NOW......Should Be Changing.

in #myanmar7 years ago (edited)

Hello everyone.အားလုံးဘဲမင်္ဂလာပါဗျာ။
ကျွန်​​တော်​ ဒီတ​ခေါက်​​ရေးသားချင်​တာက ​​​ခောတ်​​တေဘယ်​လိုဘဲ​ပြောင်း​ပြောင်း မ​ပြောင်းလဲ​သေးတဲ့ အကျင့်​​လေးအ​ကြောင်းနဲ့ ပတ်​သတ်​ပြီး ​ရေးချင်​တာပါ။
Steemit member များအားလုံးကိုလည်း အဆုံးထိဖတ်​​စေချင်​ပါတယ်​။ ဖတ်​​ပေးတဲ့အတွက်​လည်း​ကျေးဇူးတင်​ပါတယ်​။

ပထမဆုံး​ပြောချင်​တဲ့ အ​ကြောင်းအရာ ​ခေါင်းစဉ်​က​တော့ " ကျူ ရှင်​စနစ်​ ​ပြောင်းလဲသင့်​​ကြောင်း " နဲ့ပတ်​သတ်​ပြီး ကျွန်​​တော်​ ထင်​မြင်​ချက်​​လေးဖြင့်​ ​ရေးသားချင်​ပါတယ်​။ ကျူ ရှင်​လို့ ​ပြောလိုက်​တာနဲ့ ဆရာ၊ ဆရာမ ​တေကို​ပြေးမြင်​ပါလိမ့်​မယ်​။မှန်​ပါတယ်​။ ဘာ​ကြောင့်​ ကျူ ရှင်​ ဆိုတာ ​ပေါ်​ပေါက်​လာသလဲ။အ​ဖြေက​တော့ ရှင်းပါတယ်​။ ​ကျောင်းသား၊​ကျောင်းသူ​တေ စာမလိုက်​နိုင်​လို့ဘဲ ဖြစ်​ပါတယ်​။ ​​နောက်​တနည်းအားဖြင့်​ ​ပြောရရင်​ ဆရာ၊ဆရာမ ​တေအတွက်​လည်း အပိုဝင်​​ငွေရှာတာလည်းဖြစ်​ပါတယ်​။ဘာ​ကြောင့်​ အပိုဝင်​​ငွေရှာရတာလဲဆိုရင်​​တော့ ရှင်းပါတယ်​။သူတို့အတွက်​ ရတဲ့လစာက မိသားစု​တေအတွက်​ ဘယ်​လိုမှမ​လောက်​ငှနိုင်​။

သူတို့ခဗျာ ၀ါသနာ ပါလို့သင်​​နေရ​ပေမဲ့ ၀င်​​ငွေကနည်းလွန်းတဲ့အတွက်​ ဘယ်​လိုမှ မရပ်​တည်​နိုင်​ပါ။ဒါ​ကြောင့်​လည်း ဆရာ၊ဆရာမ​တေက ကျူ ရှင်​ပြကာ ၀င်​​ငွေရှာရပြန်​တယ်​။ကျောင်းသား​၊​ကျောင်းသူ​တေအတွက်​လည်း ပိုအဆင်​​ပြေတာ​ပေါ့။ကျောင်းမှာ စာလိုက်​မလုပ်​​ပေမဲ့ ကျူ ရှင်​မှာသင်​ရင်​ ရတာဘဲလို့တချို့က​လေး​တေက မြင်​လာကြတယ်​။ မိဘ​တေကလည်း ကိုယ့်​သားသမီး စာမလုပ်​တာမြင်​ရင်​ ကျူ ရှင်​ကြီးဘဲ လိမ့်​ပို့​နေကြတယ်​။ မိဘ​တေကလည်း သူတို့​လေးအတွက်​ စိုးရိမ်​တာလည်းပါပါတယ်​။ ကျွန်​​တော်​အခု ​ပြောချင်​တဲ့အ​ကြောင်းအရာ က ကျူ ရှင်​ ​ စနစ်​ရဲ့မှားယွင်းတဲ့ အ​ကြောင်းဖြစ်​ပါတယ်​။

