ကျမရဲ့ဘဝ
ဒီနေ့တော့...ဘာရေးရမှာလဲ..စဉ်းစားရင်းနဲ့..၊ချာချာလည်နေတာဘဲ။စာရေးတယ်..စာရေးတယ်နဲ့လွယ်လွယ်လေးလို့၊
တချို့ကထင်ကြပေမယ်။တကယ်..မလွယ်တဲ့အလုပ်ဆိုတာ၊လုပ်ဖူးသူတိုင်းသိကြမှာပါ။အတွေးအခေါ်ကောင်းရမယ်။ဗဟုသုတများရမယ်။စာဖတ်ခြင်းကိုဝါသနာထုံရမယ်။
စာများများမဖတ်ဘဲနဲ့တော့..စာရေးလို့မရပါဆိုတာတော့..ခိုင်မာစွာပြောခြင်ပါတယ်။စာရေးသူတွေဆိုတာ..တချိန်က၊စာဖတ်ပရိသတ်ပါဘဲ။အခုအချိန်ထိ..ကျမရေးတဲ့စာဟူသမျှရဲ့စာဖတ်သူတွေထဲမှာ..ကျမကိုယ်တိုင်ပါဝင်ပါတယ်။
ကျမရေးခဲ့သော..အချို့သောဆောင်းပါးလေးတွေ...
![Screenshot_2018-03-08-21-19-05-
871_com.miui.gallery.png]
()
ဒါလေးတွေဆိုရင်..ကျမ..အနှစ်သက်ဆုံးဆောင်းပါးလေးတွေပါ။မုဒိန်းမူ့နဲ့ပတ်သက်လို့လည်း..ဟိုး..အရင်အစိုးရလက်ထက်ကတည်းက..အဲဒီလိုရေးပီးထောက်ပြပေးခဲ့ပါတယ်။
ဒါပေမဲ့..နောက်ပိုင်း..မရေးဖြစ်တော့ပါဘူး။ဘာဖြစ်လို့လည်းဆိုတော့..လူတွေရဲ့လောဘအားကြီးမူ့တွေ၊ဒေါသစရိုက်ကြီးထွားမူ့တွေ..အဝိဇ္ဇာဖုံးလွမ်းမူ့အားကြီးလွန်းတဲ့..အမှောင်ထူထည်းလွန်းတဲ့မောဟတွေထဲကို..ကျမပြစ်လိုက်တဲ့
မြားတစင်းဟာ...ကောက်ရိုးပုံထဲ..ကျသွားလေတဲ့အပ်တချောင်းမျှသာပါဘဲ။ဒါပေမဲ့..တာဝန်ကျေတယ်ဆိုတဲ့အသိကိုတော့..ကျမကျေနပ်တယ်။ဒါနဲ့..f.bသုံးပြန်တယ်..။
မြတ်စွာဘုရားလို့...တ.ရမတတ်..အံ့သြခြင်းများစွာဖြင့်၊ဖြစ်ရပြန်ရော...။ဘာဖြစ်လို့လည်းသိလား...မိုက်ရိုင်းတာတွေ
ယုတ်မာတာတွေကို..မျက်မှန်ပါဝါတပ်စရာမလိုအောင်..ထင်းရှင်းနေတာ..မြင်တွေ့ရလို့ပါဘဲ။အမြင်မတူရင်..ရန်သူဘဲ..။ဆဲသံတွေဖုံးလွမ်းလို့...ကြာတော့..ကျမတောင်မှ..နည်းနည်းရိုင်းခြင်လာသလို..ဖြစ်လာပါတယ်။ဒါပေမဲ့..အချိန်မီ..သတိကပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့..စာရေးခြင်တဲ့အာသာက..ဖျောက်မရတာက..ခက်နေပြန်ရော။ဒါနဲ့ဘဲ..စတီးမစ်ဆီကို..အလည်ရောက်လာတယ်ပေါ့ကွယ်။
စတီးမစ်မှာကျတော့...ကျမကျေနပ်စရာတွေ၊မြင်နေရတယ်။
တွေ့နေရတယ်။စာဖတ်ရမယ်..စာရေးရမယ်ဆိုတဲ့..အချက်က၊ကျမအကြိုက်ဆုံးဘဲ။ဘာဖြစ်လို့လည်းဆိုတော့..လူတယောက်ရဲ့အသိဥာဏ်ကို..ဖွံ့ဖြိုးစေတာ..တိုးတက်စေတာဆိုတာ..စာပေကသာလျှင်၊စွမ်းဆောင်နိုင်တယ်ဆိုတာ၊ကျမသိထား..လက်ခံထားလို့ပါ။စာထဲမှာ..အသိဥာဏ်တွေ၊ဘဝတွေ၊ခွန်အားတွေ၊အင်အားတွေ၊နည်းလမ်းတွေ..အများကြီးရှိတယ်။စာဖတ်တဲ့လူတယောက်နဲ့မဖတ်တဲ့လူတယောက်ဟာ...ဘဝရဲ့လောကဒဏ်နဲ့ကြုံတွေ့ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ..အဖြေထွက်ပုံခြင်း..ကွာခြားပါတယ်။
ကျမ..ငယ်ငယ်တုန်းလေးက..မှတ်မှတ်ရရ..သုံးတန်းအရွယ်ကတည်းက..ဝတ္ထူတွေဖတ်တယ်ဆိုရင်..ယုံကြပါ့မလား။
စာရေးဖို့..ဇ.ကပြပီလေ။ဘယ်မှာရေးတယ်လို့ထင်လဲ...
