နူးညံ့ရီ​ဝေ​စေတတ်​​သော ကျိန်​စာ (၄)

in #myanmar6 years ago

နူးညံ့ရီ​ဝေ​စေတတ်​​သော ကျိန်​စာ (၄)
image
ကျွန်​​တော့်​ရဲ့​လေးလံ​နေတဲ့စိတ်​အစုံနဲ့ အပြန်​ခရီးအတွက်​ ပြည်​တွင်း​လေ​ကြောင်းလိုင်း​တစ်​ခုကို ကျွန်​​တော်​စီးနင်းရလိမ့်​မယ်​။
အိမ်​က​တွေကို လိုက်​မပို့ပါနဲ့လို့​ပြောထားခဲ့လိုက်​တာပဲ ကျွန်​​တော်​ ကံ​ကောင်းခဲ့ပါတယ်​။ ကျွန်​​တော့်​ရဲ့ကိုယ်​လာ ​လေဆိပ်​ထဲမှာ ဖြစ်​​နေ​ပေမဲ့ ကျွန်​​တော်​ရဲ့ စိတ်​က​တော့ ​မေသီရိဆီမှာ​လေ..

ရက်​စက်​တယ်​ဆိုတာထက်​ ပိုပြီး ရက်​စက်​နိုင်​စွမ်းရှိတဲ့ စိတ်​နဲ့ ​မေသီရိဆိုတဲ့မိန်းက​လေးကို ခန့်​မင်းဒီ​လောက်​ ဂရုစိုက်​ခဲ့လွန်းတာ ခန့်​မင်းအမှားလို့ပဲ ကျွန်​​တော်​ သတ်​မှတ်​လိုက်​တယ်​။
ဒါ​ပေမဲ့ ခန့်​မင်းကို နားလည်​ခြင်းနဲ့အတူ ​သူမရဲ့ ​အေးတိ​အေးစက်​စိတ်​အစုံကိုလည်း ကျွန်​​တော်​ နားလည်​​နေခဲ့မိတာ ဘာ​ကြောင့်​မှန်း​တော့မသိဘူး.။ပြီး​တော့ ကျွန်​​တော်​ ​မေ့ကို သနားတယ်​။
သားရဲများစွာအလည်​မှာ ​ရှောင်​ရင်း တိမ်းရင်း ကျင်​လည်​ရင်းနဲ့ပဲ သူ့မရဲ့ဘဝ​ပေးကို သူမလက်​ခံ​နေရတဲ့အဖြစ်​ကို ကျွန်​​တော်​ စာနာတယ်​။

ဒါ​ပေမဲ့ မိန်းက​လေးတန်​မဲ့ အဲ့ဒီ​လောက်​ ရဲတင်းပွင့်​လင်းလွန်းတာ​တော့ မ​ကောင်းဘူးလို့လည်း ကျွန်​​တော်​ ယူဆ​နေမိတယ်​။
သူမရဲ့ ​ပေါ့သွမ်းမှုတစ်​ခုနဲ့ ခန့်​မင်းအ​ပေါ်ထားတဲ့ သူမရဲ့မ​လေးနက်​မှု​တွေနဲ့တင်​ ကျွန်​​တော်​ သူမကို မုန်းဖို့ လုံ​လောက်​ပါတယ်​။

" တူ..တူ...တူ....."
ကျွန်​​တော်​ ဖုန်းကို ကြည့်​လိုက်​ပြီး
" ဟဲလို.."
ကျွန်​​တော်​အိမ်​က ကျွန်​​တော့်​ကို ဂရုတစိုက်​နဲ့ဆက်​တဲ့ဖုန်းပါ။
ကျွန်​​တော်​​လေယာဉ်​​ပေါ်တက်​ဖို့ ပြင်​ဆင်​​နေစဉ်​မှာ ကျွန်​​တော်​လက်​​မောင်းကို အဆွဲခံလိုက်​ရပါတယ်​..
image
ကျွန်​​တော်​လှည့်​ကြည့်​လိုက်​​တော့..
" ဟင်​.."
" ကိုထက်​က အိမ်​ကို​တောင်​ မလာခဲ့ဘူး ...​။ရော့..​ရော့..အ​မေ ​ပေးခိုင်းလိုက်​တာ ။သွား​တော့​လေ ​လေ​ယာဉ်​​နောက်​ကျ​နေအုံးမယ်​။"
" အင်း..အင်းပါ.အစ်​ကို​နောက်​တသ်​​ခေါက်​ပြန်​လာမှပဲ လာခဲ့​တော့မလို့ ​နော်​.."

