နူးညံ့ရီ​ဝေ​စေတတ်​​သော ကျိန်​စာ (၃)

in #myanmar6 years ago

နူးညံ့ရီ​ဝေ​စေတတ်​​သော ကျိန်​စာ (၃)
image
ကျွန်​​တော်​ ​မေကို မုန်းတီးပါတယ်​လို့ ကိုယ့်​ကိုယ်​ကို ​ကြွေး​ကြော်​​နေရင်းနဲ့ပဲ သူမအနီးအပါးကို မကြာခဏ ​ရောက်​ဖြစ်​​နေခဲ့မိတယ်​။အတိအကျ​ပြောရရင်​ သူမရဲ့အစ်​မဆုံးပြီးချိန်​က စလို့​ပေါ့။သူမရဲ့ ရဲတင်းသွက်​လက်​တဲ့ ဟန်​အမူအယာ​တွေကို မနှစ်​မြို့​ပေမဲ့ သူမရဲ့ ရိုးသားပွင့်​လင်းမှု​တွေထဲမှာ​တော့ ကျွန်​​တော်​ သူမကို နားလည်​​ပေးနိုင်​သလိုပါပဲ။
image
" ​မေက အသည်းစားက​ဝေတဲ့။ဟင်း..ဟင်း..သိပ်​ရယ်​ရတာပဲ ​မေက အခုထိ​တော့ ဘယ်​တစ်​ဦးတစ်​​ယောက်​ကိုမှ ​​မေ့ကို ချစ်​ပါကြိုက်​ပါလို့ မ​ပြောဖူးဘူး။ ဘယ်​သူ့ကိုမှ မာယာဆိုတာ သုံးပြီး မလှည့်​စားခဲ့ဖူးဘူး။ ကိုယ့်​ဘဝကို ကိုယ်​တိုင်​ ခြယ်​လှယ်​ပြီးပဲ​နေတယ်​။ ဒါ​တောင်​ ​မေ့ဘဝက အခုထိ ဒဏ်​ရာ​တွေ ​ဗရပွနဲ့ပဲ.."

ကျွန်​​တော်​ တိတ်​တဆိတ်​ပဲ နား​ထောင်​​နေမိတယ်​။
" ထက်​မြက်​​ဝေလျှံဆိုတဲ့ နာမည်​ကို ခန့်​ရဲ့စာထဲမှာကတည်းက ​မေ သိကျွမ်းခွင့်​ရခဲ့ပါတယ်​။ ဖုန်းလိုင်းမမိတဲ့​ဒေသလို့ သူ့စာထဲထည့်​​ရေးခဲ့တာမို့ ​မေလည်း စာပဲ ပြန်​ဖြစ်​ခဲ့တာ..။ဟင်းဟင်း...​မေရဲ့ ဘဝတစ်​​လျှောက်​မှာ ခန့်​က ရင်းနှီးရတဲ့ သူငယ်​ချင်း​ကောင်းတစ်​​ယောက်​ပါပဲ​လေ.။ ဒါ​ပေမဲ့ သူ​မျှော်​လင့်​သလို ​မေ့ဖက်​က မဖြည့်​​ဆည်း​ပေးနိုင်​ရုံမျှနဲ့​တော့ေ​မက ဘီလူး တဘက်​ တစ်​​ကောင်​လို ရက်​စက်​သူ ဖြစ်​သွား​ရောလား ထက်​မြက်​.."
ခန့်​မင်းနာမည်​ပါလာ​တော့ ကျွန်​​တော်​ နည်းနည်း စိတ်​ဆိုးသွားမိတယ်​။

