မစဉ်းစားရင်​မစင်​စားရတာပဲအဖတ်​တင်​တတ်

in #myanmar6 years ago

မစဉ်းစားရင်​မစင်​စားရတာပဲအဖတ်​တင်​တတ်
steemitlogo.jpg

ကျွန်​​တော်​အရင်​တုန်းကဖတ်​ဖူးတဲ့စာအုပ်​​လေးထဲကပုံပြင်​​လေးတစ်​ပုဒ်​အ​ကြောင်းကိုပြန်​ပြီး​ပြောပြချင်​ပါတယ်​။ဖတ်​ထားတာ​တော်​​တော်​​လေးကြာခဲ့ပြီဆို​တော့​ခေါင်းစဉ်​နဲ့ဘယ်​သူ​ရေးထားလည်းဆိုတာ​တော့မမှတ်​မိ​တော့ပါဘူး။အဲဒါ​ကြောင့်​မို့ ဖတ်​ဖူးပြီးသားမှတ်​မိတဲ့သူရှိရင်​လည်း​ပြောကြပါအုံး။ရေးထားတဲ့အ​ကြောင်းအရာ​လေး​တွေကအရမ်း​ကောင်းပါတယ်​။ကျွန်​​တော်​လည်းအကုန်​​တော့မမှတ်​မိ​တော့တဲ့အတွက်​စိတ်​ထဲမှာမှတ်​မိသ​လောက်​ပြန်​ပြီး​ပြောပြရခြင်းဖြစ်​ပါတယ်​။

ဟိုး​ရှေး​ရှေးတုန်းက​ပေါ့ဗျာ။တိုင်းပြည်​တစ်​ပြည်​မှာသူ​ဌေးကြီးတစ်​​ယောက်​ရှိပါတယ်​။အဲဒီသူ​ဌေးကြီးဟာပစ္စည်းဥစ္စာအရမ်းချမ်းသာပါတယ်​။ခု​ခေတ်​လို​ပြောရရင်​​တော့ Top 10 စာရင်းဝင်​​အောင်​ချမ်းသာတယ်​​ပေါ့ဗျာ။Top 10 ထဲမှာမှ သူက နံပါတ်​တစ်​​လောက်​မှာရှိတဲ့သူ​ပေါ့။သူ​ဌေးကြီးမှာအရမ်း​ချော​မောလှပတဲ့သမီး​လေးတစ်​​ယောက်​ရှိပါတယ်​။တစ်​ဦးတည်း​သောသမီး​လေး​လေးဖြစ်​ပြန်​၊ဆယ်​သက်​ထိုင်​စားမကုန်​နိုင်​​သောစည်းစိမ်​ချမ်းသာလည်းပိုင်​ဆိုင်​ထားပြန်​ဆို​တော့သူမကိုလိုချင်​တဲ့သူ​တွေကပုံ​နေတာ​ပေါ့။ဥစ္စာ​ပေါ ရုပ်​​ချော ဆို​တော့မလိုချင်​တဲ့သူဘယ်​ရှိလိမ့်​မလည်း။ဒါ​ပေမယ့်​ဒီ​လောက်​ချမ်းသာတဲ့အသိုင်းဝိုင်းကို​တော်​ရုံလူလည်းဘယ်​ကပ်​နိုင်​ပါ့မလည်း။

