အီလက်​ထ​ရောနစ်​ကမ္ဘာအပိုင်​(၂)

in #myanmar6 years ago

လျပ်​စစ်​မှာ ဗို့အားကဲ့သို့အ​ရေးကြီး​သောအပိုင်းရှိပါ​သေးသည်​ ၊အဲ့ဒါက​တော့အထက်​က​ပြောခဲ့သလို အင်​ပီယာဆိုတဲ့လျှပ်​စစ်​အလုံးအထည်​ပါဘဲ ။လျှပ်​စစ်​သွယ်​တန်းထား​သောဝါယာကြိုးကြီးလျှင်​လျှပ်​စစ်​ထုထည်​ကြီးကြီးစီးဆင်းနိုင်​ပြီး သွယ်​တန်းထား​သောကြိုး​သေးလျှင်းလျှပ်​စစ်​ထုထည်​​သေး​သေးစီးဆင်းနိုင်​ပါသည်​။ အီလက်​ထ​ရောနစ်​ပစ္စည်းများ လျှပ်​စစ်​မီးသီးများတွင်​သူတို့အသုးံပြု​သောလျှပ်​စစ်​ထုထည်​ကို ဝပ်​များဖြင့်​​ဖော်​ပြကြပါသည်​ ၊ဝပ်​ကြီး​သောအီလက်​ထ​ရောနစ်​များသည်​ မီးအားစား၍ ဝပ်​​သေး​သောပစ္စည်းများသည်​မီးစားသက်​သာပါည်​။ ဥပမာ မီးလုံးတီဗွီတလုံးသည်​ ဝပ်​(60) ဝပ်​(70)စားပါသည်​ ​လေး​ပေမီး​ချောင်းချုပ်​သည်​ ဝပ်​(40)စားပါသည်​ ။ပျမ်းမျှအားဖြင့်​​ပြောပြခြင်းဖြစ်​ပါသည်​။ တခုနှင်​တခုမတူညီကြပါ
images (11).jpeg

တ​ဖြေး​ဖြေးနှင့်​လျှပ်​စစ်​စားသက်​သာ​အောင်​တီထွင်​လာကြပါသည်​။
ယခုဆိုလျှင်​ ကက်​သုပ်​Led မီးလုံး​သေး​သေး​လေး​တွေတွင်​ကြယ်​စွာသုံးလာခြင်းမှာ မီအားစားအလွန်​သက်​သာ​သော​ကြောင့်​ဖြစ်​ပါသည်​။ထမင်း​ပေါင်းအိုး မီး​ကြွေအိုး လျပ်​စစ်​မီးဖိုတို့မှာလျှပ်​စားအားအလွန်​စားပါသည်​ ဝပ်​ တ​ထောင်​ဝန်းကျင်​စားပါသည်​။ တခုနှင့်​တခု​တော့မတူ​ခြေ အီလထ​ရောနစ်​ပစ္စည်းများဝယ်​ယူလျှင်​ ​နောက်​မှာ​ရေးထား​သောဝပ်​အားကိုကြည့်​ခြင်းအားဖြင့်​မီးအားဘယ်​​လောက်စားသည်​ကို​ခန့်​မှန်းလို့ရပါသည်​။ထို​ကြောင့်​မီးအားအင်​ပီယာများများစား​သောပစ္စည်းများကိုကြိုးကြီးကြီးဖြင့်​သွယ်​တန်းရပြီး မီစားသက်​သာ​သောအီလက်​ထ​ရောနစ်​ပစ္စည်းများကိုမီးကြိုး​သေး​သေးနှင်​သွယ်​တန်း​ရပါသည်​။

