နူးညံ့ရီဝေစေတတ်သော...ကျိန်စာ
နူးညံ့ရီဝေစေတတ်သော...ကျိန်စာ
စာတစ်စောင်က ချစ်ခြင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်ဆိုရင် ကျွန်တော်ကတော့ မယုံနိုင်ပါ။ ကျွန်တော်ကတော့ စာတစ်စောင်ကြောင့် အမုန်းတွေသာ ကြီးစိုးခဲ့တာပဲ ဖြစ်ပါတယ်။
ထူးဆန်းတယ်လို့ ပြောလို့မရသလို မထူးဆန်းဘူး ဆိုတာထက်လည်း ဆန်းပြားနေခဲ့တဲ့ ကျွန်တော့် အဖြစ်က စာတစ်စောင်ကြောင့် သူမကို ကိုယ်တိုင်မမြင်ရသေးခင် မုန်းတီးမိခဲ့တာ ဖြစ်လေသည်။
ဆုံနိုင်ခဲ့မယ်လို့ မထင်ခဲ့မိသော သူမနဲ့ ဆုံနိုင်ခွင့်တစ်နေ့ဆိုတာကို ကျွန်တော် မမျှော်လင့်ခဲ့ ဆုံးလည်း မဆုံချင်ခဲ့ပါ။
ဒါပေမဲ့ ကျွန်တော်တို့ ရေစက်ကြောင့်များလားတော့ မဆိုနိုင် ကျွန်တော် မဆုံဖူးသော သူမကို ကျွန်တော် မမြင်ဖူးပဲ မုန်းရသော သူမကို ကျွန်တော် ချစ်ခင်သောသူတစ်ယောက်အတွက် ကျွန်တော် မဖြစ်မနေ ဆုံတွေ့ရပေတော့မည်။
သူမသည် အမှန်တကယ် ချောမောလှပသူ တက်ကြွထက်မြက်သူ ယဉ်သူ နွဲ့သူ ချောသူ လှသူ ချိုသာသူ ပျော့ပျောင်းသူဟု အပေါ်ယံသတ်မှတ်နိုင်လေသည်။
ကျွန်တော် သူမနဲ့ပထမဆုံ အကြိမ်တွေ့လိုက်ရချိန်မှာ သူမသည်လည်း ကျွန်တော့်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပဲ ဖြစ်ပေမည်။
" မမေသီရိလား."
ကျွန်တော့ရဲ့ မပျော့မပျောင်းထက် နည်းနည်း မာထတ်နေကောင်းနေနိုင်သော လေသံကို သူမက သိပ်မထူးဆန်းသလို အကြည့်နဲ့ တုန့်ပြန်လှည့်ကြည့်၏။သူ့အရှေ့က အမျိုးသားကပါ ဇဝေဇဝါ လှမ်းကြည့်နေ၏။
" ဟုတ်ပါတယ် ရှင့် "
ချိုမြကြည်လင်ပြီး လူတွေကို ဆွဲဆောင်နိုင်တဲ့အသံ။ ကျွန်တော့အထင် ကြာ သံလို့ပင် ထင်ပစ်လိုက်မိလေသည်။
" ဟုတ်ကဲ့ ကျွန်တော့်ကို ခန့်မင်း က ဒီစာလေး ပါးလိုက်လို့ပါ..ဒီမှာပါ"
ကျွန်တော် စာကို လှမ်းပေးလိုက်တော့ သူမ မတ်တပ်ထရပ်ပြီး စာကိုယူရင်း အံ့သြရိပ်ဆိုရုံလေး ဖျတ်ပြေးသွားတဲ့ မျက်နှာနဲ့..
" ရှင်က ခန့်ရဲ့ သူငယ်ချင်းလား"
ကျွန်တော် ခေါင်းညိတ်လိုက်မိသည်။သူမ ဟိုဖက်က လူဖက်ကို တစ်ချက်လှည့်ကြည့်ပြီး ပြန်ထိုင်လိုက်မလို လုပ်ပြီးမှ ကျွန်တော့ဖက် လှည့်ကာ..
" ရှင်မနက်ဖြန် အားမလားဟင်..။ မေနဲ့ ဒီနေရာမှာ လာတွေ့နိုင်မလား.."