သူ​ဌေးသမီး​လေးအရွယ်​​ရောက်​လာ​တော့အိမ်​​ထောင်​ပြု​ပေးဖို့အတွက်​စီစဉ်​ရပါတယ်​။သူ​ဌေးကြီးကသူ့သမီးကို​တော်​ရုံလူနဲ့လည်းသ​ဘောမတူနိုင်​ပါဘူး။သူ့သမီးအတွက်​စိတ်​ချရမယ့်​လူ၊​နောင်​​ရေးစိတ်​​အေးရမယ့်​လူ၊သူ့စည်းစိမ်​​တွေကိုဆက်​ပြီးထိန်းသိမ်းနိုင်​မယ့်​သူကိုကိုယ်​တိုင်​​ရွေးချယ်​ပါတယ်​။သူ့သမီးကိုလိုချင်​တဲ့သူဟာသူ​မေးတဲ့​မေးခွန်းကိုအကျိုးအ​ကြောင်းခိုင်​လုံစွာ​ဖြေဆိုနိုင်​သူဖြစ်​ရပါမယ်​။သူစိတ်​​ကျေနပ်​​အောင်​​ဖြေဆိုနိုင်​တဲ့သူကိုသူ့ရဲ့စည်းစိမ်​​တွေအကုန်​​ပေးပြီးသမီးနဲ့လက်​ထပ်​​ပေးမယ်​ဆိုတဲ့အ​ကြောင်းမြို့ထဲကိုသတင်းလွှင့်​လိုက်​ပါတယ်​။ခု​ခေတ်​လိုဆိုရင်​ဖြင့်​မြို့ထဲက ​ကြော်​ငြာ ဘုတ်​​တွေ​ပေါ်လိုက်​ကပ်​တာမျိုး၊Ybs လို၊Taxi လိုကား​တွေ​ဘေးစတစ်​ကာကပ်​တာမျိုး၊Fm က​နေတစ်​မျိုး၊ဇာတ်​လမ်းတွဲ​တွေထဲမှာညှပ်​ပြီး​တော့တစ်​မျိုး အမျိုးမျိုး ​ကြော်​ငြာမှာ​ပေါ့ဗျာ။သူကနံပါတ်​တစ်​အဆင့်​ချမ်းသာတဲ့သူ​ဌေးကြီးကိုးဗျ။သူကဘယ်​လို​ကြေငြာလိုက်​သလည်းလို့ဆိုရင်
မစင်​ရဲ့အရသာဟာဘယ်​လိုရှိသလဲ
တိတိကျကျ​ပြောနိုင်​တဲ့သူ၊အကျိုးအ​ကြောင်းခိုင်​ခိုင်​လုံလုံနဲ့​ပြောနိုင်​တဲ့သူကိုသူ့သမီးနဲ့ ​ပေးစားမှာဖြစ်​​ကြောင်း ဆိုပြီး​တော့​ကြေငြာလိုက်​ပါတယ်​။အငြင်းပွားမှုတစ်​စုံတရာဖြစ်​လာပါကသူ​ဌေးကြီး၏ဆုံးဖြတ်​ချက်​သာအတည်​ဖြစ်​​ကြောင်း​ပေါ့​လေ😁။

အဲ့ဒီသတင်းကိုကြား​တော့မြို့ထဲကကာလသား​တွေဟာကနဲဖြစ်​ကုန်​ပါတယ်​။တစ်​ချို့ကလည်းမသွား​တော့ပါဘူးကွာ။သူ့ဟာကချီးအ​ကြောင်း​ဖြေရမှာ။သူ့သမီးမရချင်​လည်း​နေပါ​စေ​တော့။တစ်​ချို့ကျ​တော့လည်းသွားမယ်​​ပေါ့။ရရင်​အမြတ်​။မရရင်​အရင်း​ပေါ့ဆိုပြီး။ဒီလိုနဲ့ သူ​ဌေးကြီး ​ကြေငြာတဲ့ရက်​ကို​ရောက်​လာပါတယ်​။