811+I6HGTxL._SL1500_.jpg

လျှပ်​စစ်​မီးမရလို့ အင်​ဗာတာဘယ်​ထရီအိုးဖြင့်​သုံးလျှင်​ဝပ်​အားတွက်​ချက်​၍သုံးသင့်​ပါသည်​။ ဥပမာဝပ်​တ​ထောင်​အင်​ဗာတာသည်​ သူ့ရဲအထွက်​မှမီးအားသည်​ ဝပ်​နှစ်​ရာ့ငါးဆယ်​ သုံးရာ​လောက်​သာသုံးသင့်​ပါသည်​။ အဘယ်​​ကြောင့်​ဆို​သော်​ဝပ်​တ​ထောင်​အင်​ဗာတာမှာ ခု​ခေတ်​တွင်​ ဝပ်​တ​ထောင်​အပြည့်​ထုပ်​​ပေး​သောအင်​ဗာတာမှာမရှိသ​လောက်​ဖြစ်​သည်​ ဝပ်​တ​ထောင်​အပြည့်​သုံးလို့မရ​ခြေ ။တရုပ်​အင်​ဗာတာဆိုလျှင်​ပို၍​တောင်​ဆိုးပါသည်​ ပါဝါများဖြင့်​မထိုင်​ကြ​တော့ဘဲ fedတရန်​စစ္စတာများဖြင့်​ထိုင်​ထားသဖြင့်​အမှားအပြုသိပ်​မခံ​ခြေ ။ကျွန်​​တော်​က​တော့ဝပ်​တ​ထောင်​အင်​ဗာတာကို ဝပ်​ငါးရာသာခန့်​မှန်းပါသည်​။လူများတွင်​ပိသ်​သာချိန်​အစိတ်​ထမ်းနိုင်​​သောသူကို​ရေ​ရှည်​ပိသ်​သာချိန်​အစိတ်​ထမ်းခိုင်​ပါက အဲဒီလူကြာ​ရှေမထမ်းနိုင်​​ခြေ ပိသ်​သာချိန်​တဆယ်​သာထမ်းခိုင်းပါက​ပေါ့​ပေါ့ပါးပါးကြာရှည်​ထမ်းနိုင်​လိမ်​ည်​။ထို​ကြောင့်​ဝပ်​ငါးရာသာထွက်​​သောအင်​ပါတာကို ဝပ်​နှစ်​ရာ့ငါဆယ်​​လောက်​သာအသုံးပြုသင့်​ပါသည်​။ဒီထက်​များများအသုံးပြုပါက အင်​ဗာတာ​ရေရှည်​မခံသလို အင်​ဗာတာတွင်​တည်​​ဆောက်​ထား​သော fedများတ​ဖောင်း​ဖောင်း​လောင်​ကြွမ်းပါလိမ့်​မည်​။

download (4).jpeg

လျှပ်​စစ်​ဝါရာကြိုးများသွယ်​တန်း​သောအခါ မိမိအသုံးပြု​သောအီလက်​ထ​ရောနစ်​ပစ္စည်းများရဲ့ဝပ်​အားကို​ပေါင်း၍ ကျွမ်းကျင်​​သောပညာရှင်​မျာကဝါယာကြီုရဲ့ဂိတ်​အကြီးအ​သေးခွဲခြား၍ တွက်​ချက်​ပြီးလျှင်​ သွယ်​တန်းကြရ၏ အတွက်​အချက်​မှား၍ဂိတ်​အ​သေး ဝါယာကြိုးအ​သေးကိုသွယ်​တန်းမိလျှင်​အလွန်​အန္တရယ်​များ​ပါသည်​။ထို​ကြောင့်​မီးကြိုးသွယ်​တမ်း​သောအလုပ်​ကို လျှပ်​စစ်​ကျွမ်းကျင်​​လက်​မှတ်​ရရှိ​သောသူများသာလုပ်​ခွင့်​ရှိပါသည်​။ကျွန်​​တော်​တို့မှာမည်​မျှပင်​ကျွမ်းကျင်​​စေကာမူလုပ်​ပိုင်​ခွင့့်​မရှိသဖြင့်​ မလုပ်​ကိုင်​ပါ။ ဝမ်းနည်းစရာ​ကောင်းသည်​မှာ ကျွန်​​တော့အိမ်​အနီးမှ လျှပ်​စစ်​ကျွမ်းကျင်​လက်​မှတ်​ရှိ​သောလူတ​ယောက်​သည်​ ရပ်​ကွက်​ထဲမှ​နေ့စားလူငယ်​​တွေ​ခေါ်ယူ၍သွယ်​တန်းလုပ်​ကိုင်​​နေပါသည်​။ မိမိဦးစီး၍စနှစ်​တကျလုပ်​ကိုင်​၍မည်​သည့်​ပြသ်​သနာမျှမဖြစ်​​သော်​လည်း တခါတရံ နှစ်​​နေရာသုံး​နေရာလက်​ခံထားပြီး က​လေး​တွေကိုဘဲလွှတ်​ပြီခိုင်း​နေတာလဲ​တွေ့မြင်​​နေရပါသည်​။မိမိလုပ်​ကိုင်​ခဲ့​သောအိမ်​တခုခုဖြစ်​လျှင်​တာဝန်​ယူသည်​ဟုလဲတခါမျှမကြုံးဘူး​သေးပါ ။မည်​သူ့ကိုမျှထိခိုက်​​အောင်​ရည်​ရွယ်​ခြင်းမဟုပ်​ဘဲ အပြင်​မှာတကယ်​ဖြစ်​ပျက်​​နေတာကို​ရေးခြင်းဖြစ်​ပါသည်​။

