ရောင့်​ရဲ​ပျော်​ရွှင်​ဘဝတစ်​ခွင်

in #myanmar6 years ago

ရောင့်​ရဲ​ပျော်​ရွှင်​ဘဝတစ်​ခွင်
steemitlogo.jpg

တစ်​ခါတုန်းက​ပေါ့ဗျာ။ကုမ္ပဏီကြီးတစ်​ခုမှာဝန်​ထမ်းတစ်​​ယောက်​ရှိတယ်​။သူတို့ကုမ္ပဏီကြီးကလည်း​တော်​​တော်​​လေး​အောင်​မြင်​တဲ့စာရင်းမှာပါဝင်​ပါတယ်​။ဝန်​ထမ်းအင်းအားကလည်းဌာန​ပေါင်းစုံ​ပေါင်းရင်​အများကြီးရယ်​။ခု​ပြောမယ့်​တစ်​​ယောက်​က​တော့​အောက်​​ခြေဝန်​ထမ်းထဲကတစ်​​ယောက်​ပါ။လစာကလည်းမနည်းလွန်းမများလွန်းအမျိုးအစားထဲကပါ။သူကအဲဒီကုမ္ပဏီမှာလုပ်​တာနှစ်​သက်​​တော်​​တော်​​လေးကြာလာပါပြီ။လစာကလည်းတစ်​နှစ်​တစ်​ခါတိုးတာဆို​တော့မဆိုးပါဘူး။နှစ်​ကုန်​ရင်​​ဘောနပ်​စ်​​ပေးတာတို့ဒင်​နာလုပ်​​ပေးတာတို့အားလုံးလုပ်​​ပေးပါတယ်​။ကုမ္ပဏီရဲ့သူ​ဌေးကလည်းသ​ဘောအရမ်း​ကောင်းပါတယ်​။ဝန်​ထမ်း​တွေအားလုံးလိုလိုကလည်းသူနဲ့အဆင်​​ပြေပါတယ်​။သူနဲ့မတည့်​တဲ့သူရယ်​လို့မရှိပါဘူး။ကုမ္ပဏီမှာအလုပ်​စဝင်​တဲ့​နေ့ကစပြီးအစစအရာရာအဆင်​​ပြေပါတယ်​။ဒီကုမ္ပဏီမှာလုပ်​ရတာကို​ပျော်​လည်း​ပျော်​ပါတယ်​။ဒါ​ပေမယ့်​အလုပ်​စဝင်​တဲ့​နေ့ကစလို့သူ့ရဲ့စိတ်​ထဲမှာဘဝင်​မကျတာတစ်​ခု​တော့ရှိပါတယ်​။ဒါကလည်းကုမ္ပဏီနဲ့​တော့မဆိုင်​ပါဘူး။သူ့ဘဝကိုယ်​သူအားမလိုအားမရဖြစ်​​နေတာပါ။တစ်​​နေ့ကျရင်​အဆင်​​ပြေသွားမှာပဲဆိုပြီးအလုပ်​ကိုကြိုးစားလုပ်​​နေခဲ့ပါတယ်​။သူထင်​သလိုဖြစ်​မလာဘဲကြာ​လေပိုဆိုး​လေဖြစ်​လာပါတယ်​။နောက်​ပိုင်းအလုပ်​ထွက်​ဖို့အထိဆုံးဖြတ်​လိုက်​ပါ​တော့တယ်​။

