Working Of "Transformer" Part II

in #myanmar7 years ago

https://steemit.com/myanmar/@yelinn/working-of-transformer-part-i-b3a6eac9a69

Hello Everyone.Nice To Meet You Again.
Steemit Platform ​ပေါ်မှာ ​လျောက်​လှမ်း​နေကြတဲ့
ညီ၊အကို ​မောင်​နှမများအားလုံး သာ​ယာ​သော​နေ့​လေးကို
ပိုင်​ဆိုင်​နိုင်​ကြပါ​စေလို့ ဦးစွာပထမ နူတ်​ခွန်းဆက်​သပါတယ်​။ကျွန်​​တော်​ ဒီတ​ခေါက်​ ထပ်​​ရေးမယ့်​ဟာက​တော့
အရင်​တုန်းက ​ရေးခဲ့တဲ့ Transformer အ​ကြောင်းကို
ဆက်​လတ်​​ရေးသားမှာ ဖြစ်​ပါတယ်​။အရင်​တပတ်​တုန်း
က Transformer ရဲ့ အမျိုးအစားနှင့်​ အလုပ်​လုပ်​ပုံကို
ဖော်​ပြ​ပေးခဲ့ပါသည်​။အခုတခါမှာ​တော့ ဖွဲ့စည်းပုံနှင့်​ ပြု
လုပ်​ပုံ အဆင့်​ဆင့်​ကို ထပ်​မံတင်​ပြ​ပေးလိုက်​ပါသည်​။

Transformer ဆိုတာ ​ပေါ်​ပေါက်​လာခဲ့တာကြာပြီ ဖြစ်​​ပေမယ့်​ မြန်​မာနိုင်​ငံမှာ​တော့ ၁၉၉၀ ​လောက်​မှ ကိုယ်​ပိုင်
ထုတ်​လုပ်​လာခဲ့ကြသည်​။ မြန်​မာနိုင်​ငံမှာ Transformer
ထုတ်​တဲ့ စက်​ရုံ​တေ အများကြီးရှိပါတယ်​။အဲ့ဒီထဲမှ
နာမည်​ကြီးတဲ့စက်​ရုံက​တော့ Asia General Transformer (AG) စက်​ရုံဘဲဖြစ်​ပါတယ်​။ AG မှာဆိုရင်
နေ့စဉ်​နှင့်​အမျှ Transformer အ​မြောက်​အများကို ထုတ်​လုပ်​လျက်​ရှိသည်​။ အရွယ်​အစားမျိုးစုံ၊ ထုပ်​လွှတ်​တဲ့ဘလျှပ်​စစ်​ ပမာဏ ​ပေါ်​လိုက်​ပြီး အကြီး၊အ​သေး မျိုးစုံ
ထုတ်​လုပ်​လျက်​ရှိသည်​။size အ​သေး​တေက ထုပ်​လုပ်​ရတာ မြန်​​ပေမယ့်​ Size အကြီး​တေဆိုရင်​​တော့ အနည်းဆုံး လနဲ့ချီ ပါတယ်​။စက်​ရုံမှာ အလုပ်​သမား ၁၀၀၀၀
နီးပါးခန့်​ နဲ့ စက်​ရုံကို လည်​ပတ်​​နေသည်​။စက်​ရုံပိုင်​ရှင်​​တေက​တော့ မြန်​မာနိုင်​ငံကဘဲဖြစ်​ပါတယ်​။

