အနာဂါတ်ဆီသို့
အခုတလော.Face.bookစာမျက်နှာမှာ..
အကြောင်းအရာတခုခုနဲ့ပတ်သက်ပီး..အငြင်းပွားဖွယ်အဖြေရှာနေကြတာက.စနစ်က.အရေးကြီး
သလား။လူသားအရင်းအမြစ်ကအရေးကြီးသလားဆိုတဲ့မေးခွန်းတွေအပေါ်အဖြေရှာမှူ့ဘဲဖြစ်တယ်...။
မိတ်ဆွေတို့အနေနဲ့"စနစ်"ဆိုတာကတော့သိ
ပီးဖြစ်နေသလို၊လူ့အရင်းအမြစ်ဆိုတာလဲ..
သိကြမှာပါ။
လူ့အရင်းအမြစ်ဆိုတာကို၊ကျမနားလည်
သလောက်ရေးကြည့်ရ.ရင်...
ပထမဆုံး..ဘုရားဟောမှာ.လူတယောက်ရဲ့
အခြေခံစိတ်.."ဟေတုပစ္စယော"ဆိုတာ..
ဟိတ်.၆.ပါး။အဲဒါက.လောဘ၊ဒေါသ၊မောဟ။
သူ့ဆန့်ကျင်ဖက်ဖြစ်တဲ့ အ.လောဘ၊အ.ဒေါသ၊
အ.မောဟ။ဒီခြောက်ခုဆိုတာ..လူတယောက်ရဲ့
အခြေခံစိတ်ဖြစ်တဲ့အရင်းအမြစ်စိတ်။
လောဘဆိုတဲ့မတရားလိုခြင်မှု့ရဲ့ဆန်ကျင်ဖက်က.ပေးကမ်းမှု့၊လှူဒါန်းမှူ့၊စွန့်ကျဲ မှူ့။
ဒေါသဆိုတဲ့အတိုင်းပြင်းထန်လွန်းတဲ့မုန်တိုင်း
နဲ့အတူအဖေါ်ပါလာတာက..မတရားငြင်းပမ်း
နှိပ်စက်မှု့၊ရယူလိုမှု့၊ကိုယ်ထိလက်ရောက်စော်
ကားကျူးလွန်မှု့တို့ဖြစ်ပီး..။ဒေါသရဲ့ဆန့်ကျင်ဖက်
ဖြစ်တဲ့၊အ.ဒေါသဆိုတာမေတ္တာတရား။
မောဟဆိုတာအရာရာကိုမသိနားမလည်သလောက်၊အ.မောဟဆိုတာတော့၊အရာရာကိုကျိုးကြောင်းဆီလျော်စွာဖြင့်၊တတ်သိနားလည်သောပညာရှိ၊
ပညာရှင်ကြီး..စသဖြင့်၊အကြမ်းဖြင်းလောက်
တော့ကျမတို့သိထားရင်၊အဖြေရှာရတာ..
မခက်ခဲတော့ဘူး။
ကမ္ဘာကြီးမှာ.မှီတင်းနေထိုင်ကြတဲ့..သက်ရှိသတ္တဝါတွေထဲမှာ.လူဆိုသောသတ္တဝါဆိုတာ
ဦးနှောက်အသိဥာဏ်အမြင့်မားဆုံးဖြစ်တယ်။
သတ္တဝါအားလုံးရဲ့ဘဝရပ်တညိမှု့တွေကိုလေ့
လာသုံးသပ်ကြည့်ကြည့်ရင်..
ဘယ်သတ္တဝါမဆိုသူ့စည်းနဲ့သူ့ကမ်းနဲ့သူ့ဘောင်
လေးတွေနဲ့သူတို့ဘဝတွေကိုရေရှည်ရပ်တည်ချက်အတွက်ပြု လုပ်ဆောင်ရွက်မှူ့လေးတွေကိုတွေ့ရ
တယ်။ဥပမာ...ကျမတို့ငယ်စဉ်ကသင်ခဲ့ရတဲ့
ပုရွက်ဆိတ်နဲ့နှံကောင်မှာဆိုရင်..နွေက.မစသေးဘူး..ပုရွက်ဆိတ်ရဲ့အလုပ်ကစပြီ။
မေ့လို့..စားစရာတခုကိုအမှတ်တမဲ့များချမထား
လေနဲ့။မိနစ်ပိုင်းအတွင်းမှာ..ကိုယ့်စားမဲ့အစာဟာ၊ပုရွက်ဆိတ်ကို.သဒ္ဓါမရှိလဲ.ဒါနလုပ်ပီး
ကျွေးလိုက်ပေတော့ဘဲ။အဲလောက်ထိအောင်
မြန်ဆန်လွန်းတဲ့၊ပုရွက်ဆိတ်ရဲ့ဝီရိယ။
ကျမဆိုလိုခြင်တာက.ကြိုးစားလွန်းတဲ့ဝီရိယ
ကြောင့်လဲ၊မိုးရာသီမှာကိုယ့်တွင်းထဲ၊ကိုယ့်အသိုက်အမြုံ ထဲမှာ၊အာဟာရအတွက်၊သောကကင်း
ဝေးနေတယ်ဆိုတာပုရွက်ဆိတ်ဘဲ။
အဖြေက..ဘယ်အချိန်မှာရှာဖွေရမယ်ဆိုတာ
စနစ်ဖြစ်သလို၊ကြိုးစားတယ်ဆိုတာ..ပုရွက်ဆိတ်ရဲ့အရင်းအမြစ်ဘဲလို့..ကျမကမြင်မိတယ်။
တခါတရံကျမတွေးမိတာက...
တိရိဆ္တန်တွေတောင်မှ၊သူတို့ဘဝ၊သူတို့အသက်
ရပ်တည်မှု့အတွက်နည်းစနစ်လေးတွေဟာ..
