The Historical Of Shwemawdaw Pagoda
Hello Everyone.Nice To Meet You Again.
Steemit Member များအားလုံးပြန်လည် ဆုံတွေ့ရတာ
ဝမ်းသာပါတယ်။ ကျွန်တော် အခုတလော ရေးချင်တာလေးရှိနေတယ်။ ကျွန်တော် ရေးချင်တာလေးက သမိုင်းဝင် ဆံတော်ရှင်
ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ သမိုင်းတချို့ ကို ပြန်လည်
ရေးသားပူဇော်ချင်ပါသည်။ ဆက်လက် ဖတ်ရူ့ပေးကြပါဦး။
လူအများစု ဟာ ရန်ကုန်လို့ ပြောလိုက်တာနဲ့ ရွှေတိဂုံ စေတီတော်
မြတ်ကြီးကိုပါ တွဲမြင်လာကြသလို ။ပဲခူး လို့ ဆိုလိုက်တာနဲ့ သမိုင်းဝင် ရွှေမော်ဓော စေတီတော်ကို မသိသူ အလွန်ပင် ရှားပါးလှ
သည်။ ကျွန်တော်က ပဲခူး ဇာတိ ဖြစ်တဲ့အတွက် ပဲခူးက သမိုင်း
ဝင်နေရာတော်တော် များများကို သိပါတယ်။ ဒါပေမယ့် စေတီတော်မြတ်ကြီး၏ ဘုန်းတန်ခိုး ကျော်စော်မှု နဲ့ စာရင် မပြောပလောက်ပေ။အခု စတင်ရေးချင်တာကတော့ စေတီတော်မြတ်ကြီး၏
သမိုင်း အချို့ကို ဖော်ပြချင်ပါတယ်။
ရွှေမော်ဓော စေတီတော်မြတ်ကြီး ဟာ မြတ်စွာဘုရားရှင်၏
ဆံတော်ကို ဌာပနာထည့်သွင်းကာ တည်ထားကိုးကွယ်ခဲ့ကြသည်။ မြတ်စွာဘုရားရှင်သည် ဟံသာဝတီပြည် သုဒဿ နတောင်၌
ဌာပနာ၍ စေတီတော် တည်ထားကိုးကွယ်ရန် ဗျာဒိတ်စကားမိန့်
ကြားပြီး စူဠသလ၊မဟာသာလ ညီနောင်နှစ်ဦးကို ဆံတော်မြတ်
နှစ်ဆူပေးသနားတော် မူခဲ့သည်။ ညီနောင်နှစ်ဦးသည် ဆံတော်
မြတ်နှစ်ဆူအား ရာဇဂြိုလ်မြို့(အိန္ဒိယ)မှ ဒုံဇိုင်းတူမြို့(ဇောင်းတူ)
သို့ ပင်လယ်ခရီးဖြင့် ပင့်ဆောင်လာခဲ့ကြသည်။ ညီနောင်နှစ်ဦး
သည် မြတ်စွာဘုရား၏ ဗျာဒိတ်တော်အတိုင်း သုဒဿ နတောင်ကို
ရှာဖွေကြလေသည်။
ထို့နောက် သုဒဿ န တောင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ညီနောင်
နှစ်ဦးလည်း ဗျာဒိတ်တော်အတိုင်း စေတီတည်ရန်ပြင်ဆင်ကြ
လေသည်။ ဌာပနာတည်ရန်အတွက် ဆံတော်မြတ်ကိန်းဝပ်ရာ
ရတနာရွှေကြုတ်တော်အား ဒုံဇိုင်းတူမြို့ (ဇောင်းတူ)မှ မြင်းရထား
ဖြင့် ပင့်ဆောင်လာခဲ့သည်။ဆံတော်မြတ် ကိန်းဝပ်ရာဌာပနာ
တိုက်ကို လုံခြံစွာ ဖုံးပိတ်၍ ဥာဏ်တော်အတောင်(၅၀)ရှိသော
