်​သာယာကားကွင်းအထိ လာကြိုကြပြီး၊သူတို့​ခေါ်ရာ​နောက်​ ကျွန်​​တော်​လိုက်​လာခဲ့တာ ရန်​ကုန်​အ​ရှေ့ဖျား ဒဂုန်​ဆိပ်​ကမ်းမြို့
ယုဇနဥယျာဉ်​မြို့​တော်​ သူတို့​နေထိုင်​ရာအိမ်​သို့​ရောက်​ခဲ့ပါတယ်​။ ဒီလိုနဲ့ညီအကို​တွေစုံကြ​တော့ က​လေးမြို့က​ဆွေမျိုး​တွေအ​ကြောင်း၊ပခုက္ကူ ​က ဆွေးမျိုး​တွေအ​ကြောင်း စကား​ဖောင်​ဖွဲ့ရင်းနဲ့ အဲဒီ​နေ့တစ်ရက်​ ကုန်​လွန်​သွားခဲ့ပါတယ်​။
နောက်​ရက်​မနက်​ ညီအငယ်​နဲ့ လ္ဘက်ရည်​ဆိုင်​ထိုင်​ပြီး စကား​ပြောကြစဉ်​ ညီအငယ်​က အကိုက​လေးမြို့ မပြန်​နဲ့​တော့ဗျာတဲ့ ဒီမှာအကိုတတ်​တဲ့ ပညာနဲ့ဆို တအားအလုပ်​ဖြစ်​မှာ လျှပ်​စစ်​အီလက်​ထ​ရောနစ်​အသုံးများတယ်​တဲ့၊ ဟုတ်တော့လဲဟုတ်ပါသည်။ ဒါ​ပေမဲ့ ကျွန်​​တော်​မပြန်​ရင်​မဖြစ်​ပါ၊ဘာ​ကြောင့်​လဲဆို ရန်​ကုန်​မှာကျွန်​​တော်​မ​ပျော်​ပါ၊ ခုနှစ်​လွှာ ရှစ်​လွှာ တိုက်​အမြင့်​ကြီး​တွေ​ရဲ့အခန်းထဲမှာ လူ​တွေကိုအံဆွဲ​တွေထဲ ထည့်​ထားခံရသလို ၊မီးခြစ်ပုန်းခွံထဲ ထည်​ထားခံရသလို ခံစားရမိပါတယ်​၊။
ဒီလိုနဲ့​ နောက်​နှစ်​ရက်​​လောက်​ကျတော့ညီအလတ်ကောင်​ကလဲ အကိုမပြန်​နဲ့​တော့တဲ့ ဒီမှာ သူဖွင့်​ထားတဲ့ လ္ဘက်ရည်​ဆိုင်​​​ဘေးက နေရာလွတ်​​လေးမှာ အခန်း​ဆောက်​​ပေးမယ်​ တဲ့၊ ဟိုမှာလဲအကို ဆိုင်​အတွက်​အစစအရာရာ အသစ်​ပြန်​လုပ်​ရမှာဆို​တော့ ၆လတန်​သည်​ ၁နှစ်​တန်​သည်​လုပ်​ကြည့်​ပါအုံး လုပ်​ကြည့်​လို့ ဟိုမှာထက်​ဒီမှာအဆင်​​ပြေရင်​ က​လေးမြို့ကအိ​မ်​နဲ့ခြံ​ရောင်းပြီးဒီမှာဝယ်​​နေပါတဲ့ ၊ အဆင်​မ​ပြေရင်​လဲတမျိုး​ က​လေးမြို့ပြန်​​နေ​ပေါ့တဲ့ အကိုစမ်းကြည့်​သင့်​ပါတယ်​တဲ့။ အဲ့ဒါနဲ့ကျွန်​​တော်​စဉ်းစားရပါ​တော့တယ်​၊ ညီအကိုနှစ်​​ယောက်​ကဝိုင်း​ပြော​တော့ ထူးပါဘူး​ အေးပါကွာ စမ်းကြည့်​တာ​ပေါ့လို့​ ပြောလိုက်​ပါတယ်​။ က​လေးမြို့လဲ ကျွန်​​တော့ရဲ့ဆိုင်​ကို သံပုံဆိုင်​သာ လက်​ညှိုးထိုး​ ရောင်းလိုက်​​တော့လို့​ ပြောလိုက်​ပါတယ်။ဒီလိုနဲ့ဆိုင်​ဖွင်​လို့ ၁၄ရက် ၁၅ရက်​​လောက်​ကြာ​တော့ ကျွန်​​တော့ဆီဖုန်းဝင်​လာပါတယ်​။ ​ဆေးရုံမှာ အ​ရေး​ပေါ်​သွေးလိုလို့ ကူညီပါအုံးတဲ့။ကျွန်​​တော်​ မျက်​ရည်​ကျ​အောင်​ ဝမ်းနည်းခဲ့ပါတယ်​။အဲ့အချိန်​မှာ ကျွန်​​တော်​ မှားမှန်းသိခဲ့ပါပြီ၊၊ကိုယ်​ထူ​ထောင်​တဲ့အသင်း ကိုယ်​မရှိခဲ့ရင်​ဆက်​ရပ်​တည်​ဘို့ ကျွန်​​တော်​မစီမံမခန့်​ခွဲခဲ့တာပါဘဲ။ခု​တော့ သူငယ်​ချင်း​တွေက ကျွန်​​တော်​ခိုင်းတာသာလုပ်​တတ်ပြီး အဖွဲ့တဖွဲ့ရဲ့ အဓိက အ​ရေးကြီးဖြစ်​တဲ့ ရံပုံ​ငွေမရှာတတ်​တာပါဘဲ။ ခု​တော့ကျွန်​​တော် ပစ်ထားခဲ့​သော ကျွန်​​တော့လုပ်​​ဖော်​ကိုင်​ဖက်​သူငယ်​ချင်းများနဲ့ ကျွန်​​တော့ ​အဖွဲ့နဲ့သွေးလှူ ကြတဲ့ သူငယ်​ချင်းများ၊ ကျွန်​​တော်​နဲအတူ အသက်​​မွေးဝမ်းကြောင်းပညာများကို အခမဲ့သင်​​ပေး​ကြ​သော ဆရာများနဲ့လာ​ရောက်​ သင်​ကြား​လေ့လာ​သောသူငယ်​ချင်းများ၊ အားလုံးဆီကိုပြန်​ဖို့ဆုံးဖြတ်​လိုက်​ပါပြီ။ အဲ့ဒါက​တော့Steemitဆိုတဲ့အွန်​လိုင်း​ငွေရှာတဲ့ ပညာရပ်​​ကြောင့်​ပါပဲ။ကျွန်​​တော်​တို့မြို့က လူငယ်​​တွေကို Facebook၊ Messanger၊ Viber တွေ လျောက်သုံးရင်း အွန်​လိုင်း​ပေါ်မှာ အကျိုးမရှိအချိန်​မကုန်​​စေချင်​ပါဘူး။ သူတို့ကို တတ်​နိုင်​တဲ့ဖက်​ကကျွန်​​တော်​အားရှိသ​လောက်​ ဆွဲထုတ်ရပါလိမ့်​မယ်​။ ဒီအ​ကြောင်း​တွေကို သူငယ်​ချင်း​တွေဆီ လှမ်း​ပြော​တော့ သူတို့​ပျော်​​နေကြပါတယ်။ အားတက်​နေကြပါတယ်​။ မကြာခင်​မှာကျွန်​​တော်​ပြစ်​ထားခဲ့​သော အသက်​​မွေးဝမ်းပညာဒါန သင်​တန်းခန်း​လေးမှာ Steemitနဲ့ အွန်​လိုင်းငွေရှာနည်းပညာရပ်​ကို ကျွန်​​တော်​တပ်​သ​လောက်​ပညာနဲ့ MSCက ဆရာကြီး​တွေရဲ အကြံဥာဏ်​ကိုရယူကာ ပညာဒါနသင်​​ပေးရပါ​တော့မည်​။ မကြာခင်​အချိန်​မှာ ကျွန်​​တော့ရဲ့သူငယ်​ချင်းများနဲ့ ကျွန်​​တော့ရဲ့ အသက်​​မွေးဝမ်းကြောင်း သင်​တန်းခန်း​လေးမှာ ည​ရောက်​ရင်​ဖုန်းတ​ယောက်​တလုံး ကိုယ်​စီကိုင်​လို့​ ပျော်​ရွှင်​စွာ ဆုံကြရမည်​ကို​ မျှော်​လင့်​ရင်းနဲ့.....။

