ကျွန်​​တော်​နဲ့electronic

in #myanmar5 years ago

အားလုံးမင်္ဂလာပါ ခင်​ဗျာ့
မ​နေ့ကကျွန်​​တော်​အ​ပျော်​တမ်းသင်​ရင်းနဲ့ကျွန်​​တော့ကိုသက်​​ပေးတဲ့ဆရာ မန္တ​လေးကိုဆက်​​တော့မယ့်​အ​ကြောင်း​လေး​ရေးမိပါတယ်​ဗျာ့၊ ဒီလိုနဲ့ကျွန်​​တော့ကို မှာစရာရှိတာမှာသွားပြီးမန္တ​လေးကိုဆင်းသွကြပါတယ်​၊ အနားမှာကိုယ့်​ကိုသင်​​ပေးတဲ့ဆရာရှိတုံးက​တော့​ကြောက်​စိတ်​မရှိပါဘူး စက်​​တွေကိုလည်းရဲရဲတင်းတင်းကိုင်​ရဲပါတယ်​၊ တခုခုဖြစ်​သွားတာတို့ ပိုပျက်​သွားတာတို့ဆိုရင်​ကိုယ့်​​နောက်​မှာကိုယ့်​ဆရာရှိပါတယ်​​လေဆိုပြီးရဲရဲတင်းတင်းကိုင်​ရဲပါတယ်​၊ကိုယ့်​ဆရာမရှိ​တော့ နဲနဲ​တော့စိုးရိမ်​စိတ်​ဖြစ်​မိပါတယ်​၊ ​အော်​ ..ဆရာ့အရိပ်​ဆိုတာ ဒါမျိုး​ပြောတာ​နေမှာလို့​တွေးမိပါတယ်​၊ ဒီလိုနဲ့စက်​လာအပ်​တဲ့သူနဲ့ကိုယ့်​နဲ့နှစ်​​ယောက်​ထဲစကား​ပြောရတာ၊

Testing-NPN-Collector-3.jpg

https://goo.gl/images/qECZKy

ဒီ​နေရာမှာအ​တွေ့အကြုံရတာပါဘဲ၊ တချို့ပစ္စည်းအပ်​တဲ့ပိုင်​ရှင်​​တွေက ကိုယ့်​ကိုပြန်​ပြီးဆရာလုပ်​သွာတာ​တွေလဲကြုံရတယ်​ဗျာ့၊ အဲ့ဒီ​ခေတ်​က တီဗွီ​တွေသိတ်​မရှိ​သေး ကက်​ဆက်​နဲ့ ​ရေဒီယို​လောက်​ဘဲ အဲ့ဒီ​ခေတ်​က ​နေရှင်​နယ်​RX ​တွေ​ခေတ်​စား​နေချိန်​​ပေါ့၊ တရက်​​ရေဒီယို​လေးတလုံးလာအပ်​တယ်​ဗျာ့ ပိုင်​ရှင်​​ပြောပုံကကြည့်​အုံး ကျွန်​​တော့​ရေဒီယိုကအ​ကောင်း ဘာမှမဖြစ်​ဖူး တဲ့ အမ်​ ဘာမဖြစ်​ဘဲနဲ့ဘာလို့လာအပ်​လဲ​ပေါ့ ။ ဟိုဟာ ..အသံလိုင်း​လေး​ပျောက်​သွာတာ တဲ့ ကျွန်​​တော်​လဲခလုပ်​ဖွင့်​ကြည့်​​တော့ဘာသံမလာ ကျိုးကျိုး ကြွိကြွိသံ​တောင်​မလာဘူး ခင်​ဗျားဟာက ဘာမှလဲမဖြစ်​ဖူး​ပြော​သေးအသံလဲမလာဘူး ​ရေဒီယိုအသံဘဲနား​ထောင်​ရတာအသံမလာ​တောလဲပျက်​ပြီ​ပေါ့ဗျာ့၊ လို့​ပြောလိုက်​​တော့ ၊ သိဘူး​လေ ဓာတ်​ခဲ​ပြောင်းပြန်​ထည့်​မိတာ ကျန်​တာဘာမှမလုပ်​မီဘူးတဲ့၊ ​သေ​ရော​ပေါ့ဗျာ​အောက်​ပွတ်​အိုင်​စီတို့ ​အောက်​ပွတ်​ထရန်စ​စ္စတာတို့​လောင်​​တော့မှာ​ပေါ့ အဲ့လိုပါဆိုတ ချို့က ပြင်​ခသက်​သာ​အောင်​ သူတို့ကသိသလိုလို ဆရာကြီးလိုလိုနှင့်​လာ​ပြောကြတာ မနဲသီးခံနာ​ထောင်​​နေရတယ်​ဗျာ့ ။

555block.jpg

https://goo.gl/images/RaocME

နောက်​အပတ်​ စက်​ပြင်​သမားများတခြားအခက်​အခဲ​တွေကိုလည်း​ရေးပြပါအုံးမည်၊စာလာဖတ်သူအားလုံးကိုလဲကျေးဇူးအထူးတင်​ပါတယ်​ခင်​ဗျာလို့​ပြောကြားရင်း....

Post writer=@yuzana(shineshine)
MSC=146

Sort:  

အဟဲ ပြင်ခ ပိုက်ဆံသက်သာအောင် ပြင်ဆရာကို ဆရာပြန်လုပ်တာနေမှာ

ပြောပြလိုက်​စမ်းပါ ကိုကိုယု😊

Posted using Partiko Android

လက်ပျက်ကြီးနဲ့ ထောက်ပြတာ ကြောက်စရာဗျာ😁😁

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64038.60
ETH 3148.89
USDT 1.00
SBD 3.97