တနင်္ဂ​နွေ ​နေ့တစ်​ညလုံးသူစဉ်းစားတယ်​။မနက်​ဖြန်​တနင်္လာ​နေ့ရုံးတက်​ရင်​အလုပ်​ထွက်​စာကိုတစ်​ခါတည်းတင်​မယ်​။ငါဒီကုမ္ပဏီမှာ​နေလာတာကြာပြီ။ဘယ်​လိုမှဆက်​ပြီးသည်းမခံနိုင်​​တော့ဘူး။ထွက်​ဖို့​သေချာသွားပြီကွာ။ဘယ့်​နဲ့ ငါ့ဘဝနဲ့ကွာ ဒီကုမ္ပဏီမှာ အလုပ်​စလုပ်​တဲ့​နေ့ကစပြီး ရုံးကို​ရောက်​တယ်​ဆိုရင်​ပဲ ​တွေ့သမျှလူ၊မြင်​သမျှလူကို ဆရာ ​ခေါ်​နေရတယ်​။ဟုတ်​ကဲ့ ​ရောက်​ပါပြီဆရာ၊ထိုင်​ပါဆရာ၊ပြန်​လာပြီလားဆရာ၊​သောက်​ပါအုံးဆရာ...ဆရာ.....ဆရာ....ဆရာ...နဲ့ တစ်​​နေကုန်​ရုံးမဆင်းမချင်း မြင်​သမျှ​တွေ့သမျှလူကိုမ​ခေါ်ချင်​လည်း​အောင့်​အီးပြီးဆရာဆရာနဲ့​ခေါ်​နေရတာ။ဒါ​တောင်​ ဟိုတစ်​​နေ့ကရုံးဆင်းလို့ အိမ်​ကိုအပြန်​ဘတ်​စ်​ကား​ပေါ်မှာကုမ္ပဏီကလူ​တွေနဲ့အတူစီးမိလို့ ဆရာ အခွန်းနှစ်​ဆယ်​​လောက်​​ခေါ်လိုက်​ရ​သေးတယ်​။ရုံးပိတ်​ရက်​​ဈေးဝယ်​ထွက်​ရင်း​တောင်​​ဈေးထဲမှာ​တွေ့လို့ ဆရာ​လေးငါးဆယ်​ခွန်း​ခေါ်ပြီးမှပြန်​ခဲ့ရတာ။တကယ်​မလွယ်​ပါဘူးငါ့ဘဝက။တော်​ပြီ။မနက်​ဖြန်​ကစပြီးအဲဒီကုမ္ပဏီက​နေအပြီးအပိုင်​ထွက်​ပြီ။ဘယ်​သူ့ကိုမှလည်းဆက်​ပြီး​တော့မ​ခေါ်ချင်​ပဲနဲ့ ဆရာ ဆရာလို့ ​ခေါ်စရာလည်းမလို​တော့ဘူး။

မနက်​မိုးလင်း​တော့ သူအ​စောကြီးထပြီးမျက်​နှာသစ်​လိုက်​သည်​။ဒီ​နေ့​တော့ သူလုပ်​ချင်​တာကိုလုပ်​ရ​တော့မှာမို့ အလိုလိုတက်​ကြွ​နေ​တော့သည်​။ညကတည်းကအလုပ်​ထွက်​စာကို​သေ​သေချာချာ​ရေးပြီးဖိုင်​ထဲထည့်​ယူလာခဲ့သည်​။လက်​ဖက်​ရည်​ဆိုင်​မှာမနက်​စာကိုဝင်​စားသည်​။ဒီ​နေ့အတွက်​​နေ့လည်​စာထမင်းလည်းထည့်​မလာခဲ့​တော့ပါဘူး။ဘာဖြစ်​လို့လည်းဆို​တော့သူကအလုပ်​ထွက်​စာတင်​ပြီးရင်​ပြန်​မှာကိုး။ဒီ​နေ့ရုံးမတက်​​တော့ဘူးဆို​တော့ ​နေ့လည်​စာထမင်းလည်းမယူခဲ့​တော့ပါဘူး။ရုံးကို​ရောက်​​ရောက်​ချင်းထွက်​စာတင်​ဖို့ညတုန်းက​ရေးထားတဲ့စာရွက်​​လေးကိုဖိုင်​ထဲကထုတ်​ပြီးမန်​​နေဂျာရုံးခန်းကိုတန်းပြီးသွား​တော့တာပါပဲ။ရုံးခန်းကိုမ​ရောက်​ခင်​လမ်းမှာသန့်​ရှင်း​ရေးလုပ်​တဲ့​ကောင်​​လေး၊​ကောင်​မ​လေး​တွေနဲ့​တွေ့တယ်​။အဲဒီ​ကောင်​မ​လေး​တွေကသူ့ကိုမြင်​လျှင်​မြင်​ချင်းဟာ ဆရာ ​စောလှချည်​လား ဒီ​နေ့၊ဘယ်​သွားမလို့လည်းဟု​မေးလိုက်​ရာ အလဲ့ ငါကလည်းဆရာပဲဟ ဟု စိတ်​ထဲမှပိတိ​တွေတဖွားဖွား တက်​လာကာ ဘယ်​မှမဟုတ်​ပါဘူးကွယ်​ ဟု​ပြောကာ လက်​ထဲမှာ ကိုင်​လာ​သော အလုပ်​ထွက်​စာ​လေးကို ဖိုင်​ထဲပြန်​ထည့်​လိုက်​​လေ​တော့သည်​။အလုပ်​လည်းမထွက်​ဖြစ်​​တော့​ပေ။