Original writter by @yuzana(shine shine)
Original photo
MSC 146

Screenshot_20180113_073827.png
Screenshot_20180113_073901.png
Screenshot_20180113_073921.png
Screenshot_20180113_073945.png

Sort:  

V 100% 0.091$ V n C done. @poe/thi.

ကျေးဇူးတင်​ပါတယ်​ဗျာခုလိုကူညီဲတဲ့အတွက်

ဖတ်​လို့​ကောင်းပါတယ်

လေးစားပါတယ်

ကျေးဇူးပါ

အစ်ကိုလိုရာ ပန်းတိုင်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေ

ပေးတဲ့ဆုနဲ့ပြည့်​ပါ​စေညီညီ

သွေးလှူရှင်ဆိုတာ မြင်မှ ကျွန်တော် ခုထိသွေးမလှူဘူးသေးဘူးဗျာ တခါလောက်တော့ လှူဘူးချင်တယ် ။

ကောင်းပါတယ်​ မည်​သည့်​စိုးရိမ်​စိတ်​မှမဖြစ်​ပါနဲ့ တခါ​လေးလှူကြည့်​နိုင်​ဘို့ကျိုးစားပါ ​နောက်​တခါ အလိုလိုကို​ယ့်​ရဲပီတိစိတ်​ကလှူချင်​​နေပါလိမ့်​မယ်

စိတ်ဝင်စားပီလဆက်ရေးပါဗျ

ကျွန်တော်ကိုယ်တိုင်လဲ သွေးလှူရှင်အဖွဲ့ဝင်တစ်ယောက်ဖြစ်လို့ ခံစားရပါတယ်

ဂုဏ်​ယူပါတယ်​ဗျာ

သွေးလှူတယ်ဆိုတာ မွန်မြတ်တဲ့အလုပ်ပါ

မှန်​ပါတယ်​ဗျာ

တတယ်ကောင်းပါတယ်ဗျာ

Good writing & post

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60023.73
ETH 3191.15
USDT 1.00
SBD 2.45