သိုဝှက်​​နေ့ စွဲ (ဇာတ်​သိမ်း)

in #myanmar6 years ago

ကျ​နော့်​မျက်​နှာ​ပေါ်က အ​မွှေးအမြင်​​တွေကိုအကုန်​ဖယ်
ရှားပြီး ကျ​နော့ညီမ​လေးရဲ့ မင်္ဂလာပွဲအတွက်​ ကျကျနနပြင်​ဆင်​လိုက်​မိတယ်​။ ပြီး​တော့ ကျ​နော့ ညီမ​လေးရဲ့မင်္ဂလာအတွက်​ ကျ​နော့ရဲ့ လက်​ဖွဲ့အဖြစ်​ ​ကျ​နော်​ကိုယ်​တိုင်​ ​ရေးခြစ်​ခဲ့တဲ့ သူမရဲ့ပုံတူခဲခြစ်​ပန်​ချီ​လေးကို ​သေ​သေချာချာ ​လေး ​ထုတ်​ပိုးထားလိုက်​တယ်​။ artworks-000033511566-pvpkyi-t500x500.jpg
ပြီး​တော့ ကျ​နော်​ ကား​ပေါ်တက်​​မောင်းထွက်​လိုက်​ရင်း ညီမ​လေးဆီကို ဖုန်း​ခေါ်လိုက်​မိတယ်​..
ညီမ​လေးဆီက တုန့်​ပြန်​သံက လှိုဏ်​ပြီး တုန်​ခါ​နေခဲ့တယ်​။ viberဖွင့်​ကြည့်​လိုက်​ပါကိုကိုတဲ့..။
ကျ​နော်​ ကမန်းကတန်း viberကိုဖွင့်​ကြည့်​လိုက်​​တော့ ညီမ​လေးဆီက ဓာတ်​ပုံ​ပေါင်များစွာ စာ​ပေါင်းများစွာက ကြည့်​​နေရင်း ကျ​နော့ မျက်​လုံး​တွေကို အမြင်​​တွေ ​ဝေဝါး​စေလာတယ်​။ ကျ​နော့ ပါးပြင်​ထက်​ကို မျက်​ရည်​စက်​​တွေ လိမ့်​ကျ​ကြွေဆင်းလာတာကို ကျ​နော်​ မသုတ်​နိုင်​အားဘူး..။
ကျ​နော်​ ကားကို တရကြမ်​မောင်းထွက်​ခဲ့လိုက်​တယ်​။ ညီမ​လေး အဲ့ဒီလိုမဖြစ်​ရဘူးလို့ ကျ​နော့နှုတ်​က​နေ တဖွဖွ ​အော်​ဟစ်​​နေမိတယ်​။images (18).jpeg
ကျ​နော့်​ရဲ့အတိတ်​​နေ့စွဲ​တွေထဲက ယုယရဲ့ ရယ်​သံ​တွေ ကျ​နော့နားထဲက မထွက်​​သေးဘူး။ ယုယရဲ့ ပြုံးရယ်​​နေတဲ့မျက်​နှာ​လေးကို ကျ​နော်​ ကြည့်​လို့မဝ​သေးဘူး..။ ကျ​နော့ရဲ့ တိမ်​မြှုပ်​​နေခဲ့တဲ့​နေ့စွဲ​တွေကို ကျ​နော်​ ပြန်​ပြီး တူး​ဖော်​​ပေးရအုံးမယ်​။
အားလုံးက ဝိုင်းပြီး ညာခဲ့ကြတယ်​။ ကျ​နော့ကို အားလုံးက သိသိကြီးနဲ့ ညာရက်​ခဲ့ကြတယ်​။ ကျ​နော်​တကယ်​မမုန်းမှန်းသိရက်​နဲ့ ယုယအ​ကြောင်း​တွေကို ထိန်​ချန်​ရက်​ခဲ့ကြတယ်​။
ယုယတကယ်​ဖြစ်​​နေခဲ့တာ နှလုံး​ရောဂါ မဟုတ်​ခဲ့ဘူးတဲ့။သွေးကင်​ဆာတဲ့။ ငယ်​ကတည်းက သူမရဲ့ဘဝကို စိတ်​တိုင်းကျ တိုင်းတာ​ကျေနပ်​ဖို့ ကျ​နော့​ဘေးနားမှာ သူမ​ပျော်​​နေတတ်​လို့ ဒီအတိုင်း ကြည့်​​နေခဲ့ကြတာတဲ့။ ကိုသန့်​ဇင်​က သူမရဲ့ ဆရာဝန်​တဲ့..
ကျ​နော့ရဲ့ နှလုံးသားတစ်​ခုလုံးဘာမှမရှိ​တော့သလိုမျိုး ကျ​နော့မျက်​ရည်​​တွေကို တားဆီးဖို့မဖြစ်​နိုင်​ခဲ့ဘူး။
ကျ​နော်​အချိန်​မီ​ရောက်​မှ ဖြစ်​မယ်​။ ကျ​နော့ညီမ​လေးရဲ့ မျက်​နှာကို ကျ​နော်​​နောက်​ဆုံးအ​နေနဲ့ ဖြစ်​ဖြစ်​ ကျ​နော်​ မြင်​ခွင့်​ရမှ ဖြစ်​မယ်​။ ကျ​နော့ကိုသိပ်​ချစ်​ခဲ့တဲ့ ကျ​နော့်​ညီမ​လေးကို ကျ​နော်​ ​တောင်းပန်​ဖို့ လိုအပ်​တယ်​။
ကျ​နော့်​ကိုယ့်​ကျ​နော်​ခွင့်​မလွှတ်​နိုင်​ရင်​​တောင်​ ညီမ​လေးရဲ့​နောက်​ဆုံးခရီးမှာ ကျ​နော်​ ​တောင်းပန်​စကား​ပြောသွားချင်​တယ်​..။
ကျ​နော့မျက်​ရည်​​တွေကို တားဆီးဖို့မနိုင်​​တော့ဘူး..။ဟော..ညီမ​လေးကို သဂြိုလ်​​ကြမဲ့လူ​တွေနဲ့ နီးလာပြီ..၊ကျ​နော်​အမှတ်​မထင်​ သဂြိုသ်​စက်​ရဲ့ ​မီးခိုးတိုင်​ကို ကြည့်​လိုက်​မိတယ်​..
ဟင်​..မီးခိုး​တွေ အူထွက်​လာ​နေပြီ..
ကျ​နော်​ ညီမ​လေး လို့ ဟစ်​​အော်​လိုက်​​ပေမဲ့ သူမမကြားနိုင်​​တော့..ကျ​နော့စိတ်​​တွေ ​ဆောက်​တည်​ရာမဲ့ ပြီး ကားကို ​ကွေ့ချလိုက်​မိတယ်​။ ကျ​နော့မျက်​ရည်​​တွေနဲ့ ဘာကိုမှ မမြင်​လိုက်​နိုင်​ဘူး။ ကျ​နော့ကားကို ကျ​နော်​ အရှိန်​မထိန်းလိုက်​နိုင်​ဘူး...ရင်​ထဲမှာ ​အေးခနဲ ဖြစ်​သွားပြီးချိန်​မှာ ကျ​နော်​ မျက်​စိမှိတ်​ပြီး ကျ​နော့ စိတ်​ထဲက ​ပြောလိုက်​မိတယ်​။ .. ကိုကို့ကို ခွင့်​လွှတ်​ပါ ညီမ​လေး..
............................images (16).jpeg
နောက်
ဆူညံသွားတဲ့ လူ​တွေ
သချိင်္ိုင်းရဲ့အဝင်​မှာ ​မှောက်​သွားတဲ့ကားတစ်​စီးထဲက လူတစ်​​ယောက်​ကို လူ​တွေခက်​ခက်​ခဲခဲ သယ်​ထုတ်​ခဲ့ကြတယ်။သေဆုံးသူရဲ့ အင်္ကျီဖြူဖြူမှာ ​သွေးစွန်း​တွေနဲ့..
ပြီး​တော့ ကားထဲက​နေ လွတ်​လပ်​​ပေါ့ပါးတဲ့ အပြုံး​တွေနဲ့ မိန်းက​လေးတစ်​​ယောက်​ရဲ့ပုံတူ ခဲခြစ်​ပန်းချီကား​လေးတစ်​ချပ်​ကို​သွေးစွန်း​တွေနဲ့ပဲ ရရှိခဲ့ကြတယ်​..
ပုံ​လေးရဲ့ ​နောက်​​ကျောမှာ စာတစ်​ချို့ ​ရေးထားတယ်​။

