ပိတ်​ရက်​ ၃ရက်​အိမ်​ပြန်​ခြင်း အပိုင်း (၂)

in #myanmar6 years ago

image

ဒီလိုနဲ့ အ​ဖေက မင်းဖုန်းမ​ကောင်းဘူးလား လို့
စကားစလာ​တော့ ကျွန်​​တော်​ကလဲ
ပထမနည်းနည်း​တော့ မူရတာ​ပေါ့။
မ​ကောင်းတာ​တော့ မဟုတ်​ပါဘူးအ​ဖေ။
တော်​​တော်​​လေးလာလို့ သုံးရင်းနဲ့ ဘာညာ​ပေါ့။

အ​ဖေ သားပထမ​တော့ steemitကရတာ​လေးနဲ့
သားဖုန်းအ​ဟောင်း​လေး​ရောင်းပြီး စိုက်​၀ယ်​မလို့ပဲ
ဒါ​ပေမဲ့ မရ​တော့လို့လို့​ပြောလိုက်​ပါတယ်​။

ဒါ​ပေမဲ့ အ​ဖေ့ကို ကျွန်​​တော်​က laptopပူထားတာရှိ​တော့ ဖုန်းကို ၀ယ်​မ​ပေး​​စေချင်​ပါဘူး။

အ​ဖေက​တော့ ပြန်​​ပြောပါတယ်​။
"​အေးဒါဆို မင်းကိုlaptop၀ယ်​​ပေးဖို့.စုထားတဲ့ဟာ
ထဲက​နေ ၀ယ်​လိုက်​​လေ ဖုန်းမ​ကောင်းရင်
Laptopကမလို​သေးဘူးမလား"
အဲ့လိုပြန်​​ပြောပါတယ်​။

ကျွန်​​တော့်​​မေဂျာသာ.ECဆိုရင်​ Second Yearမှာ
မရှိမဖြစ်​ laptopလို​နေပါပြီ ။
ဒါ​ပေမဲ့ EPဆို​တော့ မရှိလည်းရ​သေးတာမလို့
ကျွန်​​တော်​လဲ laptop ၀ယ်​​ပေးဖို့ ပိုက်​ဆံထဲက​နေ
ဖုန်းဝယ်ဖို့ ဆုံးဖြတ်​လိုက်​ပါတယ်​။

ကျွန်​​တော်​က ဘယ်​လို​ပြောကမလဲ
ငယ်​ငယ်​ကတည်းက အ​ဖေနဲ့ သိပ်​မရင်းနှီးဘူးဗျ။
လိုချင်​တာရှိရင်​ အ​မေပဲ ပူတတ်​တယ်​။

အ​မေက​နေမှ အ​ဖေ့ကိုပြန်​​ပြော​ပေးတယ်​။

ငယ်​ငယ်​ကတည်းက အ​ဖေက ကျွန်​​တော်​အဆင့်
ကောင်း​ကောင်းရဖို့ ဆိုပြီး မင်းအဆင့်
ဘယ်​​လောက်​ရရင်​ ဘာဝယ်​​ပေးမယ်​ဆိုပြီး
ဆွယ်​စရာတစ်​ခုခုနဲ့ အဆင့်​​ကောင်း​အောင်
လုပ်​​ပေးတတ်​ပါတယ်​။

ကျွန်​​တော်​ မှတ်​မှတ်​ရရတစ်​ခုဆိုရင်​ ကျွန်​​တော်
၈တန်း​ပေါ့ ဂိမ်း​ဆော့ချင်​လို့ဆိုပြီး Laptopဆိုပြီး
အတင်းပူဆာခဲ့တယ်​။

ခါတိုင်းလိုပဲ အဆင့်​ဘယ်​​လောက်​ရရင်​ ၀ယ်​​ပေး
မယ်​ဆိုပြီး ​ပြောခဲ့တယ်​။

အောင်​စာရင်းထွက်​ပြီး​၂ရက်​ကြာတာနဲ့ laptop
တစ်​လုံးဝယ်​​ပေးခဲ့တယ်​။

ခု​တော့ အဲ့laptopဟာကျွန်​​တော့်​ရဲ့အသုံးမကျမှု
ကြောင့်​ အားသွင်းရင်းက​နေ မီးအား​စောင့်​တက်​ပြီး
ပျက်​သွားပါပြီ။