မူလစေတီတော်အား ရွှေ၊ငွေ၊ပတ္တမြား၊ကျောက်သံ စသည့်အုတ်တို့ဖြင့် အဆင့်ဆင့်တည်ထားခဲ့ရာ မဟာသက္ကရာဇ်(၁၁၅)ခု၊
တန်ခူးလဆန်း(၁)ရက်နေ့တွင် အောင်မြင်စွာ ပြီးစီး၍ တည်ထား
ကိုးကွယ်ကြသည်။
ကောဇာသက္ကရာဇ် ၃၃၄ ခုနှစ်တွင် နန်းတတ်သည့် ဟံသာဝတီ
ဘုရင် အနရာမမင်းလက်ထက်တွင် ဥာဏ်တော်(၂၂) တိုးမြှင့်၍
ဥာဏ်တော် (၁၂၆) တောင်အမြင့်ဆောင်ကာ ပြန်လည်တည်ထားရာတွင် မူလဌာပနာ အနီး၌ ဥမင်လှိုဏ်ခေါင်းတူးပြီး
ဗုဒ္ဓ၏သွားတော်ဓာတ်(၁)ဆူကို ဌာပနာထည့်သွင်းကာတည်ထားခဲ့သည်။ ကောဇာသက္ကရာဇ် (၇၄၅)ခုနှစ်၌ နန်းတတ်သည့်
ရာဇဓိရာဇ်မင်းက သီဟိုဋ်ဘုရင် ပဏ္ဍုရာမမင်းဆက်သသော
ရွှေသပိတ်တော်နှင့် ဗုဒ္ဓစွယ်တော်တို့ကို ထပ်မံဌာပနာထည့်သွင်း
၍ ဥာဏ်တော်(၁၆၅)အထိ တိုးမြှင့်ပြီး ပြန်လည်တည်ထားကိုး
ကွယ်ခဲ့ကြသည်။
မင်းငါးဆက်တိုင်တိုင်မပြု ပြင်နိုင်ဘဲ ပြိုကျပျက်စီးနေသည့် စေတီ
တော်မြတ်ကြီးကို ဘိုးတော်မင်းတရားကြီးက ဥာဏ်တော်(၁၉၈)
တောင်အမြင့်ဆောင်ကာ ပြန်လည်တည်ထားခဲ့ရာ ကောဇာသက္ကရာဇ် (၁၁၅၁)ခုနှစ်၊တန်ခူးလပြည့်နေ့တွင် ပြီးစီးခဲ့၍ ရွှေမော်ဓော
စေတီတော်မြတ်ဟု ခေါ်တွင်ကာ ကိုးကွယ်ပူဇော်ခဲ့ကြသည်။
၁၂၇၉ ခုနှစ်ပထမ ၀ါဆိုလဆုတ် ၂ ရက် (၅.၇.၁၉၁၇)နေ့တွင်
စတုတ္ထအကြိမ်မြေငလျှင်ကြောင့် ဘိုးတော်ဘုရားတည်ခဲ့သော
စေတီတော်မြတ်ကြီး၏ ခေါင်းလောင်းပုံအထက်ဖောင်း ၃ ရစ်မှ
ပြိုကျခဲ့ရာ ငှက်ပျောဖူးတော်တပိုင်းမှာ ကြေမွပျက်စီးခြင်းမရှိဘဲ
မြေခခဲ့ရသည်။ ၁၂၈၂ ခုနှစ်တွင် ပြိုကျခဲ့သော ခေါင်းလောင်းပုံအထက်ပိုင်းအား ဥာဏ်တော်(၄)တောင် (၂)မိုက်တိုးမြှင့်၍ ပြန်လည်တည်ထားခဲ့ပြီး မြေခခဲ့သော ငှက်ပျော်ဖူးတော်တပိုင်းအား
မရွှေ့ပြောင်းဘဲ အပေါ်၌ အထိမ်အမှတ် စေတီတစ်ဆူ တည်ထား
ခဲ့သည်။
၁၂၈၂ ခုနှစ်တွင် ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ဥာဏ်
တော်(၂၀၂)တောင် ၂ မိုက်အထိ ရှိခဲ့သည်။ ၁၂၉၂ ခုနှစ်တွင်
ပဉ္စမအကြိမ် မြေငလျှင်ကြောင့် ပြိုကျခဲ့သည်။ မြေငလျှင်ဒဏ်
ကြောင့် စေတီတော်ကြီး၏ ပစ္စယာအထိ ပြိုကျပျက်စီးခဲ့သော်လည်း မြေခငှက်ပျောဖူးတော်နှင့် အထိမ်းအမှတ်စေတီတို့မှာ
အနည်းငယ် ထိခိုက်ပျက်စီးခြင်းမရှိဘဲ ကျန်နေခဲ့သည်။
