လေဖြတ်​ခြင်းအ​ကြောင်း (၆)

in #myanmar6 years ago

လေဖြတ်​ခြင်းအ​ကြောင်း (၆)

ကျွန်​​တော်​က​လေးမြို့မှာစက်​ပြင်​ဆိုင်​​လေးဖွင့်​​တော့ စ​လောင်း​တွေစ​ပေါ်ချိန်​ တခါမှမ​ရောက်​ဖူး​သော ချင်းပြည်​နယ်​​မြောက်​ပိုင်းရိဒ်​​ရေကန်​ရှိတဲ့ ရိဒ်​​ကော်​ဒါးဖက်​သို့စ​လောင်းစက်​အဆင်​သူငယ်​ချင်းတ​ယောက်​နှင့်​လိုက်​ဖူး​လေသည်​။ ထိုအချိန်​က စ​လောင်းအရွက်​ကြီးများသာရှိပြီး နှစ်​​ပေစ​လောင်းများမ​ပေါ်​သေး​ပေ၊ စက်​မှာအင်​နိပီယာစက်​သာလျှင်​အ​ကောင်းဆုံးဖြစ်​ပြီးယခုလိုစက်​​ကောင်းများမရှိပါ၊ စ​လောက်​အရွက်​ကြီးများသည်​ထိုအချိန်​အခါကယခုစက်​​တွေလိုမဟုပ်​ဘဲ အလွန်​တရာ ဖမ်းယူရတာခက်​ခဲ​လေသည်​။ကျွန်​​တော်​တို့နှစ်​​ယောက်​စ​လောင်းပိုင်​ရှင်​နှင့်​ ကုန်​ပြည့်​​နေ​သော ဝီလီဂျစ်​အမိုးကိုင်း​ပေါ် မြဲမြန်​စွာကိုင်​တွဲရင်း​တောင်​​ပေါ်လမ်းကိုလာခဲ့​လေသည်​၊

TZjG7hXReeVthqpTJZmwvzsLcvMeG4TU4Gjdfy25qGnEn63iapzJei2a5zMepsuWu9FFn3E3g94WAhNRwmf7Gj4iBXMwMn4J8K6oUe87K4qhcuhEfXczfAeugf5P9bubdkkRk4pMd45qkS.png