1235227_508802732544598_1129859321_n.jpg

ကျွန်​​တော်​ မီးအားမြှင်​စက်​များကိုလဲကွိုင်​ပတ်​ပြုပြင်​ရသဖြင့်​ အိမ်​များသို့သွား​ရောက်​ဖြုတ်​ယူတဲ့အခါ အန္တရယ်​များ​သောတပ်​ဆင်​မှူများကို တပ်​ဆင်​ထားသည်​ကို သုံး​လေးအိမ်​မျှ​တွေ့ဖူးပါသည်​။ မီးအားမြှင့်​စစ်​ကို မီတာ​ဘောက်​မှအထွက်​တွင်​ တိုက်​ရိုက်​တပ်ပြီး မီးအားမြှင်​စက်​အထွက်​မှဒါးမိန်းခံ၍တအိမ်​လုံးသို့မီးအားသွယ်​တန်းထားပါသည်​။ အမှန်​မှာ မီတာ​ဘောက်​မှအထွက်​ဒါးမိန်းခံ၍ မီးအားမြှင့်​စက်​ကိုဝင်​ရမည်​ဖြစ်​သည်​ မီးအားမြှင်​စက်​မှမိန်​ခလုပ်​အ​သေးများဖြင့်​တအိမ်းလုံး​ပေးရမည်​ဖြစ်​ပါသည်​ သို့မှသာ မီးအားမြှင်​စက်​​လောင်​ကျွမ်းလျှင်​ ဒါးမိန်းကိုအ​ပြေးချလို့ရပါသည်​။ ဒီလိုမဟုပ်​ပါကမီတာ​ဘောက်​ကြိုးကို သစ်​သားလက်​ကိုင်​ပါ​သောဒါးနှင်​ခုပ်​ဖြတ်​ရမလိုဖြစ်​​နေပါသည်​။ဘယ်​သူတွေဆင်​​ပေးတာလဲ​မေး​တော့ရပ်​ကွက်​ထဲက လာလုပ်​​နေကြက​လေး​တွေဆင်​​ပေးတာဟု​ပြောပါသည်​။ဒီအတိုင်းဆိုအန္တရယ်​များ​ကြောင်း ကျွမ်းကျင်​​သောလျှပ်​စစ်​ဝမ်​ထမ်းများကိုပြန်​လည်​ဆင်​ခိုင်းဘို့ရှင်းပြ​ပေးရပါသည်​။

download (5).jpeg

တချို့ဆိုလျှင်​အတွင်းမှာ​ရှော့တခုခုဖြစ်​လျှင်​​တောင်​တပ်​ဆင်​ထား​သောဖြူးမှာအင်​ပီယာကြီးသဖြင့်​ ဖြူးမပြတ်​ဘဲ သွယ်​တန်းထား​သောကြိုးများအရည်​​ပျော်​​နေတာလဲကြုံဖူး၏။ မည်​သူကိုထိခိုက်​​စေရန်​ရည်​ရွယ်​​ရေးခြင်းမဟုပ်​ဘဲ ဝါယာ​ရှော့​ကြောင့်​မီးအန္တရယ်​အဖြစ်​များသဖြင့်​​ရေးပြရချင်းဖြစ်​ပါသည်​။မိမိအသုံးပြု​သောလျှပ်​စစ်​များတခုခုဖြစ်​လျှင်​ ကျွမ်းကျင်​​သောပညာရှင်​များကိုသာပြုလုပ်​ခိုင်းခြင်းသည်​အ​ကောင်းဆုံးဖြစ်​ပါ​ကြောင်း​ရေးသားလိုက်​ရပါသည်​။