ဂျပန်ခောတ်အလွန် စစ်ပြီးကာလတွင် ဂေါပကအဖွဲ့  နှင့် မြို့ပေါ်မှ ပုဂ္ဂိုလ်များပါဝင်သည့် ပြန်လည်တည်ဆောက်ရေးအဖွဲ့က
ကြီးကြပ်၍ စေတီတော်ကြီးအား ပြန်လည်တည်ထားကိုးကွယ်
ခဲ့ကြသည်။
ကျွန်တော် အခုလို ရွှေမော်ဓော ဘုရား၏ သမိုင်းတချို့ကို ရေးသားရန်အတွက် ဘုရား၏ သမိုင်းပြတိုက်မှ ရှာဖွေကာ အများသူဌာတို့ သိစေရန်အလို့ငှါ ရေးသားပူဇော်လိုက်ရပါသည်။အခုလို စေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းကို ရေးရတဲ့အတွက် အလွန်ပင် ကြည်နူးမိသည်။
အဆုံးထိဖတ်ပေးနေတယ့် Steemit member များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာcomments & votes လည်းပေးဖို့ မမေ့နဲ့ဦးနော် ☺☺ ☺
Credit ....Fb photo
MSC - 241
ပဲခူး လို့ပြောလိုက်သည်နှင့် ရွှေမော်ဓောဘရားကြီးနှငိ့ ပဲခူးငါးချဉ် အားသိလိုက်ပါသည်။
ဗဟုသုတရပါတယ်ဗျာ
ပဲခူးငါးချဉ်ကလည်း နာမည်ကြိးဘဲကိုး
ခုလိုသိခွင့်ရလ်ု့ ကျေးဇူးပါbro.အားပေးနေပါတယ်
အားပေးတဲ့အတွက် ကျေးဇူးပါပဲ
ကောင်းပါတယ် bro အားပေးနေတယ်နော်
Yeah
သမိုင်းကြောင်းတွေ စိတ်ဝင်စားတယ်
ကောင်းပါတယ်
ဘုရားသမိုင်းလေးအကြောင်းသိရတာပေါ့ညီလေးရဲလင်းရေ။ကောင်းတယ်ဗျာအားပေးနေမယ်။
ကျေးဇူပါ ဘဒို။ဆက်လတ်အပေးပါဦး
ရွှေမောဓောဘုရားသမိုင်းတော့ သိပြီ လျောင်းတော်မူကြီးတွေ ရှိသေးတယ်မလား ဘွဲ့တော်တွေ မေ့နေလို့  အဲ့ဒါလေးတွေ ရေးတင်ပေးပါဦး
ရွှေသာလျောင်း၊မြသာလျောင်း၊ စိန်သာလျောင်း ဘုရားသမိုင်းတွေ အားရင်ညထပ်တင်ပေးပါမယ် ဦးဇင်း
ခုလို ဘုရားသမိုင်း သိခွင့်ရလို့ ကျေးဇူးပါဗျာ ..
ဟုတ်ကဲ့ပါ
ဘုရားသမိုင်းရေးပြထားတာ သိခွင့်ရလိုက်လို့ ကျေးဇူးပါကွယ်
အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူပါ Sis
ကျေးဇူးပါ broဘုရားသမိုင်းတွေသိခွင့်ရပါတယ်
နောင်လည်း အားရင် သမိုင်းကြောင်းတေ ထပ်တင်ပေးပါမယ်
Sneaky Ninja Attack! You have been defended with a 3.02% vote... I was summoned by @yelinn! I have done their bidding and now I will vanish...Whoosh
Well done.