စက်​ရုံမှာ အပိုင်း(Plant) ခွဲကာ တဆင့်​ပြီး တဆင့်​ ထုတ်​လုပ်​ရပါသည်​။ Transformer မှာ အစိတ်​အပိုင်းအားလုံးက အ​ရေးကြီးပါတယ်​။ အနည်းငယ်​ အမှားအယွင်း မရှိ​အောင်​ ပြု လုပ်​ရပါတယ်​။ အမှားပါခဲ့မယ်​ဆိုရင်​​တော့ အဲ့
ပစ္စည်းကို စွန့်​ပစ်​ရုံဘဲရှိပါ​တော့တယ်​။ဘယ်​​လောက်​အ​သေးစိတ်​ လုပ်​ရသလဲဆိုတာကို "မိဘက က​လေးများကို ယုယစွာ ပြု စု​စောက်​​ရှောက်​သကဲ့သို့ transformer ကို
ထုပ်​လုပ်​တဲ့​နေရာမှာလည်း အစိတ်​အပိုင်း အားလုံးကို ယုယုစွာနှင့်​ ​သေချာဂရု တစိုက်​ပြု လုပ်​​ပေးရပါတယ်​"။
ဥပမာ အ​နေနဲ့ ​ပြောရမယ်​ဆိုရင်​ Transformer ထုတ်​တဲ့
ပထမဆုံး အစိတ်​အပိုင်းမှာတင်​ ​အရည်​ ၊အ​ငွေ့ ​လေးတစက်​​တောင်​မရှိ​အောင်​ လုပ်​ရပါတယ်​။နောက်​အဆင့်​မှာဆိုရင်​လည်း အမှုန်​က​လေး တမှုန်​​တောင်​ မဝင်​​အောင်​လုပ်​ရပါတယ်​။ ဘာ​ကြောင့်​ လည်းဆို​တော့ အဲ့ အမှုန်​က​လေးက​နေ coin တခုနဲ့ တခုကို current(လျှပ်​စစ်​ )ကူး​ပေးလိုက်​သလို ဖြစ်​ပြီး Transformer ရဲ့ ပြုလုပ်​ပုံဟာ ပုံမှန်​မဟုတ်​​တော့​ပေ။ အခန့်​မသင့်​ရင်​ Transformer ​လောင်​ကျွမ်းတဲ့အထိဖြစ်​နိုင်​ပါ​တယ်​။

နောက်​တစ်​ခုက​တော့ coil ပတ်​ခြင်းပါဘဲ။ Coil ပတ်​တာကို မသိ​သေးတဲ့ သူ​တေကို အရင်​ဆုးံရှင်းပြပါရ​စေ။
Coil ပတ်​တာက core လို့ ​ခေါ်တဲ့ သံအူတိုင်​ တခုရှိတယ်​။အဲ့ဒီ့ core ကို copper (​ကြေးနီကြိုး)​တေနဲ့ ပတ်​ပတ်​လည်​လည်​ ပတ်​ခြင်းဖြစ်​ပါတယ်​။ အဲ့တာကို coil ပတ်​တာလို့ ​ခေါ်ပါတယ်​။ Coil ပတ်​တဲ့​နေရာက Transformer ရဲ့ အ​ရေးကြီးတဲ့ အစိတ်​အပိုင်းမှာပါပါတယ်​။ Coil ပတ်​တာက လျှပ်​စစ်​ထုပ်​လုပ်​မယ့်​ ပမာဏ ​ပေါ်
လိုက်​ပြီး အ​ရေအတွက်​ အနည်းအများရှိပါတယ်​။
Core ကို copper ​ကြိုး​နဲ့ ပတ်​တဲ့အခါမှာ တခုနဲ့တခု အကွာအ​ဝေး က အတူတူဘဲဖြစ်​ရပါတယ်​။ အနည်းငယ်​ကွာဟ သွားမယ်​ဆိုရင်​ Transformer အလုပ်​မလုပ်​​တော့ပါ။Transformer ထုပ်​လုပ်​တဲ့​နေရာမှာ အကြာဆုံးပြုလုပ်​ရတဲ့ အစိတ်​အပိုင်းက coil ပတ်​တာပါဘဲ။

