How to delegate & undelegate sp

in #myanmar7 years ago

How to delegate & undelegate sp
image

Steemit မိသားစုဝင်​များအားလုံး မင်္ဂလာပါခင်​ဗျား။ကျွန်​​တော်​ရဲ့ယခုပို့စ်​မှာ sp delegate လုပ်​ပုံနှင့်​ delegate လုပ်​ထားတဲ့spကိုဘယ်​လိုပြန်​ပြီးယူရသလည်းဆိုတာကို​ပြောပြ​ပေးပါမယ်​။သိပြီးသားဆရာ​တွေ​တော့မဆိုလိုပါဘူး။မသိ​သေးတဲ့သူ​တွေအတွက်​ကျွန်​​တော်​သိသ​လောက်​ပြန်​ပြီးမျှ​ဝေ​ပေးတာပါ။

Delegate အ​ကြောင်းအနည်းငယ်​​ပြောပြချင်​ပါတယ်​။ကိုယ့်​ရဲ့လုပ်​ပိုင်​ခွင့်​ကို ကိုယ့်​ရဲ့ကိုယ်​စားလုပ်​ခွင့်​​ပေးလိုက်​တာပါ။ steemit မှာ ကိုယ့်​ရဲ့ sp နဲ့ vote လုပ်​ခွင့်​ကို ​ပေးသုံးလိုက်​တာပါ။Sp ကို ​ပေးလိုက်​ရတာ မဟုတ်​ပါဘူး။
Vote လုပ်​ပိုင်​ခွင့်​​ပေးလိုက်​လိုက်​တာဖြစ်​ပါတယ်​။တစ်​ချို့ ​ပြောကြပါတယ်​။delegate လုပ်​​ပေးလိုက်​တဲ့ sp ကို power down ပြီး ​ရောင်းစားသွားရင်​ဘယ့်​နယ့်​လုပ်​မလည်းတဲ့။
အဲလိုလုပ်​လို့မရပါဘူး။sp က မူလပိုင်​ရှင်​ကပဲ ပိုင်​တာပါ၊ကြိုက်​တဲ့အချိန်​ပြန်​ယူလို့ရပါတယ်​။
delegate လုပ်​ထားတဲ့ sp ကို ​လော​လောဆယ်​ power down လို့မရပါဘူး။ အပြန်​အလှန်​အားဖြင့်​ power down ထားတဲ့sp ကိုလည်းdelegate လုပ်​လို့မရပါဘူး။

Delegate လုပ်​လို့ရနိုင်​တဲ့နည်း​တွေအများအပြားရှိပါတယ်​။အဲဒီအထဲကမှsteemconnectကိုသုံးပြီးလုပ်​ပြ​ပေးပါမယ်​။steemconnectနဲ့လုပ်​ရတာကbotသုံးတဲ့​နေရာမှာ​ရောအခြား​နေရာ​တွေမှာပါလွယ်​ကူပြီးအရမ်းအဆင်​​ပြေပါတယ်​။

Steemconnect ကိုသုံးပြီး delegate လုပ်​တဲ့​နေရာမှာ vests ကို သုံးရပါတယ်​။ဥပမာ 50 sp ကိုdelegate လုပ်​မယ်​ဆိုပါဆို့။50spနဲ့ညီမျှတဲ့vest ပမာဏကိုထည့်​ရပါတယ်​။50 ဆိုပြီးတန်းပြီးထည့်​လို့မရပါဘူး။Sp က​နေပြီး vest ​ပြောင်းနည်းကို ​အောက်​မှာကြည့်​ပါ။

ပထမဆုံး https://steemd.com ကို သွားပါ။ပြီးရင်​ steem_per_mvests တန်​ဖိုးကို မှတ်​ခဲ့ပါ။
image
အောက်​ကပုံ​သေနည်းမှာအစားထိုး​ပေးပါ။

(1000000÷steem_per_mvests)×delegate လုပ်​လိုတဲ့ sp ပမာဏ(ဥပမာ 50)

ရတဲ့အ​ဖြေပမာဏမှာ ဒဿမရဲ့​နောက်​ ၆ ​နေရာအထိပဲယူပါ။

အ​ပေါ်မှာsp50ဆိုတာ ကဥပမာပါ။ကိုယ့်​မှာရှိသ​လောက်​ ပဲdelegate လုပ်​လို့ရတာပါ။50 sp မရှိဘဲနှင့်​ 50sp delegate လုပ်​လို့မရပါဘူး။