သူ​ဌေးကြီးရဲ့အိမ်​​ရှေ့မှာ အင်​တာဗျူး​ဖြေဖို့​စောင့်​​နေတဲ့သူ​တွေ​တော်​​တော်​များ​နေပါပြီ။ဒါနဲ့ သူ​ဌေးကြီးက တစ်​​ယောက်​ချင်းကို သူ့ရဲ့​မေးခွန်း​ဖြေဖို့အိမ်​ထဲကိုခေါ်ပါတယ်​။ပထမဆုံးတစ်​​ယောက်​ကို ​မေးပါတယ်​။မစင်​ဟာ ဘယ်​လိုမျိုးအရသာရှိလည်းဆို​တော့ အဲဒီလူက ရမ်းပြီး ​ဖြေပါတယ်​။သူထင်​သမျှ​လျှောက်​ပြီး​ပြောပါတယ်​။ ​ပြောတဲ့အရာ​တွေအားလုံးကိုလည်းသူ​ဌေးကြီးကလိုက်​မှတ်​ထားပါတယ်​။
အဲဒီလူ​ဖြေလို့လည်းပြီး​ရော သူ​ဌေးကြီးက ရပါပြီ။နောက်​ရက်​ကျရင်​ အ​ကြောင်းပြန်​ပါ့မယ်​ဆိုပြီး​နောက်​တစ်​​ယောက်​​ခေါ်ပါတယ်​။နောက်​တစ်​​ယောက်​ကို​မေးတဲ့အခါ အဲဒီလူက မစင်​ဟာဘယ်​လိုအရသာရှိ​ကြောင်း ​ပြောပြပါတယ်​။သူ​ဌေးကြီးက ​မောင်​မင်းဘယ်​လိုလုပ်​ပြီး မစင်​ရဲ့အရသာကိုသိသလည်းလို့​မေးတဲ့အခါ ထိုလူကရှက်​ရှက်​နဲ့ နဲနဲမြည်းကြည့်​ထားလို့ပါ ဟု​ဖြေ​လေသည်​။သူ​ဌေးကြီးကလည်း​ကောင်းပါပြီ​နောက်​ရက်​ကျ အကြာင်းပြန်​ပါမည်​ဟုဆိုကာ ပြန်​လွှတ်​လိုက်​​လေသည်​။

သူ​ဌေးကြီး​မေးခွန်းကို​ဖြေရန်​​နောက်​တစ်​​ယောက်​ဝင်​လာပြန်​သည်​။မစင်​ဟာ ဘယ်​လိုအရသာရှိလည်း ဟု သူ​ဌေးကြီးက ​မေးလိုက်​​သောအခါထိုလူငယ်​က
မစင်​ဟာချိုတဲ့အရသာရှိပါတယ်
ရက်​ကြာလာရင်​ချဉ်​ပါတယ်
ခြောက်​သွားရင်​ခါးပါတယ်​ ဟုတိတိကျကျ​ဖြေ​လေသည်​။ထိုစကားကိုကြား​သောအခါသူ​ဌေးကြီးက ​မောင်​မင်းကတိကျလှပါလား။ကိုယ်​တိုင်​များစားထားသလားဟု​မေး​သောအခါ ထိုလူကမဟုတ်​ပါ။တွေးကြည့်​၍သိခြင်းဖြစ်​ပါသည်​ဟု​ဖြေ​လေသည်​။ထိုအခါသူ​ဌေးက ဘယ်​လို​တွေးကြည့်​ပြီးသိသလည်းဟု​မေး​သောအခါ​အောက်​ပါအတိုင်း​ဖြေပါသည်​။မစင်​ပုံဟာပထမဆုံးမှာ ယင်​​တွေဝိုင်းပြီးအုံပါတယ်​။ယင်​ဆို​သောသတ္တဝါဟာ ချို​သောအရာများကို အုံ​လေ့ရှိပါတယ်​။ဒါ့​ကြောင့်​မို့မစင်​ဟာစစချင်းချိုတယ်​လို​​ပြောတာပါ။
နဲနဲကြာလာလျှင်​ မစင်​ပုံမှာ ယင်​ ​တွေမရှိ​တော့ပါ။ဖြုတ်​​တွေအစားထိုး​ရောက်​လာပါတယ်​။ဖြုတ်​ ဆိုတဲ့သတ္တဝါ ဟာ ချဉ်​​သော အရာများ​ပေါ်မှာ အုံ​လေ့ရှိပါတယ်​။ဒါ့​ကြောင့်​မို့မစင်​ဟာ နဲနဲကြာလာရင်​ ချဉ်​ တယ်​လို့​ပြောရခြင်းပါ။ခြောက်​သွားတဲ့အခါမှာ​တော့ မစင်​ပုံကို ယင်​၊ဖြုတ်​ မလာ​တော့ပါ။ကင်းလိပ်​​ချောများသာလာကြပါ​တော့တယ်​။ကင်းလိပ်​ဟာ ခါးတဲ့ အရသာ​တွေ​ပေါ်ကို လာ​လေ့ရှိပါတယ်​။ဒါ​ကြောင့်​မို့ မစင်​ဟာ ​ခြောက်​သွားတဲ့အခါ ခါးတယ်​လို့ဆိုခြင်းဖြစ်​ပါတယ်​။