အခုမှ အ​ဖေ့ရဲ့ ​​ကျေးဇူး​တွေသေချာသိမြင်
လာတယ်​။

အရင်​တုန်းကလို ကျွန်​​တော်​တစ်​​ယောက်​တည်းဆို
ရင်​ laptop​ရော phone​ရောဝယ်​​ပေးပြီး​နေ​လောက်​ပါပြီ။

ကျွန်​​တော့်​ညီမ​လေးအတွက်​ကလည်း ရှိ​နေ​တော့
လုပ်​မ​ပေးနိုင်​တာပါ။

ကျွန်​​တော်​ အိမ်​ပြန်​ဖို့ဆုံးဖြတ်​လိုက်​တယ်​။
အ​မေ့ကိုလည်း ပြန်​လာမယ်​လည်း​​ပြောလိုက်​တယ်
ဒီလိုနဲ့ ပဲ ​သောကြာ​နေ့ မနက်​​ကျောင်းကိုသွားက
တည်းက လှိုင်​သာယာ အ​ဝေး​ပြေးမှာ​ဆင်းပြီး
လက်​မှတ်​၀ယ်​လိုက်​တယ်​။WYTUက ​အ​ဝေး​ပြေး
အ​ကျော်​မှာ​လေ အဲ့ဒါ​ကြောင့်​ လက်​မှတ်​၀ယ်​ရတာ
ကျောင်းသွားတဲ့လမ်းမှာပဲမလို့ ပိုအဆင်​​ပြေသွားတယ်​။

ပြည်​​ထောင်​စု​နေ့နဲ့ ဆက်​ပြီး ၃ရက်​ပိတ်​တာမို့
အိမ်​ပြန်​တဲ့သူ​တော်​​တော်​များကြတယ်​။

ကျွန်​​တော်​ ခုံနံပတ်​ 35ပဲရတယ်​​နောက်​ဆုံးနား။

ဒါနဲ့ပဲ လက်​မှတ်​ရ ​ကျောင်းသွား
ည​နေကျ​တော့ ကိုယ့်​အိမ်​ကို ပြန်​ရ​တော့မယ်​ဆို
တော့ အတက်​ကြွဆုံး​ခြေလှမ်း​တွေနဲ့ အ​ဆောင်
ကိုပြန်​ အ၀တ်​ထုတ်​ထည့်​ ။
ပြီးမှ ​ရေမြန်​မြန်​ချိုးပြီး လမ်းထဲမှာ ထမင်းစားပြီး
ကားဂိတ်​ကို ထွက်​လာခဲ့တယ်​။
image

ကားက ည7နာရီခွဲထွက်​ပါတယ်​။

ည၁၂နာရီမှာ ​ရေနံသာကို​ရောက်​ပြီး.ထမင်းစားနာပါတယ်​။

အဲ့က​နေမှ မြန်​​အောင်​ကို မနက်​၂နာရီ​ကျော်​​လောက်​မှာ​ရောက်​ပါတယ်​။

စုစု​ပေါင်း၇နာရီ​လောက်​စီးရပါတယ်​။

အိမ်​ကို​ရောက်​ ကိုယ့်​အတွက်​ အ​မေပြင်​​ပေးထားတဲ့ အိပ်​ရာ​လေးမှာ အိပ်​။
မနက်​ကျမှ မစားရတာကြာပြီဖြစ်​တဲ့ မု့န်​ဟင်းခါး
လေးအ၀စားလိုက်​တယ်​။

ရန်​ကုန်​က မုန့်​ဟင်းရည်​ကို ကျွန်​​တော်​မကြိုက်​ဘူးဗျ။
ကျွန်​​တော်​တို့ဘက်​က ဟာနဲ့မတူဘူး။

ကျွန်​​တော့်​အတွက်​ ပိတ်​ရက်​မှာ​တော့ အ​မေ့ရဲ့
ရှယ်​လက်​ရာ​တွေနဲ့ ဗိုက်​ပြည့်​​အောင်​စားရတာ​ပေါ့။

YGNမှာ စားချင်​တာဝယ်​စားလို့ရ​တယ်​ဆို​ပေမဲ့
အ​မေ့ရဲ့လက်​ရာထက်​​တော့ ဘယ်​ဟာကမှ
မ​ကောင်းပါဘူး။

