မြန်​မာ့ရုပ်​ရှင်

in #myanmar6 years ago

ကျွန်​​တော်​အကယ်​ဒမီ​ပေးပွဲကိုကြည့်​​နေစဉ်​ ဘဘဘိုက​လေးတင့်အောင်​ကိုမြင်​​တော့ ဟို အရင်​ငယ်​ငယ်​တုန်းကကြည့်​ခဲ့ဖူးတဲ့ရုပ်​ရှင်​ဇတ်​ကားများကို​ပြေး၍သတိယမိပါသည်​ မြန်​မာရုပ်​ရှင်​​လောကကို ​ပေါကားမျာလို့တချို့ကသမုတ်​ကြပါသည်​ ။ပြောတဲ့သူများကိုအပြစ်​မတင်​သလို၊ ရိုက်​တဲ့သူများကိုလဲ အပြစ်​မတင်​ချင်​ပါ ၊အဘယ့်​​ကြောင့်​ဆို​သော်​ မြန်​မာနိုင်​ငံကစီးပွား​ရေးအ​ခြေအ​နေမ​ကောင်း​တော့ရုပ်​ရှင်​သမား​တွေလဲ အလွယ်​လမ်း​ငွေရပြီး​ရော့​ပေါ့​ပေါ့တန်​တန်​ရိုက်​ကြ​တော့တာ​ပေါ့၊တနည်းအားဖြင့်​​ပြောရရင်​အမြင်​ကျဉ်းတဲ့သဘောပါ၊မည်​သည့်​ထုပ်​ကုန်​ပစ္စည်းမဆို​ဈေးကွက်​ကျယ်​ကျယ်​ပြန့်​ပြန့်​ရ​လေ​ရောင်းအား​ကောင်း​လေ​ရောင်းအား​ကောင်း​တော့ပိုပြီး​ငွေရ ပိုပြီး​ငွေရ​တော့ပိုပြီးဇာတ်​ကား​ကောင်းရိုက်​နိုင်​တဲ့ပုံစံနဲ့သွားရမှာ​လေ၊ခုရိုက်​​နေကြတဲ့ပုံစံက ဆူလွယ်​နပ်​လွယ်​ ကိုယ့်​နိုင်​ငံတခုထဲ​လောက်​ပဲအာရုံစိုက်​ဟာသ​ပေါ​ကြောင်​​​ကြောင်​ကား​တွေကများ​နေပါသည်​၊

Screenshot_20180324_195710.png

၊တချို့က​ပြောကြပါသည်​၊ကင်​မရာကအိုး​မော်​ဒယ်​မလို့ ၊တည်းဖြတ်​စက်​ကဘာဖြစ်​လို့စသည်​ဖြင့်​လွှဲချကြပါသည်​၊
ဟိုအရင်​အချိန်​တုန်းကစက်​​တွေထက်​ခုစက်​​တွေကသာပြီးနည်းပညာ​တွေလဲသာရဲသားနဲ့ ဇတ်​လမ်း​ရောဇာတ်​အိမ်​​ရောသရုပ်​​ဆောင်​​တွေ​ရော တခြားနိုင်​ငံကိုမမှီခြင်​​နေပါ ဘာဖြစ်​လို့အရင်​တုန်းကမြန်​မာဇတ်​ကားကိုမမှီရပါသလဲ၊ဒါဟာစဉ်းစားစရာအချက်​ပါအရင်​​ခေတ်​က အဲ့ဒီလို့မဟုပ်​ပါ ရုပ်​ရှင်​အနုပညာကို တကယ်​တန်​ဖိုးထားလို့အရှူံးအမြတ်​သိပ်​​ပြီးမတွက်ကြဘဲရိုက်နေရရင်ကိုပျော်နေကြသလိုပါဘဲ။

