ကျွန်​​တော့ငယ်​ဘဝအ​ကြောင်း (၆)

in #myanmar6 years ago

ကျွန်​​တော့ငယ်​ဘဝအ​ကြောင်း (၆)

ကျွန်​​တော်​အိမ်​​ပေါ်​ရောက်​​တော့ မိန်​မကြီးတ​ယောက်​ကအ​ပြေးလာဖက်​ပြီး ငါ့သား​လေးငါ့သား​လေး ဆိုပြီးငိုပါ​တော့တယ်​၊​နောက်​တ​ယောက်​​နောက်​တ​ယောက်​နဲ့ လာပြီးကျွန်​​တော့ကိုဖက်​ငို​တော့ကျွန်​​တော်​လဲလန့့်​သွားတယ်​၊ ကျန်​တဲ့တရားနာမည့်​သူ​တွေကြည့်​​တော့လဲ မင်​သက်​မိ​နေသလို့ အံသြတကြီးဖြစ်​​နေကြတယ်​၊ကျွန်​​တော့မှာဘုမသိ ဘမသိနဲ့ ကိုယ့်​ဘုန်းကြီးကိုအားကိုးတကြီးလှမ်းကြည့်​မိလိုက်​​တော့၊ဘုန်းကြီးကသီလယူဘို့ ဘုရားက​တော့ကြမယ်​လို့ နိဗ္ဗာန်​​ဆော်​ကို​ပြောလိုက်​မှ နိဗ္ဗာန်​​ဆော်​က ကဲကဲ ကြည်​​ဌေးပြီး​တောမှဟိုဟာဖြစ်​ကြ တရားနာဘို့ က​တော့ကြမယ်​​ပြောမှအားလုံးငြိမ်​သွားကြတယ်​၊

national-races-village.jpg

နောက်​ပိုင်းမှသိရသည်​မှာ ​သေသွား​သောသူတို့ရဲက​လေးက ကျွန်​​တော်​နှင့်​ချွတ်​စွတ်​ကိုတူ​နေတယ်​လို့သူတို့​ပြောမှကျွန်​​တော့မှာ တအားအံသြသွားရပါသည်​၊လူကြီး​တွေတရားနာ​နေစဉ်​၊ကျွန်​​တော့ထက်​​လေးငါးနှစ်​ခန့်​ကြီး​သောအမတ​ယောက်​ကအနားလာလက်​တို့ပြီးအိမ်​​အောက်​ကိုသွားရ​အောင်​ဟု​ခေါ်သဖြင့်​ကျွန်​​တော်​လဲအိမ်​​အောက်​ကိုလိုက်​သွားပါသည်​၊

images (36).jpeg

အိမ်​​အောက်​မှာချက်​ကြပြုတ်​ကြတဲ့သူလေးငါး​ယောက်​ခန့်
မီဖို​ဘေး​လေး​တွေမှာ​ရှိပါသည်​၊ကျွန်​​တော်​အိမ်​​အောက်​​ရောက်​​တော့သူတို့လည်း ကျွန်​​တော့အနားစုလာပြီး စားစရာ​သောက်​စရာ​တွေချ​ပေးပြီးကျွန်​​တော့ကိုအစားခိုင်း၊ ​မေးလိုက်​တဲ့​မေးခွန်း​တွေကလဲ မင်းကဘယ်​ကလဲ၊ဒီကိုဘယ်​တုန်း​ကရောက်​တာလဲ ၊ဘယ်​မြို့ဘယ်​ရွာကလဲ စုံလို့ မိဘနာမည်​​တွေ​ရော​မွေးချင်း​တွေ​ရော အစုံပါဘဲ၊ ဦး​လေးကြီးတ​ယောက်​ကအ​တော်​ကိုတူတာ​ကွယ်​၊အရွယ်​​ရော ကိုယ်​လုံးကိုယ်​​ပေါက်​​ရော အသားအရည်​​ရော ပါးချိုင့်​နှစ်​ဖက်​စလုံးမှာပါတာ​တွေ​ရော အံသြသွားပြီ​ကွယ်​တဲ့၊