" လူတစ်​​ယောက်​ကို မချစ်​နိုင်​ဘူးလို့ အစကတည်းက ယူဆထားပြီးရင်​ ခင်​များဘာ​ကြောင့်​ ခန့်​မင်းကို ချစ်​သူတစ်​​ယောက်​လို ​မျှော်​လင့်​ချက်​​တွေ ​ပေးခဲ့တာလဲ။ ခင်​များဘာ​ကြောင့်​ ခန့်​မင်းကို အရူးလုပ်​ခဲ့တာလဲ.."
သူမ သက်​ပြင်းချလိုက်​ရင်း..
" ​မေ​ပြောပါပြီ​ကော ထက်​မြက်​ရယ်​။ ခန့်​မင်းဟာ ​မေ့ဘဝမှာ ​မေ့ကို နားလည်​မှုအ​ပေးခဲ့ဆုံးသူပါလို့။ ​မေ့မှာ သူ့ကိုမှ မတိုင်​ပင်​ရင်​ သူ့ကိုမှ ရင်​ဖွင့်​မ​ပြောပြရင်​ ​ပြောပြစရာ လူမရှိဘူး။ ဒါ​ပေမဲ့ သူ့ကို အဲ့ဒီလို သူငယ်​ချင်းတစ်​​ယောက်​အ​နေနဲ့ ရင်​ဖွင့်​​ဆွေး​နွေးလို့မရဘူးလား..
အဲ့ဒီလို ​ပြောပြလိုက်​​တော့ ချစ်​တာလို့ အဓိပ္ပါယ်​​ကောက်​လွှဲပြီး ​မေ့ကို ​နေရာတကာ ချုပ်​ကိုင်​ဖို့ ကြိုးစားလာတာက ဘယ်​သူလဲ.."
သူမရဲ့ ​သွေး​အေးတဲ့ စကား​တွေက ကျွန်​​တော့်​​ဒေါသ​တွေကို ဆွ​ပေး​နေသလိုပါပဲ..

" ခင်​များက လူတစ်​​ယောက်​ရဲ့ ကြင်​နာသနားမှုနဲ့ မထိုက်​တန်​တဲ့ မိန်းမပဲ ​မေသီရိ။ အထူးသဖြင့်​ ခန့်​မင်းလိုလူရဲ့ အချစ်​နဲ့ မထိုက်​တန်​တဲ့ မိန်းမပဲ..။ ခင်​များ​ယောက်ျားတကာ​တွေနဲ့ ပလူးပလဲ ​နေရတာကိုမှ သာယာတဲ့ မိန်းမတစ်​​ယောက်​ပဲ"

" ရှင့်​စွပ်​စွဲချက်​​တွေက သိပ်​ပြင်းထန်​လွန်းပါတယ်​ ထက်​မြက်​။ ​မေက ​ယောက်ျားတကာကို လိုက်​တွဲ​နေတာလား။ ​ယောက်ျားတကာက ​မေ့​နောက်​ကို လိုက်​​နေကြတာလား ရှင်​​သေချာစဉ်းစားသင့်​တာ​ပေါ့။ ပြီး​တော့ ​မေ့အတွက်​က ​အရာရာကို ​သွေး​အေး​အေးနဲ့ ဆုံးဖြတ်​တတ်​ဖို့ ဘဝက အထုံအကျင်​ပါ​အောင်​ ​လေ့ကျင့်​​ပေးခဲ့တာ​လေ။လောကမှာ ​မေ့ဘာသာ ဖန်​တီးလိုက်​တဲ့အရာ​တွေ တစ်​ခုမှမရခဲ့ဘူး..ကိုယ်​လုပ်​သလိုမဖြစ်​​​တော့လည်း ​ ဘဝ​ပေးအတိုင်း စီး​မျှော​နေလိုက်​တာက ပိုပြီး သက်​​တောင့်​သက်​တာ ဖြစ်​တာ​ပေါ့ ထက်​မြက်​ရယ်​..ဟင်း..ဟင်း.."