ပြီးရင်​​တော့ ကျွန်​​တော့်​ရဲ့အ​ပျော်​ဆုံးအပိုင်း​လေး
ဖုန်းသွားဝယ်​ရတာ​ပေါ့။

အ​ဖေက ပိုက်​ဆံထုတ်​​ပေးပါတယ်​။

ကိုယ့်​ဟာကိုသာ ကြိုက်​တာသွားဝယ်​ဆိုပြီး ၂သိန်းခွဲထုတ်​​ပေးပါတယ်​။

ကျွန်​​တော်​လဲ ဒီ Redmi Not 5A prime​လေး
ဝယ်​လာပါတယ်​။
image
image
image

Globalဆို​တော့ပိုအဆင်​​ပြေပါတယ်​။

ဒီလိုနဲ့ ၃ရက်​ဆိုတာ ဘာမှမဟုတ်​သလိုနဲ့ ပြီးသွားခဲ့ပြန်​တယ်​။

YGNပြန်​ရပါ​တော့မယ်​။
ခဏခဏ ပြန်​လိုက်​သွားလိုက်​​နေ​ပေမဲ့ ပြန်​တဲ့အချိန်​ဆိုရင်​​တော့ စိတ်​ထဲမှာ တစ်​မျိုးဝမ်းနည်သလို​ခံစားရပါတယ်​။

ဒါ​ပေမဲ့လည်း မပြန်​မဖြစ်​​မို့ပြန်​ခဲ့ရပါတယ်​။

အိမ်​ကို ပြန်​တိုင်း ကိုယ့်​​ကျောင်းတက်​ဖို့
ပိုက်​ဆံရှာ​နေရတဲ့ အ​ဖေ့ကို မြင်​ပြီး စာအာရုံစိုက်​လုပ်​ဖို့ အ​တွေး ပိုပိုပြီး ဖြစ်​မိပါတယ်​။

ဒါက​တော့ ကျွန်​​တော့်​ ပိတ်​ရက်​ ၃ ရက်​အပြန်​ခရီး​​လေးပါ။

MSCမိသားစုဝင်​အားလုံးကျန်းမာချမ်းသာကြပါ​စေ။

Written By @yeyintkyaw
MSC-020

Sort:  

v100%$0.08 v n m .

အဖေဆိုတာ တိတ်ဆိတ်တဲ့မေတ္တာရှင် သူရဲကောင်းပါ. အားပေးနေမယ် bro

ဟုတ်​တယ်​အကို

အစ်ကိုလဲ တစ်လတစ်ခ့တောင်မပြန်ဖြစ်ပါဘူး အလုပ်တွေ သားသမီးဝတ္တရာူတွေရှုပ်လာဘီကိုး

ပိတ်​ရက်​​တေည့ပြန်​​ပေါ့အကို

ကောင်းပါ့ဗျာ ဖတ်​လို့

ကျေးဇူးပါ

Good ​ကောင်းတယ်​ အစ်​ကို 5A ​လေး ​ဈေးနုန်းလည်အဆင်​​ပြေတယ်​..

ဟုတ်​လားအကိုခုလဲသုံး​နေတာမဆိုးဘူး

5A လေး 50000နဲ့ပြန်ရောင်းပေးပါ :P

ဘူး​ရောင်းမယ်​၅သောင်းပဲ​ပေး

ဖုန်းလဲရပြီဆိုတော့ စာလဲကြိုးစားတော့ပေါ့ ။အရေးအသားလဲကောင်းပါတယ်ခင်ဗျ။

Hehe
ကျက်​ရပြီစာမွဲကဖင်​ကပ်​​နေပြီ

အိမ်ပြန်ခရီးတိုင်း ချောမွေ့ပါစေဗျာ

မမနဲ့ သားနဲ့ တူတယ် မမက 4 64😍😍ကင်မရာအလန်းခွာ သားပိုလှလာတေ ခ်ခ်

ဖတ်​​ကောင်းတယ်​...အိမ်​ပြန်​ခရီးအ​ကြောင်း....good

ကျေးဇူးပါ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64534.17
ETH 3150.15
USDT 1.00
SBD 4.01