အောင်မြင်မှူ့ဆိုသည်မှာဘာလဲ
အောင်မြင်မှူ့ဆိုသည်မှာဘာလဲ
လူတိုင်းလူတိုင်းသည် အောင်မြင်မှူ့ကိုရခြင်ကြသည်၊အောင်မြင်အောင်ကြိုးစားကြသည်၊သို့သော် မိမိကိုယ်မိမိဘာအောင်မြင်ချင်မှန်းရေရေရာရာမသိကြဘဲဖြစ်နေ၏။ အောင်မြင်ခြင်းဆိုတာဘာလဲ အသေအချာမသိကြပေ၊အများအားဖြင့်ပိုက်ဆံချမ်းသာလျှင် စီးပွားရေးအဆင်ပြေနေလျှင် အောင်မြင်တယ်လို့သတ်မှတ်ကြလေသည်၊ တချို့လူများကြပိုက်ဆံချမ်းသာတိုင်း အောင်မြင်မူ့ရောက်တယ်လို့မသတ်မှတ်ကြပေ ၊မိမိယုံကြည်ရာကြိုးစားလို့ အောင်မြင်ခဲ့ရင်အောင်မြင်တယ်လို့သတ်မှတ်ပါသည်၊
ဥပမာ ပိုက်ဆံနောက်လိုက်ရင်ပိုက်ဆံချမ်းသာမယ်၊ တချို့ကပိုက်ဆံထက် ဘာသာရေးဘက်လိုက်စားတာတို့ နိုင်ငံရေးဘက်လိုက်စားတာတို့ လူမူရေးဘက်လိုက်စားတာတို့အများကြီးရှိပါတယ်၊ပိုက်ဆံမချမ်းသာပေမဲ့ နိုင်ငံရေးဘက်မှာ လူမူရေးဘက်မှာအောင်မြင်နေတာတွေအများကြီးရှိပါတယ်၊နိုင်ငံရေးသမားကြီးဟံသာဝတီ ဦးဝင်းတင်ဆိုလျှင် အိုးပိုင်အိမ်ပိုင်နဲ့တောင်မနေနိုင်သွားရှာပါဘူး အရင်တုန်းက လျှမ်းလျှမ်းတောက်နံမယ်ကြီးခဲ့သော ရုပ်ရှင်မင်းသားဦးဝင်းဦး ဆိုလျှင်သေသွားသည့်တိုင်အကြွေးမကင်းသွားဘူးလို့ကြားဖူးပါသည်၊အထက်ပါပုဂ္ဂိုလ်ကြီးများကို ပိုက်ဆံမချမ်းသာသွားပေမဲ့ အောင်မြင်မူ့ပန်းတိုင်းမရောက်ခဲ့ဖူးလို့ပြောမရပေ။ ထိုကြောင့်မိမိသည်ဘာကိုအောင်မြင့်ခြင်တာလဲ ဘာကိုလုပ်နေတာလဲ လူတယောက်ကိုပိုက်ဆံမချမ်းသာတိုင်းမအောင်မြင်ဖူးလို့မတွေးထင်လိုက်ပါနဲ့ သူဖြစ်ချင်တဲ့ဆန္ဒဖြစ်ရလို့ ပျော်နေတဲ့ ပိုက်ဆံချမ်းသာတာကိုစွန့်လွှတ်ပြီးသာသနာ့ဘောင်ဝင်တဲ့ပုဂ္ဂိုလ်တွေ ကဗျာဆရာတွေ ပန်းချီဆရာတွေ မြောက်များစွာရှိနေပါတယ်၊
အဲ့ဒါကြောင့်အောင်မြင်ခြင်းဆိုသည်မှာ မိမိလုပ်ခြင်သောအလုပ်ကို စိတ်ချမ်းသာကိုယ်ချမ်းသာလုပ်ခွင့်ရလျှင်အောင်မြင်တယ်လို့ယူဆပြီး ပိုက်ဆံတော့ရှိပါရဲ့ မိမိမလုပ်ချင်သောအလုပ်ကိုလုပ်နေရလျှင်အောင်မြင်မှူ့ရောက်နေသည်ဟုပြော
လို့မရနိုင်ပေ ပိုက်ဆံလည်းမရှိ မိမိမလုပ်ခြင်သောအလုပ် လုပ်နေကြရသည့် အကျဉ်းသားများ ထောင်သားများဆိုလျှင်တော့ မွေးရာပါအောင်မြင်မှူ့ထက်တောင်နိမ့်ကျသွားတာဖြစ်တဲ့အေ ကြာင်းတင်ပြလိုက်ရပါသည်။
Post writer=@yuzana(shineshine)
MSC=146
အမှန်ပါ...အောင်မြင်မှုအစစ်အမှန်ပြောပြလို့ကျေးဇူးပါ...
Posted using Partiko Android
လူတယောက် ငွေကြေးပိုင်ဆိုင်တာကြည့်ပြီး အောင်မြင်တယ် မအောင်မြင်ဘူး သတ်မှတ်လို့မရသလို့ လူတယောက်ကို အစွန်းအစမရှိဘူးလို့လဲ သတ်မှတ်လို့မရပါဘူး
အောင်မြင်မှုဆိုတာ ငွေကြေးနဲ့တိုင်းတာလို့ ရတဲ့အရာမဟုတ်ပဲ ရာခိုင်နှုန်း အစိတ်အပိုင်း အသေးလေးတစ်ခုအနေနဲ့သာ ပါဝင်ကောင်းပါဝင်နိုင်တာပဲပေါ့။ပေးချင်တဲ့ massage လေး ကောင်းမွန်လှပါတယ်အစ်ကို။ဗဟုသုတဖြစ်စေပါတယ်ခင်ဗျာ။
ဟုပ်ပါတယ် တချို့က မိဘကပေးမဲ့ ငွေကြေးတွေစွတ်လွတ်ပြီး ဝါသနာပါရာ ဘာသာရေးသော်၎င်း စာရေးဆရာအဖြစ်သော်၎င်း ပန်းချီဆရာအဖြစ်သော်၎င်း ဝါသနာပါရာ အောင်မြင်အောင်လုပ်သွားကြပါတယ်
အောင်မြင်မှုဆိုတဲ့နေရာမှာ ကိုယ်တိုင်းတာတဲ့ စံနဲ့ ပြည့်ဝရင် အောင်မြင်မှု ရတယ်လို့ ဆိုနိုင်ပါတယ် ဥပမာ ပန်းချီဆရာ တစ်ယောက်ဟာ အကောင်းဆုံးပန်းချီကားတစ်ချပ်ကို ဖန်တီးနိုင်တယ်ဆိုရင် သူ့အတွက်က အောင်မြင်မှုပါဘဲ
Posted using Partiko Android
ကိုယ်ထားတဲ့ ပန်းတိုင်ရောက်ရင် အောင်မြင်တယ်လို့ ဆိုရမှာပေါ့နော်။
အောင်မြင်မူ့ ဆိုတာ ရဖို့ ကြိုးစားကြပါစို့ 😄
Posted using Partiko Android
You got a 100.00% upvote from @sleeplesswhale courtesy of @yuzana!