ဝါဆိုလ

in #myanmar6 years ago

ဝါဆိုလ

ဝါဆိုလသည်​ ကျွန်​​တော်​တှိ့ဗုဒ္ဓဘာသာဝင်​များအတွက်​ အလွန်​တရာထူးမြတ်​လှ​သောလတလဖြစ်​​ပေသည်​ ။အဘယ်​​ကြောင့်​ဆို​သော်​ ဘုရား​လောင်း မိခင်​မယ်​​တော်​မာယာ၏ဝမ်းကြာတိုက်​အတွင်းပဋိသ​န္ဓေစ တည်​​သော​နေ့ ။သိဒ္ဓတ္ထမင်းသား နမိတ်​ကြီး​လေးပါးကို မြင်​​ရောင်​ပြီး သံ​ဝေဂရ​တောထွက်​​တော်​မူ​သော​နေ့ ။ဘုရားအဖြစ်​သို့​ရောက်​ရှိပြီး ပဉ္စဝဂ္ဂီငါးဦးကို ဓမ္မစင်္ကြာတရားဦး​ဟော​သော​နေ့။ ဒိတ္ထိတသင်းကိုနှိမ်​နင်းပြီး တန်​ခိုးပြဋိကာ ပြ​တော်​မူ​သော​နေ့ စသည့်​ထူးခြား​သော​နေ့များသည်​ဝါဆိုလပြည့်​​နေ့တွင်​တထပ်​ထဲကျ​နေ​သဖြင့်​ကျွန်​​တော်​တို့ဗုဒ္ဓဘာသာဝင်​များအ​နေဖြင့်​အလွန်​တရာထူးမြတ်​လှ​သော​နေ့တ​နေ့ဖြစ်​​လေသည်​။

FB_IMG_1532732025809.jpg

https://goo.gl/images/81YaiU

ထို့​ကြောင့်​ "သ​န္ဓေ၊​ တောထွက်​၊ ဓမ္မစက်​၊ တချက်​ပြဋီကာ" ဟု စာဆို​လေးကိုမှတ်​သားရပါသည်​။ ​ရှေးယခင်​ ပုဂံ​ခေတ်​ကကမ္ဗည်းများ​ရေးထိုး၍သက္ကရာဇ်​များ​ဖော်​ပြရာတွင်​ ဝါတွင်းသုံးလကို လနံမည်​​တွေကိုမသုံးဘဲ ဝါဝင်​ ဝါလယ်​ ဝါကုန်​ချိန်​ဟု​ဖော်​ပြကြ​လေ့ရှိကြပါသည်​။ ဝါတွင်းသုံးလအတွင်း ရဟန်းသံဃာများ ညအိပ်​ည​နေခရီးမထွက်​ဘဲ မိမိ​သီတင်းသုံးရာ​ကျောင်းတွင်​သာသီတင်းသုံး​နေ​တော်​မူရသဖြင့်​ ရဟန်းသံဃာများအတွက်​လိုအပ်​​သော သင်္ကန်း ကွမ်း ​ဆေး အစရှိသည့်​ရဟန်းသံဃာသုံးပစ္စည်းများကို ဝါဆိုလပြည့်​​နေ့တွင်​လှူဒါန်းကြ​လေသည်​။

1069815_187475811420884_868807652_n.jpg

https://goo.gl/images/Rxcwqz

ထို​ကြောင့့်​ဝါဆိုသင်္ကန်းကပ်​ပွဲများကျင်းပကြ​လေသည်​။
ဝါဆိုလပြည့်​​နေ့သည်​​နေထူး​နေ့မြတ်​ဖြစ်​သဖြင့်​ မိဘ အဖိုးအဖွား သက်​ကြီးရွယ်​အို ဆရာ ဆရာသမားများအား အဲ့ဒီဝါဆို​လပြည့်​နေ့ရဲ့​နောက်​တရက်​ ဝါဆိုလပြည့်​​ကျော်​တရက်​​နေ့မှာ ​လှည့်​လည်​က​န်​တော့​ကောင်းမူကုသိုလ်​ပြုလုပ်​ကြ​လေသည်​။ ထို​ကြောင့်​ဝါဆိုလကို ကျွန်​​တော်​တို့ဗုဒ္ဓဘာသာဝင်​များမှ​လထူး​လမြတ်​အဖြစ်​သတ်​မှတ်​ကြ​လေသည်​။

Screenshot_20180319_085300.png

https://goo.gl/images/WjT1vh

ဝါဆိုလသည်​တောင်​သူလယ်​သမားများအလွန်​တရာအလုပ်​ရှူပ်​​သောလဖြစ်​​လေသည်​။ ​ကောင်းကင်​ယံအရပ်​ရှစ်​မျက်​နာမှာ မိုးများညို့မှိုင်းအုံ့ဆိုင်း​နေပြီး ပျိုးကြဲ ပျိုးနှူပ်​ ​ကောက်​စိုက်​ကြရ​သောလလည်း​ဖြစ်​​ပေသည်​။

Post writer=@yuzana(shineshine)
MSC=146

Sort:  

လမြတ်ဝါဆို

ဆက်​ဦး​လေ ဥဥ

ဝါဆိုလအတွက် ထူးခြားချက်လေးတွေကို ရေးသားပေးထားတာ ဗဟုသုတရပါတယ်အစ်ကို။ဗုဒ္ဓဘာသာဝင်များအတွက် ထူးမြတ်သောလတစ်လ ဖြစ်ပါတယ်ခင်ဗျာ။

ဖတ်​​ပေးလို့ ​ကျေးဇူးပါ

အခုများ ဝါဆိုရောက်နေသလားတောင် ထင်မိသွားတယ်

ဟုပါ့ပုံ​လေး​တွေကြည့်​ပြီး

You got a 33.33% upvote from @sleeplesswhale courtesy of @yuzana!

ဝါဆို တော့မလားထင်ရတယ်

This post has received a 12.13% upvote from thanks to: @yuzana.
For more information, click here!!!!
Send minimum 0.010 SBD|STEEM to bid for votes.


Do you know, you can also earn daily passive income simply by delegating your Steem Power to @minnowhelper by clicking following links: 10SP, 100SP, 500SP, 1000SP or Another amount

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.026
BTC 56443.25
ETH 2493.88
USDT 1.00
SBD 2.23