ပျော်ပျော်ရွှင်ရွှင်welcomeနိုင်ခဲ့သည်

in #myanmar7 years ago (edited)

2018ရဲ့ဇန်နဝါရီလ ၃ရက်နေ့ မနက်ခင်းဖြစ်သည်။
ယနေ့မနက်သည်ကား ပုံမှန်နေ့များထက် ပိုအေးသည်။
Alarmမြည်သည်နှင့် ပိတ်မည်ဟုထရာ ခေါင်မိုးမှ
တဖြောက်ဖြောက်မည်နေသံကို ကြားရတယ်။
image
သို့ဖြင့် တံခါးဖွင့်ကြည့်လိုက်လေရာ မိုးဖွဲဖွဲရွာနေခြင်းဖြစ်သည်။

ကျွန်တော်၏စိတ်တွင် အနည်းငယ် ထင့်သွားလေသည်။

တခြားကြောင့်မဟုတ်။
ယနေ့သည် ကျွန်တော်တို့ကျောင်း WYTU ၏
The Whole Fresher Welcomeနေ့ဖြစ်သည်။

မေဂျာအလိုက် Welcome များပြီးသွားသည့်နောက်
The Whole Welcomeသည် အစည်ဆုံးပွဲဖြစ်သည်။

ပွဲကျင်းပရန် ပြင်ဆင်ထားသည့်နေရာမှာ မိုးလုံလေလုံမဟုတ်ပေ။
image
မည်သူမှလဲ မိုးရွာမည်ဟု ထင်ထားကြပေမည် မဟုတ်ပါ။

ကျွန်တော်လည်း ဒီမိုးကွာ သူများကျောင်း Welcomeမှ
လာပြီး ရွာရတယ်လို့ကွာဆိုပြီး ရေရွတ်လိုက်သည်။

ထို့နောက် အိပ်ရာများသိမ်းပြီး ထိုင်ကာ မိုးအခြေအနေကြည့်၍ ဖုန်းသုံးရင်း ကျောင်းWelcome
သွားသင့်မသွားသင့် စဉ်းစားနေလေသည်။

၇နာရီလောက်အရောက်တွင် မိုးလုံးဝတိတ်သွားလေသည်။

ကျွန်တော်လည်း အဲ့တော့မှ စိတ်ဒုန်းဒုန်းချကာ ရေမိုးချိုး
Welcome သွားရန် ပြင်ဆင်ဆော့သည်။

ကျောင်းက ကျွန်တော်နေတဲ့နေရာကနေ မိနစ်၃၀လောက်ပဲ
စီးရပါတယ်။

ကားပေါ်ရောက် ထိုင်ခုံနေရာ ရထိုင်စဉ် အရေးကြီးသောကိစ္စ
ကို သတိရလေသည်။

တခြားမဟုတ် Steemit အတွက် post မရေးရသေးခြင်း
ဖြစ်သည်။

ကားပေါ်မှာ စဉ်းစားမယ် ဘာရေးဖို့ဆိုတာ။
ကျောင်းရောက်မှပဲ ရေးဖို့လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်
သည်။

တစ်လမ်းလုံး စဉ်းစားလာသော်လည်း
ကျောင်းရောက်သည့်အထိ ရေးစရာမပေါ်။

သို့ဖြင့် မနက်စာစားရန် ကန်တင်းသို့ထွက်လာရာ
သူငယ်ချင်းတစ်ယောက်ကု တွေ့၍ ဝမ်းသာသွားလေသည်။

တခြားမဟုတ်။
သူ့ဆီမှ ကုန်ကြမ်းရှာမလို့ဖြစ်ပါသည်။

သို့နှင့် အကြောင်းစုံရှင်းပြကာ သူ့အား စဉ်းစားခိုင်းလိုက်
လေသည်။

သူကူညီ၍သာ ယခုpost တင်နိုင်ခြင်းဖြစ်သည်။

ကိုယ့်ဟာနဲ့ကိုယ်ဆိုရင် ဘယ်လောက်တောင် တိုင်ပတ်နေမလဲ မသိပါ။

သူပြောတာလေးကတော့ ရှင်းပါတယ်။

ဘောလုံးနဲ့ပက်သက်တာပါ။

မြန်မာကလပ်အသင်းတွေ (ရန်ကုန်၊ရတနာပုံ၊ရှမ်း)
စသည့်အသင်းတွေကို ထိုင်းleagueမှာ ဝင်ကန်စေချင်တယ်ဟူ၍ ဖြစ်ပါသည်။
image
image
image
ဘောလုံးနဲ့ရင်းနီးတဲ့သူများတော့ အခုပြောမှာကို
နားလည်ပါလိမ့်မယ်။

ဥပမာ- အခု ပရီးမီးယား လိဂ်မှာရှိတဲ့ ဆွမ်ဆီးအသင်း၊
ချန်ပီယံရှစ်က ကားဒစ်အသင်း စသဖြင့်သူတ်ို့တွေက
အင်္ဂလန် အခြေစိုက် အသင်းတွေ မဟုတ်ကြပါဘူး။

ဒါပေမဲ့ အင်္ဂလန် လိဂ်တွေမှာ ကန်ရင်းနဲ့ သူတို့ Wales
မှာ ကစားသမားကောင်းတွေ အများအပြား ပေါ်ထွန်းလာခဲ့ပါတယ်။

