ကျွန်တော်ကြောက်သော “ည”

in #myanmar7 years ago

image ညဟာ အအေးဓာတ်ပါသော သွေးအေးသတ္တဝါများ၏ စားကျက်ကွင်းပြင်ထည်းသို့ ၀င်ရောက်ရန် ဖိတ်ခေါ်လိုက်သော ခရာသံကဲ့သို့ဖြစ်စေ၏။ မှောင်မိုက်ခြင်းများသည်လည်း ဤညအား
လွမ်းမိုးလျှက်ရှိသည်။ တစ်ရက်ထက်တစ်ရက် တောက်ပခြင်းမဲ့တဲ့
ဤညအား ကျွန်တော် ဖြတ်သန်းရန် ရင်လေးလာခဲ့၏။ ကျွန်တော် တစ်ရက် ၀ရံတာတွင်လမ်းလျောက်ထွတ်၏။ထူးဆန်းသည်ကား လတွင် တိမ်ဖုန်းနေ၏ ပတ်ဝန်းကျင်မှာလည်း မှောင်မိုက်၍၊
တိတ်၏။ခက်ဝေးဝေးတွင် ရေးရေးလေးသာမြင်ရ၏။ အမှောင်ကို
ဆောင့်မျှော်နေသော သတ္တဝါတစ်မျိုးသည် ပျော်ရွင်စွာ
မြူးနေလေသည်။ထိုအချိန်တွင် လက်သည်အေးစက်လာသည်
ကျွန်တော်သည်လည်း သွေးအေးလာသကဲ့သို့ ခံစားလာရသည်။
ကြောက်စိတ်သည်ကား ခံစားလာရသည်၊နှလုံးခုံသံများမြန်ဆန်လွန်း၍
အရိတ်တုတစ်ခုအား ပြေးမြင်လာမိသည်။ ၏အရာသည်ကား မရှိနိုင်ပါ
ဟူ၍ ထင်မက်ခဲ့သောကြောင့် ပြန်လည်အိပ်စက်ရန်ကြံစဉ်ခဲ့သည်။
နောက်သို့လှဲ့လိုက်သော်အခါတွင်...(နှစ်လုံးခုံသံ... ဒုတ်ဒုတ်..... ဒုတ်ဒုတ်.. ) အကြင်နာမဲ့ကင်းမဲ့၍နီရဲနေသော မျက်ဝန်းတစ်စုံဖြင့်
ဆောင့်ကြည့်နေသည်။ခြေနှင့်လက်များသည်လည်း ဆိုးဝါးစွာတုန်လှုပ်နေ၏။ အသားများ တုန်ရီ၍ အော်သံနက်ဖြစ်
အသံတစ်ခုအတွေးထည်းဝင်လာ၏။ “ကူညီပါ....ငါ့ကိုကူညီပါ..
......”ကျွန်တော်သည်လည်း အလွန်အမင်းကြောက်ခဲ့သောကြောင့် ဘာမှသာမပြောနိုင်တော့ချေ။မျက်စိကို မှိတ်၍သာငြိမ်သက်နေမိသည်
ခနအကြာတွင် ထိုအရာသည် မရှိတော့ချေ ။ စိတ်၏ထင်ရောင် ထင်မှား ဖြစ်ခြင်းကြောင့်ဟု ယူစကာ အိပ်ခန်း ထည်းသို့ဝင်ခဲ့၏။
အိပ်ဆက်ရန်အသင့်ဖြစ်နေသောကြောင့် ဆောင်ကိုခေါင်းထိတိုး၍ အိပ်
စက်ရန်ကြိုးစားခဲ့သည်။ အိပ်ပျော်ခဲ့ပီးခနအကြာတွင် သွေးစက်များဟု
ယူစရသော အနီရောက်ရင့်ရင့် ရေစက်ငယ်များသည် မျက်နှာကျတ်မှ
မျက်နှာပေါ်သို့ စီးကျနေ၏။ မျက်လုံးအားဖွင့်လိုက်သောအခါ မြင်လိုက်ရသည့်မြင်ကွင်းက နှလုံးခုံသံရက်အောင်ကို အောင့်သက်သက် ဖြစ်စေသောကြောင့် ကျွန်တော်ယူဆလိုက်သည်
ဤအရာသည် သရဲဖြစ်သည်။ image
သ.... သ.... သရဲ... ကယ်ကြပါအုံး..... ကယ်ကြပါအုံး
သရဲဗျို့ သရဲ..... သရဲ
ထိုအချိန်တွင် ဘေးအခန်းတွင်နေသော မိတ်ဆွေတစ်ယောက်က အခန်းထည်းသို့ဝင်လာသည်။
“ဘာဖြစ်တာလည်း ညီလေး”
“သ... သ.. သရဲ အကို အခန်းထည်းမာ သရဲရှိတယ် ”
“ကြိပါအုံးဟ ဘေးကို ဘာမှမရှိပါဘူး”
“ဟုတ်တာပဲ ဘေးမျာ ဘာမှမရှိဘူးပဲ”
“ အိပ်ရေး ပြတ်သွားရင်”
“ညီးလေး အဆင်မပြေရင် အကိုနဲ့ လာအိပ်ပါလား တစ်ရောက်ထည်းဆိုတော့ စိတ်လှုပ်ရှားတာပေါ့ လာ”
ထို့နောက် သူ့အခန်းထည်းသို့ရောက်သွားသည် ။ ကျွန်တော့အား
သူ့၏အိပ်ယာခင်းအားအသုံးပြုရန် ပြောသည် ။ ကျွန်တော် သည်လည်း သူနှင့်အတူ အိပ်ရန် အိပ်ယာကို ပြင်လိုက်သည် ။
မအိပ်သေးတာကြောင့် သူနဲ့စကား ပြောဖြစ်၏ ။
“ငါ့မိန်းမလည်း မနက်ကမှ သူ့အမေ နေမကောင်းလို့ မြို့ကို တက်သွားတာကွ”
“ အကို့မာ ဇနီးရှိတာကိုး မထင်ရဘူးနော် နုသေးတယ် ငါ့အကိုက”
“ထင်လို့ပါညီလေးရာ”
“ဒါနဲ့ အကိုကဒီမာနေတာကြာပီလား”
“ အကိုဒီမာနေတာ ၃နှစ်လောက်ရှိပြီ”
ဒီလိုနဲ့ စကားပြောပြီးသောအခါ အိပ်စက်ရန် အတွက် မီးကိုမှိတ်လိုက်သည်။ ကျွန်တော်သည်လည်း အိမ်မောကျသွသားည်။
နာရီပြန် ၃ချက် ရောက်ချိန်တိတိတွင် နေလုံးသည် ထွက်ဟန်ရှိနေပြီဖြစ်သည် ။ ထိုအချိန်တွင် အအေးဓာတ်သည် လျော့သွားသော်လည်း ထိုလူနှင့် စကားပြောသော အခါကထည်းကပင်မူ နှလုံးခုံသံမှာပုံမှန်မဟုတ်သေးချေ။ ကြောက်စိတ်သည် ကား မပျောက်သေးချေ ။ ထိုအချိန်တွင်ကား
မျက်နှာကျက်တွင်ချေသံများကြားနေရသည်။ စိတ်ထည်းမထားဘဲ မျက်လုံးကိုမှတ်၍ ဆက်အိပ်ရန်ကြိုးစားခါမှသာ အိပ်ပျော်သွားခဲ့သည်။
image
ထို့နောက် မနက်သို့အရောက် နေအထွတ်မှ နိုးလာသည်။ဘေးပတ်ဝန်းကျန်တွင် သစ်ကိုင်းများသာရှိ၏။ ကြောင်တောင်တောင်ဖြစ်သွား၍ ကျွန်တော် အိပ်ဆက်နေသောနေရာ မှာလည်း အိမ်နှင့် မိုင်ဝက်ဝေးသော သုသာန် တစ်ခု၏ ထိုလူ၏ ဂူပေါ်တွင်ဖြစ်သည် ။ ဘေးတွင်လည်း သူ့၏ဇနီး အုပ်ဂူ ကိုတွေ့ရသောအခါ လယ်ချောင်းသံပါအောင် ကျွန်တော် ထ၍အော်လိုက်သည် ။ ထိုက်နောက် ထိုနေရာနှင့် အဝေးဆုံးကိုပြေးခဲ့သည် ။ ထိုညမျိုးနှင့်လည်း နေက်နှောင် မကြုံရစေအောင် အမြဲဆုတောင်းခဲ့ရသည်။ ထိုလင်မယားအတွတ်လည်း နတ်လူသာဓုခေါ်နိုင်အောင် အလျှူ လုပ်ပေးခဲ့သည် ။ ကျွန်တော် သည် ထိုကြောင့် ညကိုကြောက် သည်။ ပြီး......

