ငယ်​ကျိုးငယ်​နာ(၂)

in #myanmar7 years ago

ငယ်​ကျိုးငယ်​နာ(၂)
image

ကျွန်​​တော်​တို့ရွာ​တွေမှာက​လေး​လေး​တွေကိုကိုရင်​ဝတ်​​ပေး​လေ့ရှိကြပါတယ်​။ခု​ခေတ်​မှာ​တော်​​တော်​များများပိုက်​ဆံတတ်​နိုင်​တဲ့သူ​တွေလုပ်​သလိုရှင်​ပြုဆိုပြီးနာမည်​ခံလုပ်​တဲ့ပုံစံမျိုးမဟုတ်​ပါဘူး။ရှင်​ပြုသာဆိုတယ်​၊ခု​ခေတ်​မှာကကိုရင်​လည်းမဝတ်​ကြ​တော့ပါဘူး။တစ်​ချို့အလှူ​တွေဆိုရင်​ပရိက္ခရာ​တောင်​စုံ​အောင်​မပါပါဘူး။ထားလိုက်​ပါ​တော့​လေ။ကျွန်​​တော်​​ပြောချင်​တာကအဲဒါမဟုတ်​ပါဘူး။ကျွန်​​တော်​တို့ငယ်​ငယ်​ကဘုန်းကြီး​ကျောင်းမှာကိုရင်​ဝတ်​ကြတဲ့အ​ကြောင်းပါ။တိုးတက်​လာပါတယ်​ဆိုတဲ့ခု​ခေတ်​မှာအဲလိုမျိုးဓ​လေ့​တွေမရှိ​တော့ပါဘူး။တကယ်​စိတ်​မ​ကောင်းစရာပါပဲ။
image
Image from google

ကျွန်​​တော်​ကနှစ်​တန်းနှစ်​မှာစပြီးကိုရင်​ဝတ်​ဖြစ်​ပါတယ်​။အသက်​က ၉ နှစ်​​လောက်​​တော့ရှိမှာ​ပေါ့။အဲဒီထက်​ငယ်​​နေရင်​လည်း​ကျောင်းကဘုန်းကြီးကဝတ်​ခွင့်​မပြုပါဘူး။
ကျွန်​​တော်​က၇နှစ်​မှစပြီး​ကျောင်း​နေခဲ့ရလို့နှစ်​တန်းမှာ၉နှစ်​​လောက်​​တော့ရှိ​နေပါပြီ။
ကျွန်တော်နဲ့သူငယ်ချင်းတွေအားလုံးလိုလိုဟာတနှစ်​ကိုတစ်​ခါဝတ်​ကြပါတယ်​။ဘယ်​လိုမျိုးတစ်​နှစ်​ကိုတစ်​ခါလည်းဆို​တော့ ဝါဝင်​ရင်​ဝတ်​ကြပါတယ်​။ဝါကျွတ်​တာနဲ့ပြန်​ပြီး​တော့လူထွက်​ကြပါတယ်​။တစ်​ချို့လည်းမထွက်​ကြ​တော့ဘဲဆက်​ပြီးဝတ်​ကြပါတယ်​။အဲဒီကတည်းက​နေဝတ်​လာပြီးခုထိမထွက်​​တော့တဲ့သူငယ်​ချင်း​တွေ​တောင်​စာသင်​၊စာချ၊နယ်​လှဲ့ဓမ္မကထိက​တွေဖြစ်​​နေကြပါပြီ။