ဆူး ​ခေါင်းညိတ်​ပြတယ်​။ပြီး​တော့ တစ်​ခုခုကို အသံတိုးတိုး​လေးနဲ့ ​ပြောလိုက်​​ပေမဲ့ ကျွန်​​တော်​ ​ကောင်း​ကောင်း ကြားပါတယ်​။

"ကိုကို့ကို ဂရုစိုက်​​ပေးပါ ကိုထက်​..ပြီး​တော့ မ​မေကိုလည်း ဂရုစိုက်​​ပေးပါ.."

ကျွန်​​တော့်​ရင်​တစ်​ခုလုံး ဒိန်းခနဲ့ လွှင့်​စဉ်​သွားသလိုပါပဲ..။
ကျွန်​​တော်​ ဘာတစ်​ခုမှ မ​ပြောလိုက်​နိုင်​ခင်​မှာပဲ ဆူး​ရှေ့က​နေ ကျွန်​​တော်​ ထွက်​လာခဲ့မိတယ်​။
ဆူးသက်​ ​တစ်​​ယောက်​ ငို​နေပြန်​​တော့မယ်​..။
ကျွန်​​တော်​ ခန့်​မင်းရဲ့ညီမ​လေး ဆူးသက်​ရဲ့ မျက်​ရည်​​တွေကို မကြည့်​ချင်​ဘူး မမြင်​ချင်​ဘူး။ ခန့်​မင်းရဲ့အ​မေရဲ့မျက်​ရည်​​တွေကို မကြည့်​ချင်​ဘူး မမြင်​ချင်​ဘူး..။
ကျွန်​​တော့်​ကိုမြင်​ကြတိုင်း မျက်​ရည်​မဆည်​နိုင်​ကြတဲ့ သူတို့မိသားစုရဲ့ ဒဏ်​ရာကို မကြာခဏ လူလုံးပြပြီး ဆွမ​ပေးချင်​ဘူး။

သူတို့မျက်​ရည်​​တွေကို မြင်​တိုင်း အမှန်​တရားက ကျွန်​​တော်​ ခံစားချက်​​ တံခါး​တွေကို လာလာ ​ခေါက်​တယ်​..အဲ့ဒီအချိန်​တိုင်း ကျွန်​​တော်​ ​မေသီရိကို ခါးခါးသီးသီး မုန်းတယ်​။ သူ့​ကြောင့်​ လူတစ်​​ယောက်​ အသက်​ဆုံးရှုံးသွားရတယ်​ဆိုတာ သူမက​တော့ မသိ​လေသ​ယောင်​နဲ့ အခုထိ ရယ်​​မော မပျက်​​သေးခဲ့တာကို မြင်​ရတိုင်း ​မေသီရိဆိုတာ အဲ့ဒီဘဝနဲ့ပဲ ထိုက်​တန်​တဲ့ မိန်းမ ​မေတ္တာရဲ့​အေးချမ်းမှုကို မခံယူထိုက်​တဲ့ မျန်းမလို့ ကျွန်​​တော်​ စကာလုံးထန်​ထန်​​တွေနဲ့ ​ရေရွတ်​​နေဖြစ်​တယ်​။

...................................................

ကျွန်​​တော်​ တာဝန်​​တွေကို ပုံမှန်​ထမ်း​ဆောင်​​နေဆဲ တစ်​​နေ့မှာပဲ ခန့်​မင်းဆီကို စာတစ်​​စောင်​​ရောက်​လာတယ်​တဲ့။ ကျွန်​​တော်​ စာကို လက်​ခံယူလိုက်​​ပေမဲ့ ဖင့်​ဖတ်​​တော့မကြည့်​ပါဘူး..။ ရင်းနှီးကျွမ်းဝင်​ခဲ့ပြီးသား မိန်း​က​လေးလက်​​ရေး​တွေက ကျွန်​​တော့ စိတ်​​တွေကို တစစ်​စစ်​သတ်​​နေအုံမှာ ​သေချာ​နေပြီးသားမို့ သူနဲ့သက်​ဆိုင်​တဲ့ ​နေရာကိုပဲ ပို့​ပေးလိုက်​ပါတယ်​။

ပြီး​တော့ ကျွန်​​တော်​ တိုးတိုး​လေး ​ပြောဖြစ်​ခဲ့တယ်​..
" မင်းလည်း ဝဋ်​​ကြွေး​တွေ ကြီးလွန်းတယ်​ ခန့်​မင်းရာ...."