အဲ့ဒါကြောင့် ကျွန်တော့်သူငယ်ချင်းပြောချင်တာက
မြန်မာ National Leagueကိုမအောင်မြင်မဲ့အတူတူ
ဖျက်လိုက်ပါ။

တချို့အသင်းတွေဆို လစာပုံမှန်မပေးနိုင်ကြဘူးလို့
သတင်းစာတွေထဲမှာ ဖတ်ဖူးပါတယ်။

အင်အားတောင့်တင်းတဲ့အသင်းတွေ ဥပမာ
ရန်ကုန်၊ရတနာပုံ၊ရှမ်း စသည့် ပိုက်ဆံရော လူအင်အားပါ
သာတဲ့ အသင်းတွေကို ထိုင်းလိဂ်မှာ ဝင်ပြီးယှဉ်ပြိုင်းပါ။

မြန်မာနိုင်ငံမှာလည်း သူတ်ု့ရဲ့ အိမ်ကွင်းတွေကို ကောင်း
ကောင်းဆောက်ပေးလိုက်ပါ။

ဒီလိုနဲ့ နောက်နှစ်နည်းနည်းကြာလာရင့ ပြည်ပအသင်းတွေနဲ့
ကစားရတာဖြစ်တဲ့အတွက် ခြေတက်လာမယ်။

မြန်မာ့လက်ရွေးစင်အတွက် စံချိန်မှီကစားသမားကောင်းတွေ
အများကြီးပေါ်ပေါက်လာမယ်။

ဒါ့အပြင် အသင်းတွေမှာ ကစားသမားကောင်းတွေ
ပေါ်ပေါက်လာရင် တခြားအသင်းတွေက မျက်စိကျလာမယ်

သူတို့ကို လစာများများနဲ့ခေါ်ကန်ရင် ဥပမာ အောင်သလိုမျိုး
ပေါ့။

ကစားသမားတွေလဲ အဆင်ပြေမယ်။

AFC leagueမှာလဲ မြန်မာကလပ်အသင်းတွေ
အဆင့်တစ်နေရာရာ ကောင်းကောင်းရောက်ရှ်လာမယ်လို့
ထင်မြင်မိပါတယ်။

အခုလို ကျွန်တော့်ကို အေးအေးဆေးဆေး welcome
ကြည့်နိုင်အောင် ဒီအကြောင်းလေး ပြောပေးတဲ့
ကျွန်တော့်သူငယ်ချင်းကိုလဲ ဒီစာထဲကပဲကျေးဇူးတင်လိုက်ရပါတယ်။

ကျွန်တော်တို့ ကျောင်းwelcomeမှာတော့ Special
Guestအနေနဲ့ Galaxy Starမှ Winner ကိုနေမင်းအိမ်
လာရောက်ကာ သီဆိုဖျော်ဖြေသွားခဲ့ပါတယ်

image😃
ကျောင်းwelcomeလေးဟာ အောင်အောင်မြင်မြင်
ပျော်ပျော်ရွှင်ရွှင်နဲ့ အဆုံးသတ်ခဲ့ပါတယ်ဗျာ။

Photo Credit

မြန်မာsteemit မိသားစုဝင်အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

Fighting Group 3
Author @yeyintkyaw
MSC-020

Sort:  

အကိုရေမင်းသမီးပုံလေးကိုဖြုတ်ချပေးပါ့လားဗျာ
ကျွန်နော်ကိုဆရာတစ်ယောက်ကပြောဖူးတယ်ဗျ
ခွင့်ပြုချက်လက်မှတ်ပါဝင်မှတင်ပြလို့ရနိုင်တယ်တဲ့ဗျ
စာရေးတာတွေကကောင်းမွန်ပေမယ့်ပရိုမပါမှာစိုးရီမ်လို့ပါဗျာ(သူရ)

အော်ကျေးဇူးအကို

သိတာလေးကိုစေတနာနဲ့
ပြောခဲ့တာနော်
စိတ်မဆိုးနဲ့
စာလည်းဖတ်သွားခဲ့ပါတယ်ဗျ(သူရ)

မြန်မာအားကစားကမ္ဘွှာမ်းရမည်ကြွကြာ်သော်လည်းကာယအချိန်တွေမှာစာသင်ကြေရသောအခါ😅😅😅

မြန်မာတို့ရဲ့စနစ်ကြီး

အဲစနစ်ကခုထိမပျောက်သေယတော့ကလေးတွေအစားစိတ်ပျက်တယ်😂😂😂

ပျော်စရာကြီးဗျာ

ဟုတ်တယ်အကိုရေ
ပျော်စရာ ကြီး

ဘောသမား​လေးလား😁😁

Hehe
ဘောcrazyပါ

Good...​ပျော်​စရာကြီး..

ဟုတ်တယ်အမရေ

ကိုယ်​​တွေ​​ကျောင်းက Fresher Welcomeပွဲဆို King Queenလမ်း​လျှောက်​လေ့ကျင့်​တာကအစ ကိုယ်​​တွေပါတယ်​​လေ။(အတန်းလစ်​တာ)ဟဟ

Haha
ခုတစ်ပတ်လုံးအတန်းမသွားရသေးဘူးကျတော်လဲ

Group 3 က လူတွေအရမ်းတော်ကြတယ်ဗျာ ကျွန်တော်လဲ Group 3 ကပဲ <3

ဟုတ်bro

Mike tl bro yay

ဟုတ်တယ်broရေ

အားပေးနေပါမယ်ဗျ

ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 58720.84
ETH 3088.52
USDT 1.00
SBD 2.41