မြေကြီးပေါ်မှာ...ကောင်းကင်ပြာကြီးပေါ်မှာ...။
ဟာသဘဲနော်..။ဟာသလို့..မထင်လိုက်ပါနဲ့ကွယ်။
တကယ်ပါ။စာရေးဖို့စာအုပ်မဝယ်နိုင်ဘူး..မနက်နဲ့ညတောင်မှ..ထမင်းနပ်မှန်ဖို့ခက်ခဲတဲ့ဘဝ။စာအုပ်တအုပ်ထဲမှာ..ဘာသာရပ်လေးခုရေးခဲ့ရတဲ့အနေအထား...ပုံဆွဲစာအုပ်တို့..စာရေးတာတို့အတွက်..ကျမရဲ့အသုံးချခံဆိုတာ..မြေကြီးနဲ့ကောင်းကင်ပြာကြီးပေါ့...။လမ်းမှာတွေ့တဲ့..သတင်းစာအပိုင်းအစ..အမှိုက်ပုံတွေထဲက..စာအုပ်အဟောင်းအနွမ်းတွေဟာ...ကျမရဲ့စာအုပ်စင်တွေပေါ့...။ကိုယ့်ဘဝနဲ့ကိုယ့်
အဖြစ်တွေ..ပြန်စဉ်းစားကြည့်ရင်...တခါတလေကျတော့..ငိုချင်တယ်..။တခါတလေကျတော့လည်း...ဒေါသထွက်တယ်။ဘယ်သူ့ကိုထွက်တာမှန်းလည်း..မသိခဲ့ဘူး။အခုတော့..
သိသွားပါပီ။သိသွားပီးနောက်ပိုင်းမှာ...ဘယ်သူ့ကိုမှ..ဒေါသ..မဖြစ်မိတော့ပါဘူး။
ဒီလောက်နုံချာလွန်းတဲ့လူသားတယောက်ဟာ...ဘာဖြစ်လို့
ရဲရင့်နေတာလည်း...သတ္တိရှိခဲ့တာလည်း...ရိုးသားပွင့်လင်းနေတာလည်း...။ကျမရဲ့အဖြေကတော့...စာဖတ်လို့ပါဘဲ။
စာထဲကဘဝတွေကို..ရှာဖွေရင်း..အသိဥာဏ်တွေယူသုံးရင်း..သတ္တိတွေ..ရင်ဝယ်ပိုက်ရင်း..ရိုးသားခြင်းတွေကိုပေါင်းဖေါ်ရင်း...၊မနုဿ တ၊ဒုလ္လဘဆိုတဲ့..ဘုရားရှင်ဟောကြားသွန်သင်မူ့ကို၊အရှူံးမခံဘဲ..ချီတက်ခဲ့တာ..စာပေကပေးတဲ့အသိကြောင့်ဆိုရင်...သင်..လက်ခံမှာလား။
အခုဆိုရင်..အသက်လေးဆယ်စွန်းစမှာ..မုဆိုးမဖြစ်ခဲ့တဲ့ကျမ၊တောင်မရောက်..မြောက်မရောက်အရွယ်သားလေးနှစ်ယောက်..သမီးလေးတယောက်...