သူမရဲ့ ရယ်​သံလို့​ခေါ်နိုင်​တဲ့ ညည်းချင်းကို ကျွန်​​တော်​ မုန်းတီးမိတယ်​။ကျွန်​​တော်​ ခန့်​မင်းကို ပြန်​လည်​ ​ပြောပြနိုင်​ဖို့ ခက်​ခဲတဲ့ အဖြစ်​အပျက်​​တွေအတွက်​ ကျွန်​​တော့်​ကို ကျွန်​​တော်​ မ​ကျေမနပ်​ဖြစ်​ရင်းနဲ့ပဲ ​မေ့ကို ကျွန်​​တော်​ ဆက်​ပြီး မုန်းမယ်​..။
image
......................................
မေ့ဘဝက အက်​​ကြောင်းအထပ်​ထပ်​နဲ့ ငယ်းကတည်းက မိဘ​တွေဆုံးပြီး အမဖြစ်​သူနဲ့​နေရ​သော်​လည်း ခဲအိုဖြစ်​သူရဲ့ လက်​သည်းဝှက်​တဲ့ ကျားရဲအပြုံး​တွေကို ​မေတစ်​​ယောက်​ ​ရှောင်​ရင်း တိမ်းရင်းနဲ့ပဲ ပုရိသတို့ကို လှည့်​ပတ်​တတ်​တဲ့ ပညာ​တွေကိုများ တတ်​​မြှောက်​လာခဲ့​လေသလား မ​ပြောတတ်​​တော့။
အမြဲတ​စေ ​အေးစက်​စက်​ပြုံးတတ်​တဲ့ ​မေ့​ဘေးမှာ ​ယောက်ျားတကာတို့က​တော့ တစ်​​နေ့တစ်​မျိုး မရိုးရ​အောင်​ ​မေ့​ဘေးမှာ စီလို့တန်းလို့။

" ​မေက သိပ်​သနားစရာ​ကောင်းတာကွ သူ့ဘဝကို သူ့ဘာသာထိန်း​ကျောင်းရင်းနဲ့ပဲ သူ့ဘဝကို လုံခြုံ​အောင်​​နေရရှာတာ။ ရုပ်​ရည်​လှပတဲ့မိန်းက​လေး​တွေရဲ့ အန္တရာယ်​ကလည်း အဲ့ဒီရုပ်​ရည်​ပဲ။ ငါ ​မေ့ကို စိတ်​မချဖြစ်​တာလည်း အဲ့ဒီ ရုပ်​ရည်​​ကြောင့်​ပဲ ​ဝေလျှံ..ဒါ​ပေမဲ့ ​မေက စိတ်​ဆတ်​သလို ​ခေါင်းမာတယ်​။ပြီး​တော့ တဇွတ်​ထိုးလုပ်​တတ်​ စိတ်​ထင်​ရာ စိုင်းတတ်​တာ​တွေက ​မေ့ရဲ့ အားနည်းချက်​​တွေပဲ."
ခန့်​မင်းရဲ့ စကားသံ​တွေက ​မေ့အ​ပေါ်ထားတဲ့ သူ့​မေတ္တာ​တွေကို မြင်​နိုင်​​စေ​ပေမဲ့ ​မေ့စကားသံ​​တွေက​တော့
" ခန့်​က ​သိပ်​ စိတ်​​ပျော့တာပဲ။ ပြီး​တော့ ​မေ့ကို ချစ်​တာ​တွေ ​မေတ္တာ​တွေပြပြီး ထိန်းချုပ်​ဖို့ ကြိုးစားတာ မ​ကောင်းဘူး။သူကအခွင့်​အ​ရေး ယူချင်​လွန်းတယ်​" တဲ့။

စေတနာမှန်​နဲ့ မတန်​တဲ့မိန်းမလို့ ကျွန်​​တော်​ သတ်​မှတ်​ပစ်​လိုက်​တယ်​ ။

ကျွန်​​တော်​ ခွင့်​ရက်​ပြည့်​လို့ ပြန်​မဲ့ရက်​မှာ ​မေ့ကို နှုတ်​ဆက်​ဖို့ ကျွန်​​တော်​ ဖုန်းဆက်​ချိန်းလိုက်​​ပေမဲ့ သူမရှိရာ လာခဲ့ပါတဲ့။ ကျွန်​​တော်​ ​ရောက်​သွားချိန်​မှာ​တော့ သူမက ​ယောက်ျားတစ်​​ယောက်​ရဲ့ ရင်​ခွင်​ထဲမှာ ရယ်​လို့ ​မောလို့..
ကျွန်​​တော်​ ဆိုင်​ထဲဝင်​သွားရမလို မဝင်​ရမလိုနဲ့ ချီတုံချတုံအဖြစ်​မှာပဲ သူမ ကျွန်​​တော့်​ကို ​တွေ့သွားပြီး ထလာခဲ့တယ်​။

" ကျွန်​​တော်​ မနက်​ဖြန်​ပဲ ပြန်​​တော့မယ်​။ ခင်​များကို ကျွန်​​တော်​ လာနှုတ်​ဆက်​တာပါ။ "

