"​နေ့စဉ်​ ပရိုတင်​နိုင်​ရန်​စာ​ရေးနည်း"

in #myanmar6 years ago (edited)

"​နေ့စဉ်​ ပရိုတင်​နိုင်​ရန်​စာ​ရေးနည်း"
= = = =
ခုတခါ​ရေးမှာက​တော့ ​နေ့တိုင်း​နေ့တိုင်းပိုစ်​တခု​ရေးပြီး​တော့Steemitမှာ​ရေးတင်​နိုင်​မဲ့နည်း​လေးပါ၊ဒီနည်းကတကယ်​မတင်​ချင်​တဲ့သူကြအသုံးမဝင်​ပါဘူး၊တင်​ခြင်​ပြီး​ရေးစရာအ​ကြောင်းအရာမရှိလို့မတင်​နိုင်​တဲ့သူ​တွေအတွက်​က​တော့​တော်​​တော်​​လေးအသုံးဝင်​လာပါလိမ့်​မယ်

a6793f62eaa0772976e279dac4678a92a253df4d.webp

https://goo.gl/images/UqWabm

၊အရင်​အချိန်​steem​တွေsbd​တွေ​ဈေး​ကောင်းတုံးက​တော့စာ​ရေးသူ​ပေါများပြီးကျွန်​​တော်​တို့ myanmar tag​လေး​တောင်​topစာရင်းထဲမှာ​ဖော်​ပြခြင်းခံခဲ့ရဘူးပါတယ်​၊ အခု​Steem ​ဈေးကျတဲ့အချိန်​စာ​ရေးသူနည်း ပြီးmyanmar tag က​လေးလဲဝမ်းနည်းစွာနဲ့ topစာရင်းမှာ​ဖော်​ပြချင်းမခံရ​တော့ပါဘူး၊ခုကျွန်​​တော်​​ပြောမယ်​နည်း​လေးက ကျွန်​​တော်​လုပ်​​နေတဲ့နည်း​လေးပါ၊တစုံတခုအကျိုးရှိရင်​​ကျေနပ်​ပါတယ်​၊ ကျွန်​​တော်​တို့​စာ​ရေးချင်​တဲ့အချိန်​မှာ​ရေးစရာအ​ကြောင်းရှာရတာခက်​ပါတယ်​၊ ဟာ.....ငါပရိုတင်​ရအုံးမှာစာ​ရေးရအုံးမယ်​ဆိုပြီးစဉ်းစားတဲ့အခါ ဘာအ​ကြောင်း​ရေးရမှန်းမသိတဲ့အခါ​တွေအများကြီးပါ၊ဒီ​တော့စာ​ရေးချင်​တဲ့အချိန်​မှာ​ရေးစရာအ​ကြောင်းရှာခြင်းထက်
ရေးစရာ​ပေါ်လာတဲ့အချိန်​မှာ​ရေးထားတာအ​ကောင်းဆုံးပါ၊စာအရည်​အ​သွေးလဲ​ကောင်းပါတယ်​၊လူ့ရဲ့အုံး​နောက်​စိတ်​ကူးက ကိုယ့်​ဟာကိုယ်​ဖန်​တီးယူရတာထက်​ သူဆီကသူ့ဟာသူထွက်​လာတဲ့စိတ်​ကူးကပိုလို့​ကောင်းပါတယ်

s-l300.jpg

https://goo.gl/images/NcYWLU

၊ ကျွန်​​တော်​တို့ကဗျာ​တွေဆိုရင်​ပိုဆိုးမယ်​ထင်​ပါတယ်​၊ ကားစီးရင်း​သော်​လည်း​ကောင်း လမ်းသွားရင်း​သော်​လည်​​ကောင်း​ပေါ်လာတတ်​ပါတယ်​၊ဥပမာသွားရင်းလာရင်း နှင်းဆီးပန်းအ​ကြောင်း​လေး​ပေါ်လာရင်​ ဖုန်း​လေးထုပ်​ပြီး​ပေါ်လာတဲ့အ​ကြောင်းအရာ တ​ကြောင်းရရနှစ်​​ကြောင်းရရ​ကောက်​​ရေးလိုက်​ပြီး​ဆေ့ထားလိုက်​ပါတယ်​၊ ​နောက်​တခါ ကားအ​ကြောင်း​ပေါ်လာရင်​ ကားအ​ကြောင်း​လေးတ​ကြောင်းရရနှစ်​​ကြောင်းရရ ရသ​လောက်​​ရေး​ဆေ့ထားလိုက်​ပါတယ်​၊ အဲ့တာမှ မဟုပ်​ဘဲ ဒီအ​ကြောင်း​လေး​တော့​ပြီး​တော့မှ​ရေးအုံးမှပါဆိုပြီးထားလို့က​တော့စာ​ရေးခ်ျိန်​ကြဒီအ​ကြောင်း​အရာ​တွေကမ​ပေါ်​တော့ဘူး၊ တခါတ​လေ အိပ်​ယာတ​ရေးနိုရင်​​ ​တောင်​စဉ်းစား​မြောက်းစဉ်းစားနဲ့ ကဗျာတပုဒ်​​ပေါ်လာတပ်​ပါတယ်​၊ အဲကဗျာ​လေးမနက်​ကြ​ရေးအုံးမှပါဆိုပြီးမထားလိုက်​ပါနဲ့ မနက်​ကြပြန်​စဉ်းစားမ​ပေါ်​တော့ဘူး ​ပေါ်ရင်​လဲ ညတုန်းက​လောက်​စာအရည်​အ​သွေးမမှီ​တော့ဘူး၊ ဒီ​တော့​ပေါ်လာတာနဲ့ ချက်​ချင်း​ကောက်​​ရေးပါ ရသ​လောက်​​ရေး​ဆေ့ မနက်​ကျမှအ​ချောသပ်​လိုက်​ရင်​အဆင်​​ပြေသွားတယ်​၊