ဘယ်​ကဘယ်​လို မှားယွင်းလာသလဲဆို​တော့ ဆရာ၊ဆရာမ ​တေကဘဲ စတယ်​လို့ဘဲ ​ပြောရမလိုပင်​။ အ​ပေါ်မှာ​ပြောခဲ့သလိုပါဘဲ သူတို့လည်းလစာနည်းတဲ့အတွက်​​ကြောင့်​ ကျူ ရှင်​ ကိုဖွင့်​ကာ အပိုဝင်​​ငွေရှာကြတယ်​။ သူတို့ဖွင့်​တဲ့ကျူ ရှင်​ကို က​လေး​တေ လာတတ်​ချင်​​အောင်​ တချို့ ဆရာ မ​တေက spot ​လေး​တေ​ပေးကြတယ်​။ က​လေး​တေကလည်း ဒါကို​မျော်​ကိုးပြီး ကျူ ရှင်​ကို လာတတ်​ကြတဲ့ က​လေး​တေလည်းရှိပါတယ်​။တချို့တ​လေက​တော့ တကယ်​နားလည်​ချင်​လို့ တတ်​တာလည်းရှိပါတယ်​။ အဲ့ဒီကစလာတာ အခုထိဘဲဆိုပါစို့။ "ကျူ ရှင်​ကိုဘာလို့တတ်​ spot လိုချင်​လို့တတ်​ "လို့​​တောင်​ ​နောက်​​ပြောင်​တတ်​ကြတယ်​။ တကယ်​လည်းဟုတ်​​နေတားကိုး။ အဲ့အချိန်​မှာ ​ကျောင်းပုံမှန်​တတ်​ပြီး စာလုပ်​​နေတဲ့ က​လေး​တေ ထချို့ က စား​မေးပွဲ စစ်​ရင်​ roll က ကျလာပြီး ​ကျောင်း​တောင်​ပုံမှန်​မလာ စာမလုပ်​တဲ့ ​ကောင်​​တေ​အောက်​ ​ရောက်​​နေကြရရှာသည်​။ စာဖတ်​သူတို့လည်း စဉ်​စားကြည့်​ပါ။ ဘယ်​​လောက်​ခံပြင်းဖို့ ​ကောင်းသလဲဆိုတာ။ မိမိ မှာ Exam အတွက်​ အသည်းအသန်​ ကြိုးစား​ဖြေရ​ပေမယ့်​ ကျူ ရှင်​တတ်​တဲ့ ​ကောင်​​တေက သာသာယာယာ ဘဲ​ဖြေပြီး roll ​ကောင်း​နေကြတယ်​။ ဒါက ဘယ်​လို ပညာ​ရေး စနစ်​ကြီးလဲ။

တကယ့်​ကို မှားယွင်း​နေကြသည်​။ ကျူ ရှင်​ဆိုတာ က​လေး​တေနား မလည်​တာကို ​သေချာနားလည်​လာ​အောင်​ ရှင်​ပြရမယ်​ဆို့တဲ့ အချက်​နဲ့ ကျူ ရှင်​ကို ဖွင့်​ရတာ မဟုတ်​ပါလား။ အမှန်​တကယ်​ ဖြစ်​သင့်​တာက ကျူ ရှင်​ဆိုတာ က​လေး​တေကို ​သေချာ train ​ပေးပြီး ပို​ကောင်းလာ​အောင်​ ​လေ့ကျင့်​​ပေး​စေချင်​ပါတယ်​။ ‌အခုဆိုရငိ က​လေး​တေက တစ်​တန်းပြီးတစ်​တန်း ​အောင်​လာ​ပေမယ့်​ စာကိုတကယ်​နားလည်​တာမ ဟုတ်​ဘဲ spot ​တေ​ကြောင့်​လည်းြ​ဖစ်​ချင်​ဖြစ်​လိမ့်​မယ်​။

ခောတ်​​တေဘယ်​လိုဘဲ​ပြောင်းလဲပါ​စေ အခုလို မှားယွင်း​နေတဲ့ စနစ်​ကြီး ကိုကျင့်​သုံး​နေကြဆဲပါ။အမှန်​တကယ်​ ဆိုရင်​ ကျူ ရှင်​က က​လေး​တေနားမလည်​တာကို ​သေချာပြန်​လည် ရှင်းပြရမည့်​​နေရာဖြစ်​သည်​ ။ အခုလို spot ​ပေးခြင်းက က​လေး​တေရဲ့ ပျက်​စီးခြင်း​လမ်းစကိုဖြစ်​​ပေါ်​စေပါတယ်။

ဒါ​ကြောင့်​ ခုလို မှားယွင်းတဲ့စနစ်​ကို ပြန်​ပြင်​ဖို့ ဆရာ၊ဆရာမ​တေအပြင်​ ​ကျောင်းသား၊​ကျောင်းသူ​တေ ပါပြင်​ရန်​ လိုအပ်​လှပါသည်​။ spot ဆိုတာကြီးကိုပါ ပယ်​​ဖျောက်​သင့်​သည်​။ဒါမှသာ ကျူ ရှင်​မတတ်​တဲ့ သူနဲ့ တတ်​တဲ့လူ​တေရဲ့အဆင့်​တာ မကွာ​တော့ပါ။ဆရာ ဆရာမ​တေကိုယ်​တိုင်​ကလည်း spot မ​​ပေးဘဲ Chapter ​တေကို နားလည်​​အောင်​ဘဲ သင်​​စေချင်​တယ်​။ဆရာ၊ဆရာမ ​တေလည်း​ပြောင်းလဲချိန်​တန်​ပါပြီ။