အဲဒီလူရဲ့အ​ဖြေကိုလည်းကြား​ရော သူ​ဌေးကြီးက ဝမ်းသာသွားပါတယ်​။တကယ့်​ပညာရှိပဲဟုဆိုကာသူ့သမီးနဲ့လက်​ထပ်​​ပေးလိုက်​ပါတယ်​။ပထမဆုံးတစ်​​ယောက်​​ဖြေတုန်းက ညာပြီး ရွှီး​နေမှန်းသူ​ဌေးကြီးကသိပါတယ်​။ဒါ​ကြောင့်​မို့ ပြန်​လွှတ်​လိုက်​တာပါ။ဒုတိယ တစ်​​ယောက်​ကျ​တော့ မညာပါဘူး။မစင်​ကိုတကယ်​စားပြီး ဘယ်​လိုအရသာရှိ​ကြောင်း​ပြောသွားတာပါ။သို့​သော်​ထိုလုပ်​ရပ်​သည်​ ပညာရှိမဆန်​ပါ၊​ခေါင်းမရှိသူ​တွေရဲ့လုပ်​ရပ်​ဖြစ်​တဲ့အတွက်​ ထိုလူကို သူ့သမီးနဲ့သ​ဘောမတူခဲ့ပါ။တတိယလူကျ​တော့အကျိုးသင့်​အ​ကြောင်းသင့်​ကိုပညာရှိဆန်​ဆန်​​ဖြေရှင်းသွားတဲ့အတွက်​ သူ့ရဲ့စည်းစိမ်​​တွေအကုန်​လုံး​ရော၊သမီးကို​ရောယုံယုံကြည်​ကြည်​နဲ့​ပေးအပ်​လိုက်​ပါတယ်​။
စဉ်းစားချင့်​ချိန်​နိုင်​တဲ့ဉာဏ်​ရှိဖို့ဟာအင်​မတန်​မှအ​ရေးကြီးပါတယ်​။မစဉ်းမစားလုပ်​ခဲ့ရင်​ ဘာမှ ​တော့ဖြစ်​မလာခဲ့ပါ။မစင်​စားခဲ့ရတာပဲအဖတ်​တင်​ပါတယ်​လို့။

ဟို​ရောက်​ဒီ​ရောက်​အ​ရေးအသားကိုသည်းခံပြီးဖတ်​ရှုကြ​စေလိုပါသည်​။

အားလုံးကျန်းမာချမ်းသာကြပါ​စေ
Ye Thiha Kyaw
@yethihakyaw
MSC-093
28.1.2018,

Sort:  

ဇာတ်လမ်းလေးရေးထားတာ သရုပ်ပေါ်ပါတယ် bro

ကျေးဇူးပါဗျာ။ခုလိုဖတ်​ရှု​ပေးတာ။

Wao so beautiful

ဇာတ်လမ်းလေးကြိုက်တယ်။ဖတ်ရတာအရမ်းကောင်းတယ်@ue

ကျေးဇူးတင်​ပါတယ်​။

စဉ်းစားဆင်​ခြင်​​တွေး​ခေါ်ဉာဏ်​​ပေါ့

ဟုတ်​တယ်​bro။

This post has received a 0.03 % upvote from @drotto thanks to: @banjo.

ဇာတ်လမ်းကောင်းပဲ၊မှတ်သားရပါတယ်

ကျေးဇူးပါဗျာ။

ဇာတ်လမ်းလေးက မှတ်သားလောက်ပါပေတယ်။

လာဖတ်​​ပေးတာ​ကျေးဇူးပါ။

အရေးအသားတွေ မိုက်ဒေဘဒို 👍👍

ကျေးဇူးပါbro။ခုလိုကြားရတာ။

တော်ပြီ စဉ်းစားမယ် စဉ်စစာစမယ်

ဘာပြုလို့လဲ။ကြောက်​လို့လား😁။

ပညာဥာဏ်နဲ့ဆုံးဖြတ်သွားတာ အတုယူစရာပါ

ဟုတ်​တယ်​။တကယ်​သ​ဘောကျစရာ​ကောင်းတယ်​။

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62832.46
ETH 3374.71
USDT 1.00
SBD 2.48