         ရေးသားသူ--ရဲကောင်းဆက်သုန် 
                     MSC-213
Sort:  

ရေးသားချက်ကအသက်ဝင်ပါတယ်ဗျာ(သူရ)

ကျေးဇူးတင်ပါတယ် ဘဒို

ရပါတယ်ဗျာ

wow မိုက်တယ်

ကျေးဇူးတင်ပါတယ်

ဖတ်​လိုက်​ပီ....😀

ဖက်ပလိုက်

ကြောက်တာအေ

ကြောက်နက်

ရေးထားတာကောင်းပါတယ်..bro..
စာလုံးပေါင်းအမှားလေးတွေတော့ပါတယ်။သေချာဂရုစိုက်ပီးရေးပါ။

ဟုတ် ဂရုစိုက်ပါမယ်ဗျ

100% vote & ment

ကျေးဇူးတင်ပါတယ်ဗျ

တကယ်ဖြစ်နေသလိုပါပဲလား

ဟူတ်ကျေးဇူးပါ

ကျေးဇူးတင်ပါတယ်ဗျ

ကြောက်တယ့်စ်🙃🙃🙃

ကြောက်ပါနက်

သရဲဆိုအသေကြောက်တာ

သရဲဆိုတာသရဲပါဂျာ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 58720.84
ETH 3088.52
USDT 1.00
SBD 2.41