image

အ​ပေါ်မှာ ​ပြောခဲ့ပါတယ်​။စက်​ရုံမှာ Plant ​တေခွဲပြီးပြုလုပ်​ရပါတယ်​။ Plant B မှာဆိုရင်​​တော့ coil ပတ်​တာကို ပြုလုပ်​ပါတယ်​။Coil ပတ်​တဲ့ အခန်းဟာဆိုရင်​ ခွဲစိတ်​ခန်းနဲ့
ပင်​ တူပါတယ်​။ coil ပတ်​တဲ့ အလုပ်​သမား​တေက တကို​ယ်​လုံးကို သန့်​စင်​ပြီးမှ အလုပ်​လုပ်​ရပါတယ်​။ခေါင်းစွပ်​၊
လက်​အိပ်​၊ ​ခြေအိတ်​ အကုန်​ပြည့်​စုံမှ ဝင်​ခွင့်​ရှိပါတယ်​။ Temperature ကိုလည်း ​အေး​နေ​အောင်​ထားတာက
အလုံပတ်​အခန်းထဲမှာ ပြုလုပ်​ရပါတယ်​။ဘာ​ကြောင့်​လည်းဆိုတာက​တော့ ​နောက်​အပတ်​မှဘဲ ဆက်​လတ်​ဖတ်​ရူ့
ပေးကြပါ။ ဒီတပတ်​က​တော့ ဒီ​လောက်​ပါဘဲ။Exam လည်း ရှိ​နေလို့ Vote and Reply မ​ပေးနိုင်​တာ ခွင့်​လွှတ်​​ပေးဖို့ ​ပြောပါရ​စေ။
G4 က member အ​ပေါင်း သာယာ​သော​နေ့​လေးကို ပိုင်​ဆိုင်​နိုင်​ကြပါ​စေခင်​ဗျာ။

image

TO BE CONTINUED......
Photo credit...Google

@yelinn
Msc-241

Sort:  

ဗဟုသုတအများကြီးရပါတယ်​။အား​ပေး​နေပါတယ်​​နော်​။

ဟုတ်​ကဲ့ပါ. ဆက်ကြိုးစား​နေပါတယ်

အားပေးတယ်ညီလေး။ဆက်သာရေး။မသိတာတွေသိရတယ်။

ဟုတ်​​ကျေးဇူးပါ ဘဒို

ထရမ်စဖော်မာကြီး ထပေါက်တာ ကြုံဖူးတယ် ထပြေးတာ တန်းနေအောင်

ဟုတ်​.အ​ပြေးသန်​မယ့်​ပုံဘဲ

ခုတော့ ထရန်စဖော်မာ ပေါက်ထားလို့ မီးမမှန်

ဦးအင်းဘက်​က transformer ever ထ​ပေါက်​တယ်​ထင်​တယ်

သေချာ ဂရုတစိုက်နဲ့လုပ်ရတာပဲ။တခုခုလွဲချော်သွား
ရင်လည်း မလွယ်ဘူးနော်။

ဟုတ်​တယ်​ ဘဒို တခုခုလွဲရင်​ မလွယ်

အခုလို ရှင်းပြ​ပေးတာ​ကျေးဇူးပါ ဗျ

ဟုတ်​ကဲ့ပါ

ဓာတ်မလိုက် ဖို့ အရေးကြီး

အဲ့တာအဓိကဘဲ

Transformers ဆိုတော့ စိတ်ဝင်တစားနဲ့ဖက်ဖြစ်ခဲ့ပါတယ်ခမျ

ဟုတ်​ကဲ့ ​ကျေး​ကျေးပါ။

ဗဟုသုတ ​လေး

ဒါ​လေး ​စောင့်​​နေတာဗျ .. ဗဟုသုတရလို့ .. ဖတ်​ချင်​လို့​လေ ..​ကျေးဇူးဗျာ ..

ဟုတ်​ကဲ့ပါ ​ကျေးဇူပါ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 62204.66
ETH 2437.96
USDT 1.00
SBD 2.64