https://goo.gl/images/mMY8LC

တ​ဖြေ​ဖြေး​တောင်​တက်​ပြီး​တောင်​ထိပ်​​ပေါ်ကတီးတိန်​မြို့ကို​ရောက်​၏၊တဖန်​တီးတိန်​မြို့မှတ​ဖြေး​ဖြေးဆင်းပြီး ​အောက်​ဆုံးချိုင့်​ထဲမှာ​ချောင်းတ​ချောင်းရှိ​လေသည်​၊ထို​ချောင်းကို​ဘေလီတံတားဖြင့်​ဖြတ်​ကူးရ​လေသည်​၊ တီးတိန်​မြို့​တောင်​ထိပ်​တွင်​တအား​အေးသ​လောက်​တောင်​​ခြေ​ ချောင်းကတံတားကို​ရောက်​​တော့ မအးပဲပူလို​တောင်​​နေသဖြင့်​ တ​နေရာထဲရသီဥတုနှစ်​ခုဖြစ်​​နေသလိုခံစားရ​လေသည်​၊ထို​ကြောင့့်​ရိဒ်ကောဒါးသွားသောကားများသည်​အဲဒီ​ချောင်းမှာဘဲကားအာလုံးညအိပ်​ကြသည်​ကို​တွေ့ရ​လေသည်​၊ အဲ့ဒီမှာထမင်းဆိုင်​နှစ်​ဆိုင်​သုံး​ဆိုင်​ရှိ​လေသည်​၊အဲဒီမှာဘဲ ကျွန်​​တော်​တို့ဆီနဲ့မတူတဲ့အရာကိုသွား​တွေ့ရ​လေသည်​၊သူတို့ဆီကထမင်းဆိုင်​ကအခုမှာအခုမရပါနာရီဝက်​ခန်း​စောင့်​ရ၏၊ကားရပ်​လျှင်​ထမင်းစားမဲ့ခရီသယ်​များအား ဘာဟင်းနဲ့စားမလဲ ၊​နောက်​ဆီဘယ်​နှစ်​ဇွန်းထည့်​ရမလဲ၊ဆားတခါထဲထည့်​ရမလား​မေး​လေ၏၊ဆီထည့်​တဲ့ဇွန်းအရည်​အတွက်​​ပေါ်မူတည်​ပြီး​ဟင်းဈေးလဲ​ပြောင်းလဲပါတယ်​၊ဆီလုံးဝမထည့်​ရင်​​ဈေးချိုပါတယ်​၊အဲ့မှာကဆီလဲရှားပါတယ်​​၊ပြည်​မကဝယ်​ယူရတာပါ၊ကျွန်​​တော့မှာအံသြသွား​လေ၏။ကျွန်​​တော်​နဲ့ဟင်းအမျိုးတူစားတဲ့ချင်းတ​ယောက်​ကဆီမထည့်​နဲ့ဆားမထည့်​နဲ့တဲ့ အခုလိုတမျိုးနှစ်​​ယောက်​အခုလိုမှာစား​တော့ဘယ်​လိုချက်​ကြလဲမသိလို့​သူ့ကို​မေးကြည်​လိုက်​​တော့သူက အစကဘာမှမထည့်​ဘဲချက်​ထားပြီး ကြက်​သွား​တော့ င့ါအတွက်​အရင်​ခူး ပြီးရင်​မင့်​အတွက်​လိုအပ်​တာထပ်​ထည့်​တာ​ပေါ့တဲ့ ​အော်​..ဒီမှာထမင်းဆိုင်​ဖွင့်​ရတာလည်းမလွယ်​ပါ့လားဟု​တွေးမိ​လေ၏။အသားမျာက​တော့​စော​စောထဲကမကြက်​တကြက်​ပြုပ်​ထားပြီးသားဖြစ်​သဖြင့်​ ချက်​ရတာမြန်​​တော့မြန်​​လေ၏။

f83996f78caee1334ee1be6c507c9557.jpg

https://goo.gl/images/hLLRKf

အဲ့ဒီဖက်​လမ်း​ကြောင်းက ချင်းလူမျိုးတဝက်​မြန်​မာတဝက်​ခရီးသွားတဲ့အခါ အဲ့လို​ရောင်းမှအဆင်​​ပြေတာတဲ့ ကြိုတင်​ချက်​ထာရင်​လဲ အသီးအနံ​တွေက ဆီမပါ​တော့လပ်​လပ်​ဆပ်​ဆပ်​​ လော​လောလပ်​လပ်​​လောက်​မ​ကောင်းဘူးတဲ့ ကြာသွားရင်​အသီးအနှံ​တွေရဲ့သဘာဝအရသာမ​ပေါ်ဘူးတဲ့ ၊ဒုက္ခများတာကလွဲရင်​ကျွန်​​တော်​​တော့လက်​ခံပါတယ်​၊မြန်​မာလိုဆီပြန်​ချက်​ရင်​သာဆီစိမ်​ထားသဖြင့်​ ကြာရှည်​အထားခံပြီး ဆီမပါ ဆားမပါ​သောဟင်းသည်​ ဆီပါ​သောဟင်း​လောက်​ကြာရှည်​အထားမခံ​ပေ၊ ​နောက်​ခရီးသယ်​ဦး​ရေကလည်း ဤ​ဒေသမှာခန့်​မှန်းရခက်​​လေသည်​၊တခါတ​လေ ​လေ့လာ​ရေးခရီးသွားများကား​လေးငါးဆယ်​စီးစုပြုံကျလာ​သော်​လည်း တခါတ​လေတ​နေကုန်​မှ တစီးစနှစ်​စီးစလာကြတာကို​တွေရ​လေသည်​၊ထိုအချိန်​က အဲ့ဒီဖက်​မှာ ပုံမှန်​လိုင်း​ဆွဲတာမရှိကြ​ပေ။ ဘာရယ်​မဟုပ်​ပါ ငယ်​ငယ်​တုန်းက ချင်းပြည်​နယ်​ခရီးသွား​တော့ သူတို့စား​သောက်​ပုံ​လေးစ​တွေ့တာကိုသတိယလို့ကြုံတုန်း​ရေးမိလိုက်​တာပါဗျာ၊

