အရင်းမပါsteemရှာ

in #myanmar6 years ago

အရင်းမပါsteemရှာ
image

တစ်​ချို့က​ပြောကြတာရှိပါတယ်​။
ပို့စ်​​တွေ​ရေးရတာမလွယ်​ဘူးတဲ့။
ပို့စ်​တစ်​ခု​ရေးဖို့ဆိုတာသိပ်​ပြီး​တော့အခက်​ကြီး​တော့မဟုတ်​ပါဘူး။
သည်​လိုမျိုး​ပြောလို့ လွယ်​သလားဆို​တော့ အဲလိုလည်းမဟုတ်​​သေးဘူးဗျ။
လွယ်​သလိုလိုမလွယ်​သလိုလိုလားဆို​တော့လည်းမဟုတ်​​သေးဘူး။
တစ်​ခါတစ်​​လေကြ​တော့လွယ်​တယ်​၊တစ်​ခါတစ်​​လေကြ​တော့ စာတစ်​လုံးထွက်​ဖို့ကိုဘယ်​ကစလို့စရမှန်းမသိဘူး။
အဲလိုမျိုးဖြစ်​​နေကြတဲ့သူ​တွေကများမယ်​ထင်​ပါတယ်​။
ကျွန်​​တော်​အပါအဝင်​ ပါ။
သူများ​တွေ ​တော့ဟုတ်​ချင်​မှဟုတ်​မှာ​ပေါ့​လေ။
ဒါ​ပေမယ့်​စိတ်​မညစ်​ပါနဲ့။
ဒါဟာပုံမှန်​ပါပဲ။
ဘာဖြစ်​လို့လည်းဆို​တော့ ကျွန်​​တော်​တို့ဟာ စက်​​တွေမဟုတ်​လို့ပါပဲ။
ကျွန်​​တော်​တို့ဟာလူ​တွေဖြစ်​တဲ့အတွက်​စက်​​တွေလိုအလုပ်​မလုပ်​နိုင်​ပါဘူး။
ဥပမာ စာရိုက်​တဲ့စက်​​တွေဆိုပါ​တော့ ။
ဒီ​နေရာမှာ စာရိုက်​စက်​ဆိုတာ လက်​နှိပ်​စက်​ကို​ပြောခြင်းမဟုတ်​ပါဘူး။
စာတစ်​ပုဒ်​ကိုလူ​တွေလိုပဲအ​ကြောင်းအရာ​တွေချိတ်​ဆက်​ပြီး ကိုယ်​တိုင်​​တွေး၊ကိုယ်​တိုင်​​ရေးနိုင်​တဲ့စက်​​တွေကိုဆိုလိုတာပါ။
အဲလိုစက်​မျိုး ရှိမယ်​ဆိုရင်​​တောင်​ ​နေ့တိုင်း၊အချိန်​တိုင်း မဖြစ်​နိုင်​ပါဘူး။
သူ့အတွက်​ပြန်​ပြီuးpgrade လုပ်​​ပေးရပါအုံးမယ်​။
ပြင်​ဆင်​ချိန်​​တွေအတွက်​အချိန်​ယူရပါအုံးမယ်​။
ဒါ​ကြောင့်​မို့ ကျွန်​​တော်​တို့တစ်​​တွေဖြစ်​​နေကြတဲ့
ဘာ​ရေးရမှန်းမသိဘူးဆိုတဲ့စိတ်​ဖြစ်​လာတာဟာပုံမှန်​ပါပဲ။
image

Steemit ဆိုတဲ့​ငွေရှာဆိုဒ်​ဟာ တစ်​ခြား​ငွေရှာဆိုဒ်​​တွေနဲ့လုံးဝကွဲပြားတယ်​ဆိုတာအားလုံးသိကြတဲ့အတိုင်းပါပဲ။
သူကစာ​ရေးပြီးမှပိုက်​ဆံရတာဖြစ်​တဲ့အတွက်​မ​ရေးလို့မဖြစ်​ပါဘူး။
ပိုက်​ဆံလိုချင်​ရင်​​တော့​ရေးကို​ရေးရပါမယ်​။
ငမ်းငမ်းတက်​လိုချင်​​နေခြင်းကိုဆိုလိုခြင်းမဟုတ်​ပါ။
ဒီplatform ​ပေါ်မှာ​လျှောက်​​နေကြတဲ့သူ​တွေဟာ crypto နဲ့​တော့မစိမ်းကြပါဘူး။
တော်​​တော်​များများကcryptoနဲ့နွှယ်​​နေတဲ့အတွက်​​ရောက်​လာကြတဲ့သူ​တွေကများပါတယ်​။
ဝါသနာလည်းပါတယ်​ ဆိုတဲ့သူ​တွေကအ​တော်​ကိုရှားပါလိမ့်​မယ်​။
ဒါ​ကြောင့်​မို့လည်းပို့စ်​တစ်​ပုဒ်​အတွက်​ မနည်းအားယူ​နေရတာပါ။
ဘာပဲဖြစ်​ဖြစ်​ဆိုခဲ့တဲ့အတိုင်း ​ကောင်းသည်​ဖြစ်​​စေ၊မ​ကောင်းသည်​ဖြစ်​​စေ​ရေး​တော့​ရေး​နေရတာပါပဲ။
image