ဖခင်မရှိတော့ပေမဲ့..ဒီသားသမီးသုံးဦးအပေါ်မှာ..လကျာင်္လက်က..ဖခင်ရဲ့အင်အားကိုသုံး...လက်ဝဲလက်က..နွေးထွေးတဲ့မိခင်ရဲ့အကြင်နာတရားတွေပေးပီး...ဘဝရဲ့လောကဒဏ်တွေကို..တိုက်ခိုက်ခဲ့ရတာ...။အခုဆိုရင်...
ကျမရဲ့သားကြီးလေ..
သူကတော့..သားငယ်..
သူလေးကတော့..သမီးလေးပါ
လူလားမြောက်လာကြပါပီ။မိခင်ရဲ့စေတနာနဲ့မေတ္တာကိုနားလည်ကြသော..သားသမီးတွေပါ။
စာပေကပေးတဲ့အသိဥာဏ်ဆိုတာ...အခုလက်ရှိလူ့ဘဝကို
မဆိုထားနဲ့..၊သံသရာမှာလျှောက်ရမဲ့လမ်းကြောင်းကိုတောင်မှ..မတိမ်းစောင်းအောင်..မပြိုလဲအောင်..ခိုင်ခံ့စေအောင်
ပြုလုပ်ပေးနိုင်သော..အစွမ်းပကားရှိတယ်ဆိုတာကို..ကျမရဲ့လက်တွေ့ဘဝ..အတွေ့အကြုံကိုအခြေခံပီး..ရိုးရှင်းစွာ..ပွင့်လင်းစွာရေးပါမယ်။ဒါကလည်း..စတီးမစ်ကချစ်သောမိတ်ဆွေတွေကို..တန်ဖိုးထားလို့ဆိုတာ..သိစေခြင်ပါတယ်။
ဆက်ရေးပါဦးမယ်...လွယ်လွယ်နဲ့တော့..စံပယ်မပွင့်ခဲ့ပါဘူး။
ရီရီဆွေ
အလုံ.မုံရွာ
MSC No 256
အမေချောတော့သားသမီးတွေကလဲချောလိုက်တာနော်။ဆရာမကြီးငယ်ငယ်ကပုံလေးရှိရင်ကြည့်ချင်ပါတယ်ဗျာ။အားရင်တင်ပေးပါအုံး။ဘယ်လောက်တောင်ချောလိုက်မလဲ။
ဟား..ဟား...မြှောက်ပေးနေပြန်ပီ။ဒီကလဲ..ကြွားခြင်နေတာနဲ့အတော်ဖြစ်နေတယ်။
ဂုဏ်ယူပါတယ်ရှင်
ဘဝ ကိုအရှုံးမခံဘဲ တက်လှမ်းလာခဲ့တဲ့ ဆရာမရဲ့ စိတ်ဓာတ်ကို သား လေးစားဂါရဝပြုပါတယ်ဆရာမ
စာဖတ်တဲ့အကျိုးက ဘာလဲလို့မေးလာရင် စကားတစ်လုံးထဲနဲ့ ပြည့်စုံအောင်ပြောလို့တော့ မရနိုင်ဘူးလို့ ထင်မိပါတယ်..အန်တီ..
စာပေက ဘဝတစ်ခုလုံးကို ထိန်းကျောင်းသွားနိုင်လို့ပါ
အမှန်ပါပဲအန်တီရယ်စာပေကြောင့်လောကကြီးကိုရဲရဲရင့်ရင့်ရင်ဆိုင်နိုင်သာ။စာအုပ်တွေကသာစိတ်ရဲ့အာဟာရကိုဖြည့်ဆီးပေးနိုင်တာ။
စံပြ မေမေပါ ဆရာမ
ကိုယ်စိတ်နှစ်ပါးအစဉ်ချမ်းမြေ့ပါစေရှင်
ဆရာမ ကစံပြမေမေပါ
ခန့်ခန့်ချောချောအန်တီက ဘဝကြမ်းကိုရင်ဆိုင်ခဲ့ရတာကိုး
အခုတော့ပျော်ရွှင်စရာမိသားစုကိုပိုင်ဆိုင်ရပြီပေါ့နော် အန်တီ