_MG_9009-M.jpg

ဒီလိုနဲ့တရားနာပြီး​တော့ ဟိုက​လေး​ရောလို့​မေးသံကြာရပါသည်​၊ဒကာကြီးတ​ယောက်​က အရှင်းဘုရား​ရေ့​​သေသွားတဲ့က​လေးက ဒီက​လေးနဲ့ချွတ်​စွတ်​တူ​နေတာဘုရားလို့​လျှောက်​လိုက်​​တော့ ​ဟေ..ဟုပ်​လားဆိုပြီး၊​နောက်​​တော့ မကြည်​​ဌေးက က​လေးကိုခနထားခဲ့ပါဘုရား ပြီး​တော့တပည့်​​တော်​တို့​ကျောင်းလာပို့ပါ့မယ်​ဘုရားလို့​လျှောက်​​တော့ ဘုန်းကြီးက ချာတိပ်​ဒီမှာခန​နေခဲ့လိုက်​ ပြီးရင်​ဒီကအ​ဒေါ်​တွေ​ကျောင်းလာပို့လိမ့်​လို့​ပြော​တော့ ကျွန်​​တော်​လဲ တင်​ပါ့ဘုရားလို့​လျှောက်​အပြီးဘုန်းကြီးလဲ ​ကျောင်းပြန်​ကြွသွားပါသည်​၊

8.JPG

ဒေါကြည်​​ဌေးတို့ညီအမသုံးဦးသည်​ မိန်းမ​တွေလဲဖြစ်​အပျို ကြီး​တွေလဲဖြစ်​ အဲ့ဒီ​ဒေသသည်​ နတ်​တို့ပ​ယောဂတို့ ​ဗေဒင်​တို့အ​တော်​များများယုံ​သော​ဒေသဖြစ်​သဖြင့်​ သူတို့ ကလေးဆုံးပြီးနတ်​က​တော်​​တွေ ​ဗေဒင်​ဆရာ​တွေဆီးသွား​မေးသည်​ဟုသိရ​လေသည်​၊ အမှန်​က​တော့​သေသွားတဲ့က​လေးကိုချစ်​လွန်းအားကြီးပြီးသူတို့က​လေးဘယ်​ဘဝ​ရောက်​​နေလဲ​မေးကြတဲ့သ​ဘောဖြစ်​မည်​ထင်​ပါသည်​၊နတ်​က​တော်​က နင်​တို့က​လေးနဲ့တူတဲ့က​လေး ခုနှစ်​ရက်​မပြည့်​ခင်​ အိမ်​​ပေါ်တက်​လာလိမ့်​မည်​​ဟောသဖြင့်​နတ်​က​တော်​​တောင်​အ​တော်​​လေးက​တော့​ကြေးရသည်​ဟုကြားသိရပါသည်၊
ဆက်​ရန်​....

Post writer=@yuzana(shineshine)
MSC=146

Sort:  

စိတ်ဝင်စားဖို့ကောင်းလိုက်တာ

ကျ​နော့အတွက်​က​တော့ထူးဆန်း​နေတယ်​ဗျာ့

လူတူမရှား နမည်တူမရှာပါဘဲအကိုရေ

Posted using Partiko Android

ဟုပ်​ပါတယ်​ ဆရာ​အေး​ရေ့

တယ်‌ထူးဆန်းစရာပါလား။ စိတ်‌ဝင်‌စားလို့‌စောင့်‌‌မျှော်‌‌နေပါတယ်‌ဦးယု။

ကျန်​တဲ့သူ​တော့မသိဘူးဗျာ့ ကျုပ်​​တော့ထူးဆန်း​နေတာဘဲ

ခုကျရော😁😁

Posted using Partiko Android

ငှင့်​ ​သေတဲ့သူက ရှိ​တော့ဘူး​လေ

သေတဲ့သူနဲ့မှ တူ​နေရသလား ကိုယုရယ်​ 😊

Posted using Partiko Android

ဟုပ်​ပါ့ဗျာ

😁😁

Posted using Partiko Android

ဒီလိုရုတ်​တရက်​အံ့သြပြီး​ပြေးလာကြတာ​တော်​​တော်​တူတာ​နေမယ်​...
စိတ်​၀င်​စားစရာမို့ဆက်​ရန်​​မျှော်​​နေမယ်​....

Posted using Partiko Android

ငါလဲ ​သေတဲ့က​လေးမမြင်​လိုက်

ဘဘယုအဖေမေးကြည့်ပါလား အမွှာတွေလားလို့ ☺

လူဝင်စားများလား ဒါမှမဟုတ် အမြွှာတွေများလားနော်

လူချင်းတူနေတာကိုး

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62345.27
ETH 2427.57
USDT 1.00
SBD 2.49