ရှိနေကြတယ်။သုံးစွဲနေတယ်။
လူတွေကတော့.စနစ်ဆိုတာကိုရှိမှန်းသိမှသိပါ
လေစ..လို့သံသယဖြစ်မိတာအမှန်ပါ။စနစ်ဆိုတာ၊ပြောင်းလဲလာသောခေတ်ကာလအပေါ်
မူတည်ပီး၊ပြင်ဆင်ရတာ၊ဖြည့်စွက်ရတာရှိမယ်။
ရှိလဲရှိရမယ်လေ။ဥပမာ...မိန်းမတယောက်က
အခြားမိန်းမတယောက်ကို၊အခြေအတင်စကား
များရာကနေ၊ပါးရိုက်လိုက်တယ်။ဒီအတွက်
တရားရုံးကိုရောက်တယ်။
တရားရုံးကစီရင်ထုံးတခုကိုအမှီပြုပီး..
ရိုက်တဲ့သူကဒဏ်ငွေ၁၀၀၀ဆောင်လိုက်ရတယ်။အမှု့ရဲ့အပြီးသတ်စီရင်ချက်က..အဲဒီဒဏ်ငွေ
ဖြစ်တော့..။ဒီခေတ်မှာဒီငွေတထောင်ရဲ့တန်ဖိုး
နဲ့ပါးရိုက်ခံရသူရဲ့နစ်နာမှု့ဟာ..။ဘယ်လိုနည်းနဲ့မှ၊မှန်ကန်တယ်လို့ပြောလို့မရဘူးလေ..။
ဘာဖြစ်လို့လဲဆိုတော့..အဲဒီစီရင်ထုံးဖြစ်စေခဲ့တဲ့
ကာလမှာ၊ငွေတထောင်ဆိုတဲ့တန်ဖိုးဟာ..
အခုခေတ်ကာလတန်ကြေးနဲ့တွက်ရင်..
ဘယ်လိုမှနှိုင်းယှဉ်မရတဲ့တန်ကြေး။
ဒီတော့.ခေတ်ကာလနဲ့လျော်ညီသောစနစ်ဆိုတာ..ပြောင်းကိုပြောင်းလဲရမှာပါ။
ဒီတော့..စနစ်ကိုချမှတ်တာလဲလူသား။
စနစ်ကိုသုံးစွဲတာလဲ..လူသားဘဲ။
ဘယ်လိုသုံးစွဲမှာလဲ.။
စနစ်နဲ့လူသားဆိုတာ..။တကယ်တန်းတော့
ပန်းပုဆရာနဲ့သစ်သားလိုဘဲ။
ပန်းပုဆရာက..ထုဆစ်ပုံဖေါ်တဲ့ပညာမှာ
အရမ်းတော်သူဖြစ်ပေမဲ့လဲ..။သစ်သားက
အသားကောင်းမဟုတ်ခဲ့ရင်..ထင်သလောက်
ပန်းပုရုပ်ဟာမလှပနိုင်သလို...
အသားကောင်းပေမဲ့၊ထုဆစ်သူညံ့ဖြင်းရင်
ပုံကောင်းထွက်မလာနိုင်ဘူး။
သစ်သားကောင်းနဲ့ကျွမိးကျင်သောပန်းပုဆရာ
ဖြစ်မယ်ဆိုရင်..ထုဆစ်သမျှပန်းပုရုပ်တွေဟာ
ရုပ်လုံးကြွကြွနဲ့၊မြင်သူတကာ..ငေးယူရတဲ့
ရုပ်ထုလေးဖြစ်မယ်ဆိုတာ...အသေခြာဆုံးဘဲ။
ဒီတော့..ကျမတို့အားလုံး..
ပြောင်းလဲလာသောခေတ်စနစ်နဲ့အညီ..
အရင်းအမြစ်ဖြစ်တဲ့..ကောင်းမွန်တဲ့စေတနာစိတ်တွေ၊မျှဝေခံစားတတ်တဲ့မေတ္တာစိတ်တွေ၊
ကိုယ်မဟုတ်သောအခြားသူတဦးရဲ့ပြည့်စုံမှု့
ကိုဝမ်းမြောက်သောမုဒိတာစိတ်တွေနဲ့..
လူ့ဘဝ၊လူ့ပတ်ဝန်းကျင်ကို..မလျော့သောဇွဲ
လုံ့လဝီရိယလေးစိုက်ပီး..ဆောင်ရွက်ကြရင်
မကြာမီမှာ..လူသားတွေရဲ့အနာဂါတ်ဆိုတာ
လှပမှာ..ဆိုတာသေခြာပါတယ်။
ရီရီဆွေ
အလုံ မုံရွာ
လူသားဆိုတာ တကယ်တော့ ဓါတ်သဘောတွေသာရှိပါတယ်ဗျာ၊ တစ်ဘဝနဲ့တစ်ဘဝကို မိမိပြုခဲ့တဲ့ ဝိပါကဓာတ်သဘောများသာ ကမ္မပစ္စယ အရ ပါဝင်လာတာဖြစ်လို့ မကောင်းခဲ့တဲ့ ဓာတ်ခံများကို ယခုဘဝမှာ သပ္ပူရသ အပေါင်း အသင်းမိတ်ဆွေကောင်းနဲ့မတွေ့ရရင် မသိနိုင်မမြင်နိုင်ပါဘူး၊ လူကောင်းမှာ စနစ်ကောင်းကိုဖေါ်ဆောင်နိုင်မှာပါ။
ဟုတ်တယ်ဆရာရေ..နံပါတ်တစ်လူကောင်းဖို့အရေးကြီးဆုံး
လူကောင်းရင်မူကောင်းမှာသေခြာတယ်။