ယောက်ျား​လေး​တွေအားလုံးကဝါဝင်​ပြီဆိုတာနဲ့ကိုရင်​ဝတ်​ကြပါတယ်​။မဝတ်​တဲ့သူက ရှားပါတယ်​။ရှင်​ပြုပွဲ ကြီးကျင်းပပြီးမှဝတ်​ကြတာမဟုတ်​ပါဘူး။ဝါဆိုခါနီးမှာ​ကျောင်းကိုသွားပြီးကတုံးရိတ်​၊ဘုန်းကြီးဆီကသင်္ကန်း​တောင်းဆိုပြီးဝတ်​လိုက်​ရုံပါပဲ။ကိုယ်​နဲ့နီးစပ်​တဲ့ဘုန်းကြီး​ကျောင်းကိုသွားပြီး​တော့ဝတ်​ကြတာပါ။ကျွန်​​တော်​တို့ရွာမှာကဘုန်းကြီး​ကျောင်းက၇​ကျောင်းရှိလို့ပါ။အားလုံး​သောက​လေး​တွေကဝါဝင်​ခါနီးပြီဆိုတာနဲ့အရမ်း​ပျော်​ကြပါတယ်​။ကိုရင်​ဝတ်​ကြရမှာမို့လို့ပါ။ဝါဆိုလပြည့်​​ကျော်​တစ်​ရက်​က​နေသီတင်းကျွတ်​လပြည့်​​ကျော်​တစ်​ရက်​ထိကဝါတွင်းလို့​ခေါ်ပါတယ်​။အဲဒီအချိန်​ထိဝတ်​ပြီးရင်​လူပြန်​ထွက်​လာကြပါတယ်​။အဲတာကိုတစ်​ဝါရတယ်​လို့​ခေါ်ပါတယ်​။ဝါတွင်းသုံးလကာလပတ်​လုံး​ကျောင်းမှာကိုရင်​ဝတ်​ပြီးဝါကျွတ်​တာနဲ့တစ်​ဝါလို့​ခေါ်ပါတယ်​။သူကဘယ်​နှဝါရတယ်​၊ငါကဘယ်​နှဝါရတယ်​ဆိုပြီးဂုဏ်​ယူဝင့်​ကြွားစွာ​ပြော​လေ့ရှိကြပါတယ်​။
တစ်​ဝါရတယ်​ဆိုတာသူကတစ်​နှစ်​၊နှစ်​ဝါရတယ်​ဆိုတာကသူကနှစ်​နှစ်​ ကိုရင်​ဝတ်​ဖူးပြီးပြီလို့ဆိုလိုတာပါ။
ကျွန်​​တော်​ကတစ်​ဝါခွဲပဲရခဲ့ပါတယ်​။ဒါကလည်းဒီလိုရှိပါတယ်​။ဝတ်​တာက​တော့နှစ်​နှစ်​နှစ်​ဝါပါ။နောက်​နှစ်​ကိုရင်​ဝတ်​​တော့ဝါတစ်​ဝက်​​လောက်​မှာ​နေမ​ကောင်းဖြစ်​ပါတယ်​။အပြင်းအထန်​ကိုဖြစ်​ခဲ့တာပါ။ဆေးကုဖို့လိုအပ်​တဲ့အတွက်​ဝါတစ်​ဝက်​နဲ့ထွက်​လိုက်​ရတာပါ။အဲ့တာ​ကြောင့်​မို့နှစ်​နှစ်​မှတစ်​ဝါခွဲပဲရခဲ့တာပါ။
image
Image from google

ကျွန်​​တော်​တို့ငယ်​ငယ်​ကကျူရှင်​ဆိုတာမရှိပါဘူး။ကျောင်းကပြန်​လာရင်​​ဆော့ရုံပါပဲ။ဝါတွင်းဆိုလည်း​ကျောင်းမှာကိုရင်​ဝတ်​နိုင်​ပါတယ်​။ခု​ခေတ်​မှာကျ​တော့က​လေး​တွေက​ကျောင်းကပြန်​လာရင်​ကျူရှင်​​ပြေးရပါတယ်​။ကိုယ်​ပိုင်​​ဆော့ကစားချိန်​ဆိုတာမရှိ​တော့ပါဘူး။ကျောင်းမှာကိုရင်​ဝတ်​ဖို့ဆိုရင်​အ​ဝေးကြီး။အဲဒီအချက်​ကလည်းခု​ခေတ်​မှာကိုရင်​ငယ်​​လေး​တွေရှားပါးလာရတဲ့အ​ကြောင်းရင်းတစ်​ခုလို့ထင်​ပါတယ်​။

ကျွန်​​တော်​တို့တုန်းက​တော့ကိုရင်​ဝတ်​ရင်းနဲ့သင်္ကန်းနဲ့​ကျောင်းတက်​ပါတယ်​။ကျောင်းကလည်း​ထွေ​ထွေထူးထူးအ​ဝေးကြီးသွားစရာမလိုပါဘူး။ကိုယ်​​နေတဲ့ဘုန်းကြီး​ကျောင်းကဘုရားကြီး​ဆောင်​ထဲမှာစာသင်​တာဖြစ်​တဲ့အတွက်​​ကြောင့်​ပါ။မူလတန်း​ကျောင်း​လေးကအဲဒီဘုရား​ဆောင်​ပရဝုဏ်​မှာပဲဆယ်​စုနှစ်​တစ်​ခု​ကျော်​​လောက်​ကြာခဲ့တာပါ။စာသင်​​ကျောင်းမှာစာသင်​ပြီး​နေ့ခင်းဖက်​​ကျောင်းဆင်းရင်​ဘုန်းကြီး​ကျောင်းဖက်​သွားပြီးဆွမ်းစားရပါတယ်​။အဆင်​ကို​ပြေလို့။
image
Image from facebook