လော​လောဆယ်​steem_per_mvests က 489.243 ပါ။ sp 50delegate လုပ်​ဖို့ sp က​နေပြီးvestsကို​ပြောင်းဖို့​အောက်​ပါအတိုင်းအစားထိုးပါမယ်​။

(1000000÷489.243)×50=102198.702894

Sp50ရဲ့vest တန်​ဖိုးက 102198.702894 ပါ
ဒဿမရဲ့​နောက်​မှာ ၆ လုံးပဲ ပါတာကိုသတိထားပါ။သို့မဟုတ်​ရင်​errorတက်​ပါလိမ့်​မယ်​။

အောက်​ကလင့်​ကိုcopyကူးပါ။

https://v2.steemconnect.com/sign/delegateVestingShares?delegator=&delegatee=youwant&vesting_shares=No.of vests%20VESTS

အ​ပေါ်ကလင့်​ထဲမှာပါတဲ့ youwant ဆိုတဲ့​နေရာမှာ ကိုယ်​delegate လုပ်​ချင်​တဲ့သူကို ​ပြောင်း​ရေးပါ။ဥပမာ yethihakyaw ​ပေါ့။

No.of vests ​နေရာမှာ ​စော​စောကတွက်​ထားတဲ့vests အ​ရေအတွက်​ ထည့်​​ပေးပါ။ဥပမာ sp 50 အတွက်​ 102198.702894 ထည့်​ရပါမယ်​။

လင့်​က​​အောက်​ကအတိုင်းဖြစ်​သွားပါမယ်​။

https://v2.steemconnect.com/sign/delegateVestingShares?delegator=&delegatee=yethihakyaw&vesting_shares=102198.702894%20VESTS

အဲဒီလင့်​ကို browser မှာ ဝင်​လိုက်​ရင်​ ​အောက်​ကအတိုင်း​တွေ့ရပါမယ်​။continue ကို နှိပ်​ရပါမယ်​။

image

မိမိUser name ထည့်
Active key or master password ထည့်
Sign in ဝင်​​ပေးလိုက်​။ခဏ​စောင့်​​ပေးလိုက်​ရင်​ရပါပြီ။

image

အဲဒါက​တော့ delegate လုပ်​နည်းပါ။
50sp delegate လုပ်​ထားတဲ့သူကို 100sp delegate လုပ်​ချင်​တယ်​ဆိုရင်​ 100 sp ထပ်​ပြီးdelegateလုပ်​​ပေးရပါတယ်​။
50 ​ပေးပြီးသားမို့ ​နောက်​ထပ်​50 ထပ်​ ​ပေးရင်​ 100 ဆိုပြီးလုပ်​လို့မရပါဘူး။
အဲဒီနည်းကိုသုံးပြီး​တော့ပဲ undelegate ပြန်​လုပ်​ရတာပါပဲ။

Undelegate လုပ်​နည်းကိုလည်း​ပြောပြ​ပေးပါ့မယ်​။လုပ်​ပုံလုပ်​နည်းက​တော့အတူတူပါပဲ။အောက်​ကလင့်​ youwant ​နေရာမှာ undelegate လုပ်​ချင်​တဲ့သူရဲ့ name ထည့်​။ဥပမာ yethihakyaw ​ပေါ့။
No.ofvests ​နေရာမှာ သုည 0 ထည့်​ပြီးအစားထိုးလိုက်​ပါ။
0 sp or 0 vest ​ပေးလိုက်​တယ်​ဆိုတဲ့သ​ဘောပါ။ဆိုလိုတာက​တော့ကိုယ်​ delegate လုပ်​ထားတဲ့ sp ကို ပြန်​​တောင်းတာပါ။

https://v2.steemconnect.com/sign/delegateVestingShares?delegator=&delegatee=youwant&vesting_shares=No.of vests%20VESTS

ဥပမာ
လင့်​က​အောက်​ပါအတိုင်းဖြစ်​သွားပါမယ်​။
အဲဒီလင့်​ကို browser မှာ open လိုက်​ပါ။

https://v2.steemconnect.com/sign/delegateVestingShares?delegator=&delegatee=yethihakyaw&vesting_shares=0%20VESTS

အောက်​ကအတိုင်း​ပေါ်လာပါမယ်​။continue ကို နှိပ်​ရပါမယ်​။

image

မိမိUser name ဖြည့်​​ပေးပါ။
Active key or master password ဖြည့်​​ပေးပြီးsign in လုပ်​လိုက်​ပါ။ ခဏ​စောင့်​လိုက်​တာနဲ့ undelegate လုပ်​တာ ပြီးပါပြီ။
သို့​သော်​ delegate လုပ်​ထားတဲ့ sp က ချက်​ချင်းပြန်​မရပါဘူး။ ၇ ရက်​​စောင့်​ရပါတယ်​။

image

steemd.com/ကိုယ့်​ရဲ့ username ကို ဝင်​ကြည့်​ရင်​ undelegate လုပ်​ထား​ကြောင်း ပြ​နေပါလိမ့်​မယ်​။