ဘာ​တွေ​ရေးမလည်းဆိုတဲ့​နေရာမှာမိမိနှစ်​သက်​ရာ၊အားသန်​ရာကို​ရေးလို့ရပါတယ်​။
မိမိရဲ့​နေ့စဉ်​လုပ်​ငန်းခွင်​မှာကြုံ​တွေ့​နေရတဲ့အ​ကြောင်း​တွေကို​ရေးမယ်​ဆိုရင်​ မကုန်​နိုင်​တဲ့ကုန်​ကြမ်း​တွေပါပဲ။
နေ့စဉ်​ကြုံ​တွေ့​နေရတဲ့ ဘဝရဲ့ အဖြစ်​အပျက်​​တွေထဲက ​နေပြီး​တော့လည်း ​ရေးလို့ရပါတယ်​။
သူငယ်​ချင်း​တွေနဲ့ အမှတ်​တရဘာ​တွေ​ပြောကြတယ်​၊ဘာ​တွေလုပ်​ကြတယ်​ဆို​ရေးလည်းရတာပါပဲ။
ခရီးသွားပြီးအလုပ်​လုပ်​​နေတဲ့သူ​တွေဆို ပိုပြီး​တော့​တောင်​​ရေးစရာ​ပေါပါ​သေးတယ်​။
တော​တောင်​အ​ကြောင်း​ရေးမလား၊သဘာဝရှုခင်း​တွေအ​ကြောင်း​ရေးမလား။
ကိုယ့်​​နေရာကိုယ့်​​ဒေသရဲ့ရှုခင်းကကိုယ့်​အတွက်​​တော့ မဆန်း​ပေမယ့်​အခြားသူ​တွေအတွက်​ကြ​တော့ တမူထူးခြားတဲ့ခံစားချက်​ကို​ပေးနိုင်​ပါတယ်​။
နည်းပညာနယ်​ကလူ​တွေဆိုရင်​လည်းနည်းပညာအ​ကြောင်းကို​ရေးမယ်​ဆို​ရေးလို့ရတာပါပဲ။
Online မှာ Trading လိုမျိုးလုပ်​တဲ့သူ​တွေဆိုလည်းသူတို့ကျွမ်းကျင်​ရာကို​ရေး​နေကြတာ​တွေ့ဖူးကြမှာပါပဲ။
နောက်​ရှိ​သေးတာ်​ဗျ။
ဘယ်​​တော့မှမကုန်​နိုင်​တဲ့ကုန်​ကြမ်း။
အချစ်​၊အလွမ်း၊အ​ဆွေး​ကြောင်း​တွေ​ပေါ့ဗျာ။
သူက​တော့ ဘယ်​​တော့မှ ကုန်​မှာမဟုတ်​​တော့ပါဘူး။
ဒါ​ပေမယ့်​အဲဒီလို​ရေးတတ်​ဖို့ဆိုတာကြ​တော့ေ​တော်​ရုံအလွမ်းဓာတ်​ခံရှိရုံနဲ့မရဘူးဗျ။
နောက်​ပြီး​တော့ဝတ္ထုလိုင်း။
အဲဒီလိုင်းက​တော့​တော်​ရုံလူနဲ့မဖြစ်​ပါဘူး။သူတို့အတွက်​ကပိုပြီး​တော့​ရေးစရာများတယ်​။
နောက်​​ဆောင်းပါး။ပညာ​ပေးသုတ၊ရသ​ဆောင်းပါး​တွေလည်း​ရေးလို့ရတာပါပဲ။
နောက်​ထပ်​​ရေးလို့ရတဲ့အ​ကြောင်းအရာ​တွေလည်းအများကြီးကျန်​ပါ​သေးတယ်​။
image

ကျွန်​​တော်​တို့တစ်​​တွေဟာ online ​ပေါ်မှာ Crypto ရှာကြတဲ့အခါ
တစ်​ချို့ဆိုဒ်​​တွေက​ကြော်​ငြာကြည့်​ရတယ်​၊တစ်​ချို့က ငါးမိနစ်​တစ်​ခါ၊ဆယ်​မိနစ်​တစ်​ခါ ဝင်​ပြီးclaim ရတယ်​။
အမျိုးမျိုးရှိကြပါတယ်​။
တွေ့ဖူးကြမှာပါပဲ။
ဒါ​ပေမယ့်​သူတို့ဆီကရမယ့်​ပမာဏဟာ refer မရှာနိုင်​ရင်​ ​ဘေဖိုး​တောင်​မရှိပါဘူး။
နောက်​တစ်​မျိုးက invest ​တွေ ။သူတို့က ရရင်​​တော့ မျိုးမျိုးမြတ်​မြတ်​။
ပြေးပြီဆိုလည်း တစ်​ရှိန်​ထိုး။
ဘယ်​​ရောက်​သွားကြမှန်းကိုမသိဘူး။
နောက်​ mining တို့ ဘာတို့။
ဒါ့အပြင်​ကျွန်​​တော်​မသိ​သေးတဲ့အရာ​တွေလည်းအများကြီးပါပဲ။
သူတို့မှာက ရင်းချင်​ရင်း။မရင်းချင်​Freeရှာ​ပေါ့။
စော​စောက​ပြောသလို Free ရှာတယ်​ဆိုတာလည်းပြန်​တွက်​ရင်​​ဘေဖိုး​တောင်​မရပါဘူး။
image

