ဖိုင်တွေကိုGoogle Drive ပေါ် ဒေါင်းလုပ်ချနည်း
ဖိုင်တွေကိုGoogle Drive ပေါ် ဒေါင်းလုပ်ချနည်း
အားလုံးပဲမင်္ဂလာပါခင်ဗျား။
ဖိုင်တွေကိုDownload Upload လုပ်နေတဲ့သူတွေအတွက်နည်းလေးတစ်ခုကိုပြောပြချင်ပါတယ်။
မိမိ Device ထဲကိုDownload ကိုတော့လူတိုင်းနီးပါးဆွဲတတ်မှာပါ။
ခုပြောပြမယ့်နည်းကတော့ google drive ပေါ်ကို download လုပ်တဲ့နည်းပါ။
ဥပမာ မိမိအတွက် အသုံးတည့်တဲ့ဖိုင်တစ်ခုကိုwebsite တစ်ခုကနေပြီးdownloadဆွဲတယ်ဆိုပါဆို့။
အဲဒီဖိုင်ကို မိမိရဲ့ ဖုန်း သို့မဟုတ် ကွန်ပြူတာပေါ်ကို download မချပဲ google drive မှာ download ချလိုက်တာပါ။
Website လင့်ကနေ မိမိကိုယ်ပိုင် လင့်ဖြစ်သွားပါတယ်။
မိမိရဲ့ Device ထဲကိုdownload ချတာမဟုတ်တံအတွက် Bill လည်း နည်းနည်းပဲကုန်ပါတယ်။
အချိန်ကလည်းဖိုင်အကြီးကြီးကိုခဏပဲကြာပါတယ်။
နောင်တစ်ချိန်အဲဒီဖိုင်ကိုလိုချင်ရင် မိမိရဲ့ google drive မှာပဲ
မိမိရဲ့ Device ထဲကို Download ပြန်ချလို့လည်းရပါတယ်။အလွယ်တကူပြန်ရှာလို့ရတာပေါ့။
ကဲနည်းလေးပြောပြပါ့မယ်။
ထွေထွေထူးထူးမဟုတ်ပါဘူး။
Puffin browser ကို အသုံးပြုပြီးတော့ပြုလုပ်တာပါ။
Browser မှာ မိမိdown ချင်တဲ့ဖိုင်ကို down လိုက်ပါ။
အဲလိုdown လိုက်တာနဲ့ ဖိုင်ကို ဘယ်နေရာမှာသိမ်းမလည်းမေးပါလိမ့်မယ်။
အဲဒီမှာ google drive ကို ရွေးပေးလိုက်ပါ။
ပြီးရင်ခဏစောင့်လိုက်ရပါပြီ။
မိမိရဲ့ google အကောင့်ကို browser မှာ login ဝင်ပေးဖို့တော့လိုပါတယ်။
Download ပြီးသွားရင် မိမိရဲ့ google drive ကို ဝင်ကြည့်လိုက်ပါ။
စောစောက down ထားတဲ့ဖိုင် ရောက်နေပါလိမ့်မယ်။
Puffin browser ကတော့ Play store မှာ ကိုယ့်ဘာသာပဲရှာပြီး down လိုက်ပါ။
အဆင်ပြေကြပါစေ။
အားလုံးကျန်းမာချမ်းသာကြပါစေ
ရဲသီဟကျော်
@yethihakyaw
22.4.2018,Sun