1-lightbox-ischemic stroke-cartid artery-definition.png

https://goo.gl/images/J7aVxY

နောက်​ပိုင်း​သွေးတိုး​ရောဂါသည်​စိတ်​ပိုင်းဆိုင်​ရာနှင့်​လည်းဆက်​စပ်​မှူရှိ​ကြောင်း​ရေးသားပါအုံးမည်​၊
ဆက်​ရန်​..

Post writer=@yuzana(shineshine)
MSC=146

Sort:  

please follow back

လေဖြတ်တဲ့ လူတွေ တွေ့ဖူးတယ် ဘဝသေသလိုလဲ

ဟုပ်​တယ်​ ​​​ကြောက်​ဖို့​ကောင်းတယ်

အစားကသောက်နဲ့ စိတ်ဖိစီးမှုတွေများရင်ဖြစ်တတ်တယ်လို့သိရတယ်ဗျာ

စိတ်​ပိုင်းဆိုင်​ရာလဲအ​ရေးကြီးပါတယ်​ ဗျာ

ချက်​ပြုတ်​တဲ့သူလည်းတစ်​​ယောက်​တစ်​မျိုးနဲ့စိတ်​ရှည်​မှရမယ်​....ဆီအစားနည်းတာလည်းကျန်းမာ​ရေးအတွက်​​ကောင်းပါတယ်​...

Posted using Partiko Android

ချင်းလူမျိုး​တွေက စိတ်​ရှည်​ကြတာများတယ်

ခရီးသွားတာ ကြိုက်​တယ်​​လေ😊

Posted using Partiko Android

ငယ်​ငယ်​ က​တော့ ​ခြေ​ထောက်​ ​ဗွေပါခဲ့တယ်​ဗျို့

အိမ်း စားချင်တာစားနိုင်ဖို့ ရှောင်သင့်တာ အနဲငယ်ပဲ စားရမယ်😁

Posted using Partiko Android

ဟုပ်​ ပါ့ ဒီဟာနဲ့မတည့်​ ဟိုဟာနဲ့မတည့်

ကောင်းပါတယ် ကိုယ်အမြင်နဲ့ကိုယ်ရေးတာ

Posted using Partiko Android

စိတ်​ထဲရှိတာချ​ရေးတာအ​ကောင်းဆုံးဘဲ
ဖန်​တိးယူရတဲ့စာကြ အုံ​နောက်​ပိုစားတယ်
ပေါ့​ပေါ့ပါးပါးဘဲ

ဘယ်ရောဂါမှ မကောင်းပါဘူး အသေးဆုံးဖြစ်တဲ့ ခေါင်းကိုက်တာလောက်ဆိုရင်ကို ဒုက္ခဖြစ်နေတာ အခြားဟာတွေဆိုရင်တော့ ပိုဆိုးပြီပေါ့ ဦးယုရယ်

ဒါ့ ​ကြောင့်​ ကျမ်းမာခြင်းသည်​ လဒ်​တပါးလို့ဆိုတာ​ပေါ့ဗျာ

အဲ့နားဈေးရောင်းရရင် ဒိုးခပါဘဲ ဆီဘယ်နှစ်စွန်းနဲ့လဲ ဦးယု ။

ဟုပါ့​အေ..ကြားမကြားဖူးပါဘူး​တော်​..

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63326.84
ETH 2648.69
USDT 1.00
SBD 2.82