နာမည်​တစ်​လုံးထဲ​ဖေ့စ်​ဘုတ်​အ​ကောင့်​ဖွင့်​နည်း

in #myanmar6 years ago

နာမည်​တစ်​လုံးထဲ​ဖေ့စ်​ဘုတ်​အ​ကောင့်​ဖွင့်​နည်း
lovesteem.jpg
Facebookမှာမိမိအ​ကောင့်​ကိုနာမည်​တစ်​လုံးထဲဖွင့်​ချင်​တဲ့သူ​တွေရှိကြလားမသိဘူး။
Facebookမှာနာမည်​တစ်​လုံးထဲအ​ကောင့်​ဖွင့်​နည်းကို​ပြောပြ​ပေးပါမယ်​။
သာမန်​အားဖြင့်​​တော့နာမည်​ကိုfirst name နဲ့last name ဆိုပြီး​ပေးရပါတယ်​။
သိတဲ့သူ​တွေလည်းသိကြမှာပါ။
ခုဟာကမသိ​သေးတဲ့သူ​တွေအတွက်​ပါ။
တစ်​ချို့က​တော့hola vpn လိုမျိုးသုံးပြီး​တော့ဖွင့်​ကြပါတယ်​။
ခုနည်းကvpnမလိုပဲလုပ်​တဲ့နည်းပါ။
အတူတူ​တော့အတူတူပါပဲ။
ဖွင့်​ပြီးသားအ​ကောင့်​နာမည်​ကိုname​ပြောင်းတဲ့နည်းပါ။
Nameကိုတစ်​လုံးထဲဖြစ်​​အောင်​​ပြောင်းတဲ့နည်းပါ။
သူကအင်​ဒိုနာမည်​​တွေအတွက်​ထင်​ပါတယ်​။
ကျွန်​​တော်​လည်း​သေချာ​တော့မသိပါဘူး။
ပြောင်းတဲ့နည်းကို​ပဲပြောပြပါမယ်​။
ပထမဦးဆုံးbrowser တစ်​ခုက​နေ www.facebook.comက​နေမိမိရဲ့အ​ကောင့်​ကိုloginဝင်​လိုက်​ပါ။
ပြီးရင်​အ​ပေါ်ဖက်​ညာ​ထောင့်​ကအခြစ်​သုံးခုကိုနှိပ်​လိုက်​ပါ။
Language ကိုနှိပ်​လိုက်​ပါ။
Language​ပြောင်းမှာဖြစ်​တဲ့အတွက်​ Language ​နေရာရယ်​ account setting ​နေရာရယ်​က သ​င်္ကေတရယ်​ကို အမှတ်​အသားကိုကြည့်​ပြီးမှတ်​ထားပါ။
ဖတ်​တတ်​ရင်​​တော့တစ်​မျိုး​ပေါ့ဗျာ။
ကျွန်​​တော်​​တော့မဖတ်​တတ်​လို့သ​င်္ကေတပဲမှတ်​ထားပါတယ်​။
Language ကိုနှိပ်​ပြီးရင်​ အင်​ဒို language ဖြစ်​တဲ့Bahasa indonesia ကို​ပြောင်းလိုက်​ပါ။
ပြီးရင်​ accoun setting ကို ဝင်​ပါ။
Account setting က အင်​ဒို လို​ပေါ်​နေမှာပါ။
အဲတာ​ကြောင့်​​စော​စောက သ​င်္ကေတမှတ်​ထားဖို့​ပြောတာပါ၊
ပုံမှန်​နာမည်​​ပြောင်းတဲ့အတိုင်းပဲ first name ​နေရာမှာတစ်​လုံးထဲထည့်​ပြီး​ပြောင်း​ပေးရုံပါပဲ။
ပြီးရင်​password ရိုက်​​ပေးလိုက်​ပါ။
အဲဒါဆိုရင်​နာမည်​တစ်​ထဲအ​ကောင့်​ရပါပြီ။
ပြီးရင်​ Language ပြန်​​ပြောင်းလိုက်​ပါ။
Facebook app က​နေ login ပြန်​ဝင်​ကြည့်​ပါ။
Name က တစ်​လုံးထဲ​ပြောင်းသွားတာကို​တွေ့ရပါမယ်​။
အဆင်​​ပြေကြပါ​စေ။
အဆင်​မ​ပြေတာရှိရင်​​မေးလို့ရပါတယ်​။
သိသ​လောက်​​ပြောပြပါ့မယ်​။
G_20180408_0919068.gif
အားလုံးကျန်းမာချမ်းသာကြပါ​စေ
ရဲသီဟ​ကျော်
@yethihakyaw
21.4.2018,Sat

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64689.90
ETH 3450.92
USDT 1.00
SBD 2.50