( ​နေ့စွဲ​တွေတိုင်းမှာ ​ပျော်​ရွှင်​ဖွယ်​အချိန်​​တွေကို ပိုင်​ဆိုင်​သွားနိုင်​ပါ​စေ ညီမ​လေး....

ညီမ​လေးရဲ့ကိုကို
ကြယ်​စင်​ခ...)တဲ့..။

ပြီးပါပြီ။
Writter @yekungsatthone
Msc 213
Photo crd google images

Sort:  

ဟာဗျာ ..... ဒါဆို နှစ်ယောက်လုံးသေတာပေါ့

ဟုတ်​ကဲ့ဗျ

ကောင်းတယ်​ဗျာ😁

ကျေးဇူး

ကြေကွဲဖွယ်ရာ ဇာတ်သိမ်းလေးဖြစ်သွားပြီပေါ့ဗျာ

ကောင်းပါတယ်​ bro။gp ထဲမှာလည်းအားရင်​ ရင်​နှီးမူယူပါအစ်​ကို။

ဟုတ်​ အကို

စာရေးတာကေယင်းသားနဲ့ အပျင်းသိပ်မဖက်နဲ့ပေါ့ညီရေ အဟိ

ဟုတ်​ကဲ့ဗျ

‌ရေးသားချက်‌ က ‌ကောင်းပါ့ဗျာ။ဆွဲ‌ဆောငှ်ု ရှိပါတယ်‌။

ဟုတ်ကဲ့ဗျ ကျေးဇူးပါ

သနားပါတယ်​😢😢😢

ဟုတ်

သနားပါတယ်😖😖

ဟီး😁😁

ဟုတ်​😊

အားပေးသွားတယ်နော်အကို

ကျေးဇူးပါ

ဇာတ်​သိမ်းခန်း 😪

ဟုတ်​ကဲ့ 😪

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 57617.33
ETH 3012.20
USDT 1.00
SBD 2.39