သူမ တစ်​ချက်​​တွေသွားပြီး
" အင်း ​ကောင်းတာ​ပေါ့။ မလွတ်​လပ်​တဲ့ တာဝန်​​တွေနဲ့ လူသား​တွေအစား ​မေ သိပ်​မွှန်းကျပ်​တာပဲ ဟင်း..ဟင်း..."
ကျွန်​​တော်​ တစ်​ချက်​အံကြိတ်​လိုက်​မိတယ်​။
" ​မေရယ်​ ကိုယ့်​ရင်​ခွင်​မှာ​တော့ ​မေ လွတ်​လပ်​​အောင်​​နေလို့ရပါတယ်​.."
ခုဏက သူမထလာခဲ့တဲ့ လူကြီးရဲ့ စကားသံ​တွေနဲ့ ဆွဲ​ခေါ်သွားတဲ့​နောက်​ သူမ ခိုးခိုးခစ်​ခစ်​နဲ့ .။
ကျွန်​​တော်​ ​တောက်​တစ်​ချက်​​ခေါက်​ပြီး အံကြိတ်​လိုက်​မိတယ်​။
ခန့်​မင်းအတွက်​ သာ​ကြောင်း မာ​ကြောင်း​လောက်​​တောင်​မ​ပြောတဲ့ သူမကို ကျွန်​​တော်​ စိတ်​ထဲ ခံပြင်း နာကြည်း​လိုက်​တာ....

ဒါ​ပေမဲ့ ကျွန်​​တော်​ ဆိုင်​ထဲက ထွက်​ခါနီးမှာ သူမအနီးပတ်​ဝန်းကျင်​က သားရဲ​တွေထဲက သူမကိုယ်​သူမ သား​ကောင်​လို့ ယူဆပုံမရတဲ့ ​မေ့ကို ကျွန်​​တော်​ ညီမ​လေးလို စာနာတဲ့ စိတ်​​လေး​ ဝင်​လိုက်​မိတယ်​...

ဆက်​လက်​ ​ဖော်​ပြပါမည်​.

Writter @yekungsatthone
Msc213
Photo from google

Sort:  

ခေါင်းစဉ်နဲ့လိုက်အောင်ရီဝေသွားစေပါတယ်ဗျာကောင်းတယ်အားပေးနေမယ်ဗျာ

ကျေးဇူးတင်​ပါတယ်​ဗျ

ဒီတစ်ခါရော ကွဲမာလား ယောက်ျားလေး ရေးတာ သိသာချက် သူတို့ဖက် ကောင်းတာလေးတွေ ပဲ ရေးတာ အံ့သြဘအေ😎😎

ဟုပါဘူးဗျ😀

ဆက်​အား​ပေးပါ့မယ်​...Good

ဟုတ်​ကဲ့ပါ ကြိုးစား​နေပါတယ်​ဗျ

ချစ်​ဝတ္တု​လေး ဆက်​လက်​အား​ပေးမည်

ဟုတ်​ကဲ့ပါဗျ

ဝတ္ထု‌ရေးဆရာ လက်‌သံဘဲ‌ဗျာ။Good အား‌ပေး‌နေပါတယ်‌။၊

ကျေးဇူးပါဗျ

စောင့်မျှော်နေတယ်နော်

ကျေးဇူးပါဗျ

အဲ့လိုအချစ်​ဇာလမ်း​လေး​တွေလဲ
ပါအုံးမှ​လေ

ဟုတ်​ကဲ့ဗျ

ရီဝေဝေ လေးနဲ ကောင်းပါ့ဗျာ😍😍

ထန်းရည်​လားဗျ😁😁 စတာပါ ​ကျေးဇူးပါဗျ

မေ နဲ့ မဆုံစည်းရတာ ..
ခန့်မင်း ကံကောင်းတယ် ဆိုရမလား ..

ဟုတ်​အဲ့ဒါက​တော့မကြာမှီလာမည်​​မျှော်​ပါဗျ😁😁

အရမ်း​ကောင်းတယ်​ အား​ပေးပါတယ်

ဟုတ်​ကဲ့​ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61795.04
ETH 3458.89
USDT 1.00
SBD 2.52