Ref

သိသ​လောက်​ပြန်​ပြီးမျှ​ဝေခြင်းပါ။
ကျေးဇူးတင်​ပါတယ်​။
image

အားလုံးကျန်းမာချမ်းသာကြပါ​စေ
ရဲသီဟ​ကျော်
@yethihakyaw
Msc-093
20.2.2018,Tue

Sort:  

ကျေးဇူးပါ အထောက်အကူဖြစ်ပါတယ် ကျွန်တော့် post ဖြစ်တဲ့ Steemit Vocsb-2 မှာတော့ http://www.steemdollar.com/vests.php ကို သုံးပြီး vest နဲ့ sp ဖလှယ်ကြည့်ဖို့ ရေးခဲ့တယ် အခုလို မြောက်နည်းကို သိလိုက်ရတော့ ပိုပြည့်စုံသွားပါပြီ

ခုလိုကြားရ​တော့ဝမ်းသာပါတယ်​bro။ကျွန်​​တော်​လည်းသိသ​လောက်​အားရင်​​ရေးပါတယ်​။
က​လေးထိန်း​နေရတာ များ​တော့ အဲလိုပို့​တွေမ​ရေးနိုင်​ဘူး။😁

bro က တော်တာပေါ့ ကျွန်တော်က ကလေးထိန်းမပေးလို့ ရေးနိုင်တာပါ နောက်များ ကလေးကြီးလာရင် မနည်း အချိန်လုရမှာပါ

Thank you ကိုစော

ဗဟုသုတ ရပါတယ် bro

Thanks bro

ကျေးဇူးပါဗျ . . Deligate တော့ လုပ်ရဲသေးဘူး

ဟုတ်​ကဲ့မလုပ်​ပါနဲ့bro။ဗဟုသုတအ​နေနဲ့ပါ။
လုပ်​မိထားရင်​လည်းပြန်​ယူလို့ရ​အောင်​ပါ။

delegate. လုပ်လို့ရမယ့်အကျိုးကိုယ်လည်းမျှဝေပါဦး

ပုံမှန်​အားဖြင့်​​တော့မလုပ်​ပါဘူးဆရာ။
ကိုယ့်​ရဲ့ acc ကို မသုံးဖြစ်​ ​သေးတဲ့အခါမျိုးမှာ
ကိုယ့်​ရဲ့ sp ကို အငှါးချထားတဲ့သ​ဘောပါ။
ဆရာက sp ကို delegate လုပ်​ထားရင်​ ဆရာ့acc က vote လည်း $ သိပ်​မတက်​​တော့ပါဘူး။
ဆရာလုပ်​လိုက်​တဲ့သူဆီက​နေvoteမှတက်​ပါတယ်​။
နောက်​ပြီး​တော့ voting bot ​တွေ က လည်း ငှါးပါတယ်​။သူတို့ကို ငှါးရင်​ ပိုက်​ဆံရပါတယ်​။
သို့​သော်​ msc ကခွင့်​မပြုပါဘူး။

ဖတ်တော့ဖတ်တာပဲ နားတော့မလည်ဘူး

တဖြည်းဖြည်းနားလည်​လာမှာပါ။

လင့်​​တွေကို စမ်းပြီးမနှိပ်​နဲ့​နော်​။နားမလည်​ရင်​။ကိုယ်​ဘာကို ပြင်​ပြီးမှနှိပ်​ချင်​နှိပ်​။

တစ်ခုသိရပြန်ပြီ ကျေးဇူးပါအကိုရေ

ဖတ်​​ပေးတဲ့အတွက်​လည်း​ကျေးဇူးတင်​ပါတယ်​။

အထောက်အပံ့ ရပါတယ်ဗျာ။

ကျေးဇူးပါbro။

This post has received a 0.15 % upvote from @drotto thanks to: @banjo.

ဒါမျိုးသိချင်နေတာကြာပြီးဗျာ
ခုလိုသိရလို့အများကြီးကျေးဇူးတင်ပါတယ်
resteem လုပ်ထားပါရစေ

ဟုတ်​ကဲ့ ​ကျေးဇူးအများကြီးတင်​ပါတယ်​ဗျာ။

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 62151.48
ETH 2421.34
USDT 1.00
SBD 2.57