images (3).jpeg

တေးဂီတဘက်​မှာဆိုရင်​လဲဘဲ ဘိုဘိုဟန်​တို့စိန်​ဝင်းထွန်းတို့ဆိုရင်​ ကိုယ်​ဆိုတဲ့သီချင်း​ခွေကို ကိုယ်​တိုင်​လွယ်​အိပ်​တလုံးနဲ့မြိုထဲလက်​ဖက်​ရည်​ဆိုင်​များကိုလှည့်​လည်​ပြီး​ရောင်းချကြတယ်​လို့ကြားခဲ့ဖူးပါသည်​၊အနုပညာသမားအချင်းချင်းလဲချစ်​ခင်​ကြပါသည်​ ဘာမူပိုင်​မှမရှိ တ​ယောက်​နဲ့တ​ယောက်​အပြန်​အလှန်​ဆိုးသွားတာ​လေး​တွေဟာအလွန်​ချစ်​စရာ​ကောင်းပါသည်​၊ဥပမာ နွဲယဉ်​ဝင်းကပုဆိုးနဲတိုက်​ပုံဝတ်​ခဲ့ပါဆို​တော့ စိုင်းဆိုင်​​မောဝ်​ကရှမ်း​ဘောင်းဘီနဲ့ရှမ်းတိုက်​ပုံဝတ်​ခဲ့မယ်​တဲ့၊
ချို့ပြုံးက​မောင်းဘဦးဆိုတဲ့သီချင်းကိုဆိုပြီးသူငယ်​ချင်းကိုသတိယ​ကြောင်းဆို​တော့ကံ​ကော်​​တောမျိုး​အောင်​ကအလိုက်​သင့်​​မောင်​ဘဦးဆိုပြီးပြန်​​ချေပတာ​လေး​တွေ၊ အဆို​တော်​မင်း​အောင်​က မလွမ်းပိုမငိုပါနဲ့တဲ့ အဆို​တော်​မိုင်​က​မောင်​ရှိရင်​မငိုပါဘူးတဲ့သိပ်​ပြီးချစ်​စရာ​ကောင်းတဲ့သီချင်း​လေး​တွေ​ပေါ့ဗျာ။
ခု​တော့ဗျာ တ​ယောက်​နဲ့တ​ယောက်​ကစည်းလုံးမူနားလည်​မူမရှိကြ​တော့ဘူးဗျ၊ကြားလိုက်​ပါတယ်​ ဗိုလ်​​အောင်​ဒင်​နံမယ်​ယူပြီးသီချင်းဆိုမိလို့
သဟာ​အောင်​မှာ​တောင်းပန်​ရလိုက်​သည်​တဲ့ မည်​သူ့ကိုမှတိုက်​ခိုက်​ခြင်းမဟုပ်​ဘဲစည်းလုံးမူမရှိတာကို
ဝမ်းနည်းမိရုံသက်​သက်​ပါဗျာ။
hqdefault.jpg

၊နံမယ်​ကြီးမင်းသားမသိသူမရှိ မင်းသားကြီးဦးဝင်းဦးဆိုလျှင်​လည်း​သေတာသွားသည်​အ​ကြွေးမကင်းဘူးးဟုကြားခဲ့ဘူးပါသည်​၊တကယ်​ပင်​အနုပညာကိုချစ်​မြတ်​နိုးသူများဖြစ်​ကြပါသည်​၊
ကျွန်​​တော်​ငယ်​ငယ်​က ကျွန်​​တော်​တို့ရွာလယ်​ကွင်းပြင်​မှာလယ်​ရိပ်​ပြီးချိန်​ ရိုးပြတ်​​တောထဲမှာယာယီထရံကာရုံ​ဆောက်​ပြီး မြို့​ပေါ်မှရုပ်​ရှင်​ပြစက်​နဲ့ကျွန်​​တော်​တိုဆီမှာ နှစ်​တိုင်းတ​နွေလုံးလာ​ရောက်​ပြသပါသည်​။သုံး​လေးရက်​ပြလိုက်​သုံး​လေးရက်​နားလိုက်​တညကိုမိုးလင်းသုံးကားပြပါသည်​ကျွန်​​တော်​လည်းက​လေးအရွယ်​ဆို​တော့ ပိုက်​ဆံမ​ပေးရသဖြင့်​ညတိုင်းကြည့်​မိပါသည်​။နေလည်​အားရင်​ကျွန်​​တော်​တို့က​လေးတသိုက်​ရုပ်​ရှင်​ပြစက်​ကိုင်​​သောသူများမှဇတ်​ကားအပြတ်​ဖလင်​များကိုဆက်​တာဝိုင်းဖွဲ့၍ထိုင်​ကြည့်​ရင်းကူလုပ်​စရာရှိတာကူလုပ်​​ပေးပါသည်​၊ ကျွန်​​တော်​တို့ကသူတို့မလို​သောဖလင်​အပြတ်​များ​ဆော့ဖို့ရရှိပါသည်​၊မြန်​မာ့ရုပ်​ရှင်​သမိုင်း​ကြောင်းကို​ပြောရရင်​​တော့ ချန်​ထားလို့မရတဲ့မင်းသားကြီးရှိပါတယ်​ ၊အဲဒီမင်းသားက​တော့ ​ဦး​ကျော်​ဟိန်းဘဲ ဖြစ်​ပါတယ်