ကျွန်​​တော်​ မငိုချင်​​တော့ဘူးဆိုတာထက်​ မငိုတတ်​တော့ဘူး..ကျွန်​​တော်​ဟာ လူသားတစ်​​ယောက်​အဖြစ်​နဲ့ ခံစားတတ်​သူတစ်​​ယောက်​ပဲ​လေ..
image
တစ်​ပတ်​​လောက်​အကြာမှာ
" ​ဗိုလ်​မှူး ဧည့်​သည်​တစ်​​ယောက်​ ဆရာခန့်​နဲ့ ​တွေ့ချင်​လို့တဲ့"
ကျွန်​​တော်​ ထိတ်​ခနဲတစ်​ချက်​ဖြစ်​သွား​ပေမဲ့ ထွက်​​တွေ့ဖြစ်​လိုက်​ပါတယ်​။
ဘယ်​လိုအပြစ်​မှ မရှိသလို အပြုံး​လေးနဲ့ ​မေသီရိမှ ​မေသီရိ စစ်​စစ်​ရယ်​ပါ..
" ​မေ ခန့်​ဆီကို လာခဲ့တာပါ ထက်​မြက်​...."
ကျွ​န်​​တော်​ ​ခေါင်းတစ်​ချက်​ ညိတ်​ပြလိုက်​ပြီး
" ရတာ​ပေါ့​ဗျာ..လိုက်​ပို့ရတာ​ပေါ့ "

နူးညံ့​နွေး​ထွေးမှုမရှိနိုင်​တဲ့ ကြိုဆိုမှုနဲ့ သူမကို ခန့်​မင်းဆီကို ခရီး​ရောက်​မဆိုက်​ပဲ ​ခေါ်​ဆောင်​လာခဲ့မိတယ်​.....

သူမရဲ့ ရက်​စက်​မှု​တွေကို သူမ ကိုယ်​တိုင်​ သိမြင်​ခံစားတတ်​ပါ့မလား.

Writter @yekungsatthone
Msc 213
Photo from google

Sort:  

ဖတ်ကောင်းသားဖဲ လုံးခြင်း ထုတ်ကြမလားဟမ်😁

ဟုတ်တယ်ဗျ စာအုပ်ထုတ်ရင် ကောင်းမယ်

စောင့်မျော်လျက်

ကျေးဇူးပါ

အချစ်ဇတ်လမ်းလေးတွေ ရင်ခုန်စရာကောင်းတယ်😆😆

ဟုတ်​တယ်​ဗျ😀

ကောင်းလိုက်​တာ

ကျေးဇူးပါဗျ

ဖတ်​လို့​ကောင်းပါတယ်​...ဇာတ်​လမ်း​လေး....good

ကျေးဇူးတင်​ပါတယ်​ဗျာ

မင်းရက်စက်မှာကို ကြိုတင်မတွေ့ နိုင်
မင်းနှုတ်ခတ်ခြင်းမှာ ထားရစ်ခဲ့တော့
…………

မရက်​စက်​ချင်​ဘူးဗျာ😁😁

ကောင်းတယ်​ဗျာ စကားမစပ်​ ကုလားမ အ​တော်​မြူး​နေတယ်​​နော်

joker မြူးရင်ပိုကောင်းမယ် ဗျ

ဗျာ 😂😂

Congratulations! This post has been upvoted from the communal account, @minnowsupport, by phyozawoo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မေသီရိခံစားရမယ့် ခံစားချက်လေးတွေကို ထပ်ရေးပါဦးဗျ

ဟုတ်​ကဲ့ဗျ

အပိုင်း ၅လာအုန်းမှာလားကိုလွမ်း

ဟုတ်​😀

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 61691.46
ETH 3047.50
USDT 1.00
SBD 3.88