Post writer=@yuzana(shineshine)
Photo=google
MSC=146

Sort:  

လျှပ်စစ်ကတော့ ထိကိုမထိဘူး ကြောက်လို့လေ တစ်ခုခုဆို Main ပြေးချမယ် အာ့ဒါပဲ အသေမှတ်ထားတယ်😊

ဆန်တစ်​အိတ်​နိုင်​တဲ့သူကို နှစ်​အိတ်​သွားထမ်းခိုင်းရင်​​တော့ ခဏ​တော့နိုင်​​ကောင်းနိုင်​လိမ့်​မယ်​ ​နောက်​ကျ လဲကျသွားမှာ​ပေါ့..​နော့။

မှန်​ပါတယ်​ဆရာ

လျှပ်စစ်ကတော့ ကြောက်တယ်အစ်ကိုရေ ခုလိုပြောပြပေးလို့ကျေးဇူးပါ

အခုလို​ခေတ်​ကြီးထဲမှာ သိထားသင့်​တဲ့ပိုစ့်​တစ်​ခုပါ

အကြမ်းဖြင်း​လောက်​​ရေးနိုင်​တာပါ ဝပ်​​တွေ တွက်​တာ
ဂိပ်​အရွယ်​အစား​တွေတွက်​တာ ​ရေးမပြနိုင်​​တော့ဘူး
စာ​မေးပွဲ​ဖြေမှာမဟုပ်​တဲ့အတွက်​ ဗုဟုသုတ​လောက်​ပါ့

ခုလို​ပြောပြ​တော့လျှပ်​စစ်​အန္တရာယ်​ကာကွယ်​နိုင်​ပါတယ်​...၀ါယာ​ရှော့ဖြစ်​ပြီးမီး​လောင်​တာ​တွေကမကြာခဏကြားရလို့ပါ....

ကျွမ်းကျင်​တဲ့သူ​တွေနဲ့လုပ်​သင့်​ပါတယ်

ျမ်းကျင်တဲ့သူတွေကို ခေါ်ခိုင်းတာ အကောင်းဆုံးပဲနော့ 😊😊

ဟုတယ်​ ဖြစ်​လို​က်​ရင်​ ​ဖြေ​ဆေးရှိဘူး​နော့

အကိုညေးလာပီဟိုတလောကမလာဖြစ်တာသည်းခံပေးပါအကို

ရပါတယ်​ဗျာ ကျွန်​​တော်​တို့ကအ​ရေး မကြီးပါဘူး

ပညာရတဲ့စာပေလေးဖြစ်သောကြောင့်အရမ်းကြိုက်ပါတယ်

ကျေးဇူးပါဗျာ

အကိုပြောပြလို့ လျှပ်စစ်ကို ပိုပြီးသုံးတတ်လာပါတယ်ဗျ

အီလက်​ထ​ရောနစ်​အ​​ကြောင်း​ရေးမှာဆို​တော့ လျှပ်​စစ်​အ ​ကြောင်းနဲနဲပါး​ပါး​ရေး​ပေးရတာပါ့

ဝါယာ​ရှော့ကလဲ အန္တရယ်​များတယ်​ မလုပ်​တက်​ရင်​ မလုပ်​တာအ​ကောင်းဆုံးဘဲ သိတဲ့လူ​တွေနဲ့လုပ်​ရင်​​တော့အန္တရာယ်​ကင်းတာ​ပေါ့

ဟုပ်တယ်​သုံးတပ်​ရင်​အကျိုးအမြတ်​ ကအတိုင်းအဆမရှိဘူး
မသုံတပ်​ရင်​​တော့ဆိုးကျိုး​တွေဖြစ်​တယ်

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.031
BTC 67241.02
ETH 3727.25
USDT 1.00
SBD 3.77