Screenshot_20180315_194057.png

၊အမှန်​​ပြောရရင်​အရင်​​ခေတ်​အချိန်​ကလူကြိုက်​အများဆုံးက မင်းသားကြီး​ဇော်​ဝမ်းပါ၊​ကျော်​ဟိန်းမင်းသားစတက်​​တော့​ဇော်​ဝမ်းရဲ့အိုက်​တင်​​တော်​​တော်​များများပါပါတယ်​၊​ခေါင်း​လောင်း​ဘောင်းဘီက​ဇော်​ဝမ်းစခဲ့တာပါ၊ဒါရိုက်​တာတ​ယောက်​က​နောက်​ပိုင်းမှာ​ဇော်​ဝမ်းထက်​​ကျော်​ဟိန်းကပိုပြီးတက်​လာလိမ့်​မယ်​လို့​ထောက်​ပြခဲ့ဖူးပါတယ်​၊၊၊သူက​ဇော်​ဝမ်းအ​ကြောင်းသိထားသူတဦးဖြစ်​၍ထင်​၏။မကြာပါ​ဇော်​ဝမ်းမူးယစ်​​ဆေးအမှူနဲ့​ထောင်​ကျသွား​တော့​ကျော်​ဟိန်းကပြိုင်​ဖက်​မရှိတက်​လာခဲ့ပါတယ်​၊​ဇော်​ဝမ်းကတကယ်​​တော်​တဲ့မင်းသားပါ သူ​ခေတ်​သူအခါက တက်​လာတဲ့လူငယ်​မင်းသားမှန်​သမျှသူစရိုက်​သူဟန်​ပန်​အရိပ်​အ​ရောင်​​တွေက​တော့ပါစမြဲပါ။