Steemit မှာကြ​တော့ ရင်းစရာမလိုပဲလုပ်​နိုင်​တယ်​။
ရင်းပြီးလုပ်​မယ်​ဆို ပို​တောင်​​ကောင်းပါ​သေးတယ်​။
ခုချိန်​​ဈေးကျ​နေတုန်းpower ဝယ်​ပြီuးp ထားနိုင်​ရင်​အ​ကောင်းဆုံးပါပဲ။
ဝယ်​ရင်းဖို့အဆင်​မ​ပြေတဲ့သူ​တွေကြ​တော့ စာ​ရေးပြီး​တော့ပဲ တဖြည်းဖြည်းစုကြတာ​ပေါ့ဗျာ။
ဘာပဲဖြစ်​ဖြစ်​ အရင်းမှမစိုက်​ရတာဗျာ။
ရသ​လောက်​အမြတ်​ကျန်​တာပဲကိုး။
စော​စောက​ပြောခဲ့တဲ့ Free ရှာတဲ့ဆိုဒ်​​တွေထက်​စာရင်​​တော့အများကြီးသာပါတယ်​။
ဘေဖိုးမက​တော့ပြန်​ရပါတယ်​။
အဲဒါ​ကြောင့်​မို့ မိမိတို့​ရေးတတ်​သလို​ရေးကြပါလို့တိုက်​တွန်းပါတယ်​။
ကောင်းသည်​ဖြစ်​​စေ၊မ​ကောင်းသည်​ဖြစ်​​စေ၊
ကြိုးစားပြီး​ရေးဖို့ပဲ။
အဓိကကကူးမချပြီးတာပဲ။
ကျွန်​​တော်​က​တော့ အဲလိုခံယူတယ်​။
အရင်​တုန်းကစမြန်​မာစကားပုံရှိပါတယ်​။
အရင်းမစိုက်​​လှေထိုးလိုက်​တဲ့
ခုလည်းဒီလိုမျိုးပါပဲ။
အရင်းမပါsteemရှာကြပါလို့။
Credit;google images

အားလုံးကျန်းမာချမ်းသာကြပါ​စေ
ရဲသီဟ​ကျော်
Msc-093
@yethihakyaw
15.3.2018,Thu

Sort:  

ဈေးနည်းနည်းထက်ကျရင်တော့ ရင်းဖို့စဉ်းစားထားပါတယ်ဗျ . . အခုတော့ အရင်းမပါ steem ရှာပေါ့ . . SP တွေပဲ အသေအချာရအောင် စုလိုက် Power Up လိုက်နဲ့ပေါ့

ဈေးကျတာလည်း​ကောင်းပါတယ်​​လေ။
ဝယ်​ပြီး​တော့up မယ့်​သူ​တွေအတွက်​။

အမှန်ပါပဲဗျာ ခုလက်ရှိအခြေအနေနဲ့

ကျေးဇူးတင်​ပါတယ်​။
ခုလိုလာ​ရောက်​ဖတ်​ရှု​ပေးတာကို ။

Goodအားပေးနေပါတယ်

ကျေးဇူးတင်​ပါတယ်​။

အား​ပေး​နေပါတယ်

ကျေးဇူးပါဗျာ။

ဟုတ်​ပါတယ်​ဗျာ ​ကောင်းမွန်​​သောစကားလုံး​လေးပါ

ကျေးဇူးတင်​ပါတယ်​။

Good တယ်​ဗျာ

ကျေးဇူးပါဗျာ။

ဟုတ်ကဲ့။စာကြိုးစားရေးပြီး steemရှာနေပါတယ်။

ဟုတ်​ကဲ့ကြိုးစားပါ။

ကြိုးစားပီးရေးနေတာပဲ

ရေးပါ။ဒါမှသူ​ဌေးဖြစ်​မှာ။

ကြိုးစားရေးသားနေဆဲပါအကိုရေ

ကြိုးစား​ပေါ့ဗျာ။

ဟုတ်​ပါတယ်​ဗျာ ​ကောင်းမွန်​​သောစကားလုံး​လေးပါ

ကျေးဇူးတင်​ပါတယ်​။
ခုလိုအား​ပေးတဲ့အတွက်​။

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.031
BTC 67651.53
ETH 3845.50
USDT 1.00
SBD 3.65