1-your-monthly-mobile-bill-set-to-be-lower-as-trai-cuts-termination-charges-to-6-paise.jpg

https://goo.gl/images/rnfifw

ကျွန်​​တော်​တို့လူမူ့​ရေးအသင်းအတွက်​ကဗျာစာအုပ်​ထုပ်​ဖို့သူငယ်​ချင်း​တွေ​ဆော်​​အော်​ထားပြီး ကဗျာစုတဲ့အခါ
သူငယ်​ချင်းတ​ယောက်​က ဟာဗျာ အကိုအတွက်​ကဗျာတပုဒ်​ရတယ်​ဗျာ မ​ရေးထားးလိုက်​ရဘူးတဲ့ တအား​ကောင်းတာတဲ့၊ မင့်​ကွာ​ပေါ်လာတုန်းက​ရေးထားလိုက်​ရမှာလို့​ပြော​တော့ အဲ့ဒီအချိန်​ကလက်​ထဲဘာမှမရှိလိုက်​ဘူးဗျ အိမ်​သာတက်​​နေတဲ့အချိန်​​ပေါ်လာတာတဲ့ ၊ဒီအ​ကြောင်းကမသိတဲ့သူ​တွေအဖို့က​တော့ရီစရာပါ၊ ဒီ​တော့ ကိုယ်​​ရေးချင်​တဲ့အချိန်​ကြမှစဉ်းစားခြင်းထက်​ ​ပေါ်လာတဲ့အချိန်​ ​ပေါ်လာတဲ့အ​ကြောင်းအရာကိုချက်​ချင်း​​ရေးပြီးရသ​လောက်​​ဆေ့ပါ၊ အလုပ်​တဖက်​နဲ့မအားလဲ အစ​လေးကိုဘဲ​​ရေးပြီး​ဆေ့ပါ မ​ရေးမ​ဆေ့ဘဲထားတာနဲ့စာရင်​ အားတဲ့အချိန်​မှာ​ရေးကာကြအစ​ပေါ်​နေတဲ့အတွက်​ဆက်​စဉ်းစားလို့ရပါတယ်​၊ကျွန်​​တောသူငယ်​ချင်းစာ​ပေဝါသနာအိုးတ​ယောက်​ရှိတယ်​ သူအလုပ်​လုပ်​တဲ့ကားဝပ်​​ရှော့အလည်​သွားတာ သူက ကား​အောက်​မှာကားပြင်​နေတာကို​တွေ့ရတယ်​ ကျွန်​​တော်​​ရောက်​သွား​တော့ကား​အောက်​ငုံ့ကြည့်​ချိန်​ ဟာမင်း​ရောက်​လာတာနဲ့အ​တော်​ပဲကွာခနဖုန်း​ပေးစမ်းတဲ့ ဘာလုပ်​ဖို့လဲဟလို့​ပြော​တော့ ​ပေးမှာသာ​ပေးစမ်းပါကွာလို့​ပြော​တော့​ပေးလိုက်​ပါတယ်​ ​နောက်​​တောက်​​တောက်​ဆိုစာ​ရေးပြီး မဖြက်​နဲ့​နော်​ဆိုပြီး အလုပ်​လုပ်​ရင်းကဗျာတပုဒ်​​ပေါ်လာလို့မှတ်​တာတဲ့၊
ကြည့်​လိုက်​​တော့ ....
"မင့်​တ​ယောက်​အတွက်
ကဗျာတပုဒ်​ဆက်​ဖို့
ငါ့အိပ်​ယာ ​ခေါင်းရင်းအနား
စာအုပ်​နဲ့​ ဘော့ပင်​ထားလို့
ဒီတည​တော့ ငါ့​ခေါင်းထဲကို
ကဗျာတပုဒ်​​တော့ ​ရောက်​​ကောင်းပါရဲ့ "တဲ့