ဘုန်းကြီး​ကျောင်းပြန်​​ရောက်​ရင်​ဘုန်းကြီးကဘုရားရှိခိုးစာသင်​ပါတယ်​။ပရိတ်​ကြီးထဲကမင်္ဂလသုတ်​ကိုအရင်​ဆုံးသင်​ပါတယ်​။ပြီးရင်​အားလုံးအလွတ်​ရပြီဆိုရင်​​နောက်​တစ်​ဆင့်​တက်​​ပေးပါတယ်​။အဲဒီတုန်းကလိုဆိုရင်
ယဉ်​​ကျေးလိမ္မာလိုမျိုးသင်​တန်းကိုတကူးတကတက်​​နေစရာမလိုပါဘူး။ည​ရောက်​ပြီဆိုတာနဲ့ကိုရင်​ငယ်​​လေး​တွေအားလုံးစုပြီး​တော့တစ်​တန်းတည်းအိပ်​ရပါတယ်​။ကျောင်း​အောက်​မှာဖျာခင်း​ပေးထားတာပါ။အဲဒီအ​ပေါ်မှာအားလုံးစုပြီး​တော့အိပ်​ရတာပါ။ဘေးမှာအသက်​နဲနဲကြီးတဲ့ကိုရင်​ကြီးက​စောင့်​ပြီးအိပ်​ပါတယ်​။ည​ရေးညတာအ​ပေါ့၊အ​လေးသွားချင်​ရင်​ကိုရင်​ကြီးကိုနှိုးပြီး​တော့သွားလို့ရ​အောင်​ပါ။

ငယ်​ငယ်​တုန်းကအ​ကြောင်း​လေး​တွေပြန်​သတိရတာနဲ့​ရေးကြည့်​တာပါ။ဘာပဲဖြစ်​ဖြစ်​အဲဒီတုန်းကအရမ်း​ပျော်​ခဲ့ရပါတယ်​။အမှတ်​ရစရာ​လေး​တွေအများကြီးပါ။နောက်​ရက်​​တွေကြရင်​လည်း​ရေးပါအုံးမယ်​။
image

အားလုံးကျန်းမာချမ်းသာကြပါ​စေ
ရဲသီဟ​ကျော်
@yethihakyaw
Msc-093
25.2.2018,Sun

Sort:  

ပျော်စရာကြီးပါ ငါလဲ ငယ်ငယ်က သူငယ်ချင်းတွေနဲ့ စနောက်ခဲ့တာတွေ ပြန်ရေးအုန်းမှ.

ဟုတ်​​ကောင်းပါတယ်​။
ရေးပါဗျ။နား​ထောင်​ရတာ​ပေါ့။

အမှတ်တရငယ်ဘ၀အကြောင်းလေးပေါ့..

ဟုတ်​တယ်​bro။ငယ်​ငယ်​ကအမှတ်​ရစရာ​တွေကအများကြီးပဲ😁။

အားပေးနေပါတယ်။

ကျေးဇူးပါfri.

This post has received a 0.08 % upvote from @drotto thanks to: @banjo.

တော်သေးတယ် ကျောင်းတုန်းက လည်ပင်းဖတ် မပေါင်းခဲ့ရလို့ တော်ကြာ ငယ်ကျိုးငယ်နာတွေ အဖော်ခံရဦးမယ်😁😁

လာအုံးမယ်​။မေးပြီး​တော့😁။

ဟားး ငယ်ကျိုးငယ်နာတွေပြန်ဖေါ်ရတာ
တခါတလေပျော်စရာကောင်းပါတယ်

သူငယ်​ချင်း​တွေစုပြီး​ပြောရရင်​ပိုပြီး​တော့အရသာရှိတယ်​။

ငယ်ဘဝက ပျော်စရာတော့ကောင်းသားဗျ

ဟုတ်​တယ်​။ငယ်​ဘဝကဘာနဲ့မှမလည်းနိုင်​ဘူး။ပြန်​သတိရရင်​။

အားပေးနေပါတယ် bro

ကျေးဇူးbro

Thanks

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64344.88
ETH 2629.39
USDT 1.00
SBD 2.83