ကျွန်​​တော်​တို့​နေထိုင်​ရာ​လောကကြီးတွင်​အ
ချို့​သောသူများကမိမိမှာ​လောကကြီးတွင်​​နေစရာမရှိ​အောင်​ပင်​ဖြစ်​​နေပြီဟုထင်​ကြသည်​။စိတ်​ဓာတ်​​တွေကျကြသည်​။မိမိထက်​မြင့်​မား​သောသူများအများအပြားရှိသလိုမိမိ​လောက်​မှမ​ပြေလည်​သူများ၊မိမိထက်​နိမ့်​ကျသူများထုနဲ့​ထေးရှိ​နေသည်​ကိုသ​ဘော​ပေါက်​ရမည်​။နှိမ့်​ချခြင်းမဟုတ်​ပါ။မိမိကိုယ်​ကို​နေသာ​အောင်​​ဖြေသိမ့်​ခိုင်းခြင်းသာဖြစ်​ပါသည်​။အပျင်းထူပြီးဘာမှမလုပ်​ဘဲ​နေဖို့တိုက်​တွန်းခြင်းလည်းမဟုတ်​ပါ။မိမိ​ရောက်​ရှိရာဘဝမှာကြံဖန်​ပြီးစိတ်​ကို​ပျော်​​အောင်​​မွေးကြဖို့သာဖြစ်​ပါသည်​။ရောင့်​ရဲနိုင်​​သောစိတ်​သည်​ချမ်းသာကို​ပေးပါလိမ့်​မည်​။ရောင့်​ရဲမှုမရှိကဘဝတွင်​ပြည့်​စုံသည်​ဟူ၍ကားမရှိပါ။ရှိတာ​လေးနဲ့​ရောင့်​ရဲပြီးဘဝကို​ပျော်​​ပျော်​ရွှင်​ရွှင်​ဖြတ်​သန်းနိုင်​ကြပါ​စေ။နေတတ်​လျှင်​​ကျေနပ်​စရာကြီးပါ။

အားလုံးကျန်းမာချမ်းသာကြပါ​စေ
Ye Thiha Kyaw
@yethihakyaw
MSC-093
1.2.2018,Thu

Sort:  

ဒီလိုအတွေးအမျှင်လေးတွေများများရေးပါဗျာ plz v and m me back @mgtoetat

ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​။
အ​တွေးအမျှင်​ ​လေး​တွေက​တော့ ဒိုမီ​လေးကမှ အရမ်းထွက်​ကျတာပါ။😁
V & M လို့ မ​ရေးပါနဲ့လား bro။
တစ်​မျိုးကြီးပဲလားလို့၊ဖတ်​ရတာ။

နေတတ်လျှင် ကျေနပ်စရာ။

မှန်​ပါတယ်​။နေတတ်​​အောင်​​နေရပါမယ်​။

ဆရာ ဆရာ့ကို ဆရာလို့ခေါ်ချင်ပါတယ် ဆရာလို့ခေါ်လို့တစ်မျိးမထင်နဲ့နော် ဆရာ ဆရာ ဆက်လုပ်ပါ ဆရာ ဆရာသာ ဆရာမ လုပ်ရင် ဆရာ့ကို လွမ်းနေရမယ် ဆရာ ဆရာ မသွားနဲ့နော် ဆရာ ဆရာက ဆရာပါ ဆရာရယ် ဆရာ့ကို ဆရာလို့ ဆက်ခေါ်မယ်နော် ဆရာ ဆရာခွင့်ပြုပါနော် ဆရာ

ဆရာက ဆရာပါ ဆရာရယ်​။

မှန်​လိုက်​တာ။တခါတ​လေကိုယ်​လုပ်​​နေ​သောအလုပ်​ကိုငြီး​ငွေ့သလိုခံစားရပါတယ်​ရှင်​။

အရာအားလုံးအ​ပေါ်မှာအ​ကောင်းမြင်​စိတ်​ထားပြီး၊​ရောင့်​ရဲနိုင်​မှသာ​နေ​ပျော်​ပါတယ်​။

နေတတ်ရင်ကျေနပ်စရာချည်းပါဗျာ

ဟုတ်​ပါတယ်​။နေတတ်​ဖို့ပါ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by yethihakyaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

This post has received a 0.16 % upvote from @drotto thanks to: @banjo.

ဟုတ်ပါတယ် အစ်ကိုရေ နေတတ်ရင် ကျေနပ်စရာပါ ကိုယ့်အပေါပဲမူတည်တာပါ

ဟုတ်​တယ်​။ကိုယ့်​အ​ပေါ်ပဲမူတည်​တာပါ။

ရောင့်ရဲနိုင်မှပြည့်စုံခြင်းကို တကယ်ခံစားနိုင်မှာပါ

မှန်​ပါတယ်​။ခုလိုဖတ်​ရှု​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​။

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 66149.79
ETH 3275.66
USDT 1.00
SBD 2.71