images.jpg

မြန်​မာ့ရုပ်​ရှင်​​​လောကကိုပေါကားဟု​ပြောသူများကို ​အောက်​တွင်​​ဖော်​ပြထား​သောအရင်​တချိန်​ရုပ်​ရှင်​ဇာတ်​ကားများကိုကြည့်​​စေချင်​ပါသည်
ထိုအချိန်​ကအ​ရှေ့​တောင်​အာရှမှာ မြန်​မာရုပ်​ရှင်​​လောကဘယ်​​လောက်​​အောင်​မြင်​ခဲ့တယ်​ဆိုတာလဲ​လေ့လာသင့်​ပါသည်​။
အပယ်​ရတနာ
လူလှနင်​ရူပ
တခါကတဘဝ
ရွှေခြည်​​ငွေခြည်​တမ်းပါလို့
နော်​ကူးမ
ချစ်​လိုက်​ရတာမသဲအူ
မွန်းတည့်​ချိန်​မှာ​နေဝင်​သည်
အကာကအချစ်​အနှစ်​က​မေတ္တာ
အချစ်​တပွဲစစ်​ပွဲတရာ
က​ဋေရှစ်​ဆယ်​သူ​ဌေးသား
ပယင်း​ရောင်
မက္ခယာဓား
အ​ဖေတခုသားတခု
ဖိုးပြုံးချို
ကျောက်​ဘီလူးနှင့်​ပပဝင်း
ဘယ်​သူပြိုင်​လို့လှပါ​တော့နိုင်
ပုဂံမှာသာတဲ့လ
ဆောင်းအိမ်​မက်
ဗန်​တိုလူ​လေးနဲ့လှသူဇာ
မာယာ​ထောင်​​ချောက်
တိမ်​လွှာမို့မို့လွင်
တိမ်​ဦး​လေ​ပြေ​မောင့်​ကို​စေ
စိန်းသို့မဟုပ်​စိမ်း
မူံ​ရွေရည်
စေလိုရာ​စေ
ကညာပျိုနဲ့ဇရာအို
 ​မောင်​တို့ချယ်​ရီ​မြေ
နောက်​ထပ်​ဇာတ်​ကား​ကောင်းများကျန်​​ပါ​သေးသည်​၊
ကျွန်​​တော်​မှတ်​မိသားမိတာ​လေး​တွေသာတင်​ပြအပ်​ပါသည်​ ။

Post writer=@yuzana(shineshine)
Photo=google
MSC=146

Sort:  

မြန်မာပေါကားတွေဆိုရင် ထပြေးလို့မရတဲ့ဟိုင်းဝေးကားပေါ်ကလွဲရင်တော်ရုံမကြည့်ဖြစ်ဘူး

ငယ်ငယ်က ရုပ်ရှင်ကြည့်ဖြစ်တယ်
ပေါကားတွေ များလာတော့ မကြည့်ဖြစ်တော့ဘူး ..

စုံစုံလင်လင်လေးတင်ပေးတဲ့အတွက်
ဗဟုသုတရပါတယ်

ကျေးဇူးပါ

မြန်​မာ့ရုပ်​ရှင်​အ​ကြောင်း​ရေးထားတာဖတ်​​ကောင်းပါတယ်​....

တစ်​ချို့ မင်းသားကြီး​တွေဆို ညီတို့သိ​တောင်​မသိ​တော့ဘူး အစ်​ကို။

ဟုပ်​​လောက်​တယ်
ဇာတ်​ကား​တွေက ရှားသွာပြီ

ဟိုတုန်းက ဇတ်လမ်းတေ အရမ်းကြိုက်

အရင်ကဇာတ်ကားတွေကိုတော့ မကြည့်ဖူးပါ ဒါပေမယ့် အခုပြန်လာနေတဲ့ ရေဒီယိုဇာတ်လမ်းတွေကိုတော့ ကြိုက်ပါတယ် အစ်ကို

Tv ကလာပါတယ်​တခါတ​လေ ဖိုးပြုံးချို တို့
ကျောက်​ဘီလူးနဲ့ပပဝင်းတို့ အ​ဖေတခုသားတခုတို့
အဖြူအမဲနဲ့​လေ အခုဇတ်​ကား​တွေလို ​နောက်​ခံတီးလုံးပွက်​​လောမရိုက်​ဖူး

အရင်​တုန်းက ရုပ်​ရှင်​ကား​တွေကြည့်​ချင်​မိတယ်​ဗျာ

တခါတ​လေ TV က လွှင့်​ရင်​ကြည့်​​ကောင်းတယ်

အရင်တုန်းက ကားတွေက အနှစ်ကြီးပဲ

ဟုပ်​ပါ့ဗျာ

အရင်​တုန်းကဇတ်​ကား​တွေပြန်​ကြည့်​ရတာစိတ်​ချမ်းသာပါတယ်

အဟုပ်​ဗျ အဖြူအမဲ မို့သာ
သဘာဝကျတယ်​ သရုပ်​​ဆောင်​တာ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 56949.15
ETH 2401.26
USDT 1.00
SBD 2.33