ဖိုးသမားဘဝ​တော့ ကျွန်​​တော်​လည်းအ​ရောက်​မခံပါ

in #myanmar6 years ago

ဖိုးသမားဘဝ​တော့ ကျွန်​​တော်​လည်းအ​ရောက်​မခံပါ


ဒေးဗစ်​မူးယစ်​​ဆေးစွဲ​နေတာကို ကျင်​​ခေါင်းမှကျွန်​​တော်​တို့အား​ပြောပြ​သောအခါ လွန်​စွာစိတ်​မ​ကောင်းဖြစ်​မိ၏ ။အတူတူထွက်​လာ​သောသူငယ်​ချင်းသုံး​ယောက်​သူ့တ​ယောက်​ထဲကို စီးကမ်းအရ ထုပ်​ပြစ်​ရင်​သူ့မှာအသိမရှိ ​ဆေးစွဲတဲ့လူတ​ယောက်​ကို ဘယ်​ကျင်းမှလည်းလက်​ခံမည်​မဟုပ်​​ပေ။ ​နောက်​ပြီးက​လေးမြို့ကသူ့မိဘမျက်​နာများကရှိ​သေးသည်​။ အတူထွက်​လာပြီး တ​ယောက်​တကွဲဖြစ်​သွားလျှင်​လည်းမ​ကောင်း​ပေ။

heroin.jpg

ထို​ကြောင့်​ သူကိုမ​ပြောပါနဲ့အုံးကျွန်​​တော်​တို့စီစဉ်​ပါမယ်​ဆိုပြီးကျင်း​ခေါင်းကို​ပြောထားရ​လေသည်​။ ​နောက်​ရက်​​တွေကြ ကျွန်​​တော်​နှင့်​​မောင်​​ကျော်​ ​ခေါင်းခြင်းဆိုင်​တိုင်​ပင်​ရ​လေသည်​။ သူ့ကိုပြန်​လွှတ်​မှဖြစ်​မည်​ ပြန်​မလွှတ်​လို့မရ ဒီအတိုင်းလည်းပြန်​မှာမဟုပ်​ ​နောက်​ဆုံး​တော့ သူ့အိပ်​ကစာ​ပေးလိုက်​တဲ့ပုံစံမျိုးလုပ်​ရ​လေ​တော့သည်​။ ​ဒေးဗစ်​မင့်​အ​ဖေ အသဲအသန်​ဖြစ်​​နေသည်​ မင့်​အ​ဖေရန်​ကုန်​သွား​ဆေးကုသရမှာမို့ မင်းညီမ လူနာ​စောင့်​လိုက်​သွားရလိမ့်​မည်​ အိမ်​မှာမည်​သူမှမရှိမင့်း​အ​မေတ​ယောက်​ထဲမို့အမြန်​ပြန်​လာပါ ။မင့်​အ​ဖေရဲ့အသက်​ကိုလည်းမှီခြင်​ရင်​အမြန်​ပြန်​လာပါဟု စာ​ရေးပြီး ကွမ်းခြင်းသယ်​တဲ့စက်​​လှေသမားဆီကစာလာတဲ့ပုံစံဖန်​တီးရ​လေသည်​။ ကျွန်​​တော်​တို့ကလည်ုးပြန်​သင့်​​ကြောင်းတိုက်​တွန်းရ​လေ​သည်​။ သူသည်​စာဖတ်​ပြီး​မျက်​ရည်​ဝဲ​​ငေးနေတာကိုမြင်​ရ​သောအခါ ကျွန်​​တော်​တို့က ဘာလည်းမင်းမပြန်​ခြင်​ဘူးလားလို့​မေး​တော့ပြန်​ချင်​တာ​ပေါ့ကွာ ဒါ​ပေမဲ့ ဆိုပြီး​ပြော​တော့ သိပါတယ်​ကွာမပူပါနဲ့ လမ်းစရိပ်​မရှိလို့မဟုပ်​လား ဒိုနှစ်​​ယောက်​​ပေါင်းလိုက်​ရင်​မင့်​လမ်းစရိပ်​လုံ​လောက်​ပါတယ်​လို့​ကျွန်​​တော်​က​ပြောလိုက်​ပါသည်​။ ​နောက်​အခက်​အခဲတခုကိုလည်းကျင်း​ခေါင်းကသိသဖြင့်​ ​ဆေးအတွက်​လဲမပူနဲ့ လမ်း​မှာ နှစ်​ညအိပ်​သုံးရက်​စာဘိန်းမဲ​လေးယူသွားလိုက်​ အဲ့ဒါဆို ယင်းထတာ​ပြောက်​တယ်​ ။ဟို​ရောက်​မှ ဟိုကိစ္စမင့်း​ဘာသာရှင်း​ပေါ့ ဆို​တော့ သူအ​တော်​ဝမ်းသာသွာ​လေသည်​ ။

1149066_191418347694626_1428013628_n.jpg

ထို​နောက်​​ နောက်​ရက်​တွင်​ သူ့အတွက်​လမ်းစရိပ်​ ရိက္ခာ အပြည့်​အစုံထည့်​ပြီး ခန္တီးသို့လူကြုံနှင့်​ ထည့်​​ပေးလိုက်​ရ​လေသည်​။ သူ့လိုက်​ပို့​ပေးနူပ်​ဆက်​​တော့ ကိုယ်​​တော်​​ချောက သူအတွက်​စီးကရက်​တဘူးဝယ်​​ပေးအုံးဆိုလို့ 555 ​ဆေးလိပ်​တဘူးဝယ်​​ပေးလိုက်​ရ​လေသည်​။မတပ်​နိုင်​သူပြန်​သွားတာကို ကျွန်​​တော်​တို့ဝမ်းသာမိ​လေသည်​။ ​နောင်​တချိန်​ ကျွန်​​တော်​တို့က​လေးမြို့ပြန်​​ရောက်​တဲ့အခါ သူ့ ကို​မေးကြည့်​​တော့ မင့်​အ​ကောင်​​ကျောက်​တွင်းကပြန်​လာပြီး ဖိုးစွဲ​သေ သွားပြီဟုသူငယ်​ချင်းများက​ပြောပြ​လေသည်​။

Post writer=@yuzana(shineshine)
MSC=146

Sort:  

ကူညီပေးလိုက်တာကို ချောက်ထဲပဲဆက်ဆင်းသွားသူ

ဟုပ်​ပါ့ဗျာ

အလုပ်​လုပ်​ဖို့လာတာ​ဆေးစွဲပြီးဘ၀ဆုံးသွားရတာ....

Posted using Partiko Android

အများကြီးဘဲ အဲ့ဒီ​ဒေသမှာ

ဘိမ်းစားတွေက သေရင်တောင် အပ်တန်းလန်းနဲ့ ဆေးပျက်သွားသူရှားပါတယ်

ကျောက်​စိမ်း​မှော်​ ဘက်​လွှတ်​​ပေါ့ပါ့ ဖိုးသမား​တွေ

အယ် အိမ်ပြန်ရောက်သွားတာတောင် သေတာဘဲလားကွယ် ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

You got a 20.00% upvote from @sleeplesswhale courtesy of @yuzana!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63626.66
ETH 2640.26
USDT 1.00
SBD 2.75