နောက်​ဆုံး ​ရေးသားချင်​တာက ​ကျောင်းသား၊​ကျောင်းသူ​တေ လည်းကျူ ရှင်​ကို အားမကိုးဘဲ ကိုယ့်​အားကို​ယ်ကိုးပြီး ကြိုးစား​စေချင်​ပါတယ်​။ အတန်းပုံမှန်​တတ်​​ပြီး စာ​သေချာလုပ်​ပါက ကျူ ရှင်​ဆိုတာ မလိုအပ်​​တော့ပါ။ဆရာ၊ဆရာမ ​တေကလည်း အဖိုးခ​ငွေ ယူ​ပေမယ့်​လည်း spot ​​တေကိုယ်​​တော့ မ​ပေးသင့်​ပါ။" ကျူ ရှင်​စနစ်​ ပ​ပျောက်​​ရေး အားလုံးကူညီကြစို့​လေး"ရိုးသားပါ၊ ကြိုးစားပါ၊ ကိုယ့်​ကိုယ်​ကို ယုံကြည်​ပါ၊တ​နေ့​အောင်​မြင်​ပါလိမ့်​မယ်​။ ကျွန်​​တော်​ အခုလို ​ရေးသားတာက ဆရာ၊ဆရာမ ​တေကို ​စော်​ကားတာ မဟုတ်​ပါ။ ပညာ​ရေးစနစ်​ရဲ့ ယိုယွင်း​ပုံ​လေးကို ​ပြောပြချင်​တာပါ။ မည်​သူတဦး တ​ယောက်​ကိုမှ ရည်​၇ွယ်​​ရေးသားချင်းမဟုတ်​ပါ။ပြောင်းလဲ​စေချင်​ရုံ​လေးပါ။
အခုလိုမျိုးအဆုံးထိ ဖတ်​​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ။
ဆက်​လတ်​အား​ပေးပါဦး.။ bye bye .

image

Author_ye linn oo

@yelinn
‌Msc _241

Sort:  

ပြောင်းတော့ပြောင်းလဲနေပါပီ bro သို့သော် အတော်လိုအပ်နေပါသေးတယ်ဗျ

ကျူရှင်တွေ မသင်ရတော့ဘူး လို့ လဲ ကြားဖူးတယ် ပြီးတော့လဲ ကျူရှင်သွားနေကြတာတွေလဲ တွေ့ နေပြန်တယ်။ မပြောင်းလဲနိုင်ကြသေးပါဘူးကွယ်။

ဟုတ်​တယ်​ bro. ခုထိ မ​ပြောင်းလဲ​သေးပါ

မွေးကတည်းက ကျူရှင်

Hote tl sis yay.

ကျူ ရှင်စနစ်က ပပျောက်မယ်မထင်ပါဘူး

ဟုတ်​ပါတယ်​။ ​ပျောက်​မလိုလိုနဲ့ မပ​ပျောက်​​သေး

ကျူရှင်ဆိုတာမရှိရင်လည်း ဆရာ ဆရာမတွေ စားဝတ်နေရေးက ရတဲ့လစာနဲ့ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူးဗျ
ဒီတော့ ရှိနေအုံးမှာပါပဲ

အစိုးရကလည်း လစာ​လေး​တော့ြှင်​​ပေ​စေချင်​တယ်​။

လစာ​လောက်​ငှလည်း ​လောဘကြီးတဲ့ ဆရာ ဆရာ အချို့က သင်​အုံးမယ်​ ထင်​တာပဲ
အစ်​ကို​ရေ

ဟုတ်​တယ်​ bro ​ရေ။ ဒါ​တေကိုလည်း ပြင်​ခိုင်​​စေချင်​တယ်

ပြောင်းလဲစရာတွေအများကြီးပါ

တဖြည်းဖြည်း နဲ့​ပြောင်းလဲကြရင်​ ရပါတယ်

ခလေးတွေပဲ သနားပါတယ် ကျောင်းပြေးလိုက် ကျူရှင်ပြေးလိုက်နဲ့ ဗျာများနေရတယ်

မှန်​ပါတယ်​ ဦးဇင်း။က​လေး​တေအတွက်​ဘဲ သနားပါတယ်

ပညာရေးစနစ်ကိုပြောင်းလဲဖို့လိုပါတယ်ဗျာ။

တဖြည်းဖြည်း နဲ့​ပြောင်းလဲလာရင်​ဘဲ ​ကျေနပ်​မိပါတယ်

စာပိုဒ်အစလေးတွေမှာ spaceမခြားရင် စာတွေ အကုန်ဖတ်လို့ရတယ်

ပြန်​ပြင်​လိုက်​ပါပြီ sis.အခုလို ​ဝေဖန်​​ပေးတဲ့အတွက်​ ​ကျေး​ကျေး.

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 67358.72
ETH 2619.80
USDT 1.00
SBD 2.68