ကျွန်တော် မုန်းနေသော မိန်းမတစ်ယောက် နာမည်ကြားရုံနဲ့ သူမအကြောင်းတွေကို ကြားနေခဲ့ရုံနဲ့ မုန်းနေခဲ့မိသော မိန်းမတစ်ယောက်ကို ကျွန်တော် နောက်ထပ် တွေ့ဆုံဖို့ တွေဝေနေမိသည်။
ထိုအချိန် ကျွန်တော့် သူငယ်ချင်း ခန့်မင်းရဲ့ မျက်နှာကို မြင်ယောင်လိုက်မိရုံနဲ့ ကျွန်တော် သူမရဲ့ ကမ်းလှမ်းချက်ကို အလိုလိုခေါင်းညိတ်နေမိပြီးသား..။
" ကောင်းပြီလေ ကျွန်တော် လာခဲ့မယ်..ဘယ်နှနာရီ ဖြစ်မလဲ.."
တစ်ဖက်က ပုဂ္ဂိုလ်ရဲ့ ခပ်မည်းမည်း မျက်နှာကို သူမမကြည့်ပေမဲ့ ကျွန်တော်တော့ မြင်နေရသည်၊ သူမ တစ်ချက် စဉ်းစားလိုက်ပြီး..
" မနက်ဖြန်မနက် ကိုးနာရီအချိန် ဆို ရနိုင်မလား..။"
ကျွန်တော် ဆတ်ခနဲ ခေါင်းညိတ်ပြီး ကျွန်တော် လာခဲ့မယ် လို့ပြောကာ ထိုနေရာမှ လှည့်ထွက်လာခဲ့လိုက်သည်။
ပြီးတော့ ဒီဖက်လှည့်လိုက်မှ မဲ့ပြုံးတစ်ခုကို ဖန်တီးပြီး
ဟိုပုဂ္ဂိုလ်ရေ မေသီရိဆိုတာကို မင်းထက် ငါ ပိုအကြောင်းသိနေပါတယ်ကွာ ဟုသာ စိတ်ထဲက ရေရွတ်လိုက်မိတော့သည်။
မနက်ဖြန် မနက် ကိုးနာရီ.....
ဆက်လက်ဖော်ပြပါမည်။
Writter @yekungsatthone
Msc 213
Photo credit google
ဇာတ်လမ်းက လျှို့ဝှက်ချက်တွေနဲ့ စထားခဲ့မှတော့ နောက်အပိုင်းကိုလည်း လက်လွှတ်ခံလို့ မရဘူးပေါ့ဗျာ
စိတ်ဝင်စားဖို့လည်းကောင်းတာကိုဗျ
ဟုတ် ဆက်ရေးသားပါ့မယ်ဗျ
ဇာတ်ကားဘဲအပိုင်းများမယ်ထင်တာ စာတိုပေတိုမှာလည်းအရမ်းအပိုင်းများကါ့လားဗျ ဟီးးးလာစတာပါဗျာ
ဟုတ်😄😄
ခေါင်းစဉ်လေးတွေ့တာနဲ့တင် ဖတ်ချင်စရာလေးနော်
ကျေးဇူးပါဗျ
အားပေးရန်ဆက်လက်စောင့်နေပါမည်
ကျေးဇူးပါ
အရေးအသားရှယ်ပါဗျာ
မာထတ်= မာထန် / မာထက် တစ်ခုခု
ပြောင်းရေးလိုက်ရင်ပို အဆင်ပြေမယ်ထင်မိလို့ ပါဗျာ
ဟုတ်
မျှော် …
ဟုတ် ဆက်လက်ဖော်ပြပါမည်😊
ကိုးရီးယား ဇတ်လမ်းတွဲလို ..
မဆန့်တစ်ငန့် နဲ့ ပဟေဠိ ချန်ခဲ့တာပေါ့ ..
ဟုတ်😀
အချစ် အချစ် စိတ်ပျို ကိုယ်နုစေတယ် အဟီ။
မှန်ပါ့ဗျာ
ရေးအသား အရမ်းကောင်း
ကျေးဇူးတင်ပါတယ်ဗျ
မနက်ဖြန်မနက်၉နာရီ ဘာတွေဆက်ဖြစ်မလဲ
လျှို့ဝှက်သဲဖိုလေးပေါ့ဗျာ