images (26).jpeg

https://goo.gl/images/SoGYFs

ဒီ​တော့သူငယ်​ချင်းတို့လဲ စာကို​ရေးချင်​တဲ့အချိန်​မှာ ​ရေးစရာအ​ကြောင်းရှာခြင်းထက်​ ​ရေးစရာ​ပေါ်လာတဲ့အချိန်​မှာ ရသ​လောက်​​ကောက်​​ရေး​ဆေးထား​ပေးပါ ​နောက်​စိတ်​ကူး​ပေါက်​လာတဲ့အချိန်​ဆက်​​ရေးပါ ဘယ်​​နှစ်​​ကြောင်းရရ ရသ​လောက်​​ဆေ့ထားပါ့ စလုံး​ရေမပြည့်​လို့တဝက်​တပြက်​ဆိုလဲပြစ်​ထားလိုက်​ပါ စိတ်​ပါတဲ့အချိန်​ဆက်​​ရေးပါ
ကျွန်​​တော်​ဆို တဝက်​တပြက်​​ရော လက်​စသတ်​ပြီး​ရော စုစု​ပေါင်း ကိုးပုဒ်​ဆယ်​ပုဒ်​​လောက်​ရှိတယ်​ ၊
သူ့အလှည်​ကျတင်​ပြီးရင်​နုပ်​ပိတ်​ထဲကဖြက်​လိုက်​ပါတယ်​၊ အဲတာ​ကြောင့်​မိတ်​​ဆွေတို့​ပေါ်လာတဲ့အကြံတချက်​ကို အကျိုးရှိရှိ အသုံးချတပ်​ပါ​စေလို့​ပြောကြားရင်း.......
စာဖတ်​သူအားလုံးကို​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ

Post writer=@yuzana(shineshine)
MSC=146

Sort:  

အမှန်​ပဲ။ချက်​ချင်းချမ​ရေးဖြစ်​ရင်​​တွေးမိတာ​လေး​ပျောက်​သွားတယ်

တချို့စာ​တွေ ညကစဉ်းစားထားတာ မနက်​ကြ မ​ပေါ်​တော့ဘူး

ပေးသောအကြံကောင်းပါသည်

တချို​ရေးစရာမရှိဘူးဆို၍အကြံ​ပေးခြင်းဖြစ်​ပါသည်

စိတ်​ကူးထဲ​ပေါ်လာတာချက်​ချင်းမှတ်​လိုက်​မှ...​နောက်​ဆိုပြန်​စဉ်းစားရင်​​တောင်​​ပေါ်ချင်​မှ​ပေါ်မှာ...​ကောင်း​သောအကြံပါ...

ဟုပ်​တယ်​ ​ရေးခြင်​ကာမှထ​ရေးရင်​ စဉ်းမိတာကမ​ပေါ်​တော့ဘူး

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကိုယု ဒီလိုအကြံလေးပေးတာ စာရေးချင်သောသူတွေ အားလုံးအတွက် အကျိုးရှိစေပါတယ်။တစ်ခုခုကို စဉ်းစားမိတာနဲ့ ရေးထားရမှာကို သတိထားလုပ်ဆောင်ကြရမှာပါ။မှတ်သားထားပါ့မယ်အစ်ကို။

အကျိုးရှိသွားတယ်​ဆို ​ရေးရကျိုးနပ်​ပါတယ်​ဗျာ

‌လေးစားပါတယ်‌ဦးယု‌ရေ။အ‌ကြံ‌ပေးတာ‌လေး သိပ်‌‌ကောင်းပါတယ်‌။‌ရေးနိုင်‌‌အောင်‌ကြိုးစားပါ့မယ်‌ဦးယု။

ကျွန်တော့်ကို ပြောပြပေးနေသလိုပါပဲဗျာ ကျေးဇူးပါ ရေးချင်တယ် စာကမထွက်ဘူးဖြစ်နေတာ
အခုတော့ pro နေ့ မှ ရေးတာထက် တွေးနိုင်တဲ့အချိန် ရေးထားတာကပိုအဆင်ပြေတယ်ဗျာ

စိတ်​ထဲ​ပေါ်လာတဲ့အချိန်​ ​ရေးနိုင်​သ​လောက်​ရသ​လောက်​ ဖုန်းထဲ​ဆေ့ထားလိုက်​ပါ အဆင်​​ပြေ ပါတယ်

စာရေးဖို့ စိတ်ကူးလေး ကွန့်မြူးနေလို့ကတော့ စာတပုဒ် အသာလေး ဦးယုရေ

ဟုပ်​တယ်​ မကွန့်​မြူးလို့က​တော့ အလကားပဲ အဲ့ဒါ​​ကြောင့်​ ကွန့်​ မြူးချိန်​ အမိအရ​လေး​ရေးထား​ဆေ့ထားလိုက်​မှ

အများကြီး​ရေး​တော့မယ်​😁😁

အများကြီးအား​ပေးပါ့မယ်

စိတ်အကြံပေါက်လာသလောက် ရေးမှတ်ထားတာပဲဗျာ

ကောင်း​သော ကြင့်​ပါ့ ခင်​ဗျာ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63162.99
ETH 2567.19
USDT 1.00
SBD 2.82